ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပရေး တင်ပြမည်ဟု ဂျပန်အထူးကိုယ်စားလှယ်ပြော

တပ်မတော်သည် ရခိုင်မြောက်ပိုင်း ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေး ဆန္ဒပြင်းပြနေပြီး ဂျပန်အစိုးရအထူးကိုယ်စားလှယ်၏ ယနေ့ရခိုင်ခရီးစဉ်ကို တပ်မတော်က စီစဉ်ပေးခဲ့သည်ဟု ဆိုသည် 

ဂျပန်အစိုးရအထူးကိုယ်စားလှယ်နှင့် ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်းများ စစ်တွေ့မြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ (ဓာတ်ပုံ - ဖဒူထွန်းအောင်/ Myanmar Now) 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC ) ကို အမြန်ဆုံးတင်ပြသွားမည်ဟု ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောကြားလိုက်သည်။ 

ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော ဂျပန်အထူးကိုယ်စားလှယ်သည် ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များသို့ သွားရောက်လေ့လာခဲ့ပြီးနောက် စစ်တွေမြို့တွင် သတင်းမီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးတော့မှ လေ့လာကြည့်ရှုခဲ့တဲ့အတွက်မို့ ဒီနေ့ နေပြည်တော်ပြန်သွားပြီးတဲ့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားရောက်တွေ့ဆုံပြီး မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့အကြောင်း တင်ပြပါမယ်။ ဒီဒေသမှာရှိတဲ့ ပြည်သူလူထုက ရွေးကောက်ပွဲပြုလုပ်ပေးမယ့်ရက်ကို စောင့်မျှော်နေတဲ့အကြောင်းလည်း တင်ပြသွားမှာဖြစ်ပါတယ်" ဟု ဂျပန်အစိုးရအထူးကိုယ်စားလှယ်က ဆိုသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ရခိုင်မြို့နယ် ၉ ခု တွင် ရွေးကောက်ပွဲကျင်းပရန် ဆန္ဒပြင်းပြနေပြီး ၎င်း၏ လေ့လာရေးခရီးစဉ်ကို တပ်မတော်က စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း မစ္စတာဆာဆာကာဝါက ပြောသည်။

“တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ဖို့အတွက်ဆိုရင် ကျန်ရှိနေတဲ့ မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အရမ်းကိုမျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရန် တပ်မတော်နှင့် AA (ရက္ခိုင့်တပ်တော်) တို့ကို မေတ္တာရပ်ခံခဲ့သည်ဟုလည်း မစ္စတာဆာဆာကာဝါက ဆိုသည်။

ဂျပန်အစိုးရအထူးကိုယ်စားလှယ်သည် စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ANP ပါတီမှ ဒေါ်အေးနုစိန်က Myanmar Now ကို ပြောသည်။

“အဓိကတော့ ချန်လှပ်ထားခဲ့တဲ့ မဲဆန္ဒနယ်တွေအတွက် တပ်မတော်နဲ့ AA ကြားမှာ ဆောင်ရွက်ပေးခဲ့တဲ့ သတင်းတွေကို သတင်းပေးတာဖြစ်တယ်။ နေပြည်တော်ကို ဆက်လက်တင်ပြမယ်၊ သူ့ရဲ့အကြားအမြင်အတိုင်းပဲ တင်ပြသွားမယ်လို့ ဆိုပါတယ်" ဟု ၎င်းက ဆိုသည်။ 

ဂျပန်အစိုးရအစိုးနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ထွန်းကားရန်အတွက် ကူညီပေးရေးသည် မိမိတို့၏ ရပ်တည်ချက်ဖြစ်ကြောင်း၊ မစ္စတာဆာဆာကာဝါသည် ရွေးကောက်ပွဲကာလတွင်လည်း စောင့်ကြည့်လေ့လာရန်လည်း လာရောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Ichiro Maruyama က ပြောသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ရိုက်ပြောဆိုညှိနှိုင်းခြင်း မရှိသော်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းပေးမှုများရှိကြောင်း နိုဝင်ဘာ ၂၇က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းအလားအလာနှင့် ပတ်သက်၍ "ကြိုတင်ညှိနှိုင်းဆွေးနွေးကြပြီး အခြေအနေတစ်ခုရောက်တော့မှ တရားမဝင်အဖွဲ့တို့၊ မတရားအသင်းတို့ အဖြစ်ကနေ ဥပဒေနဲ့အညီ ပယ်ဖျက်ပေးခဲ့တဲ့ သာဓကတွေရှိတယ်" ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့မှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း မည်သည့်ထိတွေ့တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု AA က နိုဝင်ဘာ ၁၂ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်းအခြေအနေတစ်ခုကို ဖန်တီးရန် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးများနှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

AA ၏ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြားဖြတ်ရေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထိုနေ့၌ပင် တပ်မတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading