လွှတ်တော်ဆိုတာ အစိုးရကိုဖြုတ်ချနိုင်သည်ဟု မတွေးစေချင်ကြောင်း NLD ဒုဥက္ကဋ္ဌဆို 

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်တစ်ဦး ရှိနေသည့် လက်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည်ပင်လျှင် ဥပဒေပြုရေးနှင့် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းရေးတွင် အားနည်းချက်များ ရှိနေဆဲဟု မန္တလေးအခြေစိုက် လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ “ယုံကြည်ရာ” က ဆိုသည်

P
Published on Dec 7, 2020
ဒီဇင်ဘာ ၄ တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် (၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ပြန်လည်ထွက်ခွာစဉ် (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now) 
ဒီဇင်ဘာ ၄ တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် (၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ပြန်လည်ထွက်ခွာစဉ် (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အတိုက်အခံမဲ့ဖြစ်လာမည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်မည်ဆိုသော်လည်း ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သော ကယားပြည်နယ်လွှတ်တော်ကဲ့သို့ ဖြစ်မလာစေချင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။ 

“ကယားကိစ္စကို သင်ခန်းစာယူထားတယ်။ လွှတ်တော်အဖွဲ့အစည်းဆိုတာ အစိုးရကို ဖြုတ်ချလို့ ရတယ်ဆိုတဲ့ အတွေးမျိုး မရှိကို မရှိစေချင်ဘူး။ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမလဲဆိုတာ စဉ်းစားပြီး အကျိုးပြုလုပ်ငန်းတွေလုပ်ရမှာလေ” ဟု လက်ရှိ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအပြီး Myanmar Now က မေးမြန်းခဲ့ရာတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။  

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီနှင့် ဧရာဝတီ စသည့် တိုင်းဒေသကြီး ၅ ခုတွင် တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ၇၆ ဦးရှိသည့်အနက် တပ်မတော်သားကိုယ်စားလှယ် ၁၉ မှလွဲ၍ ရွေးကောက်ခံကိုယ်စားလှယ်အားလုံးမှာ NLD မှဖြစ်သည်။ 

မန္တလေးတိုင်းလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံးသည် NLD ပါတီမှချည်းပဲဖြစ်သော်လည်း အစိုးရကို ထိန်းကျောင်းခွင့်ရှိသည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုပြီး “ပါတီကို သစ္စာရှိတဲ့သူလို့ဆိုပေမယ့် ပါတီနဲ့ နိုင်ငံယှဉ်လာရင် နိုင်ငံအပေါ် ဦးစားပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေက (ပါတီမှာ) ရှိပြီးသားပါ” ဟု ၎င်းက ပြောသည်။ 

သို့သော် လက်ရှိမန္တလေးတိုင်းလွှတ်တော်အတွင်း အင်တိုက်အားတိုက် မေးမြန်းခဲ့သော NLD လွှတ်တော်အမတ် အနည်းဆုံး ၆ ဦးမှာ နောက်တစ်ကြိမ်လွှတ်တော်တွင် ပြန်လည်ပါဝင်လာမည် မဟုတ်တော့ပေ။ အစိုးရအဖွဲ့ကို ထောက်ပြဆွေးနွေးခဲ့သောကြောင့် ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းလျှောက်လွှာ ပယ်ချခဲ့သည်ဟု ၎င်းတို့အနက် အချို့က ယူဆသည်။  

“ပြည်သူကိုယ်စားပြုပြီး ပြောသင့်ပြောထိုက်တာတွေ လွှတ်တော်မှာ ပြောခဲ့တာပါ။ ဒါပေမဲ့ ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းလို့ မရွေးတာလို့ ပြန်ကြားတာပါပဲ” ဟု မန္တလေးတိုင်းလွှတ်တော်၌ အဆိုအများဆုံးတင်ခဲ့သူ ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က Myanmar Now ကို ပြောသည်။ 

ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့်မရသည့် NLD ကိုယ်စားလှယ်များအနက် ငါန်းဇွန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လက်ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲဆုဝေလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် မန္တလေးတိုင်း ဆည်မြောင်းဝန်ကြီးဌာန ၏ ဘတ်ဂျက်တောင်းခံမှုကို စိစစ်ဖြတ်တောက်ခဲ့သည့် ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေး တိုင်းလွှတ်တော်ကော်မတီ အတွင်းရေးမှုးလည်းဖြစ်သည်။

“ပြည်သူ့ဘဏ္ဍာတွေကို အဟောသိကံ အဖြစ်မခံနိုင်လို့ ကျွန်မတို့ စိစစ်ဖြတ်တောက်ခဲ့တာပါ။ ဒီလိုစိစစ် ဖြတ်တောက်တဲ့ ဘတ်ဂျက်တွေကလဲ လွှတ်တော်ထဲကို ရောက်မှာမဟုတ်ဘူးလေ။ အဲဒီအပေါ် အစိုးရက နားလည်မှုလွဲတာမျိုး ရှိရင် ရှိနိုင်မယ်” ဟု ဒေါ်သဲဆုဝေက ပြောသည်။

လက်ရှိကိုယ်စားလှယ်အချို့ကို ပြန်လည်ရွေးကောက်ယှဉ်ပြိုင်ခွင့် မပြုရသည့်အကြောင်းအရင်းနှင့် ပတ်သက်၍ ဒေါက်တာဇော်မြင့်မောင်က “ကျန်ခဲ့တဲ့သူတွေက ပွင့်ပွင့်လင်းလင်းပြောရရင် ချန်ထိုက်တဲ့သူတွေမို့ ချန်ခဲ့တာပါ” ဟု ပြောသည်။ 

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း စွမ်းဆောင်ရည်ကောင်းရုံမျှမက သက်ဆိုင်ရာမြို့နယ်ပါတီနှင့်  ပြည်သူလူထုအကြား ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန် လိုအပ်သည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

အစိုးရ၊ လွှတ်တော်နှင့် ပြည်သူဟူသော သုံးပွင့်ဆိုင်အခြေအနေကြားတွင် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးအနေဖြင့် အခြေအနေပေါ်မူတည်ကာ လုပ်ကိုင်ရမည့်သဘောဖြစ်သည်ဟု မိတ္ထီလာမြို့နယ် တိုင်းလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် NLD ကိုယ်စားပြု အနိုင်ရထားသည့် ဦးမောင်မောင်ကြီးက ဆိုသည်။ 

“ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားတောင့်တချက်တွေကို ဖြည်ဆည်းပေးရမှာ ဖြစ်သလို ပါတီရဲ့ မူနဲ့ လမ်းညွှန်ချက်ကိုလဲ သွေဖီလို့တော့ မရဘူးပေါ့” ဟု ဦးမောင်မောင်ကြီးက ပြောသည်။ 

မန္တလေးတိုင်းဝန်ကြီးချုပ်သည် ပါတီဒုဥက္ကဋ္ဌတာဝန်ယူထားသူလည်း ဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော်အပေါ် ဩဇာလွှမ်းမိုးမှုရှိနေပြီး လက်ရှိလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များက အစိုးရအဖွဲ့ကို မေးမြန်းဆွေးနွေးနေစဉ် ဝန်ကြီးချုပ်က ရုတ်တရက် ဟန့်တားခြင်း၊ ကန့်ကွက်ခြင်းများ ရှိခဲ့သည်ဟု ကိုယ်စားလှယ်အချို့က ဆိုသည်။ 

“လွှတ်တော်ဥက္ကဋ္ဌ ရပ်တည်မှုကိုက အစိုးရဘက် ပါနေတယ်လို့ မြင်တယ်။ ဝန်ကြီးချုပ်က ပါတီမှာလဲ ဒုဥက္ကဋ္ဌဆိုတော့ သူ့ကို လွန်ဆန်ရင် အတိုက်အခံဖြစ်မှာ စိုးတဲ့ပုံပါပဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောသည်။ 

ထိုယူဆချက်ကို လက်ရှိ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေကလည်း လက်ခံသဘောတူသည်။ “လွှတ်တော်ဥက္ကဋ္ဌကြီးက ဝန်ကြီးချုပ်ကို ပါတီရဲ့ ဒုဥက္ကဋ္ဌမို့ ကြောက်နေရင်တော့ လွှတ်တော်က အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ” ဟု ၎င်းက ပြောသည်။ 

အမရပူရမြို့နယ် တိုင်းလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် ထပ်မံရွေးကောက်ခံခဲ့ရသော ဦးမြင့်ဆွေကမူ ပါတီနှင့် အစိုးရဆိုသည်ထက် ပြည်သူ့ဘက်ကပင် ရပ်တည်သွားမည်ဟု ဆိုသည်။ 

“ကိုယ့်ပါတီအချင်းချင်းမို့ Check & Balance (စောင့်ကြည့်ထိန်းကျောင်းခြင်း) မလုပ်ဘဲ လက်ညှိုးထောင် ခေါင်းညိတ်တာမျိုး မဟုတ်ဘဲ ပြောသင့်တာတော့ ပြောသွားမှာပါ။ အရွေးခံရတဲ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့ဘက် တကယ်ရပ်တည်ရင် ကြောက်စရာမလိုပါဘူး” ဟု ဦးမြင့်ဆွေက ပြောသည်။ 

၎င်းသည် လက်ရှိလွှတ်တော်၏ အစည်းအဝေးတစ်ခုတွင် တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာဆွေးနွေးနေစဉ် ဝန်ကြီးချုပ်ဟန့်တားခြင်းခံခဲ့ရသော ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ 

မန္တလေးတိုင်းလွှတ်တော်၌ အစိုးရကို အခက်တွေ့စေမည့် မေးခွန်းများမေးမြန်းခြင်းမပြုရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌက အလွတ်သဘော သတိပေးခြင်းများရှိခဲ့သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “ကိုယ့်အစိုးရ အကျပ်အတည်းဖြစ်စေမယ့် မေးခွန်းတွေ ရှောင်ရမယ်ဆိုတာက အစိုးရနဲ့ လွှတ်တော်ဆန့်ကျင်ဘက် ဖြစ်နေရင် ပြည်သူ့လိုအပ်ချက်တွေ အကောင်အထည်ဖော်ပေးနိုင်မှာ မဟုတ်လို့ပါ” ဟု ပြောသည်။

အထက်ပါစွပ်စွဲချက်များနှင့် ပတ်သက်၍ ပါတီဒုဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကလည်း “ကျွန်တော်က လွှတ်တော်ကို လွှမ်းမိုးစရာအကြောင်းလည်း မရှိသလို တစ်ခါမှလဲ ဝင်မစွက်ဖက်ဖူးဘူး။ ကြိုက်တာလုပ်။ ဒါပေမဲ့ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်” ဟု တုံ့ပြန်သည်။  

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို နိုင်ငံရေးအရ စဉ်းစားဆုံးဖြတ်နိုင်သူ၊ နိုင်ငံရေးသမိုင်းရှိသောသူနှင့် ပါတီအပေါ်သစ္စာရှိသူကို ဦးစားပေးရွေးချယ်ရန် ရည်ရွယ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်တစ်ဦး ရှိနေသည့် လက်ရှိ မန္တလေးတိုင်းလွှတ်တော်သည်ပင်လျှင် ဥပဒေပြုရေးနှင့် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းရေးတွင် အားနည်းချက်များရှိနေဆဲဟု မန္တလေးအခြေစိုက် လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော “ယုံကြည်ရာ” က ဆိုသည်။ 

“လွှတ်တော်ထဲမှာ ခြေစွာတဲ့ ကိုယ်စားလှယ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပါမလာတော့တာ မန္တလေးအတွက် ဝမ်းနည်းစရာကောင်းတယ်” ဟု “ယုံကြည်ရာ” အသိပညာပြန့်ပွားရေးအသင်း၏ အမှုဆောင်ဒါရိုက်တာ ကိုတေဇစန်းက ပြောသည်။ 

P

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading