တရုတ်အရေးကိုတွေး၍ အိန္ဒိယက မြန်မာနှင့်ပိုမိုပူးပေါင်းလာ

၂၀၁၇ စက်တင်ဘာ ၇ ရက်နေ့က ရွှေတိဂုံစေတီသို့ လာရောက်လည်ပတ်ခဲ့သည့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ (ဓာတ်ပုံ - ဖြိုးပြည့်ပြည့်ခင်/Myanmar Now)
၂၀၁၇ စက်တင်ဘာ ၇ ရက်နေ့က ရွှေတိဂုံစေတီသို့ လာရောက်လည်ပတ်ခဲ့သည့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ (ဓာတ်ပုံ - ဖြိုးပြည့်ပြည့်ခင်/Myanmar Now)

နယူးဒေလီ - မြန်မာအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တွေးပူ၍ အိန္ဒိယသည် ၎င်း၏ အရှေ့မူဝါဒ တွင် အရေးပါသော ကြားခံဖြစ်သည့် မြန်မာနိုင်ငံနှင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်လာသည်။

လွန်ခဲ့သည့် သောကြာနေ့ (ဒီဇင်ဘာ ၁၄)တွင်အိန္ဒိယနိုင်ငံ သမ္မတ ရမ်နက်သ် ကိုဗင့်ဒ်၏ ၅ရက် ကြာသော မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ပြီးဆုံးခဲ့သည်။ ထိုခရီးစဉ်အတွင်း အိန္ဒိယသည် ၎င်း၏ အရှေ့ မူဝါဒ၊ အိမ်နီးချင်းပထမစီမံကိန်းတို့နှင့် မြန်မာ၏ လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒတို့ကို တွဲဖက်နိုင်ရန် ကြိုးစားခဲ့သည်။

၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးသော အိန္ဒိယသမ္မတတစ်ဦး၏ခရီးစဉ်သည် ရခိုင်ကန်းရိုးတန်း ရှိ ကျောက်ဖြူတွင် ပင်လယ်ဆိပ်ကမ်း တစ်ခုတည်ဆောက်ရန် မြန်မာနှင့် တရုတ်တို့ သဘောတူညီမှု ရရှိပြီးသည့်နောက် တစ်လကျော်ကျော် အကြာတွင် စခဲ့ခြင်း ဖြစ်သည်။ ထိုဆိပ်ကမ်းသည် တရုတ်နိုင်ငံ အတွက် အာရှ အနောက်ပိုင်းမှ စွမ်းအင် အရင်းအမြစ်များ တင်ပို့ရန် လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မလက္ကာ ရေလက်ကြားရှိ အပိတ်အဆို့များကိုလည်း ရှောင်နိုင်မည် ဖြစ်သည်။

အိန္ဒိယပင်လယ် တလျှောက် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏ ပုလဲကြိုးသွယ်ဟု အသိများသည့် ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်းနှင့် သီရိလင်္ကာရှိ ဟန်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ ဖြစ်လာမည့် ထို ဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံအတွက်မူ အိပ်မက်ဆိုးကြီးပင်ဖြစ်သည်။ စီးပွားကူးသန်းရန်ဆောက်မည့် ဆိပ်ကမ်းဖြစ်သော်လည်း အိန္ဒိယသည် ထိုဆိပ်ကမ်းကို အကြောင်းပြု ၍အိမ်နီးချင်းနိုင်ငံများသို့ တရုတ်စစ်တပ် ပိုမိုဝင်ရောက်လာနိုင်မည်ကို စိုးရိမ်လျက်ရှိသည်။

တရုတ်၏ ရည်ရွယ်ချက်ရှိရှိ လွှမ်းမိုးလာနိုင်မှုနှင့် ပေကျင်းအပေါ်လွှမ်းမိုးမှု ဆုံးရှုံးသွားမည်ကို စိုးရိမ်၍ မြန်မာနိုင်ငံအား ထောက်ပံ့ငွေနှင့် ဖွံ့ဖြိုးရေးပရောဂျက်များ ပေး၍ မြန်မာနှင့် ပို၍ ရင်းနှီးရန် အိန္ဒိယက ကြိုးစားနေခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ရခိုင်ရှိ ရိုဟင်ဂျာများအပေါ် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းများအတွက် မြန်မာအား အပြစ်မတင်ဘဲ ပို၍ လက်တွေ့ကျသော ချဉ်းကပ်မှုမျိုးကို အသုံးပြုခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်းတွင် အိန္ဒိယသမ္မတက မြန်မာ၏ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများအပေါ် နှစ်ထောင်းအားရမိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယအစိုးရငွေများကို အသုံးပြု၍ ရခိုင်ပြည်နယ်တွင် တည်ဆောက်ခဲ့သော အသင့်နေ အိမ်အလုံး ၅၀ ကို ရိုဟင်ဂျာဒုက္ခသည်များအတွက် ရည်စူး၍ ပေးအပ်ခဲ့သည်။ ထိုမျှမက လက်ရှိခွဲတမ်း အမေရိကန်ဒေါ်လာ ၂၅ သန်းကို အပြည့်အဝရရှိပြီးပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပရိုဂရမ်များကို တိုးချဲ့သွားမည်ဟု အိန္ဒိယက ပြောသည်။

“တရုတ်၏ လွှမ်းမိုးမှုသည် ကြီးမားပြီး အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒတစ်ခုလုံးကို လှုပ်ကိုင်လျက်ရှိ သလို အထူးသဖြင့် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများအပေါ်တွင် လည်း သြဇာသက်ရောက်မှု ကြီးထွားလှသည်”ဟု ဂျဝါဟာလယ် နီရူးတက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးကျောင်း တွင် စာသင်သည့် ပရော်ဖက်ဆာ ဆဝါရန် ဆင်းက ပြောခဲ့သည်။

“တရုတ်သြဇာ နေရာတကာမှာလွှမ်းမိုးနိုင်တာက မြန်မာပြည်မှာ သူတို့ အဆောက်အအုံကြီးတွေ လျင်လျင်မြန်မြန်ဆောက်ပြီး ခြေကုပ်ယူနိုင်လို့ပါပဲ”ဟု ၎င်းက ပြောသည်။

ပေကျင်း၏ ၂၁ ရာစု ပိုးလမ်းမစီမံကိန်း (One Belt One Road) ၏ တစ်စိတ်တစ်ဒေသဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို တည်ဆောက်ရန် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို စက်တက်ဘာလက လက်မှတ်ရေး ထိုးခဲ့သည်။ ထို့အပြင်တရုတ်သည် ယူနန်၏ မြို့တော်ဖြစ်သော ကူမင်းနှင့် မြန်မာနယ်စစ်ရှိ မြို့များကို ဆက်သွယ်ထားသည့် ကားလမ်း၊ ရထားလမ်း ဘက်စုံလမ်းမကြီးကို စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များအတွင်း ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှပ်သော မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် အိန္ဒိယနှင့် မတူဘဲ တရုတ်သည် မြန်မာစစ်အစိုးရနှင့် ပနံသင့်သည့် ရာဇဝင်ရှိသောကြောင့် တစ်ပန်းသာပြန်သည်။

တရုတ်ကို အမီလိုက်ရန် အိန္ဒိယသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းဖောက်ခြင်း၊ ဘတ်စ်ကားများ စမ်းသပ်ပြေးဆွဲခြင်းနှင့် နယ်စပ်စျေးကွက်များကို ဖွင့်ပေးခြင်း စသည့် ကူးလူးဆက်ဆံရေး ပရောဂျက်များကို အားသွန်ခွန်စိုက် လုပ်ကိုင်လျက်ရှိသည်။ ထို့အပြင် အိန္ဒိယအရှေ့ပိုင်းရှိ ကာလကတ္တားမြို့နှင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ ဆိပ်ကမ်းကို ဆက်သွယ်ပေးပြီး ကုန်းလမ်း၊ ရေလမ်းမှတဆင့် အိန္ဒိယအရှေ့မြောက်ပိုင်းကို ဆက်သွယ်ပေးသော ကုလားတန်မြစ်ဝှမ်းဘက်စုံစီမံကိန်းကို လည်း အိန္ဒိယနှင့် မြန်မာတို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

မြန်မာသည် အိန္ဒိယ၏ အရှေ့မျှော်မူဝါဒနှင့် အိမ်နီးချင်းပထမမူဝါဒတို့အတွက် အခရာကျသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာသည် အိန္ဒိယကို အရှေ့တောင်အာရှနှင့် အခြားနိုင်ငံတို့သို့ ဆက်သွယ်ပေးနိုင်သည့် တစ်ခုတည်းသော ဂိတ်ပေါက်ဖြစ်သည်။ မြန်မာသည် အိန္ဒိယနှင့် ကီလိုမီတာ ၁၆၀၀ (မိုင် ၁၀၀၀) အရှည်ရှိသော နယ်နိမိတ်ခြင်း ဆက်စပ်လျက်ရှိသည်။

မြန်မာသည် အိန္ဒိယ၏ သောင်းကျန်းသူအုပ်စုများကို ဖြိုခွင်းသည့် လှုပ်ရှားမှုတွင်လည်း အရေးပါသည့် လုံခြုံရေး ပါတနာလည်းဖြစ်သည်။ ထိုသောင်းကျန်းသူအုပ်စု အချို့သည် မြန်မာနိုင်ငံတွင် ခြေကုပ်များရှိသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသများရှိ သူပုန်အုပ်စုများကို ထောက်ပံံ့သည်ဟု တရုတ်သည် မကြာခဏ စွပ်စွဲခံ ရပြီး ထိုသူပုန်များသည် လက်နက်ခဲယမ်းများကို တရုတ်ထံမှ ရယူလျက်ရှိသည်။

“အရှေ့မြောက်ပိုင်းမှာရှိတဲ့ ထိခိုက်လွယ်တဲ့ ဒေသတွေမှာ တရုတ်ဘက်က သိပ်စွက်ဖက်လို့မရဘူးဆိုတာ မြင်တတ်ဖို့ အရေးကြီးတယ်။ ဒါပေမယ့် မြန်မာကို တရုတ်တွေ ဝင်လာပြီ ဆိုရင်တော့ ဒါဟာပြဿနာဖြစ်လာပြီ။ အဲ့ဒီဒေသတွေမှာ တရုတ်က လက်နက်တွေကို အခုထိ တွေ့နေရတယ်” ဟု ပရော်ဖက်ဆာ ဆင်း ကပြောသည်။

သို့သော် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် ယှဉ်ပြိုင်နေခြင်းထက် ပူးပေါင်းခြင်းက ပို၍ အကျိုးအမြတ် ရရှိမည်ဆိုသည်ဟု သဘောပေါက်ကြသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် နယ်စပ်ရန်စောင်ပွဲက စတင်၍ ကျင့်သုံးလာသော ထိပ်တိုက်ရင်ဆိုင်ခြင်းမူကို ပြောင်းလဲ၍ နှစ်နိုင်ငံ ပူးပေါင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။

ယခုနှစ်ဧပြီလတွင် ကျင်းပခဲ့သော ဝူဟန်ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် နရိန္ဒြာမိုဒီနှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့သည် ဒေသအကျိုးစီးပွားအတွက် နှစ်နိုင်ငံ ပူးပေါင်းရန် အခြေခံအုတ်မြစ် ချခဲ့ကြသည်။

ဝူဟန်ထိပ်သီးအစည်းအဝေးပြီးနောက် ပထဆုံး အင်ဒို-တရုတ်ပူးပေါင်းဆောင်ရွက်မှုသည် အောက်တိုဘာလ အတွင်း နယူးဒေလီရှိ နိုင်ငံခြားဝန်ဆောင်မှုဌာနတွင် အာဖဂန်သံတမန် တစ်စုကို နှစ်နိုင်ငံပူးပေါင်း၍ လေ့ကျင့်ရေးပေးခြင်းဖြစ်သည်။

ယမန်လက အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်သူ လျိုဇောင်းဟွေ့က တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့် အိန္ဒိယ၏ အရှေ့မူဝါဒတို့ ပေါင်းစပ်ရလဒ်ပေါ် နှစ်နိုင်ငံ အမြတ်ထုတ်နေသည်ဟု အကြံပေးခဲ့သည်။

“အခြေခံအဆောက်အအုံကြီးကြီးတွေဆောက်တဲ့ ပရောဂျက်တွေဟာ စီးပွားရေး အရရော၊ နိုင်ငံရေးအရရော ပြဿနာကြီးတွေ ကြုံနေတယ်ဆိုတာ တရုတ်က သဘောပေါက်ပါတယ်” ဟု ပရော်ဖက်ဆာ ဆင်း ကပြောသည်။

“အိန္ဒိယနဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် အိန္ဒိယက ဂွာဒါ၊ ကျောက်ဖြူနဲ့ ဟန်ဘာတိုတာ ဆိပ်ကမ်းတွေကို စတင် အသုံးပြုလာမယ်ဆိုရင် စီးပွားရေးအရ အလားအလာရှိလာမယ်။ ဒါကို သူတို့ နားလည်တယ်။ ဒါကြောင့် အိန္ဒိယကို သူတို့ဘက်ပါအောင် ကြိုးစားနေတာ ထင်ရှားနေတာပဲ” ဟု၎င်း က ထပ်လောင်းပြောကြားခဲ့သည်။

The Strait Times သတင်းစာပါ Debarshi Dasgupta ၏ “With China on its mind, India deepens engagement with Myanmar” ဆောင်းပါးကို ဆွေဇင်မိုး ဘာသာပြန်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading