ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ကြီးကြပ်ရန် တောင်းဆို

ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များအရ လေတပ်အသုံးစရိတ်တွင် အမေရိကန်ဒေါ်လာ  ၄ ဒသမ ၈ သန်း ကုန်ကျမည့် အထူးလေယာဉ်တစ်စင်း အဆင့်မြှင့်တင်ခြင်းအပြင် ဒေါ်လာ ၃၈ ဒသမ ၆ သန်းတန် သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ဝယ်ယူရန်ရှိသည်ဟု Justice for Myanmar က ဆိုသည်

Published on Dec 8, 2020
၂၀၁၉ ဒီဇင်ဘာ ၁၅ တွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့သည့် တပ်မတော်(လေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့၌ လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ- တပ်မတော်-လေ Facebook စာမျက်နှာ)  
၂၀၁၉ ဒီဇင်ဘာ ၁၅ တွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့သည့် တပ်မတော်(လေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့၌ လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ- တပ်မတော်-လေ Facebook စာမျက်နှာ)  

မြန်မာတပ်မတော်၏ အထူးလေယာဉ်တစ်စင်း အဆင့်မြှင့်တင်ခြင်းနှင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း ဝယ်ယူမည့်အစီအစဉ် အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို အစိုးရနှင့် လွှတ်တော်က ထိန်းကွပ်စီမံရန် Justice for Myanmar က တောင်းဆိုလိုက်သည်။

၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များကို ကိုးကားထားသော Justice for Myanmar ၏ ထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသည် Airbus အမှတ်တံဆိပ် အထူးလေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်း အကုန်အကျခံကာ အဆင့်မြင့်တင်ခြင်းနှင့် ကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းတန် သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ဝယ်ယူရန် ရှိနေသည်။ 

“စစ်တပ်အနေနဲ့ အရပ်ဘက်ထိန်းကွပ်မှုအောက်မှာ အပြည့်အဝရှိနေချိန်အထိ၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် ဥပဒေအတိုင်း အရေးယူမှုခံယူပြီးတဲ့အထိ၊ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတဲ့အချိန်အထိ မြန်မာစစ်တပ်ရဲ့အသုံးစရိတ်တွေကို အမြန်ဆုံးထိန်းကွပ်စီမံဖို့ မြန်မာအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုပါတယ်” ဟု Justice for Myanmar ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြောသည်။​

အထူးလေယာဉ် A319-112 မှာ ကမ္ဘောဇအုပ်စုပိုင် MAI လေကြောင်းလိုင်း၏ လေယာဉ်ဖြစ်ပြီး ထိုလေယာဉ်ကို တပ်မတော်လေတပ်က အဆင့်မြင့်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု Justice for Myanmarက ဆိုသော်လည်း​ ကမ္ဘောဇအုပ်စုထံမှ ထိုလေယာဉ်ကို တပ်မတော်က မည်ကဲ့သို့ လွှဲပြောင်းရယူခဲ့သည်ကိုမူ မသိရပေ။

အဆိုပါအထူးလေယာဉ် အဆင့်မြှင့်ပြောင်းလဲခြင်းကို ဟောင်ကောင်အခြေစိုက် HAECO လေယာဉ်ကုမ္ပဏီ၏ လက်ခွဲ HAECO Xiamen က အကောင်အထည်ဖော်ပေးမည်ဖြစ်ပြီး ဟောင်ကောင်လေကြောင်းဌာနက ပြောင်းလဲမှုကို တရားဝင်အသိအမှတ်ပြုပေးမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ HAECO လေယာဉ်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီ Swire Group သည် Cathay Pacific လေကြောင်းကို ပိုင်ဆိုင်သော Swire Pacific ၏ မိခင်ကုမ္ပဏီလည်း ဖြစ်သည်။

Airbus အမှတ်တံဆိပ် C-295 အမျိုးအစား ပို့ဆောင်ရေးလေယာဉ်နှစ်စင်းကိုမူ တော်ဝင်ဂျော်ဒန်လေတပ်ဆီမှ မြန်မာလေတပ်က ယခုနှစ် ဒီဇင်ဘာလနောက်ဆုံးထားကာ ဝယ်ယူသွားမည်ဖြစ်ကြောင်း Justice for Myanmar က ရေးသားထားသည်။​

“မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့ စီးပွားရေးလုပ်ငန်းအားလုံးကို တောင်းဆိုပါတယ်။ စစ်တပ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားအစိုးရတွေကို တောင်းဆိုပါတယ်” ဟုလည်း မရတနာမောင်က ပြောသည်။

C-295 လေယာဉ်အမျိုးအစားသည် လေထီးတပ်များ အပါအဝင် တပ်ဖွဲ့များသယ်ယူပို့ဆောင်ရေးအပြင် လက်နက်လည်းတပ်ဆင်အသုံးပြုနိုင်ပြီး ဆက်သွယ်ရေးထောက်လှမ်းမှုများလည်း ပြုလုပ်နိုင်ကြောင်း လေယာဉ်ကုမ္ပဏီ၏ ဝက်ဆိုက်အချက်အလက်များအရ သိရသည်။

လေယာဉ်ဝယ်ယူမှုအစီအစဉ်တွင် လေယာဉ်မောင်း ၈ ဦးနှင့် စက်ဘက်ကျွမ်းကျင် ၄ ဦးတို့ကို မြန်မာနိုင်ငံသို့မဟုတ် သင့်တော်သောနေရာတွင် လေယာဉ်အသုံးပြုပုံသင်တန်းပေးရန်လည်း ပါဝင်ရာ ထိုအစီအစဉ်ဖြစ်မြောက်ပါက ဥရောပသမဂ္ဂ၏ လက်နက်ကုန်သွယ်ရေးပိတ်ဆို့မှုကို ချိုးဖောက်ရာကျမည်ဖြစ်သည်။

အထူးလေယာဉ်အဆင့်မြှင့်ပြောင်းလဲခြင်းနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ဝယ်ယူရေးအစီအစဉ်တို့ကို ပုဂ္ဂလိကပိုင် Aero Sofi လေယာဉ်ဝန်ဆောင်မှုကုမ္ပဏီက ကြားခံညှိနှိုင်းဖော်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း Justice for Myanmar က ဆိုထားသည်။

Aero Sofi ကုမ္ပဏီကို Air Mandalay လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ်ဟောင်း Sai Khan Park Hpa က ပူးပေါင်းတည်ထောင်င်ထားပြီး ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ပက်ထရစ်အောင်မှာ တပ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီ Mytel ကို တာဝါတိုင်ဝန်ဆောင်မှုပေးသည့် National Tower Development ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

အထူးလေယာဉ်အဆင့်မြှင့်ပြောင်းလဲခြင်းအတွက် သဘောတူစာချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ဗိုလ်မှူးချုပ်စိုးတင်လတ်နှင့် Aero Sofi ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ပက်ထရစ်အောင်တို့ လက်မှတ်ရေးထိုးထား ပြီး Sai Khan Park Hpa က အသိသက်သေဖြစ်သည်။

နိုင်ငံအတွက် မရှိမဖြစ်လိုအပ်နေသည့် ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးတို့တွင် ငွေကြေးမသုံးစွဲဘဲ ထိုကဲ့သို့သော လေယာဉ်အဆင့်မြင့်ခြင်းနှင့် ဝယ်ယူရေးအစီအစဉ်များတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံခြင်းသည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်နေသည်ဟုလည်း Justice for Myanmar က ဝေဖန်ထားသည်။ 

ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်များတွင်လည်း ဩစတြီးယားနိုင်ငံထုတ် အဆင့်မြင့်မောင်းသူမဲ့ Camcopter S-100 များဝယ်ယူရန် (ယူရို ၁၆ သန်းနှင့်ညီမျှသော) ကျပ် ၂၇ ဘီလီယံ တောင်းခံခဲ့သည်ကို တွေ့ရသည်။

မိုင်ရာချီခရီးနှင်ကာ ကင်းထောက်ခြင်း၊ ဓာတ်ပုံအချက်အလက်များ တိုက်ရိုက် ရိုက်ကူးပေးပို့နိုင်ခြင်း စသည့်လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည့် Camcopter S-100 ရဟတ်ယာဉ်များကို မြန်မာ့တပ်မတော်က ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ၂၀၁၈ ဒီဇင်ဘာလ ၂၄ တွင် ရန်ကုန်မြို့တောင်ဘက် ပင်လယ်ထွက်ပေါက် သီလဝါ၌ ကျင်းပခဲ့သည့် မြန်မာ့တပ်မတော်ရေတပ် ၇၁ နှစ်မြောက် အခမ်းအနားတွင် တပ်မတော်က တရားဝင် ထုတ်ဖော်ပြသခဲ့ဖူးသည်။ 

ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသော အချက်အလက်များအရ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များမှာ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂,၉၉၀ ဘီလျံကျော်၊ ၂၀၁၇ - ၁၈ တွင် ၃,၁၉၂ ဘီလျံကျော်၊ ၂၀၁၈ - ၁၉ တွင် ၃,၂၅၀ ဘီလျံကျော်၊ ၂၀၁၉ - ၂၀ တွင် ၃,၃၈၅ ဘီလျံကျော်၊ ၂၀၂၀ - ၂၁ တွင် ၃,၄၁၄ ဘီလျံကျော် ရှိသည်။ 

တပ်မတော်၏ ထုတ်ပြန်ချက်များအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တပ်မတော် (လေ) အတွက် တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များ အပါအဝင် လေယာဉ်မျိုးစုံ ၉၀ နီးပါးအထိ တပ်တော်ဝင်ခဲ့သည်။ 

၂၀၁၉ ဒီဇင်ဘာ ၁၅ တွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့သည့် တပ်မတော် (လေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း ပြုလုပ်ခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် JF-17 အမျိုးအစား တိုက်လေယာဉ် ၄ စီး၊ ATR 72-500 အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီး၊ Eurocopter အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး တပ်တော်ဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း Yak-130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker-70 အမျိုးအစား လေယာဉ် ၂ စီးနှင့် ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ တပ်မတော်ဝင်ခဲ့သည်။

ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လေယာဉ်အမျိုးအစား ခြောက်မျိုး အစင်းရေ ၅၁ စင်း၊ ရဟတ်ယာဉ်အမျိုးအစား သုံးမျိုး၊ အစင်းရေ ၁၀ စင်း တပ်တော်ဝင်ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်က ပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားတစ်ခုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading