တရုတ်ဘီလျံနာသူဌေးဂျက်မားပင် သူ့တပည့်ဟုပြောခဲ့သည့် နှင်းဆီပါတီဥက္ကဋ္ဌ

ထောင်ပြေးဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် နိုင်ငံရေးပါတီဥက္ကဋ္ဌအဖြစ် ပေါ်ထွက်လာသည့် ဦးကျော်မြင့်ထံတွင် ကိုယ်ရေးအရာရှိအဖြစ် ၂နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ တပ်မတော်မှ အငြိမ်းစားဗိုလ်မှူး ဦးဇော်ဝင်းထက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြချက်

Published on Sep 30, 2020
နှင်းဆီပါတီဥက္ကဌနှင့် မြန်မာကျော်ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်၏ ကိုယ်ရေးအရာရှိအဖြစ် ၂ နှစ်ကျော်လုပ်ကိုင်ခဲ့သူ တပ်မတော်မှ အငြိမ်းစားဗိုလ်မှူးဟောင်း ဦးဇော်ဝင်းထက်။ 
နှင်းဆီပါတီဥက္ကဌနှင့် မြန်မာကျော်ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်၏ ကိုယ်ရေးအရာရှိအဖြစ် ၂ နှစ်ကျော်လုပ်ကိုင်ခဲ့သူ တပ်မတော်မှ အငြိမ်းစားဗိုလ်မှူးဟောင်း ဦးဇော်ဝင်းထက်။ 

နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။ ထို့ပြင် ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သက်၍လည်း ရဲလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထားသည်။

ထောင်ပြေးဦးကျော်မြင့်၏ နှင်းဆီပါတီက ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် နှင်းဆီပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် ပါတီလည်းဖြစ်သည်။ 

ဦးကျော်မြင့်သည် 'ဝ' တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု ယူဆခံရသည့် မြန်မာကျုံယွမ်ကုမ္ပဏီကို ဦးဆောင်လုပ်ကိုင်နေစဉ် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခြင်းခံခဲ့ရသည်။ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံခဲ့ရသော်လည်း ထောင်ကျပြီးတစ်နှစ်အကြာတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

ထို့နောက်တွင် ကနေဒါနိုင်ငံတွင် ခိုလှုံနေထိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် UDP ပါတီကို ထူထောင်ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်သည်။ 

ထောင်ပြေးဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် နိုင်ငံရေးပါတီဥက္ကဋ္ဌအဖြစ် ပေါ်ထွက်လာသည့် ဦးကျော်မြင့်ထံတွင် ကိုယ်ရေးအရာရှိအဖြစ် ၂နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ တပ်မတော်မှ အငြိမ်းစားဗိုလ်မှူး ဦးဇော်ဝင်းထက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်များအနက်မှ ကောက်နုတ်ဖော်ပြထားပါသည်။

မေး - ဦးကျော်မြင့်ဆီမှာ အလုပ်လုပ်ဖို့ ဘယ်လိုချိတ်ဆက်ခဲ့တာပါလဲ။ ဘယ်အချိန်မှာစပြီး အလုပ်ဝင်ခဲ့တာပါလဲ။ 

ဖြေ - တပ်ကအငြိမ်းစားယူပြီး ၂၀၁၆ ခုနှစ်လောက်က နိုင်ငံခြားလုံခြုံရေးကုမ္ပဏီကြီးတစ်ခုမှာ လစာငါးသိန်းနဲ့ လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်နေတုန်း မြန်မာ့အလင်းသတင်းစာမှာပါတဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အလုပ်ခေါ်စာ ကြော်ငြာကို တွေ့ပါတယ်။ အဲ့မှာပါတာကတော့ စစ်ဘက်၊ ရဲဘက်မှ ကိုယ်ရေးအရာရှိ တာဝန်ထမ်းဆောင်သူတစ်ဦးအလိုရှိတယ်။ လစာ ၆ သိန်းနဲ့ ၁၀ သိန်းအထိပေးမယ်ဆိုတာနဲ့ အဲ့နေ့ဘဲ အလုပ်လျှောက်လွှာတင်ဖြစ်ပါတယ်။ လျှောက်လွှာတင်ပြီး နောက်တစ်နေ့ပဲ ဦးကျော်မြင့်ကိုယ်တိုင် အင်တာဗျူးတယ်။ သူကိုယ်တိုင်သဘောကျတာနဲ့ လစာ သုံးသိန်း၊ ဘောနပ်စ် (အပိုဆုကြေး) သုံးသိန်း ပေါင်းခြောက်သိန်းပေးမယ်။ နောက်ပိုင်း လစာနဲ့ ဘောနပ်စ် တိုးပေးမယ်။ နေစရာနဲ့အလုပ်အတွက် ကားပေးမယ်။ အလုပ်ချိန်ပြင်ပမှာ သူခေါ်ရင် ၄၅ မိနစ်အတွင်း လာနိုင်ဖို့ဘဲ လိုတယ်။ သဘောတူရင် မနက်ဖြန် အလုပ်ဆင်းနိုင်တယ်ပြောလို့ အဲ့နေ့ပဲ အလုပ်စဆင်းဖြစ်တာပါ။ 

မေး - ဦးကျော်မြင့်ရဲ့ ကိုယ်ရေးအရာရှိအနေနဲ့ အလုပ်တာဝန်နဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို ပြောပြပေးစေလိုပါတယ်။ 

ဖြေ - ကိုယ်ရေးအရာရှိဆိုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အဓိက လုပ်ပေးရတာပေါ့။ အများနဲ့ လူမြင်သူမြင် လုပ်ရတဲ့လုပ်ငန်းတွေတော့ ပြောပြပါမယ်။ ဦးကျော်မြင့်က မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ဥက္ကဋ္ဌအပြင် ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌလည်းဖြစ်တယ်ဆိုတာကို အလုပ်ဝင်တဲ့ရက်ကျမှ သိရပါတယ်။ ပါတီကိစ္စလုပ်စရာ မလိုဘူးလို့ အဲ့နေ့ပဲ ခေါ်ပြောတဲ့အတွက် တစ်နှစ်ကျော်လောက်အထိ ပါတီနဲ့ကင်းကင်းရှင်းရှင်းနေရလို့ လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်။ တာဝန်ကျေပွန်တဲ့အတွက် အဲ့ဒီနှစ်ပဲ ဘောနပ်စ်တစ်သိန်းတိုးလို့ လစာနဲ့ ဘောနပ်စ် ၇ သိန်းရပါ တယ်။ 

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပါတီကိစ္စတွေ ခိုင်းလာတဲ့အတွက် အခက်အခဲပြဿနာလေးတွေရှိပါတယ်။ ပြည်နယ်၊ တိုင်း၊ ခရိုင်မြို့နယ် စည်းရုံးရေးရုံးတွေ ဖွင့်ဖို့အတွက် မြန်မာပြည်အနှံ့ ခရီးထွက်ရတယ်။ ဘာကိစ္စနဲ့ပဲ ခရီးထွက်ထွက် ယာဉ်တန်းပုံစံမျိုး မီးထိုးပြီး သွားရတယ်။ ကားခေါင်းခန်းမှာ အရင်အစိုးရလက်ထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တံဆိပ်ပါတဲ့ စာရွက်ကပ်ပြီး အမြန်လမ်းဂိတ်ကလွဲလို့ ကျန်ဂိတ်တွေကို ဂိတ်ကြေးမပေး၊ ယာဉ်မရပ် ဘဲဖြတ်တော့ ပြဿနာတက်ရင် ရှင်းပေးရတာလည်းရှိပါတယ်။ 

ပြည်နယ်၊တိုင်းကပါတီခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုကို စုံစမ်းပြီးတင်ပြခိုင်းတာ၊ သူတို့ပြဿနာ ဖြစ်နေတာကို မသိရင် ကိုယ်ရေးအရာရှိဖြစ်တဲ့ကျွန်တော့်ကို သတိပေး မှတ်တမ်းရေးတာ၊ ဘောနပ်စ်ဖြတ်တာတို့ လုပ်ရတာပေါ့။ 

နောက်ပြဿနာတစ်ခုကတော့ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရုံးတွေဖွင့်ဖို့ သွားတဲ့အခါမှာ လူစုလူဝေးနဲ့ စည်းရုံးရေးစကားတွေ ပြောတာပေါ့။ အဲ့ဒီတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ စရဖ၊ SB ၊ ရဲ စသဖြင့် ဌာနဆိုင်ရာတွေက စုံစမ်းမေးမြန်းတာတွေရှိရင် တာဝန်ယူပြီးဖြေရှင်းပေးရတာပေါ့။ စည်းရုံးရေးခရီးစဉ်မှာ လုပ်တဲ့ညစာစားပွဲမှာ ဦးကျော်မြင့်အပြင် ပါတီဝင်ဖြစ်တဲ့ ရွာကလူတွေကို အရက်၊ ဘီယာ၊ ငှဲ့ခိုင်းပြီး ဧည့်ခံခိုင်းတာ စိတ်အညစ်ရဆုံးဘဲ။

မေး - ဦးကျော်မြင့်က ပါတီမှာ ဘယ်လိုမျိုး စီမံခန့်ခွဲပါသလဲ။ သူရဲ့စိတ်နေစိတ်ထားသဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ - ဦးကျော်မြင့်မှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကြား အတွင်းရေးမှူး ၄ ယောက်ခန့်ထားပြီး သူတို့ထဲက တစ်ယောက်က ဦးကျော်မြင့်ပိုင်တဲ့ ပန်းလှိုင်အိမ်မှာ အလှည့်ကျ ညအိပ်ပြီး တစ်နေကုန် သူရဲ့ နေထိုင်စားသောက်ရေးအတွက် လုပ်ပေးရတယ်။ ကျန်တဲ့ သုံးယောက်ကို ပါတီကိစ္စနဲ့ အခြားကိစ္စတွေ ခိုင်းတာပေါ့။ ပါတီရုံးအဖွဲ့နဲ့ ပါတီရုံးလုပ်ငန်းစနစ်က မှန်မှန်ကန်ကန်မရှိတော့ ပါတီလုပ်ငန်းအားလုံးကို ဦးကျော်မြင့်နဲ့ အတွင်းရေးမှူးတွေပဲ အဓိကလုပ်တာများတာတွေ့ရတယ်။ 

ဦးကျော်မြင့်က ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ပိုင်းဆိုင်ရာမှာ နေတာကြာတော့ လူတစ်ဘက်သားကို သိပ်မယုံဘူး။ စားတာသောက်တာ သွားတာလာတာကအစ သတိထားတယ်။ သိပ်အမှားမခံဘူး။ လျှို့လျှို့ဝှက်ဝှက်နေထိုင်တတ်တာ တွေ့ရတယ်။ ဦးကျော်မြင့်က ပါတီနဲ့ကုမ္ပဏီမှာ အချင်းချင်းညီညွတ်စည်းလုံးနေတာကို သိပ်မကြိုက်ချင်ဘူး။ ဒါကြောင့် ပါတီနဲ့ ကုမ္ပဏီအတွင်းမှာ အချင်းချင်း ပြဿနာ ခဏခဏတက်တာ တွေ့ရပါတယ်။ ဦးကျော်မြင့်က သူ့ကိုပဲ လေးစားအားကိုး ယုံကြည်နေရမယ်လို့ ခံယူထားပုံရပါတယ်။ 

မေး- ဦးကျော်မြင့်က မြန်မာကျုံယွမ်ကုမ္ပဏီလုပ်တုန်းကလည်း တပ်မတော်အရာရှိတွေပါတယ်။ ခု သူ့ရဲ့ဝန်ထမ်းတွေ ခန့်အပ်ရာမှာလည်း တပ်မတော်အရာရှိတွေပါတယ်။ ဘယ်လိုအချက်တွေကြောင့် တပ်မတော်အရာရှိတွေကို ခန့်အပ်တယ်လို့ ထင်ပါသလဲ။ 

ဖြေ - ၁၉၉၆ မတိုင်မီက ရန်ကုန်မှာ ဦးကျော်မြင့်ပိုင် ကုမ္ပဏီနဲ့အိမ်တွေကို နိုင်ငံပိုင်သိမ်းခံရတယ်လို့ ဦးကျော်မြင့်ပြောပြချက်အရ သိထားပါတယ်။ မြန်မာကျုံယွမ်ကုမ္ပဏီနဲ့ ဆက်စပ်မှု ရှိ၊မရှိတော့ အတိအကျမသိပါဘူး။ ဦးကျော်မြင့်က လက်နက်ကိုင်အဖွဲ့အစည်းမှာ လုပ်ခဲ့တာ သိထားတော့ စစ်တပ်ကအရာရှိ(ငြိမ်း)တွေနဲ့လုပ်ရတာ အဆင်ပြေတယ်ထင်လို့ ဖြစ်မှာပေါ့။ လုံခြုံရေးအရ ကြည့်ရင်လည်း သူ့အတွက် စိတ်ချရသလို ဌာနဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ စစ်တပ်က အရာရှိ(ငြိမ်း)တွေကို ခိုင်းရတာ အဆင်ပြေတယ်လို့ ပြောဖူးတယ်။ 

နောက်တစ်ချက်က ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုတာ ရှိတယ်။ နိုင်ငံတော်အဆင့်ဖွဲ့ထားတာလေ။ သူပြောတာတော့ အဲ့ကော်မတီမှာ ဒုဥက္ကဋ္ဌလား၊ အတွင်းရေးမှူးလား မသိဘူး။ ရာထူးအရမ်းကြီးတယ်။ ၁၉၉၇ မတိုင်မီက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အတူ လုပ်ဖူးတယ်လို့ ပြောတယ်။ ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အခြားထိပ်ပိုင်းခေါင်းဆောင်တွေ သွားလာတာကြည့်ပြီး အားကျခဲ့တာလည်း ဖြစ်မှာပေါ့။ ဒါကြောင့် တပ်မတော်အရာရှိ(ငြိမ်း)တွေကို သူ့ဆီမှာ ခန့်တယ်။ ပြီးရင် VIP လို ယာဉ်တန်းနဲ့ သွားလာတာဖြစ်မယ်လို့ ထင်တယ်။ 

မေး - ဦးကျော်မြင့်က နှင်းဆီပါတီအတွက် ပါတီမူဝါဒတွေချမှတ်တဲ့အခါ၊ ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်လေ့ရှိသလဲ။ 

ဖြေ - ဦးကျော်မြင့်ပါတီမှာ ပါတီ CEC တွေ၊ EC တွေနဲ့ ဖွဲ့စည်းထားပေမယ့် ပါတီတစ်ခုလုံးကို ဦးကျော်မြင့်ငွေနဲ့ လစဉ်သိန်းထောင်ချီ အကုန်အကျခံ လည်ပတ်နေတာပါ။ ဒါကြောင့် ပါတီမူဝါဒနဲ့ ဆုံးဖြတ်ချက်ကတော့ ဦးကျော်မြင့်ပဲ လုပ်တာပါ။ CEC, EC အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ထားတဲ့ မူဝါဒရဲ့ဆုံးဖြတ်ချက်ဆိုတာ မရှိသလောက်ရှားတယ်။ မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင်ပဲ ချမှတ်တယ်။ ပြီးရင် ကိုယ်ရေးအတွင်းရေးမှူး ကလေးမလေးတွေက လက်မှတ်ထိုးပြီး ပါတီတွင်း ဖြန့်တာတွေ့ရတယ်။ 

မေး - ဦးဇော်ဝင်းထက်အနေနဲ့ တာဝန်မကျေပွန်ဘဲ စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်လို့ ရာထူးက ထုတ်ပယ်ခဲ့တာလို့ ဦးကျော်မြင့်ရဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ 

ဖြေ - ကျွန်တော့်မှာ အထောက်အထားအပြည့်အစုံရှိပါတယ်။ လူတစ်ယောက်ကို ဒုက္ခပေးချင်ရင် မဟုတ်မမှန်တဲ့ သတင်းတွေနဲ့ ဝါဒဖြန့်ပြီး အလုပ်ကထုတ်တာပါ။ ပါတီအတွင်းလည်း ဒီတိုင်းပါပဲ။ အဖြစ်မှန်က ဒီလိုပါ။ ၂၀၁၉ ဇန်နဝါရီလကစပြီး ဦးကျော်မြင့်အမိန့်အရ မနက် ၇ နာရီကနေ ည ၉ နာရီအထိ အလုပ်ဆင်းရတယ်ဗျာ။ အဲဒါ အလုပ်သမားဥပဒေကို ချိုးဖောက်တာဆိုပေမဲ့ ကျွန်တော် မပြောပါဘူး။ 

၂၀၁၉ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နောက်တစ်နေ့ကစပြီး မနက် ၇ နာရီကနေ နောက်နေ့ ၇ နာရီ အထိ ညအိပ်အလုပ်ဆင်းဖို့ပြောတယ်။ ကျွန်တော်က အလုပ်သမားဥပဒေအတိုင်း လုပ်ဖို့ပြောတာကို ဦးကျော်မြင့်က စိတ်ဆိုးပြီး အလုပ်ကထုတ်တာဖြစ်ပါတယ်။ မင်းကြိုက်တဲ့နေရာမှာတိုင် ငါ့မှာ ငွေလည်းရှိတယ်၊ လူလည်းရှိတယ်၊ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာ ပြောတယ်။ အဲဒီကိစ္စ မြို့နယ်အလုပ်သမားရုံးမှာ ဖြေရှင်းထားတဲ့ စာရွက်စာတမ်းတွေ ရှိပါတယ်။ 

ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့အတွက် တစ်ချိန်ကျရင် ဦးကျော်မြင့်ကို တရားစွဲမှာပါ။ တရားစွဲလို့ ရမရကတော့ ကျွန်တော့်ရှေ့နေနဲ့ တိုင်ပင်ရဦးမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအမိန့်စာကို ဦးကျော်မြင့် လက်မှတ်ထိုးတာ မဟုတ်ဘူး။

ညီညွတ်သောဒီမိုကရက်တစ်ပါတီက ပြည်နယ်၊တိုင်း ခရိုင်အလိုက် ခေါင်းဆောင်တော်တော်များများက တောသူတောင်သားတွေများပြီး ရိုးသားကြပါတယ်။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ စည်းရုံးမှုကို ယုံကြည်အထင်ကြီးနေတာ။ အမှန်တော့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ငွေအားကိုးနဲ့ ထင်ရာစိုင်းပြီး တည်ဆဲဥပဒေတွေ ချိုးဖောက်တာအများကြီးပဲ။ 

ဥပမာဗျာ  နေပြည်တော် ကျည်တောင်ကန်ရုံးချုပ်လုပ်တဲ့ခြံထဲမှာ Gas (သဘာဝဓာတ်ငွေ့ပိုက်လိုင်း) ပိုက်လိုင်းရှိတယ်။ အဆောက်အဦးမဆောက်ဖို့၊ လူမနေဖို့ သက်ဆိုင်ရာက တားမြစ်ပေမယ့် သူက ဂရုမစိုက်ဘူး။ ခြံစည်းရိုးခတ်ပြီး ခိုးလုပ်တယ်။ မူဆယ်အသွားအပြန် ခရီးသွားရင် စစ်ဆေးရေးဂိတ်တွေကို အစစ်ဆေးမခံဘဲ ဖြတ်တာရှိတယ်။

နောက်ရှိသေးတယ်။ မှော်ဘီဂျပန်ဘုရားနားမှာ ဧက ၉၀ ကျော်တဲ့ ခြံကြီးကို သိန်းငါးသောင်းကျော်လောက်နဲ့ ဝယ်ပြီး လယ်ယာမြေတွေပေါ်မှာ အဆောက်အဦး၊ ရေကန်၊ ဂေါက်ကွင်းလမ်းတွေကို မြေယာဥပဒေနဲ့ ဆန့်ကျင်ပြီး ဆောက်တယ်ဗျာ။ ပြီးတော့ ဝယ်တဲ့အခါမှာလည်း အခွန်တွေမသွင်းလို့ သိထားတယ်။ ဒါတွေကိုကြည့်ရင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဦးကျော်မြင့်က ဘယ်လောက်ထိ တရားဥပဒေကို လိုက်နာတယ်ဆိုတာ စစ်ဆေးကြည့်ရင် တွေ့ရမှာပါ။ 

အခုရန်ကုန်ရုံးခွဲလုပ်တဲ့ မာလာမြိုင် ၇ လမ်း၊ ၁၆ ရပ်ကွက်၊ လှိုင်မြို့နယ် ဗဟိုလမ်းမှာရှိတဲ့ IC  ဟိုတယ်နဲ့ သူနေတဲ့ ပန်းလှိုင်အိမ်ကို သူ့ရဲ့အတွင်းရေးမှူးနာမည်တွေနဲ့ လုပ်ထားတာက ဘာကြောင့်လည်းတော့ မသိဘူး။ ကျွန်တော် အလုပ်ကထွက်ပြီးနောက်ပိုင်း ပြောင်းရင်းပြောင်းမှာပေါ့ဗျာ။ ဦးကျော်မြင့် ဘယ်လိုလူမျိုးလည်းဆိုတာ အချိန်ကာလတစ်ခုရောက်ရင် သိရမှာပါ။ 

မေး - ဦးကျော်မြင့်ဥက္ကဋ္ဌလုပ်နေတဲ့ UDP ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဟာ စီးပွားရေးထူထောင်ဖို့ လုပ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုထင်ပါသလဲ။ 

ဖြေ - ‌စီးပွားရေးကိစ္စကြောင့် ပါတီထောင်တာတော့ မဖြစ်နိုင်ဘူး။ လောလောဆယ် မြန်မာနိုင်ငံမှာ ဦးကျော်မြင့်ပိုင် စီးပွားရေးလုပ်ငန်း ကြီးကြီးမားမားမှ မရှိတာ။ အခြားကိစ္စကြောင့် ပါတီထောင်တာလို့ ထင်ပါတယ်။ လက်ရှိအနေအထားအရ နာမည်ကြီးဘဏ်တွေမှာ ဘီလျံနဲ့ချီပြီး ငွေအပ်ထားတယ်။ ဘက်ကရလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ကိုယ်ရေးကိုယ်တာအတွက် လစဉ်သိန်းရာကျော်၊ ပါတီအတွက် လစဉ်သုံးတာ ထောင်ဂဏန်းနားကပ်တယ်လို့ သိရတယ်။ 

လက်ရှိကုမ္ပဏီနဲ့ ပါတီကို သူတစ်ယောက်တည်းရဲ့ ငွေနဲ့လည်ပတ်နေတာ။ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတည်ထောင်ပြီးတော့ ကုမ္ပဏီကနေ ပါတီကိုထောက်ပံ့တဲ့ပုံစံမျိုးနဲ့ လုပ်ထားတာ။ ထောက်ပံ့တာကလည်း လူကိုထောက်ပံ့တာမဟုတ်ဘူး။ ရုံးအတွက် စာရေးကိရိယာနဲ့ အထွေထွေသုံးဖို့ ထောက်ပံ့တာဆိုပြီး ပြောခိုင်းထားတယ်။ အဓိကတော့ ဥပဒေကြောင်းအရ ရင်ဆိုင်လာရပြီဆိုရင် ပါတီက ထောက်ပံ့တာမဟုတ်ဘူး။ ကုမ္ပဏီက လှူတာပေါ့။ ဒါပေမဲ့ မြန်မာကျော်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်ဆိုတော့ ဘာထူးလို့လဲဗျာ။ 

နယ်တွေမှာ သူစည်းရုံးတာ တစ်ခုတော့ရှိတယ်။ ပါတီအောင်မြင်ရင် ပါတီဝင်တွေအားလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်။ အောင်မြင်အောင်ကြိုးစားလို့ ပြောထားတယ်။ ဒါပေမဲ့ ပါတီအောင်မြင်ဖို့ဆိုတာလည်း ခက်ခဲပါတယ်ဗျာ။ ဦးကျော်မြင့်ကလည်း သူ့ရဲ့မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်ရင် မကြိုက်ဘူး။ ဝေဖန်တာ၊ ကန့်ကွက်တာလုပ်ရင် အဲလူ အထုတ်ခံရပြီမှတ်ပါ။ အဓိက လူတော်၊ မတော်တာထက် သူ့စကားနားထောင်ပြီး သူခိုင်းတာလုပ်ရင် ရပါပြီ။ 

သူ့စကားနားထောင်တဲ့သူ သူယုံကြည်ရမယ့်သူဆိုရင် ရာထူးအကြီးကြီးပေးပြီး စည်းရုံးထားတာ။ ဥပမာတစ်ခုကြည့်ပေါ့။ ပါတီတစ်ခုလုံးကို အမိန့်နဲ့ညွှန်ကြားချက်တွေ လက်မှတ်ထိုးတဲ့ ရုံးအဖွဲ့မှူးဆိုရင် နိုင်ငံရေးအရပဲကြည့်ကြည့် အသက်ပဲကြည့်ကြည့် ငယ်သေးတော့ ပါတီက နိုင်ငံရေးသမားကြီးတွေနဲ့ ခဏခဏ ပြဿနာတက်ရတယ်။ ကျွန်တော့်ဆို ရဲမင်းကြီးပေးမယ် ကြိုးစားလို့ပြောတော့ ဖြစ်နိုင်လား မဖြစ်နိုင်လား စဉ်းစားကြည့်ပေါ့။ 

တရုတ်ပြည် ဘီလျံနာသူဌေးကြီး ဂျက်မားက သူတပည့်လုပ်ဖူးတယ်။ သူ့ဆီမှာ အကြွေးတောင် ရှိသေးတယ်။ အမေဇုန် (Amazon) သူဌေးကြီးဆိုတာလည်း သူ့လုပ်ဖော်ကိုင်ဖက်လို့ ပြောတယ်။ ဟိုတယ်စားသောက်ဆိုင်ရင်လည်း အကောင်းဆုံးပဲ လုပ်ပေးခိုင်းတယ်။ ဘာကြောင့် အဲလိုတွေပြောပြီး ဒီလိုတွေလုပ်နေလည်းဆိုတာ သူပဲသိမယ်ဗျ။

မေး - ဦးကျော်မြင့်ရဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဘာလုပ်ငန်းတွေလုပ်ကိုင်တယ်လို့ သိရှိခဲ့ရပါသလဲ။ 

ဖြေ - လူမြင်သူမြင် လူသိထင်ရှားလုပ်တဲ့လုပ်ငန်းဆိုလို့ IC ဟိုတယ်လေး ဖွင့်ထားတယ်။ ဟိုတယ်က အခန်း ၂၀ လောက်ရှိပါတယ်။ အရင်တုန်းကတော့ တစ်လကို ငါးခန်းတို့၊ ခြောက်ခန်းတို့တော့ ငှားရတယ်။ တစ်လဝင်ငွေ သိန်းအစိတ်၊ ၃၀ လောက်တော့ ဝင်ပါတယ်။ အဲ့ဒါလေးတစ်ခုပဲရှိတယ်။ 

မေး - ညီညွတ်သောဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေလည်း သိချင်ပါတယ်။ 

ဖြေ - ပါတီမှာ ဦးကျော်မြင့် ချမှတ်ထားတဲ့ ထူးထူးခြားခြားမူဝါဒတွေ ရှိတယ်။ အဲမူဝါဒကို ချိုးဖောက်ရင် ပြဿနာတက်ပြီ။ ဥပမာ ဘယ်နေရာမှာ လယ်တွေသိမ်းထားတယ်ဆိုရင် တချို့ပါတီဝင်တွေက သွားဖြေရှင်းမယ်လို့ ပြောတယ်။ သွားမလုပ်နဲ့၊ ကိုယ့်ကိစ္စကိုယ်လုပ်၊ မင်းတို့အဲလိုလုပ်ရင် ပါတီက ထုတ်ခံရမယ်ပြောတာ။ တကယ်လည်း တချို့ဆိုသွားလုပ်လို့ ပြဿနာတက်တာရှိတယ်။ ဦးကျော်မြင့်က နိုင်ငံရေးတော့လုပ်မယ်။ ပြည်သူတွေတက်နေတဲ့ပြဿနာတွေကို အစိုးရနဲ့ အတိုက်အခံလုပ်ပြီး ရှင်းတာတော့ မကြိုက်ချင်ဘူး။ 

မေး - အခု ဦးကျော်မြင့်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါလဲ။ 

ဖြေ - သူ့စေတနာ သူအကျိုးပေးတာလို့ ထင်ပါတယ်။ သူလုပ်ထားတဲ့ကိစ္စတွေက ကောင်းရင် ကောင်းတာခံစားရမှာပဲလေ။ အမှန်တရားဆိုတာ ဖုန်းကွယ်လို့မှ မရတာ။ အချိန်ကာလတစ်ခုကျရင် အဖြေပေါ်မှာပေါ့။ ဒီလောက်ပဲပြောချင်ပါတယ်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading