ဝါဒမှိုင်းများကို တိုက်ထုတ်သူ ဒေါက်တာစိုးသူရဇော်နှင့် အင်တာဗျူး

သူတက်ခဲ့ရသော သင်တန်းပို့ချချက်တစ်ချို့သည် မဘသတရားပွဲလိုပဲဟုလည်းကောင်း၊ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးက အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်သည့် အစိုးရက စေတနာမရှိ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမအောင်မြင်ရသည့်အကြောင်းများကို သူက ရေးသားခဲ့သည်။ 

Published on Dec 24, 2018
မိုးကုတ်ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရသော ဒေါက်တာစိုးသူရဇော် (ကေဇွန်နွေး/Myanmar Now)
မိုးကုတ်ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရသော ဒေါက်တာစိုးသူရဇော် (ကေဇွန်နွေး/Myanmar Now)

အသက် ၂၅ နှစ်အရွယ် မိုးကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သွားနှင့်ခံတွင်းဆရာဝန်ဒေါက်တာစိုးသူရဇော်သည် ၂၀၁၇ ခုနှစ်က ၎င်းတက်ရောက်ခဲ့သော အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်အတွေ့အကြုံများကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားခဲ့သူဖြစ်သည်။ သူတက်ခဲ့ရသော သင်တန်းပို့ချချက်တချို့သည် မဘသတရားပွဲလိုပဲဟုလည်းကောင်း၊ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးက အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရက စေတနာမရှိ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မအောင်မြင်ရဟု ပြောသည့်အကြောင်းများကိုလည်းကောင်း သူက ရေးသားခဲ့သည်။ ထိုကဲ့သို့ ရေးသားခြင်းကြောင့် သူ့အား ဌာနတွင်း စုံစမ်းမေးမြန်းမှုများ ဖြစ်ပေါ်လာပြီးနောက် ၎င်းကဲ့သို့ ဇီးပင်ကြီးတွင် သင်တန်းတက်ရောက်ခဲ့သည့် ဆရာဝန်များစွာတို့က ၎င်း၏ ပြောဆိုချက်များ မှန်ကန်ကြောင်း ထောက်ခံပြောဆိုလာကြသည်။

ဒေါက်တာစိုးသူရဇော်အားထောက်ခံသည့် ဆရာဝန်ပေါင်းများစွာက လက်မှတ်ထိုးထောက်ခံမှုများ မြင့်တက်လာချိန်တွင် ဒေါက်တာစိုးသူရဇော်သည် အလုပ်ကိုကြိုးစားပြီး ထူးချွန်ထက်မြက်သူဖြစ်ကြောင်း၊ ၎င်းအား ဌာနတွင်းစုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူရန် အစီအစဉ်မရှိကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သတင်းထောက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်သည်။ ဖြစ်စဉ်အသေးစိတ်သိရှိရန် Myanmar Now သတင်းဌာနက ၎င်းတာဝန်ထမ်းဆောင်နေသည့် မိုးကုတ်ပြည်သူ့ဆေးရုံကြီးတွင် အသေးစိတ်မေးမြန်းခန်း ပြုလုပ်ခဲ့ပါသည်။

Myanmar Now။  ။  ၂၀၁၇ ဒီဇင်ဘာလလောက်မှာ ဗဟိုဝန်ထမ်း လေ့ကျင့်ရေး တက္ကသိုလ် (ဗဝတ) မှာ သင်တန်းသား ၆၀၀ လောက်နဲ့ အတူတက်ခဲ့တဲ့အခါမှာ သင်တန်းဆရာ တချို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီး မလျော်ကန်တဲ့ဟာတွေ ပြောတယ်၊ NLD အစိုးရကို အပုပ်ချတယ်လို့ သိရတယ်။ ဘယ်လိုဖြစ်ပျက်တာလဲ တိတိကျကျ ပြောပြပါလား။

ဖြေ ။  ။ ဗဝတကို စတက်တဲ့အခါကျတော့ သူတို့ကကျွန်တော်တို့ကို ဘာသာရပ်တွေ အများကြီး သင်တယ်၊ ဥပမာ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေး၊ ဘောဂဗေဒ၊ Management (စီမံခန့်ခွဲမှု)၊ ဌာနဆိုင်ရာ ငွေစာရင်းထားသိုနည်း၊ လူမှုသိပ္ပံ၊ ပြည်သူ့နီတိ။ သင်တဲ့အခါကျတော့ ရှေ့လက်ချာတွေမှာ သိပ်ထူးထူးခြားခြားမရှိခဲ့ဘူး၊ ဒါပေမယ့် နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ တော်တော်ကြီးပြဿနာတွေ များခဲ့တာပေါ့၊ ဒီနိုင်ငံရေးသိပ္ပံရဲ့ ပါမောက္ခဆရာတစ်ဦးက လက်ချာလာပေးတဲ့ အခါမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ရင်း သင်ရင်းကနေ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ရောက်သွား တယ်။ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်ရခြင်းဟာ မြန်မာနိုင်ငံထဲမှာ ဒီခေါင်းဆောင်ပိုင်းတွေ မစည်းလုံး မညီညွတ်လို့ ငြိမ်းချမ်းရေး မရဘူး၊ နောက်ပြီးတော့ လက်ရှိအစိုးရ NLD အနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ အစိုးရက စေတနာ မရှိလို့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် မအောင်မြင်တာပါလို့ သူ့ဘက်က သုံးသပ်တယ်။ ကျွန်တော်က ထပြီးတော့မှ ကန့်ကွက်ဆွေးနွေးတယ်။

Myanmar Now။  ။  ဘယ်လိုကန့်ကွက်ဆွေးနွေးခဲ့လဲခင်ဗျ။

ဖြေ။ ။ ဒီကိစ္စဟာ ချက်ချင်းဆွေးနွေးဖို့လိုအပ်တယ်၊ အချိန်ကြာသွားလို့ရှိရင် ပျောက်ပျက်သွားနိုင်တယ်လို့ ယူဆတဲ့ အတွက်ကြောင့် မို့လို့ ကျွန်တော်ကချက်ချင်း လက်ထောင်ပြီးတော့မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုပါတယ်လို့ တောင်းဆိုတယ်။ သင်တန်းသားအားလုံးရဲ့ရှေ့မှာပဲ ကျွန်တော့် ဘက်က မေးခွန်းထုတ်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးမှာ လက်ရှိအစိုးရက စေတနာမရှိလို့ မအောင်မြင်ဘူး ဆိုတဲ့ အချက်က ဘယ်အချက်ကို အခြေခံပြီးတော့မှ ပြောတာလဲ၊ ဒါကိုရှင်းလင်းပေးရမယ်။ NLD အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်ပြီး တက်လာခဲ့တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို နံပါတ် (၁)နေရာမှာ ထားခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တစ်စိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အချိန်မှာ NLD အစိုးရက စေတနာမရှိဘူး ဆိုတဲ့စကားဟာ လက်ရှိအစိုးရသွားနေတဲ့ ပေါ်လစီနဲ့ရော ကိုက်ညီတယ်လို့ ထင်ပါသလား။ ဘယ်အချက်ကို အခြေခံပြီး ပြောတာလဲ။ နောက်တစ်ခု ကျွန်တော်ရဲ့ opinion (အမြင်)ကို ပြောတာ ၊ လက်နက်ကိုင်တွေ တိုက်ကြတဲ့ စစ်ပွဲတစ်ခုမှာ နှစ်ဖက်စလုံးသော လက်နက်ကိုင်တွေက ဖြေလျှော့မှ တစ်ဖက်က လက်သီးဆုပ် ထားပြီး တစ်ဖက်က လက်ကမ်းနေလို့မရဘူး၊ လက်နက်ကိုင်ထားတဲ့လူတွေ ကိုယ်တိုင်က တကယ်ကို စိတ်စေတနာပါပါနဲ့ တကယ်ကိုငြိမ်းချမ်းရေးဆိုတာကို လိုလားမှ ငြိမ်းချမ်းရေးဆိုတာ ရမှာပါ။ အစိုးရက ဘယ်လောက်ပဲ လောဆော်နေစေကာမူ ကာယကံရှင်တွေ ကိုယ်တိုင် လက်မကမ်းဘူး၊ လက်ဆွဲ မနှုတ်ဆက်ဘူး ဆိုလို့ရှိရင် ငြိမ်းချမ်းရေးက ဝေးနေဦးမှာပဲလို့ အဲဒီတုန်းက ဆွေးနွေးခဲ့ပါတယ်။

Myanmar Now။  ။  အဲဒီတော့ အဲဒီဆရာက ဘယ်လိုတုံ့ပြန်လဲ။

ဖြေ။ ။ ကျွန်တော်မေးတဲ့မေးခွန်းနှစ်ခုစလုံးကို မဖြေဘူး၊ သူက ဘာပြောသလဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းက လိုချင်တာပါပေါ့၊  (သူတို့) ကိုယ်တိုင်လည်း လိုချင်ပါတယ်ပေါ့၊ တပ်မတော် ကိုယ်တိုင်လည်း လိုချင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုယ်တိုင်လည်း လိုချင်ကြမှာပဲပေါ့။ အဲ့ဒီလိုဆိုတော့ တခြားလူတွေလိုချင်တာ မလိုချင်တာထက် (သူတို့) တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ (သူ့ရဲ့) လက်မောင်းသွေးကိုဖောက်ပြီးတော့မှ သစ္စာဆိုရဲပါတယ် ဆိုပြီး ပြောပြီးတော့မှ သင်တန်းကို တန်းဖြုတ်လိုက်တယ်၊ ကျွန်တော်မေးသွားတဲ့ မေးခွန်းနှစ်ခုလုံးကို ဖြေဆိုသွားခြင်း မရှိပါဘူး။

Myanmar Now ။  ။  အဲဒီနေ့က လက်ချာရိုက်တဲ့ ပါမောက္ခနဲ့ ကျွန်တော် မနေ့က တွေ့ခဲ့အခါမှာ NLD က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စေတနာမရှိပါဘူးလို့ သူမပြောခဲ့ပါဘူးတဲ့၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာ မရခင်တုန်းက NCA ကို သတိထားပြီး ထိုးကြဖို့ ပြောတယ်ဆိုတဲ့ အချက်ကိုသာ ပြောခဲ့တယ်ဆိုပြီးတော့ သူက ပြန်လည်ချေပပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်က ကျွန်တော်ကြားခဲ့တဲ့စကားကို ကျွန်တော်ပြောတာဖြစ်တယ်။ သူကလည်း သူ့ဘက်ကနေ ခုခံချေပတာ ဖြစ်တယ်၊ record မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီနေရာမှာ ကျွန်တော်တို့က အတိအကျပြောဖို့တော့ ခဲယဉ်းသွား မှာပေါ့။ NCA ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးတာ အလျင်မလိုဖို့ ပြောခဲ့တယ်လို့ သူပြောတယ်ဆိုတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လက်ချာချိန်က တစ်နေကုန် ဖြစ်တယ်၊ တောက်လျှောက် ဖြစ်တဲ့ အတွက်ကြောင့် တချို့အချိန်တွေမှာ တောက်လျှောက် ကျွန်တော်တို့ အာရုံစူးစိုက်နိုင်ခဲ့ခြင်း မရှိဘူး၊ ဒါကို အတိအလင်းဝန်ခံတယ်။ အဲ့ဒါကြောင့် ဒါကိုသူကနေ ပြောခဲ့တာဖြစ်နိုင်တယ်။ ကျွန်တော့်ဘက်က အခိုင်အမာ ပြောနိုင်တာ တစ်ခုကတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ (အစိုးရကစေတနာမရှိဘူးဆိုတဲ့) စကားတွေကို သူ့ပါးစပ်က ပြောခဲ့တယ် ဆိုတာကိုတော့ ကျွန်တော်တို့ဘက်က အာမခံနိုင်တယ်ပေါ့။

Myanmar Now ။ ။ နိုင်ငံရေးသိပ္ပံပို့ချချက်ဟာ မဘသ တရားပွဲကို သွားတက်ရသလိုပဲလို့ ဒေါက်တာစိုးသူရဇော် ပြောတယ်၊ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို နည်းနည်းပြောပြပါဦး။

ဖြေ။ ။ အဲဒါက သူတို့ဌာနမှာရှိတဲ့ တွဲဖက်ပါမောက္ခ တစ်ယောက်ရဲ့ လက်ချာမှာ ပြောပါတယ်။ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံနှစ်ခု အိန္ဒိယနဲ့ တရုတ်တို့ရဲ့ ကြားထဲမှာတည်ရှိတဲ့ အတွက်ကြောင့် ပိုပြီးတော့မှ အနေအထိုင်တတ်ရမယ်။ လူမျိုးမပျောက်အောင် ထိန်းသိမ်းရမယ်ပေါ့။ နိုင်ငံကြီးနှစ်ခုရဲ့ ဝါးမျိုမှုတွေကို မခံရအောင်၊ လွှမ်းမိုးမှုတွေကို မခံရအောင် မြန်မာနိုင်ငံမှာ ကြိုးစား သင့်တယ်။ ဘာသာခြားတွေကို မယူကြဖို့၊ ကိုယ့်ရဲ့ အမျိုးဘာသာ အချင်းချင်းကိုပဲ လက်ထပ်ကြဖို့၊ ဘာသာခြားဆိုင်တွေကို အားမပေးဖို့ ပြောတယ်။ ပြောပြီးတဲ့အခါ သူလက်ချာ ဆက်သင်တယ်။ နောက်ပြီးတော့ ၇၈၆ ကိစ္စ၊ ၇၈၆ ဆိုတဲ့ အဓိပ္ပာယ်ကို သိကြသလားလို့ မေးတယ်။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာ အတွက် ကိုယ့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကမှ မစောင့်ရှောက်ရင် ဘယ်သူတွေက စောင့်ရှောက်မှာလဲတို့ ပြောတယ် ။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံရှိနေတဲ့ တက္ကသိုလ်ရဲ့ လက်ချာတစ်ခုမှာ မကြာခင်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်တော့မယ့် ဝန်ထမ်းတွေကို ဒီလိုစကားမျိုးဟာ ပြောသင့်ရဲ့လား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောသလဲ ဒါတွေကို ကျွန်တော်တို့ဘက်က မေးစရာဖြစ်လာပါတယ်။

Myanmar Now ။ ။ ဘာသာရေးလူမျိုးရေးနဲ့ ပတ်သက်ပြီးတော့မှအကဲဆတ်တဲ့ဟာတွေ ပြောဆိုခဲ့တာတွေရှိတယ် ဆို။ ဒါတွေက ဝန်ထမ်းတွေအတွက် ဘယ်လောက်ထိကို အန္တရာယ်ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့က တစ်ခုကံကောင်းတာက ဒီတက္ကသိုလ်တွေကို တက်တဲ့အချိန်မှာ အဲ့ဒီသစ်လွင်ဝန်ထမ်းလောင်းတွေရဲ့ အသက်တွေဟာ အနည်းဆုံး ၂၀ လောက်ရှိနေပြီ။ စဉ်းစားတွေးခေါ်  နိုင်ပြီမို့ ယေဘုယျ ပြောရရင် သင်ကြားချက်တွေထဲမှာ မှားတဲ့ဟာကိုတော့ သိကြတယ်။ မှန်တာကိုလည်း ယူတတ်ကြတယ်၊ ဒါပေမယ့်မှားတာကို အမုန်းခံပြီး ထောက်ပြမယ့်သူ မရှိတာလေးတစ်ခုပဲ။ တစ်ခုတော့ ရှိတယ်။  ကိုယ်ကိုယ်တိုင်က ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး အကဲဆတ်နေတာဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကတစ်မျိုး အစကတည်းက ခံယူထားတယ်ဆိုလို့ရှိရင်တော့ ဒီတက္ကသိုလ်တွေ တက်သွားတဲ့အခါမှာ သူတို့အတွက် အထွဋ်တင်သလို ဖြစ်သွားမှာပေါ့ ။

Myanmar Now ။   ။ ဒီကိစ္စတွေက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုချိန်ကျမှ ထပြောတယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာတွေနဲ့ အချိန်ကိုက်ပြီးတော့မှ ဒါနိုင်ငံရေးသွေးထိုးမှုတွေ ပါနိုင်တယ်ဆိုပြီး ဇီးပင်ကြီးက တာဝန်ရှိသူတွေကဆိုတယ်။ လူပေါင်း ၆၀၀ တက်ခဲ့တဲ့ သင်တန်းမှာ အခုလိုမျိုး လူသိထင်ရှားထုတ်ပြောတာလည်း ဘယ်သူမှမရှိဘူး။ ဒီတစ်ယောက် တည်း ရှိတယ် ဆိုပြီးတော့မှ ဒါနိုင်ငံရေးသွေးထိုးမှုကြောင့် လုပ်တယ်ဆိုပြီးတော့မှ စွပ်စွဲပြောဆိုတာတွေ ကိုရော ဘာပြန်ပြောမလဲဗျ။

ဖြေ။ ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့သည် ဗဝတ ထဲမှာ နေ့ရောညပါ နေရတယ်။ ပိတ်ရက်ကလွဲရင် အားလုံးက ပရဝုဏ်ထဲမှာ နေရတဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ ဒီကိစ္စတွေကို မီဒီယာကိုပြောခဲ့ရင်၊ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ရင် အခုလိုပဲ အကျိုး သက်ရောက်မှု အင်မတန်ကြီးသွားမယ်။ သူတို့ရဲ့ အရိပ်အာဝါသ အောက်မှာ နေနေရတဲ့ ကျွန်တော်တို့ အတွက်ကလည်း အကျိုးတစ်စုံတစ်ရာ ရှိလာနိုင်တယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီတုန်းက ကျွန်တော်မပြောခဲ့ဘူး။ အလုပ်ဝင်သွားတဲ့ အခါမှာလည်း ကျွန်တော်တို့ ဒီကိစ္စကို ပြောမယ်လို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း ကျတော့ သွေးအေး သွားတာပေါ့။ ပြောဖို့ရန်အတွက် စိတ်ကူးမရှိဘူး ဒါပေမယ့်မကြာသေးခင်ကမှ ကျွန်တော်တို့လိုပဲ ခံစားခဲ့ရတဲ့ လူတစ်ယောက်က တွေ့ကြုံခဲ့ရတဲ့ လူတစ်ယောက်က သူတို့သင်တန်းမှာ ဒီလိုဒီလိုတွေ ပြောနေပါတယ်ဆိုပြီး Facebook ပေါ်မှာ တင်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ ဒါကို ပြန်ရေးဖို့ သင့်တယ်လို့ ထင်လို့ ပြန်ရေးခဲ့တယ်။ ဇီးပင်ကြီး စစ်တမ်းအပိုင်း(၁)ဆိုပြီး ကျွန်တော်ရေးခဲ့တာက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ရေးခဲ့တာပါ။ လက်ချာတွေမှာ ဘာတွေသင်တယ်၊ နေ့စဉ်နေထိုင်မှု ဇယားတွေမှာ ဘယ်လို နေထိုင်ရတယ် ဆိုတာ အပိုင်း (၂) မှာဆက်လက် ဖော်ပြပါဦးမယ်ဆိုတာ အပိုင်း (၁)မှာ ကျွန်တော် အတိအလင်း ပြောခဲ့ပြီးသားပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ ဇီးပင်ကြီးစစ်တမ်းဟာ နိုင်ငံရေး အသွေးအရောင် ပါမပါဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။

Myanmar Now ။   ။ ဒီသင်တန်းတွေဟာ အကျိုးမရှိဘဲ ဝါဒဖြန့်ရုံ မှိုင်းတိုက်ရုံ သက်သက်ပဲလား။

ဖြေ။ ။ ဒီတက္ကသိုလ်တွေ မလိုအပ်ဘူးလားလို့ မေးရင် လိုအပ်တယ်။ ဒါပေမယ့် ပုံစံပြောင်း ရမယ်။ အခုလိုမျိုး လူပေါင်း၆၀၀ ကျော်ကို စုပြုံသွင်းထားပြီး တော့မှ one-way တစ်ဖက်သက် လက်ချာပေး နေတာတွေဟာ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်ဘူး။ သူတို့ guideline (လမ်းညွှန်စည်းမျဉ်း) တွေက ခိုင်မာတယ်။ မူဝါဒတွေက ခိုင်ခိုင်မာမာရှိတယ်။ ဒါပေမယ့် ပြောကြားတဲ့သူတွေက လက်ချာ ထဲမှာ  သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထည့်ပြော တာ ကြောင့်မို့လို့ အနာနဲ့ဆေးနဲ့ တစ်ခြားစီ ဖြစ်ကုန်တာ။ ဒီလိုဆိုတော့ မြေဧက ရာပေါင်းများစွာ ပိုင်ထားတဲ့တက္ကသိုလ်၊ ဝန်ထမ်းတွေ ခိုင်ခိုင်မာမာရှိတဲ့တက္ကသိုလ်၊ အင်စတီကျူးရှင်း ခိုင်မာနေတဲ့ တက္ကသိုလ်တစ်ခုကို တကယ်တမ်းလက်တွေ့မှာ အသုံးကျအောင် အသုံးချရမယ်။ မလိုအပ်ဘူး မဟုတ်ဘူး လိုအပ်တယ်။ မူဝါဒတွေနဲ့ လွဲချော်ပြီးတော့မှ emotion(ခံစားချက်)တွေ ထည့်သွင်း ပြောကြားတဲ့ ဆရာတွေကို သေသေချာချာ စိစစ်ပြီးတော့မှ အရေးယူသင့်တယ်။ ပြောင်းသင့်တဲ့ သင်ရိုးမာတိကာ တွေ၊ အချိန်ဇယားတွေ၊ သင်ရိုး ညွှန်းတမ်းတွေ၊ တခြားပြောင်းလဲသင့်တဲ့ အရာတွေ အများကြီးရှိတယ်။ ဝန်ထမ်းတွေအတွက် တကယ်ကို အသုံးဝင်တဲ့ တက္ကသိုလ် တစ်ခုဖြစ်အောင်လုပ်ဖို့ ဖြစ်စေချင်တဲ့စေတနာနဲ့ ဝေဖန်ထောက်ပြခြင်း ဖြစ်ပါတယ်။

Myanmar Now ။ ။ စစ်ဆေးခံနေရတဲ့အခြေအနေကိုပြောပြပါ။    

ဖြေ။  ။ သူတို့က ဒါကို စီရင်ချက်ချမှာတော့ မဟုတ်ဘူးပေါ့။ ဆိုတော့ ဒီဖြစ်ရပ်ကို ဟုတ်မဟုတ်ကို ကျွန်တော့်ကို confirm (အတည်ပြု)လှမ်းလုပ်တာ။ ကျန်းမာရေးဝန်ကြီးဌာနက  ထုချေလွှာ တင်ခိုင်းတယ်။ ကျွန်တော်တို့က ထုချေလွှာလို့ မသုံးတော့ဘူး။ ချေပလွှာလို့ သုံးတယ်။ ကျွန်တော်တို့က စွပ်စွဲချက်က သုံးခုကိုဗျ။ သုံးခုစလုံးမှာက သူတို့က ကျွန်တော့်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ စွဲလို့မရဘူး။ ဘယ်ပုဒ်မမှ တပ်စရာ မရှိဘူး။ ဘာပုဒ်မမှ တပ်စရာမရှိတော့ အခန်း ၁၈ နဲ့ တပ်လာတယ် သူတို့က ကျွန်တော့်ကို DE (ဌာနတွင်း စုံစမ်းစစ်ဆေးရေး) ဝင်တယ်ပေါ့။

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်မှာတင်တဲ့ဟာတွေသည် ကျွန်တော်ရေးခဲ့တာ မှန်တယ်၊ သင်တန်းနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တဲ့ဟာတွေကိုလည်း ကျွန်တော့်ရဲ့ ထွက်ချက်စစ်ချက်ထဲမှာ ပြောတယ်။ ကျွန်တော့်ကို စွဲထားတဲ့ စွဲချက်တွေကို အကုန်လုံးကို ကျွန်တော် ပြန်ချေပတယ်။ ကျွန်တော်သည် လီဆယ်ပြီး ရေးတာ မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်အပေါ်မှာ မူတည်ပြီး ရေးခဲ့တာဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲစေလိုတဲ့၊ on-the-ground မှာ ဖြစ်နေတဲ့ အခြေအနေတွေကို သိစေလိုတဲ့ စေတနာနဲ့ ကျွန်တော်က ရေးခဲ့တာ။ လူကို တိုက်ခိုက်တာမဟုတ်ဘူး၊ မူကို တိုက်ခိုက်တာ။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အရ နိုင်ငံသား လွတ်လပ်ခွင့်အရ  ကျွန်တော့်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မထိခိုက်ဘဲ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ပြောဆိုပိုင်ခွင့် ရှိတယ်။ ဒါကြောင့် DE/PE ဖွဲ့ပြီးတော့ အစစ်ခံရမယ့် အနေအထားမဟုတ်ဘူး။ ကျွန်တော့်ရဲ့ အခွင့်အရေးအရ ကျွန်တော်လုပ်တာ။ နောက်တစ်ခုက ဝေဖန်လို့ စွဲချက်တင်တာဆိုရင် ဝန်ထမ်းဖြစ်သွားတာနဲ့ မဝေဖန်ရတော့ဘူးလား။ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်က ကျွန်တော်တို့ အကျုံးမဝင်တော့ဘူးလား။ အစိုးရအလုပ်ကို ဝင်လုပ်တယ်ဆိုတာက ကျွန်တော်တို့တတ်တဲ့ပညာနဲ့ အလုပ်လုပ်ဖို့ရန် ဝင်လာတာ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်(အယူအဆ)တွေကို ရောင်းစားတာမဟုတ်ဘူး။ ထုချေလွှာထဲမှာ အတိအလင်းရေးခဲ့တယ်။ စစ်ချက်ထဲမှာလည်း နောက်တစ်ကြိမ် ပြန်ပြီးတော့မှ အစစ်ခံခဲ့တယ်။ ခုက DE ရော PE ရောဝင်တာ။

Myanmar Now ။ DE နဲ့ PE ဘာကွာလဲ။

ဝန်ထမ်းကို အရေးယူမယ်ဆိုရင် အရင်ဆုံး PE လာရမယ်။ ရှေးဦးစုံစမ်းမှု အရင်ဆုံးလာရတယ်။ ခုက သူတို့က ရှေးဦးစုံစမ်းမှု မရှိထားဘူး။ တချို့အခြေအနေမှာတော့ PE မလုပ်ဘဲနဲ့ DE တန်းလုပ်လို့ ရတယ်။ DE မှာက နှစ်ဆင့်ရှိတယ်။ ပထမအဆင့်က ထုချေလွှာအရင်တင်ရတယ်။ ထုချေလွှာကို သူတို့က ဖတ်ပြီးတော့မှ နုတ်ဖြင့်စစ်ဆေးခြင်းကို ခံယူလိုခြင်းရှိမရှိ မေးတယ်။ မရှိဘူးဆိုရင် သူတို့မစစ်ဘူး။ တချို့အခြေအနေတွေမှာတော့ ဝန်ထမ်းက မစစ်ချင်ပေမယ့် DE ရော နုတ်ဖြင့်စစ်ဆေးခြင်းရော ဆက်လုပ် ရမယ်။ ကျွန်တော့်ရဲ့ ထုချေလွှာထဲမှာ ‘နှုတ်ဖြင့်စစ်ဆေးခြင်းကို ခံယူလိုပါတယ်’ လို့ တစ်ခါတည်း ရေးလိုက်တယ်။ ဒါဆိုလို့ရှိရင် PE မလုပ်တော့ဘဲနဲ့ DE ဝင်ထိုင်တော့မှာလား ဆိုပြီးမေးလိုက်တယ်။ ဟုတ်တယ်။ တစ်ခါတည်းထိုင်မှာတဲ့။ DE မှာ ကျွန်တော့်ရဲ့ (အခွင့်အရေး)အရ ရှေ့နေငှားခွင့် ရှိတယ်၊ ဒီကိစ္စက ရှေ့နေ ငှားရလောက်တဲ့အထိ မဟုတ်ဘူးတဲ့။ ရှေ့နေ မငှားနဲ့ပေါ့ဗျာ။ ဒါက သူတို့ (အလွတ်သဘော) ပြောတာပေါ့။ ဒီတွေ့ရှိချက်တွေကိုပဲ သူတို့မေးမှာပါတဲ့။ ခုတော့ ကျွန်တော့် ဝန်ကြီးဌာနက အမိန့်ချဖို့ပဲ ကျန်တော့တယ်။

Myanmar Now ။  ။ ဘယ်တော့လို့ ယူဆထားလဲ။

ဖြေ ။ ။ သူတို့က ရက်တော့မပြောထားဘူး။ ရှေ့အပတ်ထဲဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ (ပြည်ထောင်စု ရာထူးဝန်) က လှမ်းတိုင်လို့ဖြစ်တာဆိုတော့ သူတို့က မြန်မြန် အကြောင်းပြန်ရမှာ။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading