မြက်ထုံးကြီးပုံပြင်

၁၉၆၄ ခု ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တော်လှန်ရေးအစိုးရက အင်္ဂလိပ်ဘာသာနှင့် Working People’s Daily သတင်းစာကို စတင်ထုတ်ဝေသည်။ မြန်မာဘာသာဖြင့် ထုတ်ဝေသော လုပ်သားပြည်သူ့နေ့စဉ်သတင်းစာနှင့် ပြိုင်၍ ထုတ်ကာ အစိုးရပိုင် သတင်းစာနှစ်စောင်နှင့် နဂိုကရှိနေသော ပုဂ္ဂလိကပိုင် သတင်းစာများကို တိုက်သည်။

သရုပ်ဖော် - Moe Z Dzai

သတင်းစာ အယ်ဒီတာချုပ်အဖြစ် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ ဆရာကြီး ဦးခင်မောင်လတ်အား ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် ရွေးချယ်ခန့်ထားသည်။

ဗိုလ်ချုပ်ကြီးက ဦးခင်မောင်လတ်အား ဖိတ်ခေါ်တွေ့ဆုံကာ “လွတ်လပ်စွာရေးပါ”ဟု ရက်ရောစွာ ပြောဆို၍ တာဝန်ပေးသည်။

တရုတ်ပြည်တွင် မော်စီတုန်းက ‘ပန်းတိုင်းပွင့်ပါစေ’ လမ်းစဉ်ကို ချမှတ်ကာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားစေဟု စေတလုံးနှင့် အမိန့်ပေးခဲ့သည့် နည်းတူ မြန်မာပြည်တွင်လည်း “လုပ်သားပြည်သူတို့ အပြုသဘောနှင့် ဝေဖန်ရေးသားချက်များကို ပေးပို့ပါက ပြည်သူပိုင် သတင်းစာများက ပုံနှိပ်ဖော်ပြမည်”ဟု ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၆၅ ခု သြဂုတ်လ ၂၄ ရက်နေ့တွင် ကြေညာသည်။

၁၉၆၂ ခု မတ်လက တက်လာပြီးနောက် ဂျူလိုင် ၇ ရက် ကျောင်းသားများကို သတ်ဖြတ်၍ သမဂ္ဂတိုက်ကို ဖျက်ခွဲကာ တပ်မတော်မထိနဲ့ ဓားကိုဓားချင်း၊ လှံကိုလှံချင်းတုံ့ပြန်မည်ဟု ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် လူထုကို စစ်ကြေညာထားသဖြင့် တုတ်တုတ်မလှုပ်ဝံ့သော လူထုက လွတ်လပ်စွာ ရေးသားခွင့်ဖိတ်စာကို ကြားလိုက်သော်လည်း စိတ်မချနိုင်ဖြစ်နေကြသည်။ ထောင်များအတွင်းတွင် သတင်းစာဆရာ၊ စာရေးဆရာအများကို သိုလှောင်ထားဆဲရှိသေးသည်။ အောင်ဗလ တစ်ယောက်လည်း သိကြားသားမဟုတ်လေသဖြင့် အင်းစိန်ထောင် တောရကျောင်း၌ ဝါဆိုနေရဆဲဖြစ်သည်။

ထို့ကြောင့် မြန်မာ လုပ်သားပြည်သူ့သတင်းစာမှာ အယ်ဒီတာမင်းတို့ အထံသို့ မရဲတရဲပေးပို့သော စာတို့မှ မထိတထိ စာမူအနည်းငယ်ကို ဖော်ပြနိုင်ခဲ့သည်။

အင်္ဂလိပ်ဘာသာလုပ်သား ပြည်သူ့အယ်ဒီတာချုပ် ဦးခင်မောင်လတ်က ရယ်သည်။ လာသမျှ စာတို့မှ အစိုးရပြုမူချက် မှန်ကန်မှုမရှိဟု ရေးသားစေကာမူ အခြေအမြစ်ခိုင်လုံသော စာများကို ပုံနှိပ်ဖော်ပြသည်။ ဒီမိုကရေစီခေတ်က လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ရှိသဖြင့် နိုင်ငံသားတို့ ကြီးပွားလမ်းရှိစေကာမူ မြန်မာ့ဆိုရှယ်လစ်ခေတ်တွင် နိုင်ငံသားတို့ ကြီးပွားလမ်းမရှိ။ ထို့အတူ နိုင်ငံတော်အစိုးရလည်း ကြီးပွားမည်မဟုတ်ဟု ရေးသည့် စာအများရောက်လာသည်။ ရေးသူတို့က စာတတ်ပေတတ်၊ ပညာတတ်များဖြစ်သဖြင့် သူတို့၏ ယူဆချက်များကို စာရင်း ဇယားများနှင့် ပိုင်နိုင်စွာ ရေးတတ်ကြသည်။ ဆရာ ဦးခင်မောင်လတ်ကလည်း သတ္တိကောင်းသည်။ စာအများကို သတင်းစာက ဖော်ပြပေးသည်။ ဆရာကြီးနှင့် ဆရာကတော် ဒေါ်ခင်မျိုးချစ်တို့ကလည်း ရဲရဲတွေးပြီး ရဲရဲရေးကြသေးသည်။

အင်္ဂလိပ် သတင်းစာက ရဲရင့်စွာဖော်ပြသည်ကို မြင်ရသဖြင့် ထောင်တွင်းရှိ အောင်ဗလတို့ လူစုသည်ပင် ဆရာကြီး ဘယ်တော့ ရောက်လာမည်လဲဟု တွေးတောကာ လှံဖျားတွင် နားနေသည့် ပုစဉ်းအတွက် ကြောက်ချေးပါနေမိကြသည်။

ဦးခင်မောင်လတ်အား သတင်းစာတပ်ဦး၌ စစ်ကဲတင်မိသော ဗိုလ်ချုပ်ကြီးနေဝင်းသည်လည်း အသဲယားနေမည်မှာ မုချဖြစ်သည်။ ကိုယ်တင်တဲ့စိတ်ကဲ ကိုယ်ပြန်ချရန်မှာလည်း မလွယ်သဖြင့် လက်ပိုက်၍ ကြည့်နေရသည်။

နှစ်အနည်းငယ်ကြာသောအခါ ဗိုလ်ချုပ်ကြီးနေဝင်းက ဆက်လက်၍ သည်းမခံနိုင်တော့ပြီ။ တစ်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဆရာကြီးဦးခင်မောင်လတ်အား လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်သည်။ လက်ဖက်ရည်ပွဲတွင် အလာပသလ္လာပ စကားများ အာဖောင်စွာပြောကာ ဗိုလ်နေဝင်း လေချိုသွေးသည်။ ဦးခင်မောင်လတ်ကလည်း ရိပ်စားမိသည်။ စစ်ဗိုလ်ကြီးများနှင့် မဆလပါတီတွင် နေရာရှိထားသူ ‘ကွန်မြူနစ်ပျက်’ များက အင်္ဂလိပ်လုပ်သားမှ စာများဆောင်းပါးများကြောင့် စည်းရုံးရေး ပျက်နေရသည်ဟု ရေးသည်သာမက အင်္ဂလိပ်လုပ်သားကို အရေးယူသင့်ပြီဟု ဗြောင်ပြောနေကြသည် ကိုလည်း နားမဆံ့အောင် ကြားရပြီးဖြစ်သည်။

“ဆရာအဖို့ နိုင်ငံတော်အတွက် လုပ်ရတာပင်ပန်းလှပါပြီ”ဟု စကားစပျိုးကာ “နိုင်ငံခြားအေးအေး ဆေးဆေးသွားပြီး နားနားနေနေ နေပါလား၊ သံအမတ်အဖြစ် ကြိုက်တဲ့ တိုင်းပြည်ပို့ပေးပါမယ်”

“ဘာဗျ”ဟု ဦးခင်မောင်လတ်က ပြန်မေးသည်။ သံအမတ်ရာထူးဟူသော စကားလုံးကို ပြောသည်နှင့် စကားမဆုံးမီ ရှိခိုးဒူးထောက်ကြသော စစ်ဗိုလ်များကိုသာ တွေ့ဖူးသူ ဗိုလ်နေဝင်းက “သံအမတ်ရာထူးခန့်ဖို့ စီစဉ်နေပါတယ်”ဟု ရှင်းပြသည်။

“နိုး နိုး နိုး နိုး ကျွန်တော် သံအမတ် မလုပ်ချင်ဘူး၊ စာပေဝါသနာသာပါတယ်၊ ဟဲဟဲ ဗိုလ်ချုပ်တို့ အစိုးရက ကျွန်တော့်ကို မကြိုက်ဖူးဆိုတာ ရိပ်မိပါတယ်၊ ကျွန်တော် ရာထူးက ထွက်ပေးပါမယ်”ဟု ချိုသာချေငံစွာပြောကာ စားပွဲမှထသောအခါ ဗိုလ်ချုပ်ကြီးက လောကွတ်ပင် မပြုဘဲ ထိုင်နေရစ်ခဲ့ရှာသည်။

ထိုအချိန်တွင် အင်းစိန်ထောင်ထွက် အောင်ဗလမှာ ပြည်သူပိုင်သတင်းစာ လေးစောင်၏ ပင်တိုင်ဆောင်းပါးရှင်အဖြစ် လိုင်စင်ရ သတင်းစာ ဆရာဖြစ်နေလေပြီ။

“လာဟေ့ လက်ဖက်ရည်သောက်ရအောင်”ဟု အိမ်တော်မှ ပြန်လာသူဆရာဦးခင်မောင်လတ်က ဖုန်းဆက်၍ ခေါ်သဖြင့် သောက်နေကျ ရုံးသမဝါယမ လက်ဖက်ရည်ဆိုင်သို့ လိုက်သွားသည်။ ဆိုင်တွင်းသို့ ကြေးမုံဒုတိယအယ်ဒီတာ ကိုဝင်းတင်လည်း ရောက်လာသည်။

“အားလုံးချိုခါးဟေ့” ဟု ဆိုင်ရှင်အားမှာရင်း “မင်းတို့ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တော်က လက်ဖက်ရည်က ပေါ့ရွှတ်ရွှတ်ပါကွာ”ဟု စကား စရင်းဖြစ်ခဲ့သမျှကို နောက်ကြောင်းပြန်၍ ပြောရှာသည်။

ဆရာကြီးတွင် ရာထူးအတွက် တပ်မက်ဝမ်းနည်းမှု မရှိသည်ကို သိသာစွာမြင်ရသည်။ ထိုရာထူးကို ဆရာကြီးအတွက် တပ်မက်နေသူတို့မှာ ကိုဝင်းတင်နှင့် အောင်ဗလတို့သာဖြစ်သည်။ ထိုရာထူးသည် ဆရာကြီးတစ်ဦးတည်းသာ ထိုက်တန်သည်ဖြစ်သဖြင့် ဆရာကြီးအတွက် လွန်မင်းစွာ မခံချိဖြစ်မိကြသည်။

“စိတ်ထိခိုက်စရာမရှိပါဘူး တို့က သူတို့ကောင်းကျိုးအတွက် ပြောတာကို သူတို့က လက်မခံချင်တော့ သူတို့ နာတယ်၊ နောက်ပြီး တိုင်းပြည်နာတာပေါ့ကွာ”ဟု ကောက်ချက်ချရင်း အိမ်တော်မှ လက်ဖက်ရည်ထက် ပို၍ ချို၊ ပို၍ ခါးသော လက်ဖက်ရည်ကို အရသာခံကာ သောက်ရင်း ဇိမ်ယူနေတော့သည်။

အောင်ဗလတွင် ကလောင်ရှိသည်။ ရေးပိုင်ခွင့် လိုင်စင်လည်းရှိသည်။ အောင်ဗလအား ဗိုလ်ချုပ်ကြီးအမိန့်အရ ရာထူးခန့်စဉ်က ပြန်ကြားရေးဝန်ကြီးက လွတ်လပ်စွာရေးပါဟု စေတလုံးပေးခဲ့သည်။ ဆရာဦးခင်မောင်လတ်ကိစ္စကို ဆောင်းပါးရေးမှဖြစ်မည်ဟု အောက်ပါဆောင်းပါးကို ကောက်ရေးပြီး လုပ်သားပြည်သူ သတင်းစာမှ ပုံနှိပ်လိုက်သည်။ မိမိအထက်မှ အတွင်းဝန်စစ်ဗိုလ်က မရဲတရဲ ဆရာရေးတာလွန်သနောဟု ကောက်ချက်ချရှာသည်။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ကြုံကြိုက်သဖြင့် တွေ့သောအခါ မပြုံးစဖူး ပြုံးသည်ကိုမြင်ရ၏။

တစ်ရံရောအခါ… တောစပ်တစ်ခုရှိ ဇရပ်တစ်ဆောင်တွင် ဖုန်းတောင်းစားတစ်ဦးသည် ထိုင်နေစဉ် အဝတ်အစား တောက်ပစွာဝတ်ဆင်းထားသည့် လူတစ်ယောက်သည် မြက်ထုံးကြီးကို ထမ်း၍ ဝင်လာသည်ကို မြင်ရသတဲ့။

ထိုသူသည် မြက်ထုံးကို ထမ်းပိုးနှင့် ထမ်းသော်လည်း အခြားသူငါတို့ ထမ်းရိုးထမ်းစဉ်အတိုင်း မြက်ထုံးကို နှစ်ထုံးနှစ်ခုခွဲ၍ တစ်ဖက်တစ်ထုံးထမ်းခြင်းမပြုဘဲ မြက်ထုံးတစ်ခုတည်းကို ထမ်းပိုးတစ်ဖက် စွန်းတွင် ချိတ်၍ ထမ်းသဖြင့် လွန်စွာပင်ပန်းကြီးလှသည်ကို တွေ့ရသတဲ့။ လွန်မင်းစွာ ပင်ပန်းနေသော ထိုသူကို ဖုန်းတောင်းစားက စိတ်ဝင်စားစွာ ကြည့်နေမိသတဲ့။

မောပန်းနေသော ထိုသူသည် အတန်ကြာနား၍ အပန်းဖြေပြီး ပြန်လည်ခရီးဆက်ရန် ပြင်ဆင်သတဲ့။ ထိုသူသည် မြက်ထုံးကြီးကို နှစ်ခွဲ၍ ထမ်းပိုးတင်ခြင်းမပြုဘဲ လာစဉ်က နည်းအတိုင်း ကြီးမားသော မြက်ထုံးကြီးကို ထမ်းပိုးတစ်ဖက်တွင် တင်သတဲ့။

ထိုသူအဖို့ လွန်စွာ ပင်ပန်းရှာလေဦးမည်ဖြစ်သောကြောင့် ဖုန်းတောင်းစားက နှုတ်ဆိတ်၍မနေနိုင်သဖြင့် အကြံပေးမိသတဲ့။

“အမောင်… မြက်ထုံးကို တစ်ထုံးတည်းထုံး၍ ထမ်းပိုးတစ်ဖက်၌ ချိတ်၍ ထမ်းသည်ထက်… မြက်ထုံးကို နှစ်ထုံးနှစ်ခု အညီအမျှခွဲကာ ထမ်းပိုး၏ တစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲကာ ထမ်းပါလျှင် များစွာသက်သာ ပေမည်”ဟု အကြံပေးသတဲ့။

ထိုသူက အတန်ကြာ စဉ်းစားရှာသတဲ့။ သေသေချာချာ စဉ်းစားပြီးမှ အဖြေပေးသတဲ့။ 

“အချင်း ဖုန်းတောင်းစား၊ သင်ပေးသော အကြံသည် ကောင်းသော အကြံဖြစ်ပေ၏။ မြက်ထုံးကို နှစ်စုခွဲကာ နှစ်ထုံး ထုံး၍ ထမ်းပိုးတစ်ဖက်တစ်ချက်တွင် ချိတ်ပါလျှင် များစွာ သက်သာပေမည်မှာ မှန်ပေသည်”ဟု ဝန်ခံသတဲ့။

ယင်းသို့အမှန်ကို ဝန်ခံစေကာမူ ထိုသူက မြက်ထုံးကြီးကို နှစ်စုခွဲခြင်းမပြုဘဲ သူလာစဉ်က အတိုင်း တစ်ထုံးကို တစ်ဖက်စောင်းနင်းထမ်း၍ ပင်ပန်းစွာ ဇရပ်ပေါ်မှ ဆင်းသတဲ့။

သူ၏ ခရီးကို မဆက်မီ ထိုသူက ဖုန်းတောင်းစားအား ပြောသေးသတဲ့။

“အချင်း ဖုန်းတောင်းစား သင်ပေးအပ်သော အကြံသည် ကောင်း၏၊ မှန်၏။ သို့သော် သင်သည် သူတောင်းစားသာတည်း။ ငါသည်မူကား သူဌေးသားဖြစ်ချေဘိသည်။ သူဌေးသား တစ်ဦးက သူတောင်းစားပေးသည့် အကြံကို လက်ခံလျှင် ရာဇဝင်ရိုင်းပေမည်။ ထိုကြောင့် မည်ရွှေ့မည်မျှ ပင်ပန်း စေကာမူ ငါသည် မူလထမ်းစဉ်က နည်းအတိုင်း ဆက်လက်ထမ်းပေဦးအံ့” တဲ့။

(စာဖြည့် ။ ။ ဆရာတက်တိုးအားလည်း ဗိုလ်ချုပ်နေဝင်းက သံအမတ်ရာထူးနှင့် သူကောင်းပြုရန် စီစဉ်ခဲ့သည်။ စာရေးဆရာဘဝကိုသာ ခင်သောဆရာတက်တိုးကလည်း ငြင်းခဲ့၏။ ဆရာမန်းတင်ကိုသာ သံအမတ်ခန့်နိုင်ခဲ့သည်။ ဆရာမန်းတင်သည် လူထုကလက်ခံသော နာမည်ကြီး စာရေးဆရာပင် ဖြစ်သော်လည်း အရာရှိတစ်ဦးအဖြစ် စာရေးခဲ့သည့် ဝန်ထမ်းစာရေးဆရာဖြစ်သဖြင့် ငြင်းဆန်မှုမပြုဘဲ အထက်လူကြီးစေရာသို့ သွားရှာသည်သာ။)

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading