နှင်းဆီပါတီဥက္ကဋ္ဌ မူဆယ်ဝင်ပေါက်မှ ဝင်လာခြင်းဖြစ်၊ ပိုင်ဆိုင်မှု ၂၃ ဘီလျံကျော်ရှိနေ

ဦးသိန်းစိန်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်စာရင်းနှင့် ပယ်ဖျက်ခဲ့သည့် အမည်မည်းစာရင်းတွင် ဦးကျော်မြင့်မပါဝင်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်

ပုံစာ - ထောင်ပြေးမှုဖြင့် မန္တလေးအိုးဘိုထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရထားသည့် နှင်းဆီ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်။ (သရုပ်ဖော်ပုံ - မိုးထက်လျှမ်း/ Myanmar Now)

ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိန်းခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ် မူဆယ်ဝင်ပေါက်မှတဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။ 

"သူက  ကနေဒါကနေပြီးတော့ ၂၀၁၂ လောက်က တရုတ်ကိုရောက်လာတယ်။ တရုတ်ကနေပြီးတော့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ လူသုံးကုန်တွေ အဲဒါတွေကို မြန်မာနိုင်ငံထဲသွင်းတဲ့အခါမှာ အဲဒီကနေ စီးပွားရေးနဲ့ဆက်စပ်ပြီးတော့ ဝင်လာတဲ့သဘော" ဟု ၎င်းက ပြောသည်။ 

ဦးကျော်မြင့်သည် မူဆယ်ဝင်ပေါက်မှဝင်ရာတွင် မြန်မာနိုင်ငံဖက်က ထုတ်ပေးသော (Border pass) နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် တရားဝင် ဝင်ရောက်လာခဲ့ပြီး၊  မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သွားကြောင်း ဦးဇော်ဌေးကဆိုသည်။

“ Border Pass ရလို့ ဝင်လာတာပေါ့နော်။ ဝင်လာတဲ့ဟာမှာလည်း ကျနော်တို့ တရားဝင် နိုင်ငံတော်အဆင့်သိသလားဆိုတာ စိစစ်နေတယ်” ဟု ဦးဇော်ဌေးကဆိုသည်။

ဦးကျော်မြင့် မြန်မာနိုင်ငံသို့ဝင်လာသည့် အချိန်မှာ ၂၀၁၄ ဟု ဦးဇော်ဌေးကဆိုသော်လည်း ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဖြစ်ခဲ့သူ Yang Houlan နှင့် ဦးကျော်မြင့်တို့ ရန်ကုန်ရှိတရုတ်သံရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။

ဦးကျော်မြင့်သည် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ပြည်တော်ပြန်များအတွက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်စာရင်းနှင့် ပယ်ဖျက်ခဲ့သည့် အမည်မည်းစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်းလည်း ယနေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းပြုလုပ်သည့် သမ္မတ အိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ သို့ရာတွင် ဦးကျော်မြင့်အနေဖြင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လာခွင့် ရရှိရေးအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် လာရောက်နေထိုင်ပြီး  မြန်မာအာဏာပိုင်များထံ အယူခံလျှောက်ထားမှုများရှိခဲ့ကြောင်း နှင်းဆီပါတီကို ပူးတွဲတည်ထောင်သူ ဦးကျော်မိုးက Myanmar Now ကိုလွန်ခဲ့သည့်လဆန်းပိုင်းက ပြောကြားထားသည်။ 

"နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကိစ္စက သတင်းမီဒီယာတွေမှာ ဖော်ပြပြီးတော့ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံပြီး နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်ကနေ ဒီဟာနဲ့ပတ်သက်ပြီး စုံစမ်းစိစစ်ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုလာတဲ့ကိစ္စဖြစ်ပါတယ်။  ရွေးကောက်ပွဲနီးမှ လုပ်တာမဟုတ်ပါဘူး" ဟု ဦးဇော်ဌေးက ပြောသည်။ 

ဦးကျော်မြင့်အမှုကို သီးသန့်အဖွဲဖြင့် စစ်ဆေးဆောင်ရွက်နေပြီး တပ်မတော်အစိုးရလက်ထက်က ငြိမ်းချမ်းရေးတာဝန်ယူဆောင်ရွက်ခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အရာရှိကြီးများကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း ၎င်းက ပြောသည်။ 

"နောက်တချက်ကတော့ စီးပွားရေးနဲ့ပတ်သက်ပြီး ငွေကြေးတွေ ဘီလျံနဲ့ချီပြီး တွေ့ပါတယ်။ သူ့ပိုင်ဆိုင်မှုကို စိစစ်လိုက်တဲ့အခါမှာ ကျပ် ၂၃ ဒသမ ၀၅ ဘီလျံ တွေ့ရတယ်။  အဲ့မှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများ တွေ့တယ်" ဟု ဦးဇော်ဌေးက ပြောသည်။ 

ဦးကျော်မြင့်ကို ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်း၌ပင် ငွေကျပ်သိန်းတစ်သောင်းကျော် ထုတ်ယူမည့် ဘဏ်ချက်လက်မှတ်တစ်ခုကို ရဲတပ်ဖွဲ့က အချိန်မီသိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါငွေကြေးများနှင့်ပတ်သက်၍ လည်ပတ်မှု၊ ငွေလွှဲပြောင်းမှုများကို ဗဟိုဘဏ်က စိစစ်နေသည်ဟုလည်း ၎င်းက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်၏ မှတ်ပုံတင်ကိစ္စနှင့်ပတ်သက်၍လည်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးဆောင်ရွက်နေသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ 

"ဒီမှတ်ပုံတင်က ဘယ်သူ့မှတ်ပုံတင်လဲ။ ဘယ်သူ့နံပတ်လဲ။ အဲနံပါတ်ကို ဘယ်သူကထုတ်ပေးတာလဲ။ နောက် ရွေးကောက်ပွဲကော်မရှင်ကို ပါတီဥက္ကဋ္ဌအနေနဲ့ ပြောင်းလိုက်တဲ့ဟာကို ပြည်ထဲရေးကို ဘယ်လိုသဘောထားပေးထားတယ်။ ဒါတွေ အကုန်စိစစ်နေပါတယ်။ ဆိုတော့ စိစစ်ဆဲလို့ ပြောပါရစေ" ဟု ၎င်းက ပြောသည်။ 

အထက်ပါ ကနဦးစိစစ်ဖော်ထုတ်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ထားပြီးဖြစ်သော်လည်း နှင်းဆီပါတီရပ်တည်ခွင့်နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။  

ထောင်ပြေးမှု ပုဒ် ၂၂၄ ဖြင့် ဖမ်းဆီးပြီးနောက် မန္တလေးအိုးဘိုထောင်၌ ထိန်းသိမ်းထားရှိပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက စစ်ဆေးလျက်ရှိရာ အောက်တိုဘာ ၈ ဒုတိယအကြိမ် တရားရုံးစစ်ဆေးချိန်အထိ မည်သည့်တရားလိုပြသက်သေကိုမျှ စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း တရားသူကြီးဦးကျော်မျိုးဝင်းက ပြောကြားခဲ့သည်။ 

တရားရုံးက ဆင့်ခေါ်ထားသည့် သက်သေ ၁၀ ဦးရှိပြီး ၁၉၉၉ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သော ရဲဝန်ထမ်း၊ ထောင်ဝန်ထမ်းများနှင့် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲနှင့် ထောင်ဝန်ထမ်းများဖြစ်ကာ ၎င်းတို့၏ လုံခြုံရေးအရ နာမည်ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်းလည်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။ 

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်သည် ပုဒ်မနှစ်ခုဖြင့် ထောင် ၉ နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးသွားခဲ့သူဖြစ်သည်။ ၎င်းထွက်ပြေးစဉ်က မန္တလေး ချမ်းအေးသာစံမြို့နယ် အမှတ်(၈) ရဲစခန်းမှူး ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ပြီး အဆိုပါအမှုနှင့်ပတ်သက်သည့် တရားလိုသက်သေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ 

ဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့သည်။ 

၎င်းသည် ထောင်ပြေးမှုအပြင် ပြစ်မှုကြွေးကျန်များပါ နှစ်ရှည်ကျခံရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က Myanmar Now ကို ပြောကြားထားသည်။ 

ထောင်ပြေးရာဇဝင်ရှိသည့်အတွက် ဦးကျော်မြင့်ကို မန္တလေးအိုးဘိုထောင်အတွင်း လုံခြုံရေးတင်းကျပ်စွာဖြင့် ထိန်းသိမ်းထားရှိပြီး ထောင်ပြေးမှုဖြစ်သည့်အတွက် ဦးကျော်မြင့်အနေဖြင့် မည်သည့်လျှော့ရက်မျှ ခံစားခွင့်ရှိမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ 

အသက် ၆၉ နှစ်အရွယ် ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးစီးလုပ်ကိုင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာပြီး ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။

ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။ 

UDP ပါတီကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။

ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

၂၀၂၀ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် မဲဆန္ဒနယ်ပေါင်း ၁,၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading