ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေး ICU ထဲ ရောက်နေဟုပြော 

လက်ခစား အထည်ချုပ်လုပ်ငန်းများသည် ကိုဗစ်နိုင်တင်းရောဂါ ကနဦးကာလတွင် ကုန်ကြမ်းပြတ်တောက်မှုကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ပြည်ပအမှာအော်ဒါများပါ လျော့ကျခဲ့သောကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရသည် 

လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမအချို့ကို ၂၀၂၀ ဒီဇင်ဘာ ၇ တွင် စက်ရုံအလုပ်ဆင်းလာချိန် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

ကိုဗစ်နိုင်တင်း (Covid-19) ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှု တစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောက်ရှိနေသည့် လူနာအခြေအနေမျိုး ဖြစ်နေပြီဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုလိုက်သည်။

ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းများအနက် ခရီးသွားလုပ်ငန်း၊ လက်ခစားအထည်ချုပ်လုပ်ငန်းများ အကြီးမားဆုံးထိခိုက်ခဲ့ပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ အသေးစားလုပ်ငန်းမှ အကြီးဆုံးလုပ်ငန်းအထိ ထိခိုက်လာသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက Myanmar Now ကို ပြောသည်။

"အသေးစား၊ အလတ်စားလုပ်ငန်းတွေက တစ်ချို့ဆို Mortuary (ရင်ခွဲရုံ) ထဲ ရောက်သွားပြီ။ တစ်ချို့က ICU မှာ။ တစ်ချို့လည်း Ward (လူနာဆောင်) တွေထဲမှာ" ဟု စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို ဒေါက်တာမောင်မောင်လေးက တင်စားပြောဆိုသည်။ 

အလုပ်သမားအများစုကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားသည့် လက်ခစားအထည်ချုပ်လုပ်ငန်းများသည် ကိုဗစ်နိုင်တင်း ကနဦးကာလတွင် ကုန်ကြမ်းပြတ်တောက်မှုကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ပြည်ပအမှာအော်ဒါများပါ လျော့ကျခဲ့သောကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။ 

အချို့စီးပွားရေးလုပ်ငန်းများသည် ဘဏ်ချေးငွေများဖြင့် ကျားကန်ရပ်တည်နေရသော်လည်း ယခုကာလတွင် လုပ်ငန်းပြန်လည်ပတ်ရန် အခက်အခဲများစွာရှိနေသေးရာ ချေးငွေအချိန်မီပြန်ဆပ်နိုင်ရန် အကျပ်အတည်းဖြစ်နေကြကြောင်း၊ ကပ်ရောဂါပြီးဆုံးမည့်အချိန်ကိုလည်း မမျှော်မှန်းနိုင်သေးသဖြင့် ဘဏ်ချေးငွေများ ဆက်လက်ရယူရန် အခက်ကြုံနေကြကြောင်း ၎င်းက ဆက်ပြောသည်။

"တော်တော်များများက အကြွေးထူလာတဲ့အပိုင်းတွေ ရှိကြပါတယ်။ တစ်ချို့လုပ်ငန်းတွေက ဘဏ်ကနေချေးပြီး လုပ်ငန်းတွေကို လည်ပတ်နေတဲ့အတွက် ဘဏ်ကိုပြန်ဆပ်ရမယ့်ငွေကို အချိန်မီ ပြန်မဆပ်နိုင်တာ ရှိပါတယ်" ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

၂၀၂၁ တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ သက်ရောက်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ရာ ကပ်ရောဂါစီမံခန့်ခွဲမှု အားနည်းမည်ဆိုပါက မြန်မာ့စီးပွားရေး၏ ပင်မထောက်တိုင်များဖြစ်သည့် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ဦးခေါင်းကို ကိုင်ရိုက်သကဲ့သို့ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။ 

လက်ရှိတွင် ကုမ္ပဏီများက ရင်းနှီးမတည်ငွေများလျှော့ချခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းများသည် စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။ 

နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Asia Foundation အဖွဲ့က ၂၀၂၀ ဇွန်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၉၂ ရာခိုင်နှုန်းကျော်သည် ရောင်းအားကျဆင်းပြီး စီးပွားရေးလုပ်ငန်းထက်ဝက်ကျော်မှာ ဆက်လက်ရပ်တည်ရန်ပင် အခက်အခဲရှိနေကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်းအတည်ပြုလူနာများကို ၂၀၂၀ မတ် ၂၃ တွင် ပထမဆုံး စတင်တွေ့ရှိခဲ့ပြီးနောက် ကန့်သတ်ပိတ်ပင်မှုများပြုလုပ်ခဲ့ခြင်းသည် ရောဂါကူးစက်မှုနှုန်းကို နှေးကွေးစေခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများအတွက်မူ ဆိုးကျိုးသက်ရောက်ခဲ့သည်ဟု Asia Foundation ၏ စစ်တမ်းအရ သိရသည်။

"ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေ တော်တော်များများကတော့ ပြိုကျနေပြီပေါ့။ တစ်ချို့ဆိုရင်လည်း လုပ်ငန်း ၃၊ ၄ ခု လုပ်နေတာကနေ လုပ်ငန်းတွေ ဖြုတ်လိုက်ရတာရှိတယ်။ လုပ်ငန်းအားလုံးနီးပါးပါပဲ။ တစ်ချို့ လက်ချိုးရေလို့ရတဲ့ လုပ်ငန်းတွေကတော့ အခြေအနေပိုကောင်းလာတယ်" ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက Myanmar Now ကို ပြောသည်။

ဥပမာအားဖြင့် အွန်လိုင်းအခြေပြုစီးပွားရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများနှင့် ကပ်ရောဂါကာလတွင် လိုအပ်မည့်ကုန်ထုတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာသည့်လုပ်ငန်းများမှာ အခြေအနေကောင်းသည်ဟု ဒေါက်တာတင်ဝင်းက ဆိုလိုခြင်းဖြစ်သည်။ 

ကိုဗစ်နိုင်တင်းသည် ကမ္ဘာတစ်ဝန်းထိခိုက်ခံစားရသည့် ကပ်ရောဂါဖြစ်ရာ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းအမျိုးအစားများကို ပြောင်းလဲလုပ်ကိုင်ရန်လိုအပ်ပြီး ပြောင်းလွယ်၊ ပြင်လွယ်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများမှာမူ ကာလတစ်ခုအထိ ဆက်လက်ရပ်တည်နိုင်ရေး အသုံးစရိတ်ချွေတာရမည်ဟု ၎င်းက အကြံပြုသည်။ 

ကျဆင်းနေသော စီးပွားရေးကို ပြန်လည်နှိုးဆွရန် အစိုးရများသည် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ခြင်း၊ အခွန်သက်သာခွင့်ပေးခြင်းတို့ ဆောင်ရွက်လေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း လက်တွေ့ကျသည့် စီးပွားရေးကုစားမှုအစီအစဉ်များ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါက်တာတင်ဝင်းက ဆိုသည်။

ကပ်ရောဂါကြောင့် ထိခိုက်မှုကို ကုစားရန် စီးပွားရေးလုပ်ငန်းများကို ကိုဗစ်နိုင်တင်းချေးငွေ ထုတ်ပေးနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါ ဆက်လက်ဝင်ရောက်နေသည်ဟု မြန်မာအစိုးရက ထုတ်ပြန်သည်။ 

ကိုဗစ်နိုင်တင်း စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်နေပြီး စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် အစိုးရက ကျပ် ၂၀၀ ဘီလျံ မတည်၍ အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ပေးနေကြောင်း၊ လက်ရှိအချိန်ထိ လုပ်ငန်းပေါင်း ၆,၀၀၀ ကျော်အတွက် ကျပ် ၁၆၆ ဘီလျံ ထုတ်ချေးပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၇ ဘီလျံနီးပါး ဝင်ခဲ့ပြီး လာမည့်နှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်စီးဝင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ တွင် ပြုလုပ်ခဲ့သည့် UMFCCI နှစ်ပတ်လည်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုရင်ဆိုင်နေရသော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ပါက အခြေအနေထိန်းထားနိုင်သေးပြီး ယခုဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

သို့သော်လည်း ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းဖြစ်ပွားစဉ်က ကန့်သတ်မှုများကြောင့် ပထမလှိုင်းဖြစ်ပွားစဉ်ကာလထက် စီးပွားရေး ပိုမိုထိခိုက်ခဲ့ပြီး ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်ခန့်မှာ အောက်တိုဘာတွင် ရပ်နားခဲ့ရကြောင်း၊ ၃၅ ရာခိုင်နှုန်းမှာ လာမည့်သုံးလအတွင်း ပြန်မဖွင့်လှစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရသည်။

ပြည်တွင်းကူးစက်မှု လျော့ကျကာ အသွားအလာကန့်သတ်မှုများ ဖြေလျှော့လာပါက လာမည့် ၂၀၂၁ မတ်လတွင် စီးပွားရေးပြန်လည် နလန်ထူနိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကိုဗစ်နိုင်းတင်းရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ပင် တစ်နှစ်နှင့်တစ်နှစ် ဖြစ်ပွားမှုအနည်းအများသာကွာခြား၍ နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်းလုပ်ကိုင်ရန် ၂၀၂၀ နှစ်ကုန်ခါနီးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading