မွတ်စလင်ရှေ့နေတစ်ယောက် လုပ်ကြံခံရမှုမှာ ကြေမွသွားတဲ့ မြန်မာနိုင်ငံရဲ့အိပ်မက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ မွတ်စလင် ရှေ့နေ ဦးကိုနီဟာ တပ်အရာရှိဟောင်းတွေ ပါဝင် ပတ်သက်တယ်လို့ ဆိုကြတဲ့ ကြံစည်မှုတစ်ခုအတွင်း လုပ်ကြံခံခဲ့ရပါတယ်။ သူသေဆုံးခဲ့ရပုံအကြောင်းနဲ့ စွပ်စွဲခံ တရားခံတစ်ဦးတို့ရဲ့ အသေးစိတ်အချက်တွေကိုကြည့်ရင် မြန်မာ့ဒီမိုကရေစီရှေ့ခရီးဟာ ဘယ်လောက် ရင်လေး စရာဖြစ်နေပြီလဲဆိုတာကို မြင်နိုင်မှာဖြစ်ပါတယ်။
Published on Dec 15, 2018
ဦးကိုနီက ဒေါ်အောင်ဆန်းစုကြည်အား သူရေးထားသည့် မဲပေးနည်းစာအုပ်ကို လက်ဆောင်ပေးအပ်နေသည့် ဓာတ်ပုံကို အိမ်ဧည့်ခန်းအတွင်းချိတ်ဆွဲထားစဉ်။ (ဓာတျပုံ/Ann Wang/Reuters)
ဦးကိုနီက ဒေါ်အောင်ဆန်းစုကြည်အား သူရေးထားသည့် မဲပေးနည်းစာအုပ်ကို လက်ဆောင်ပေးအပ်နေသည့် ဓာတ်ပုံကို အိမ်ဧည့်ခန်းအတွင်းချိတ်ဆွဲထားစဉ်။ (ဓာတျပုံ/Ann Wang/Reuters)

ရန်ကုန် - ၂၀၁၇ ခုနှစ် ဇန်နဝါရီလရဲ့ ပူနွေးတဲ့ညနေခင်းတစ်ခုမှာ အာဏာရပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲကနေ ထွက်လာစဉ်မှာပဲ သူ့မျက်နှာက ပြုံးရွှင်သွားခဲ့ပါတယ်။

အဘိုးဖြစ်သူကို စောင့်ကြိုနေတဲ့ ပါဖောင်းဖောင်းနဲ့ ချစ်စရာ နှစ်နှစ်သားအရွယ် မြေးငယ်ကိုမြင်လိုက်ရလို့ပါပဲ။ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးကိုနီဟာ မြေးဖြစ်သူကို ပွေ့ချီလိုက်ပြီးခပ်တင်းတင်းပဲ ဖက်ထားလိုက် ပါတယ်။ လေဆိပ်အပြင်က ပလက်ဖောင်းပေါ်မှာ မြေးအဘိုးနှစ်ယောက်သား မျက်နှာချင်းကပ်ပြီးတော့ ပျားပန်းခတ်မျှလှုပ်ရှားသွားလာနေကြတဲ့ ခရီးသည်တွေ၊ တက္ကစီယာဉ်တွေကို ငေးကြည့်နေကြ ပါတယ်။

ဦးကိုနီဟာ သူ့နောက်ကျောဘက်က လူအုပ်ထဲကနေ တိုးထွက်လာတဲ့ ပန်းရောင်တီရှပ်၊ ဘောင်းဘီတိုဝတ်ထားတဲ့ လူတစ်ယောက်ကို သတိမထားမိပါဘူး။ အဲဒီလူဟာ ချက်နိုင်ငံလုပ် ၉ မမ ပစ္စတိုသေနတ်ကို သူ့ရဲ့နောက်စေ့ အောက် ဘက်နားကို ချိန်ပြီး ခလုတ်ကိုဆွဲချလိုက်ပါတယ်။ သေနတ်ကျည်ဟာ ဦးကိုနီရဲ့ဦးခေါင်းနောက်ဖက်ကို ဖောက်ဝင် သွားပြီး ရှေ့ဖက်ကပြန်ထွက်သွားခဲ့ပါတယ်။ သေနတ်ကျည်ဆံအရှိန်ကြောင့် ဦးကိုနီရဲ့သွားတွေလည်း ကျွတ်ထွက် သွားခဲ့ပါတယ်။ အဘိုးနဲ့အတူ မြေးဖြစ်သူလည်း ပုံခနဲပါပဲ။ သွေးတွေဟာ မြေပေါ်အိုင်ထွန်းလို့နေပါတယ်။

မြန်မာနိုင်ငံမှာ ခွဲခြားဖိနှိပ်ခံနေရတဲ့ မွတ်စလင်လူနည်းစုဝင်တစ်ဦးဖြစ်တဲ့ ဦးကိုနီဟာ သူ့ကိုသတ်မယ်လို့ ခြိမ်းခြောက်မှုတွေကို ရနေခဲ့တာ လနဲ့ချီနေခဲ့ပါပြီ။ သူကတော့ သူ့နိုင်ငံရဲ့ခယောင်းတောလမ်းပေါ် မမှိတ်မသုန် လျှောက်လှမ်းနေခဲ့သူပါ။ သူဟာ တပ်မတော်ရဲ့ နိုင်ငံရေးမှာလွှမ်းမိုးထားတဲ့အခန်းကဏ္ဍကို လျှော့ချနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ပွင့်ပွင့်လင်းလင်းပဲ တောင်းဆိုနေသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးမှာ သူ လေးစားအားကျရတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာခဲ့တာမို့ သူလည်းပဲ စစ်ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ရာအတွက် ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

ဦးကိုနီရဲ့အသက်ကို နုတ်ယူသွားခဲ့တဲ့ သေနတ်ကျည်ဆံတစ်တောင့်ဟာ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေ အမှန်တရားတစ်ချက်ကို လှစ်ဟပြလိုက်ပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုဗဟိုထားပြီး ချီတက် နေကြတဲ့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး မျှော်မှန်းချက်တွေ ပြိုကျသွားပြီဆိုတာပါပဲ။ အဲဒီ မျှော်မှန်းချက်တွေ ဟာ တပ်မတော်ကြောင့်၊ မြင့်တက်လာတဲ့ ဗုဒ္ဓဘာသာဗဟိုပြုအမျိုးသားရေး ဒီရေလှိုင်းကြောင့်၊ အဲဒီ ဒီရေလှိုင်း တွေကို မဆန့်ကျင်မတွန်းလှန်လိုတဲ့ သို့မဟုတ် မတွန်းလှန်နိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကြောင့်ပဲ တစ်စစီ ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံရေးမှာရော စီးပွားရေးနယ်ပယ်တွေမှာပဲ နေရာလပ်မကျန်အောင် လွှမ်းမိုးထိန်းချုပ်ထားနိုင်တဲ့ တပ်မတော် အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုဂ္ဂိုလ်ရဲ့အရိပ်က နောက်ဆုံးမှာ သာလွန်လွှမ်းမိုးသွားလိမ့်မယ်လို့ ဦးကိုနီက ယုံကြည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီယုံကြည်မှုဟာ အလွမ်းဇာတ်နဲ့ဇာတ်သိမ်းသွားခဲ့ရပါပြီ။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ သူ့ကိုလုပ်ကြံဖို့ရာ ကြေးစား သေနတ်သမား တစ်ယောက်ကို ငှားခဲ့တယ်ဆိုပြီး တပ်မတော်အရာရှိဟောင်း သုံးယောက်ကို ရဲက စွပ်စွဲလိုက်ပါ တယ်။ အဲဒီသုံးယောက်ထဲက နှစ်ယောက်ကတော့ လူသတ်မှုမှာ အပြစ်မရှိပါဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ခုထိ လွတ်မြောက်နေဆဲပါပဲ။ သေနတ်သမားဟာ ဦးကိုနီကို သတ်ဖြတ်ကြောင်း ဝန်ခံခဲ့ပေမယ့် ခုလိုလုပ်ရတာ သူ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရလို့ပါလို့ ဆိုပါတယ်။ ဒီအမှုမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်အရာရှိတွေ နောက်ကနေ သတ်ဖို့စေခိုင်းညွှန်ကြားတယ် ဆိုတဲ့ အထောက်အထားတော့ ခုထိ မရသေးပါဘူး။ ဒီအမှုကိုစစ်ဆေးနေတာဟာလည်း မကြာခင်လပိုင်းအတွင်း အဆုံးသတ်မယ်လို့ မျှော်လင့်ရပါတယ်။

တရားရုံးတော်ကိုရော ပြည်သူကိုပါ ရဲက အသိပေးတင်ပြထားတဲ့ ဖြစ်စဉ်အရတော့ လက်ရှိအခြေအနေကို မကျေနပ်ကြတဲ့ တပ်အရာရှိဟောင်းသုံးယောက်ဟာ အမျိုးသားရေးစိတ်တွေပြင်းထန်ပြီးတော့ သူတို့ သဘောနဲ့ သူတို့ ဒီကိစ္စကို ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရားရုံးမှတ်တမ်းတွေ၊ စီးပွားရေးကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းနဲ့ ဒါရိုက်တာမှတ်ပုံတင် အထောက်အထားတွေအပါအဝင် ရာနဲ့ချီတဲ့ အထောက်အထားတွေကို ရိုက်တာသတင်းဌာနက လေ့လာခဲ့ရာမှာ အခု ရုံးတင်စစ်ဆေး ခံနေရသူတွေထဲက တစ်ယောက်နဲ့ တပ်မတော်အဖွဲ့အစည်းတို့ကြားမှာ ကာလရှည်ကြာ နီးနီးစပ်စပ် ပတ်သက်မှုတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒီလုပ်ကြံမယ့်အစီအစဉ်တစ်ခုလုံးကို နောက်ကနေ ငွေကြေး စိုက်ထုတ်ခဲ့တယ်လို့ စွပ်စွဲခံရသူကတော့ တပ်မတော်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးတပ်ကနေ ထွက်လာခဲ့ပြီးတဲ့နောက် အဲဒီတုန်းက အသက် ၃၀ နီးပါး အရွယ် ဇေယျာဖြိုးဟာ ဆက်သွယ်ရေးနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ကုမ္ပဏီအစုအဖွဲ့တွေကို တည် ထောင်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ ကုမ္ပဏီဆိုင်ရာ မှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။ သူ့ရဲ့ကုမ္ပဏီတွေဟာ လုံခြုံရေးအဖွဲ့အစည်းတွေအတွက် ဝန်ဆောင်မှုတွေ၊ ဥပမာ ရဲတန်းလျားဆောက်တာမျိုးတွေ လုပ်ခဲ့သလို အစိုးရဝန်ကြီးဌာနတွေဆီကနေလည်း ကန်ထရိုက်တွေ ရခဲ့ပါတယ်။

အရာရှိဟောင်းတစ်ယောက်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာရှိတဲ့ ဇေယျာဖြိုးရဲ့လုပ်ငန်းတွေအနက်က တစ်ခုဟာ တပ်ရဲ့အကူအညီကိုယူပြီး ဆက်သွယ်ရေးကိရိယာတွေကို သုံးစွဲခွင့်ရခဲ့ပါတယ်။ အဲဒီလို ရခဲ့ကြောင်းကို ပစ္စည်းဝယ်ယူရေးပုံစံဖောင်တွေအရ မှတ်တမ်းတင်ချက်အရ သိရတာဖြစ်သလို ဒါဟာ ရာထူးကြီးကြီးတွေနဲ့ အဆက်အသွယ်တွေရှိတဲ့ အရိပ်လက္ခဏာလည်း ဖြစ်ပါတယ်။

ဇေယျာဖြိုးရဲ့ အဆက်အသွယ်တွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်အမတ်တစ်ဦး လည်းဖြစ်၊ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီမှာ နှစ်ရှည်လများ လက်ထောက် အဖြစ် တာဝန်ထမ်းဖူးသူတစ်ဦးလည်း ပါဝင်ပါတယ်။

တရားရုံးရှေ့ ထွက်ဆိုရာမှာတော့ ဇေယျာဖြိုးဟာ သူ တပ်မတော်ထောက်လှမ်းရေးမှာ လုပ်စဉ်က “နိုင်ငံတကာမှာ ဆောင်ရွက်ကြဖူးတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဆက်စပ်တဲ့အကြောင်းတွေကို သင်လည်းသင်၊ ဦးဆောင်လည်း ဆွေးနွေးရ”တယ်လို့ ထွက်ချက်ပေးသွားပါတယ်။ ဇေယျာဖြိုးရဲ့ရှေ့နေကတော့ သူ့အမှုသည်ဟာ စစ်တပ်နဲ့ပတ်သက်မှုရှိမြဲဖြစ်တယ်ဆိုတဲ့အချက်၊ ဆက်သွယ်ရေး ကိရိယာတွေ ရရှိခဲ့တယ်ဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ‘ရိုက်တာ’ကို ငြင်းဆိုသွားပါတယ်။ ဇေယျာဖြိုးဟာ “ရဲတပ်ဖွဲ့အတွက် အဆောက်အအုံအချို့နဲ့ ရဲအရာရှိနေအိမ်အချို့ကိုသာ ဆောက်လုပ်ခဲ့”ခြင်းဖြစ်တယ်လို့ သူ့ရှေ့နေ ဒေါ်ပပဝင်းက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အာဏာပိုင်တွေက ဇေယျာဖြိုးကို ဖမ်းဆီးရာမှာတော့ သူဟာ ဘုန်းကြီး ကျောင်း တစ်ကျောင်းမှာ ဘုန်းကြီးဝတ်နေခဲ့တာဖြစ်ပါတယ်။ ဇေယျာဖြိုးကတော့ ဒါဟာ သူနှစ်စဉ် ဘုန်းကြီး ဝတ်နေကျမို့လို့ ဝတ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ထွက်ဆိုချက်အရ သူဟာ ဘာသာရေးကို အလေးအနက် လိုက်စားလာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသားရေးစိတ်အလွန်ပြင်းထန်သူတွေဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေနေထိုင်နေတာကို လက်မခံနိုင်ကြဘူးလို့ ဆိုကြပါတယ်။

ဗုဒ္ဓဘာသာကို ပြင်းပြင်းထန်ထန် သက်ဝင်ယုံကြည်မှုနဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဘယ်လောက် ထိစပ် ရောယှက်သလဲလို့ မေးလျှောက်ရာမှာတော့ ဇေယျာဖြိုးဘုန်းကြီးဝတ်နေခဲ့တဲ့ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်က သူဘယ်လိုဖြေရမှန်းမသိဘူးလို့ အရင်မိန့်ပါတယ်။ ပြီးတော့မှ “မွတ်စလင်တွေရဲ့ ဘာသာကတော့ ဘုန်းကြီးတို့နိုင်ငံမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ပြဿနာတွေရှိနေတာပါပဲ။ နယ်မြေပိုရဖို့ ကြိုးစားနေတဲ့ သူတွေအပေါ်မှာ အခြေခံတာပေါ့”လို့ ဆက်မိန့်ပါတယ်။

ဇေယျာဖြိုးကိုဖမ်းဆီးခဲ့ပြီးတဲ့နောက် ရန်ကုန်က အမေရိကန်သံရုံးရဲ့ နိုင်ငံရေးကျွမ်းကျင်သူတစ်ယောက်က ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်လို့ သိထားတဲ့အပေါ်မှာ လေ့လာဆန်းစစ်ချက် တစ်စောင်ရေးသားခဲ့ပါတယ်။ တစ်ခု ထူးခြားတာကတော့ ခု အမှုမှာ စွပ်စွဲခံထားရသူတွေထဲက အချို့ဟာ စစ်တပ်ထိပ်ပိုင်းက အာဏာရှိသူတွေနဲ့ နီးစပ်နေတယ်ဆိုတဲ့အချက်ပဲ လို့ အဲဒီစာတမ်းကိုရေးသားတဲ့ လျန်ဘွေထန်းက ‘ရိုက်တာ’ကို ပြောပါတယ်။ ဒီအမှုကို အဓိကစီစဉ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေထဲက နှစ်ယောက်ဖြစ်တဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီမှာ ကာလရှည်လျား လက်ထောက်လုပ်ခဲ့သူတစ်ဦးနဲ့ ရင်းရင်းနှီးနှီးရှိတဲ့အချက်ကို သူကထောက်ပြပါတယ်။ သက်သေအဖြစ်တင်ပြတဲ့ ဓာတ်ပုံတွေ အရ အဲဒီသုံးယောက်ဟာ အတူတကွရှိနေခဲ့ဖူးတာကို တွေ့မြင်ရပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်ပြီး အမှုရဲ့ “ဇာတ်ကောင်အတော်များများ”နဲ့ သံရုံးက စကားပြောခဲ့ပြီး ဝါရှင်တန်ကို တင်ပြခဲ့ပေမယ့် ဖြစ်ပျက်ခဲ့ပုံအလုံးစုံနဲ့ပတ်သက်လို့ အစီရင်ခံစာဖြစ်ဖြစ်၊ “ဥပဒေရှုထောင့်ကနေ တစ်ခုခုဆုံးဖြတ် တာ”ပဲဖြစ်ဖြစ် မလုပ်ခဲ့ဘူးလို့ ရန်ကုန်အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရ အာရိယန်နီ မန်းရင်း (Aryani Manring) က ပြောပါတယ်။ “ဒါပေမဲ့လို့ ဒီလူသတ်မှုရယ်၊ တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ရုံးတင်စစ်ဆေးမှုမှာမြင်ရတဲ့ ပြဿနာဖြစ်နိုင်တဲ့ အစိတ်အပိုင်းတွေရယ်ကနေ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲ၊ သူတို့အပြစ် အတွက် သူတို့တာဝန်ယူရမှာလားဆိုတာတွေကတော့ အလေးအနက် မေးခွန်းထုတ်စရာပဲ”လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးကိုနီရဲ့ဈာပနကို မတက်ရောက်ခဲ့သလို ပထမပိုုင်းဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှထုတ်ဖော်ပြောဆိုုတာမရှိပါဘူး။ ဦးကိုနီသေဆုံးခြင်းတစ်လပြည့်ပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး၊ အဲဒီ ဦးကိုနီချီးကျူးဂုဏ်ပြုပွဲအခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးကိုနီကို ရဲဘော် ရဲဘက်တစ်ဦး၊ အကြံပေးတစ်ဦးအဖြစ် ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံခံရပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဦးကိုနီကိုဆုံးရှုံးလိုက်ရတာဟာ ကျန်ရစ်ခဲ့သူတွေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်သလို သတိပေးချက်လည်းဖြစ်တယ်လို့ တိုးတိုးတိတ်တိတ် ဆိုကြောင်း ဒေါ်စုနဲ့ရင်းနှီးသူ တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီဖြစ်ရပ်အပေါ်မှာ ပုဂ္ဂလိကအနေနဲ့ဘယ်လိုပဲရှုမြင်သည်ဖြစ်စေ ဦးကိုနီလုပ်ကြံခံရတာ ရော၊ ရက်သတ္တပတ်နဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့တာရောက မြန်မာမွတ်စလင်တွေ အားလုံး အတွက် ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူးလို့ ဆိုလိုရာရောက်ပါတယ်။ အင်န်အယ်ဒီပါတီဟာ မွတ်စလင် နိုင်ငံရေးသမားတွေနဲ့ ပေါ်ပေါ်တင်တင် ခပ်ကင်းကင်းနေခဲ့တာလည်း ဒီ့မတိုင်ခင်ကတည်းကပါပဲ။ ခုလိုမျိုး ဦးကိုနီ သတ်ဖြတ်ခံလိုက်ရတာကိုကြည့်ရင် စစ်တပ်ကိုနိုင်ငံရေးကထွက်ခွာဖို့ နားချမယ်ဆိုတဲ့ ကြိုးပမ်းချက်ဟာ ဘယ်လောက် အန္တရာယ်များသလဲဆိုတာကို ပြသလိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတဲ့အပေါ် မေးမြန်းရာမှာတော့ ဦးကိုနီရဲ့သားဖြစ်သူက သတိထားပြီး စကားကို အခုလိုပြောပါတယ်။ “အဖေ့ဈာပနတုန်းက သူမလာခဲ့တဲ့အပေါ်မှာရော နှုတ်ဆိတ်နေတဲ့အပေါ်မှာရော လူတွေက စိတ်ပျက်ကြပါတယ်”လို့ စင်ကာပူနိုင်ငံမှာ နေထိုင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ ဦးသန့်ဇင်ဦးက ဆိုပါတယ်။

ဒီဆောင်းပါးအတွက် မှတ်ချက်တောင်းဖို့ဆက်သွယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုံးကရော ကာကွယ်ရေး ဝန်ကြီးဌာနကပါ အကြောင်းမပြန်ခဲ့ပါဘူး။

စည်းစနစ်ရှိသူဦးကိုနီ

ဦးကိုနီဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အာဏာကို အာမခံပေးထားတဲ့ လက်ရှိအခြေခံဥပဒေကိုဖျက်သိမ်းပြီး အခြေခံဥပဒေအသစ် တစ်ခုနဲ့ အစားထိုးအတွက် တက်တက်ကြွကြွ ဟောပြောနေချိန်ကာလမှာပဲ သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံလိုက်ရတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်လေးဆယ် သူ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ ဥပဒေကျောင်းသားအဖြစ် တက်ရောက် နေစဉ်တုန်းကတော့ ဦးကိုနီဟာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့ သမိုင်းဇာတ်ခုံပေါ် သူကပြအသုံးတော်ခံရမယ့် အခန်းအတွက် ကြိုတင်သိရှိထားပုံ မရခဲ့ပါဘူး။

ဦးကိုနီဟာ မြေပဲစိုက်တောင်သူတွေ၊ တံငါတွေနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ရန်ကုန်ကို ပြောင်းရွှေ့ လာခဲ့သူဖြစ်ပါတယ်။ သူ့မိသားစုဟာ တောင်သူတွေဖြစ်ကြပြီး ဈေးဆိုင်ငယ်လေးတစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ရပါတယ်။ တက္ကသိုလ်မှာ ဦးကိုနီနဲ့အတူတူတက်ဖူးသူတစ်ယောက်ကတော့ ဦးကိုနီဟာ ငယ်ဘဝမှာ “တအားဆင်းရဲ”ခဲ့တယ် လို့ ပြောပြပါတယ်။ ဥပဒေပညာရပ်ကို ဆုံးခန်းတိုင်တတ်မြောက်ဖို့အတွက် ဦးကိုနီဟာ နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ရင်း ကျောင်းစရိတ်ရှာခဲ့ရတယ်လို့ ပြောပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း ဦးကိုနီဟာ ဥပဒေရုံးတစ်ရုံးမှာ စတင်အလုပ်လုပ်ကိုင်ခဲ့ပြီး တရားရုံးတွေမှာ တက်လာတဲ့ ဘယ်အမှုမဆို သူရှေ့နေလိုက်ပေးခဲ့ပါတယ်။ သူဟာ စည်းစနစ်ရှိသူတစ်ဦးဖြစ်တယ်လို့ ဇနီးသည် ဒေါ်တင်တင်အေးက ဆိုပါတယ်။ “သူ့စာအုပ်တွေကို ပေးမကိုင်ဘူး။ စာအုပ်တစ်အုပ်ကို ယူပြီးရင် ယူထားတဲ့ နေရာမှာ အတိအကျပြန်ထားမှ ရတယ်”လို့ ခင်ပွန်းသည်အကြောင်း ပြန်ပြောင်းပြောပြပါတယ်။ “သူ့စာအုပ်တွေ တစ်ယောက်ယောက် ယူကိုင်ထားရင် သိကိုသိတယ်”လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဦးကိုနီဟာ ဥပဒေကျောင်းသားတွေကို စာပြန်သင်ပေးပါတယ်။ သူ့ဆီမှာ စာသင်ဖူးသူ တစ်ဦး ကတော့ ထင်ရှားတဲ့ မွတ်စလင်ရှေ့နေ ဦးရောဘတ်စန်းအောင်ဖြစ်ပါတယ်။ ဦးကိုနီဟာ သူ့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်လို့ရော၊ မွတ်စလင်ရှေ့နေတစ်ယောက်အနေနဲ့ ကြုံရတဲ့အတွေ့အကြုံတွေကိုရော တစ်ခါမှ မပြောပြဖူးဘူးလို့ ရောဘတ်စန်းအောင်က ပြောပါတယ်။ ဒါ့ပြင် သူတို့တစ်တွေ စစ်အစိုးရကို စိန်ခေါ်ပြီး လုပ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေမှာလည်း ဝင်ပါဖို့စိတ်မဝင်စားခဲ့ဘူးလို့ ဦးရောဘတ်စန်းအောင်က ပြောပါ တယ်။

“ဦးကိုနီက နိုင်ငံရေးသမားမဟုတ်ဘူး၊ သူက ရှေ့နေမှရှေ့နေဗျ”လို့ ဦးကိုနီလုပ်ကြံခံရမှုမှာ သေနတ်သမားကြည်လင်းကို ဖမ်းဖို့ကြိုးစားရင်း အသက်ဆုံးခဲ့ရတဲ့ အငှားယာဉ်မောင်းကိုုနေဝင်း မိသားစုဘက်ကနေ ရှေ့နေလိုက်ပေးနေတဲ့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဦးကိုနီရဲ့ဘဝဟာ နောက်ပိုင်းမှာ အဆင်ပြေလာခဲ့ပါတယ်။ သူ့ဇနီးက သမီးနှစ်ယောက်နဲ့ သားတစ်ယောက် မွေးဖွားပေးခဲ့ပါတယ်။ ရန်ကုန်မြို့လယ်က တိုက်ခန်းတစ်ခန်းမှာ မိသားစုနဲ့နေထိုင်ပြီး ဂေါက်သီးရိုက် ကစားတာ ဝါသနာပါတဲ့ ဦးကိုနီဟာ မြန်မာဂေါ့ဖ်ကလပ်ရဲ့ အားလပ်ရက်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ငွေတံဆိပ်ဆုတစ်ခု ရခဲ့ပါ သေးတယ်။ ဒါ့ပြင် ဦးကိုနီဟာ မြန်မာသံစဉ်သီချင်းတွေကို ဆိုရတာလည်း နှစ်သက်သူဖြစ်ပါတယ်။ “မသိမှာစိုးလို့ ပြောရဦးမယ်၊ သူ့ကို လူမမြင်ရဘဲ သီချင်းဆိုသံပဲကြားရမယ်ဆိုရင် သူ့ကိုဗမာလို့ပဲထင်မှာ”လို့ သူ့ဇနီးက ပြောပါတယ်။

ဦးကိုနီနေထိုင်နေတဲ့ ကမ္ဘာလေးဖြစ်တဲ့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေဖြစ်ပေါ်နေခဲ့ပါတယ်။ နိုင်ငံခြားမှာ နှစ်ပေါင်းသုံးဆယ်လောက် နေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မမာတဲ့မိခင်ကြီးကိုပြုစုဖို့ ၁၉၈၈ ခုနှစ် ဧပြီလမှာ မြန်မာပြည်ကိုပြန်လာခဲ့ပါတယ်။

အဲဒီနှစ် ဩဂုတ်လအတွင်း လူထုဆန္ဒပြပွဲတွေရဲ့ကြားမှာ ဒေါ်အောင်ဆန်းစုကြည်က ထွက်ပြီးမိန့်ခွန်းတွေ ပြောခဲ့ ပါတယ်။ ဒီအခါမှာ စစ်တပ်ကိုဆန့်ကျင်တဲ့ စကားတွေ စင်မြင့်ထက်မှာပြော၊ ခေါင်းမှာပန်းတွေအမြဲတမ်း ပန်လေ့ရှိတဲ့ ပိန်ပိန်ပါးပါးအမျိုးသမီးနဲ့ ပတ်သက်ပြီး သူသိချင်စိတ်တွေဖြစ်လာခဲ့ပါတယ်။ “ဦးကိုနီက ရေတစ်ဘူးရယ်၊ အားလူးကြော်ရယ်နဲ့ သွားပြီးတော့ကို ထိုင်နားထောင်တာ”လို့ သူ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဦးကျော်ငြိမ်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပူးတွဲတည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စစ်အစိုးရဟာ အာဏာလွှဲမပေးခဲ့သလို သူ့ကိုလည်း နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး ထောင်ဒဏ်တွေပေးခဲ့ပါတယ်။

အဲဒီအချိန်မှာ ဦးကိုနီကတော့ ရှေ့နေတစ်ယောက်အဖြစ်နဲ့ပဲ မထင်မရှား ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ တခြားရှေ့နေနှစ်ဦးနဲ့အတူ ဥပဒေအကျိုးဆောင်အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ပါတယ်။ သူတို့ ရုံးကလေး အောင်မြင်လာခဲ့ရာမှာ ဦးကိုနီဟာ တစ်ဦးတည်းသော မွတ်စလင်ပါပဲ။ ဒါပေမဲ့ ဒီအချက်ကြောင့် သူစိတ်အနှောင့် အယှက်ဖြစ်ခဲ့ပုံတော့ မရပါ။

‘ဒီမိုကရေစီရဲ့အရိပ်အယောင်’

၂၀၁၀ ပြည့်နှစ်အရောက်မှာတော့ မြန်မာ့စစ်ခေါင်းဆောင်တွေဟာ စစ်ဖက်အုပ်ချုပ်ရေးကနေ အရပ်ဘက် အဝတ်ကို ပြောင်းဝတ်ပြီး တိုင်းပြည်ကိုဆက်အုပ်ချုပ်နိုင်ဖို့အတွက် သူတို့စိတ်တိုင်းကျစီစဉ်ထားတဲ့ ရွေးကောက်ပွဲ ကိုကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးလို့ ခြောက်ရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက် ပါတယ်။ နှစ်နှစ်အကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်အနိုင်ရခဲ့ပါတယ်။

တိုင်းပြည်ဟာ အချိုးအပြောင်းတစ်ခုကို ရောက်လာခဲ့ပြီလို့ ဦးကိုနီက နားလည်လိုက်ပါတယ်။ “သူက ‘ဒီမိုကရေစီ အရိပ်အယောင်တွေတော့ မြင်ရပြီဟေ့။ ငါတော့ မျှော်လင့်ချက်တွေ ရှိလာပြီ’လို့ ပြောသေးတယ်”လို့ ဇနီး ဒေါ်တင်တင်အေးက ပြောပါတယ်။

မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် အားတက်လာခဲ့တဲ့ ဦးကိုနီဟာ ၃၆ မျက်နှာရှိတဲ့ စာအုပ်ငယ် တစ်အုပ်ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေလိုက်ပါတယ်။ လက်တစ်ဖက်နဲ့ မဲတစ်ပြားပုံပါတဲ့ ရိုးရှင်းတဲ့အညိုရောင် မျက်နှာဖုံးပါတဲ့ အဲဒီစာအုပ်ငယ်ရဲ့ ခေါင်းစဉ်ကတော့ ဦးကိုနီရဲ့ဘဝအပေါ် ဥပဒေအပေါ် လက်တွေ့ကျကျ ချဉ်းကပ် လုပ်ဆောင်တတ်တဲ့အကျင့်ကို ပြသတဲ့ခေါင်းစဉ်ပါပဲ။ ခေါင်းစဉ်က “လာမည့်ရွေးကောက်ပွဲတွင် မဲပေးပုံပေးနည်း”။ အဲဒီလက်စွဲစာအုပ်ဟာ မဲဆန္ဒရှင်တွေကို မဲပေးနည်းနဲ့ပတ်သက်ပြီး တစ်ဆင့်ချင်း ရှင်းပြ ထားပါတယ်။

ဦးကိုနီရဲ့အိမ်ဧည့်ခန်းမှာ ဦးကိုနီကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီ စာအုပ်ငယ်လေးတစ်အုပ် လက်ဆောင်ပေးနေတဲ့ ဓာတ်ပုံတစ်ပုံ ချိတ်ဆွဲထားပြီး အနီးက ကိုရန်််ကျမ်းစာပါ အန္တရာယ်ကင်း စာလုံးထွင်းစာတွေ၊ အစ္စလာမ်ဘာသာဆုတောင်းစာတွေရေးထားတဲ့ အကွက်ငယ်နှစ်ကွက်တို့ထက် အဲဒီဓာတ်ပုံကပိုကြီးပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလကစလို့ ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီအတွက် ငါးလတိုင်တိုင် လုပ်အားပေး ခဲ့ပါတယ်။ သူဟာ တိုယိုတာကားလေးတစ်စီးကို မောင်းရင်း တိုင်းပြည်အနှံ့လျှောက်သွားပြီး မဲပေးပုံပေးနည်း ဟောပြောပို့ချခဲ့ပါတယ်။ တစ်မြို့ပြီးတစ်မြို့ကူးရင်းနဲ့လည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် “သူဘယ်လောက် လေးစားသလဲဆိုတာတွေ ပြောတယ်”လို့ ဦးကိုနီရဲ့ဥပဒေရုံးခန်းမှာ နှစ်ပေါင်း ၂၀ ကျော် လက်ထောက်လုပ်ခဲ့ဖူးတဲ့ ဦးစန်းနိုင်က ပြောပါတယ်။ “ဆရာက သူ့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်လာစေချင်တယ်။ တိုင်းပြည်ကို တိုးတက်စေချင်တယ်။ ပညာတတ်တဲ့လူတွေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်လာစေချင်တယ်”လို့ သူက ပြောပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲပဲ သူ့သဘောနဲ့သူ ကူညီခဲ့ပြီး မြန်မာ့ဥပဒေအရ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာတွေနဲ့ပတ်သက်လို့ ဥပဒေသုံးသပ်ချက်တွေကို ရေးသားပေးခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ တားမြစ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ပေမယ့် ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ရာ နည်းလမ်းတစ်ခုကို ရှာဖွေပေးခဲ့သူတွေထဲမှာ ဦးကိုနီပါဝင်ခဲ့ပါတယ်။ ဒီပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ ဈေးဆစ်နေမယ့်အစား အလားတူအာဏာမျိုးကျင့်သုံးနိုင်မယ့် ရာထူးသစ်တစ်နေရာကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဖန်တီးလို့ရနိုင်တယ်လို့ ဦးကိုနီက ချပြခဲ့ပါတယ်။ ‘နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်’ဆိုတဲ့ ရာထူးပါပဲ။

ဒါ့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့အလွန်ခက်ခဲတယ်ဆိုပေမယ့်လည်း လုံးလုံးအသစ်ပြန်မရေးရဘူး လို့တော့ ဘယ်မှာမှ မပြဋ္ဌာန်းထားဘူးလို့ ဦးကိုနီက ထောက်ပြပြန်ပါတယ်။ ပြင်နေမယ့်အတူတူ ဘာဖြစ်လို့ အသစ်တစ်ခု ရေးလို့မဖြစ်နိုင်ရမှာလဲ။

၂၀၁၆ ခုနှစ်အတွင်းက ပြုလုပ်တဲ့ Myanmar Now သတင်းဌာနဲ့အင်တာဗျူးတစ်ခုမှာ ဦးကိုနီက “တပ်မတော်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ပဲ အာရုံထားနေမယ်ဆိုရင်တော့ ဒီအခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင် ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အသစ်ရေးခြင်းကသာလျှင် ဒီမိုကရေစီဆန်တဲ့ အခြေခံဥပဒေအသစ်ဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းပဲ”လို့ ဆိုခဲ့ပါတယ်။ဒါဟာ ဦးကိုနီအဖို့ သားရဲတွင်းထဲခြေချလိုက်တာပါပဲ။

တပ်မတော်အတွက်ကတော့ ဒီအခြေခံဥပဒေဟာ သူတို့အာဏာဆက်လက်ကြီးစိုးထားရေး အာမခံချက်ပါပဲ။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို တပ်ချုပ်က အဆိုပြုနိုင်တဲ့အတွက် တပ်မတော်၊ ရဲနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို တပ်ကသာ ထိန်းချုပ်ထားနိုင်တာဖြစ်သလို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တစ်ဆင့်လည်း တိုင်းပြည်ရဲ့ဗျူရိုကရေစီယန္တရားကို ထိန်းချုပ်ကြီးကြပ်လို့ရတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးကိစ္စ ပြောနေတဲ့ မွတ်စလင်ရှေ့နေ တစ်ယောက် ရှိလာတာဟာ “တပ်မတော်အပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုပါပဲ”လို့ ရန်ကုန်အခြေစိုက် သုတေသန အဖွဲ.တစ်ခုဖြစ်တဲ့ Centre for Economic and Social Development မှ အကြီးတန်းသုတေသီဦးဝင်းမင်းက ပြောပါတယ်။ “ပြီးတော့ မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှုတွေ မြင့်တက်လာတာ နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်”လို့ သူက ဟိုတယ်တစ်ခုရဲ့ကဖေးဆိုင်ထဲ လေသံကိုနှိမ့်ပြောရင်း ဆိုပါတယ်။ “သူကမွတ်စလင်ဖြစ်နေတယ်ဆိုတော့” အစွန်းရောက်အမျိုးသားရေးသမားတွေက ဦးကိုနီကို “ပစ်မှတ်”ထား လာကြပါတယ်။

မြင့်တက်လာတဲ့ခြိမ်းခြောက်မှုတွေ

တံခါးဖွင့်လာတဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်ကတည်းက တာစူနေတဲ့ ဘာသာရေး တင်းမာမှု တွေက စတင်ပေါက်ကွဲလာပါတော့တယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့နှိမ်နင်းမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်တွေအတွင်း “လူမျိုးတုန်းစေလိုတဲ့ ရည်ရွယ်ချက်”နဲ့အတူ ကျူးလွန်တဲ့ မုဒိမ်းပြုကျင့်မှု၊ လူသတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။ အခုဆိုရင် ၂၀၁၇ ခုနှစ်အရေးအခင်းကြောင့်ရော၊ သူ့အရင်ဖြစ်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေ ကြောင့်ပါ ထွက်ပြေးရတဲ့ မွတ်စလင်ဒုက္ခသည်ပေါင်း ၉၀၀,၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရပါတယ်။

ဦးကိုနီဟာ အွန်လိုင်းမှာအပုပ်ချခံရသူဖြစ်လာခဲ့ပါတယ်။ စစ်သွေးကြွရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟာ သူပဲ လို့လည်း စွပ်စွဲလာကြပါတယ်။

လူမှုကွန်ရက်ကနေ သူ့ကိုတိုက်ခိုက်တာတွေဟာ သတိပေးခေါင်းလောင်းထိုးလိုက်တာပါပဲ။ မွတ်စလင် တစ်ယောက်ဖြစ်တဲ့ သူဟာ ကိုယ့်နေရာကိုယ်မနေဘဲ ဘောင်ကျော်ပြီး လုပ်ဆောင်နေမိပြီ ဆိုတဲ့ သတိပေးချက်ပါ။

အင်န်အယ်ဒီပါတီရဲ့ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့်ကတော့ တပ်မတော်ထဲမှာ “မွတ်စလင်တွေကို သတိပေးချင်”နေတဲ့သူအချို့ရှိပြီး “သိသာထင်ရှားတဲ့ပမာဏတော့မဟုတ်ဘူး”လို့ ဦးကိုနီသေဆုံးတာနဲ့ ပတ်သက်လို့ ပြောပါတယ်။

“ကျွန်တော့်အထင် (ခုလိုလုပ်ကြံတာဟာ) ထိရောက်တယ်။ ဘာလို့လဲဆိုတော့ အဲဒိနောက်ပိုင်း မွတ်စလင်တွေ အလွန်သတိထားသွားကြတယ်။ အသံလည်း နည်းနည်းတိတ်သွားတယ်။ စိတ်တော့မကောင်းစရာပဲ၊ ဒါပေမဲ့ ဒါတော်တော် ထိရောက်သွားတယ်လို့ ကျွန်တော်ထင်တယ်”လို့ သူက ဆိုပါတယ်။

ကြီးထွားလာနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီတို့ရဲ့ နိုင်ငံရေး တွက်ချက်စဉ်းစားမှုထဲအထိ ရိုက်ခတ်လာခဲ့ပါတယ်။၂၀၁၄ ဖေဖော်ဝါရီအတွင်း ရန်ကုန်မှာ အင်န်အယ်ဒီက ဦးဆောင်လုပ်မယ့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲတစ်ပွဲမှာ ဦးကိုနီ တက်ရောက် ပြောဖို့စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဆိုတဲ့ အမျိုးသားရေးအဖွဲ့တစ်ဖွဲ့က ဦးကိုနီနဲ့ နောက်ထပ်ဟောပြောမယ့် မွတ်စလင်တစ်ယောက်ကို “အမျိုးဘာသာ သာသနာ”အတွက်ရှေးရှုပြီး မဟောပြောရလို့ တောင်းဆိုတဲ့အတွက် ဟောပြောပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ ပါတီဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ သူဟာ ဘုန်းတော်ကြီးတွေနဲ့ အတတ်နိုင်ဆုံးညှိနှိုင်းခဲ့တယ်လို့ ဒိကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပါတယ်။

ဦးကိုနီကတော့ “ကျွန်တော့်တိုင်းပြည်အနာဂတ်အတွက် တကယ်ပဲ စိုးရိမ်မိတယ်”လို့ မြန်မာသတင်းစာ တစ်စောင်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။အမျိုးသားရေး အုပ်စုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီတို့ဟာ “အမျိုးဘာသာ”ကို စောင့်ရှောက်မယ့်သူတွေမဟုတ်ဘူး၊ တိုင်းပြည်ကို မွတ်စလင်တွေလက်ထဲ ရောင်းစားနေတာဆိုပြီး စတင် တိုက်ခိုက်လာကြပါတယ်။ ဒီလိုစွပ်စွဲချက်တွေကြောင့်ပဲ အင်န်အယ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မွတ်စလင် တစ်ယောက်ကိုမျှ အမတ်လောင်းအဖြစ် မရွေးချယ်ခဲ့ရတဲ့အထိပါပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မိသားစုချင်း ခင်မင်ရင်းနှီးခဲ့ကြတဲ့ ရန်ကုန်မြို့က မွတ်စလင်ခေါင်းဆောင် ဦးအေးလွင်ကတော့ ဒေါ်စုနဲ့အဲဒီအချိန်မှာ တွေ့ပြီး အဖြေတောင်းခဲ့ပါတယ်။

“သူပြောတာတော့ သူတို့အနေနဲ့ မဲဆန္ဒနယ်တစ်နယ်လေးတောင်မှ အဆုံးရှုံးမခံနိုင်ဘူးတဲ့။ ဒါကြောင့်မို့ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်ရတဲ့အထိ စောင့်စေချင်တယ်ပေါ့။ ဒီပန်းတိုင်ရောက်ဖို့အရေး အားလုံးဝိုင်းဝန်း ကြပါ။ ဒီ အကူးအပြောင်းကာလကိုကျော်လွှားဖို့ ပူးပေါင်းကူညီကြပါလို့ ပြောပါတယ်”လို့ ဦးအေးလွင်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို ပြန်ပြောပြပါတယ်။ “အင်န်နယ်ဒီရဲ့ အမတ်လောင်းတွေထဲမှာ မွတ်စလင်တစ်ယောက်တစ်လေ ပါနေမယ်ဆိုရင် အခြားတစ်ဖက်ကလူတွေအတွက် အင်န်အယ်ဒီဟာ မွတ်စလင် တွေကို သုံးနေတဲ့ပါတီဆိုပြီး သတင်းလွှင့်ဖို့အကွက်ရသွားမယ်ပေါ့။”

ဒါပေမဲ့လည်း “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူတို့ကိုယ်သူတို့ ဒီမိုကရက်တွေလို့ အမည်ခံမယ်ဆိုရင် ဒီမိုကရေစီဆိုတာ လူ့အခွင့်အရေးပဲဗျ”လို့ ဦးအေးလွင်က အသံကိုမြှင့်ပြီး ပြောပြန်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်ဒီပါတီက အပြတ်အသတ်နိုင်ပြီး နောက်နှစ် ဧပြီလမှာတော့ ဒေါ်အောင်ဆန်း စုကြည်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ ဥပဒေအရ ဆိုမထားသော်လည်း သူဟာ တိုင်းပြည်ရဲ့တကယ့် ခေါင်းဆောင်ဖြစ်လာတာပါပဲ။

အာဏာရလာတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့နှစ်ရှည်လများ လက်တွဲလာသူတွေက စတင် စိတ်ပျက် လာခဲ့ကြပါတယ်။ အဲဒီထဲမှာ ဒေါ်စု တစ်ချိန်ကအားပေးချီးမြှောက်ခဲ့ဖူးတဲ့ ‘လွတ်လပ်သော မြန်မာနိုင်ငံ ရှေ့နေများအသင်း’ရဲ့ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသိန်းသန်းဦးလည်း ပါဝင်ပါတယ်။ တရားရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးညီလာခံတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံခဲ့တာကို သူက ပြန်ပြောပြပါတယ်။ အဲဒီတုန်းက အင်န်အယ်ဒီအစိုးရက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ဆန္ဒထုတ်ဖော်ခွင့်ဥပဒေကို ပိုမိုတင်းကျပ်ဖို့ အဆိုပြုတဲ့အပေါ် သူ သဘောမတူနိုင်ကြောင်း သူက ဒေါ်စုကိုပြောလိုက်ပါတယ်။ ဒေါ်စုက ပြန်ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးဟာသ တစ်ခုကိုပြောပြီး ပြန်တုံ့ပြန်တယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီအချိန်မှာပဲ ဦးကိုနီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အားကြိုးမာန်တက်ကြိုးပန်းရင်းနဲ့ ပိုမို ထင်ရှားလာပါတယ်။ သူ့အပေါ် ခြိမ်းခြောက်မှုတွေလည်း တိုးလာပါတယ်။ ဖုန်းကိုင်လိုက်တိုင်း သူ့ကို သတ်မယ်၊ ဖြတ်မယ် ခြိမ်းခြောက်မှုတွေ ကြားလာရပါတယ်။ သူမသေခင် ရှစ်လအတွင်း သူ့ကိုသတ်မယ်လို့ခြိမ်းခြောက်မှု အနည်းဆုံး ၁၀ ကြိမ်လောက် ရခဲ့တယ်လို့ ဦးကိုနီမိသားစုဘက်ကနေ ရှေ့နေလိုက်ပေးနေတဲ့ ဦးနေလက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်ကစတဲ့ ကြံစည်မှု

၂၀၁၆ ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ တပ်မတော်အရာရှိဟောင်းသုံးဦး ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးဦးကိုနီအပေါ် “မကျေနပ်”တဲ့အကြောင်း ဆွေးနွေးဖြစ်ရာကနေ လုပ်ကြံဖို့ အကြံအစည်စတင်ပေါ်လာတယ်လို့ ရဲချုပ်နဲ့ပြည်ထဲရေးဝန်ကြီးတို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ တင်ပြတဲ့ တွေ့ရှိချက်တွေက ဆိုပါတယ်။ မီဒီယာမှာပါတဲ့ အဲဒီမှတ်ချက်တွေကိုလည်း နောက်ပိုင်း ရုံးတော်ကို တင်ပြခဲ့ပါတယ်။

အဲဒီတုန်းက လက်ဖက်ရည်ဆိုင်မှာ ဆုံခဲ့သူတွေကတော့ တပ်မတော်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးနဲ့ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့ဖြစ်တယ်လို့ ရဲချုပ်ရဲ့အဆိုအရ သိရပါတယ်။ သူတို့အပြင် ၂၀၁၁ ကနေ ၂၀၁၅ အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းလည်း ရှိနေပါတယ်။ လင်းဇော်ထွန်းဟာ ၂၀၁၆ ခုနှစ်ကစလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

သူတို့သုံးယောက်စလုံးဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း စစ်တက္ကသိုလ်ကျောင်းကနေ တစ်ဦးနဲ့တစ်ဦး တစ်နှစ်စီ ခြားပြီး ကျောင်းဆင်းခဲ့ကြသူတွေပါ။ ကျောင်းဆင်းပြီးနောက်မှာ သူနဲ့အောင်ဝင်းခိုင်တို့ဟာ တပ်ရင်းတစ်ရင်း တည်းမှာပဲ တာဝန်ကျခဲ့တယ်လို့ လင်းဇော်ထွန်းက ထွက်ဆိုပါတယ်။ ဇေယျာဖြိုးဟာ ကိုယ်ကျင့်သိက္ခာရှိပြီး ဘာသာတရားကိုင်းရှိုင်းသူဖြစ်တယ်၊ “အပျော်အပါးလိုက်စားသူမဟုတ်ဘူး”လို့လည်း သူက ရုံးတော်မှာ ထွက်ဆို ပါတယ်။

သက်သေအဖြစ်တင်သွင်းတဲ့ ဓာတ်ပုံတွေထဲမှာ သူတို့သုံးဦး ၂၀၁၆ ဩဂုတ်လအတွင်းက ဟောင်ကောင်မှာ အတူတူ ကင်မရာရှေ့မှာ ပြုံးပြီး အရိုက်ခံထားတဲ့ပုံတွေပါပါတယ်။ သက်သေခံထွက်ဆိုချက်ထဲမှာ လင်းဇော်ထွန်းကတော့ ဒါဟာ ချိန်းမထားဘဲ သွားဆုံဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

အောင်ဝင်းခိုင်ဟာ ဦးကိုနီကိုသတ်ဖြတ်ပေးမယ့် သေနတ်သမားတစ်ယောက် ရှာပေးဖို့ သူ့ညီကိုခိုင်းတယ်လို့ ရဲချုပ်က ဆိုပါတယ်။ ဇေယျာဖြိုးကလည်း အလုပ်လုပ်ဖို့အတွက် ကျပ်သိန်း ၁၀၀၀ ကို အောင်ဝင်းခိုင်ကို ပေးပါတယ်။

ဦးကိုနီကို သေနတ်နဲ့ပစ်ခတ်ခဲ့သူကတော့ ဘုရားခိုးမှုနဲ့ထောင်ကျဖူးတဲ့ ကြည်လင်းဆိုတဲ့ ထောင်ထွက်တစ်ဦး ဖြစ်ပါတယ်။ ဦးကိုနီကို သူပစ်သတ်ခဲ့တာကို ကြည်လင်းကဝန်ခံပါတယ်။ ဒါပေမဲ့ မသတ်ရင် သူ့အသက်ကို သတ်မယ်လို့ တခြားတစ်ယောက်က ခြိမ်းခြောက်လို့လုပ်ရတာပါလို့လည်း ပြောပါတယ်။ ဒီအချက်ကတော့ ရဲရဲ့ ကနဦးစုံစမ်းမှုထဲမှာ မပါတဲ့အချက်ပါပဲ။ ဦးကိုနီကို ပစ်သတ်ပြီးနောက် ကြည်လင်းဟာ ၉ မမ ပစ္စတိုကို လက်တစ်ဖက်ကကိုင်၊ နောက်ထပ်သေနတ် တစ်လက်ကို လွယ်အိတ်ထဲမှာ ထည့်ပြီး ထွက်ပြေးပါတယ်။ ဒါပေမဲ့ ဝေးဝေးမပြေးနိုင်ခဲ့ပါဘူး။ သူ့နောက်က လူအုပ်က သူ့ကိုဖမ်းဆီးနိုင်ခဲ့လို့ပါ။

ကြည်လင်းကိုမိပြီးနောက်မှာ သူနဲ့ အောင်ဝင်းခိုင်ရဲ့ညီတို့ဟာ ထောင်ထဲမှာ အတူတူကျဖူးကြောင်း ပေါ်ပေါက်လာခဲ့ ပါတယ်။ ဒီအချက်ကိုအခြေခံပြီး တခြားကျန်တဲ့ စွပ်စွဲခံရသူတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ တရားရုံးထွက်ချက်တွေက ဆိုပါတယ်။ သက်သေခံတင်သွင်းတဲ့ လေဆိပ်လုံခြုံရေးဗီဒီယိုမှတ်တမ်းထဲမှာတော့ အောင်ဝင်းခိုင်ရဲ့ညီ အောင်ဝင်းဇော်ဟာ လုပ်ကြံမယ့်နေ့မှာ ကြည်လင်းဘေးမှာရှိနေပါတယ်။ သူတို့ နှစ်ဦး အပြန်အလှန် စကားပြောနေကြဟန် ရှိပါတယ်။ အောင်ဝင်းခိုင်ဟာလည်း မလှမ်းမကမ်းမှာပဲ ရှိနေတယ်လို့ ဗီဒီယို အရ မြင်ရပါတယ်။ ထောင်ထဲရောက်ပြီးနောက်ပိုင်း မုတ်ဆိတ်မွေးနဲ့ ဆံပင်အရှည်ထားလာတဲ့ ဇေယျာဖြိုးကတော့ ဒီလူသတ်မှုနဲ့ သူနဲ့ ဘာမှမပတ်သက်ဘူးလို့ ထွက်ဆိုပါတယ်။ ဒါ့ပြင် လုပ်ကြံဖို့နောက်ကငွေထုတ်ပေးတာ၊ သို့မဟုတ် လက်ဖက်ရည်ဆိုင် စကားဝိုင်းမှာ ပါဝင်ခဲ့တာတွေကိုလည်း ငြင်းဆိုပါတယ်။

အောင်ဝင်းခိုင်ရဲ့ညီ အောင်ဝင်းဇော်ကလည်း လူသတ်မှု၊ ပူးပေါင်းကြံစည်မှုမှာ သူမပါဘူးလို့ ထွက်ဆိုပါတယ်။ အောင်ဝင်းခိုင်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပါ။
အောင်ဝင်းဇော်ရဲ့ ရှေ့နေကတော့ သူ့အမှုသည်ရော အောင်ဝင်းခိုင်ရောဟာ ဒီလုပ်ကြံမှုနဲ့ဘာမှမပတ်သက်ဘူးလို့ ပြောပါတယ်။ သူတို့ဟာ တပ်မတော်အရာရှိဟောင်းတွေဖြစ်တာမို့ သူတို့ကြံစည်ရိုးမှန်ရင် ဒီထက် ပိုပြီး စနစ်တကျရှိမယ်လို့ ပြောပါတယ်။

အဲဒီ လက်ဖက်ရည်ဆိုင် ဆွေးနွေးပွဲမှာရှိနေခဲ့တယ်လို့ ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထောက်ဟောင်း လင်းဇော်ထွန်းကတော့ တရားစွဲခံထားရခြင်း မရှိသေးပါဘူး။ လုပ်ကြံမှုမှာ သူပါဝင်ပတ်သက်တဲ့ အထောက် အထား မတွေ့ရဘူးလို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။

ဦးကိုနီလုပ်ကြံခံရပြီးနောက်နေ့ ညနေပိုင်းမှာ နေပြည်တော်က သူ့အိမ်ကို အောင်ဝင်းခိုင် ရောက်လာခဲ့တယ်လို့ လင်းဇော်ထွန်းက ရုံးတော်မှာ ထွက်ပါတယ်။ အဲဒီ ခရီးစဉ်မှာ အောင်ဝင်းခိုင်ကို သူ့ပိုက်ဆံ ကျပ် ၁၀ သိန်း ပေးခဲ့တယ်၊ အောင်ဝင်းခိုင်က စီးပွားရေးလုပ်ငန်းကိစ္စ ငွေလိုတယ်လို့ ပြောတယ်လို့ လင်းဇော်ထွန်းက ဆိုပါတယ်။ ပြောပါတယ်။

ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နဲ့ သူနဲ့ဆက်ဆံရေးကိစ္စ ‘ရိုက်တာ’က မေးရာမှာတော့ ဖြေကြားဖို့ လင်းဇော်ထွန်းက ငြင်းပါတယ်။ “ရုံးတော်မှာ ကျွန်တော်ဖြေပြီးပါပြီ”လို့ သူက ပြောပါတယ်။

စစ်တပ်ကလူ

ရုံးတင်ရာမှာ တင်ပြတဲ့သက်သေခံတွေကိုရော ကုမ္ပဏီဖိုင်တွဲတွေကိုရော ရိုက်တာက လေ့လာခဲ့ရာမှာတော့ ဇေယျာဖြိုးရဲ့ တပ်နဲ့ပတ်သက်တဲ့ အတိုင်းအဆကို မြင်ရပါတယ်။ မြန်မာပြည်ပြင်ပကလူတွေအနေနဲ့တော့ ဒါကို အနည်းအကျဉ်းပဲနားလည်နိုင်ပါလိမ့်မယ်။ တပ်အရာရှိဟောင်းတွေရဲ့ ခြေတံလက်တံရှည်မှု၊ တပ်ထဲမှာ ကျန်နေခဲ့သူတွေနဲ့ စီးပွားရေးအရ ဘာသာရေးအရ မိတ်ဆွေကဏ္ဍအရ ပတ်သက်ဆက်နွှယ်မှုတွေပါပဲ။

၂၀၀၄ ခုနှစ် ထောက်လှမ်းရေးကထွက်ပြီးတဲ့နောက် ဇေယျာဖြိုးဟာ ရဲတန်းလျားတစ်ခုဆောက်တာ၊ ရဲတပ်ဖွဲ့ အတွက် စက်ပစ္စည်းနဲ့ လက်နက်ကိရိယာတွေ တင်သွင်းတာတွေ အပါအဝင် လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုတွေ ပါတဲ့ စာချုပ်ချုပ်ခွင့်တွေရရှိခဲ့တယ်လို့ တရားရုံးထွက်ဆိုချက်အရရော သူပိုင်ကုမ္ပဏီတစ်ခုရဲ့ဝက်ဘ်ဆိုက်အရရော သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း သူဟာ ZYP Pte Ltd လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို စင်ကာပူမှာ ထူထောင်ခဲ့တယ်လို့ စင်ကာပူ နိုင်ငံရဲ့ စာရင်းအင်းနှင့် ကော်ပိုရိတ် ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့မှာ တင်ပြထားတဲ့ မှတ်ပုံတင်အထောက်အထား တွေက ဆိုပါတယ်။ အဲဒီကုမ္ပဏီဟာ ကင်းလှည့်ရေယာဉ်နှစ်စင်း ဝယ်ယူဖို့အတွက် တရုတ်အစိုးရပိုင် သင်္ဘောကျင်းတစ်ခုကို ချဉ်းကပ်ခဲ့တယ်လို့ အဲဒီသင်္ဘောကျင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီလိုဝယ်ယူ ရာမှာ ကျသင့်ငွေကို မြန်မာပြည်မှာဖွင့်ထားတဲ့ ကုမ္ပဏီတစ်ခုကနေ လာတယ်လို့ အဲဒီသင်္ဘောကျင်းက မန်နေဂျာ တစ်ဦးက ‘ရိုက်တာ’ကိုပြောပါတယ်။

ဇေယျာဖြိုးကတော့ အဲဒီကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာလို့ ဖော်ပြထား ပါတယ်။ စစ်တပ်ကနေ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူပြီး ဇေယျာဖြိုးပိုင်ကုမ္ပဏီတစ်ခုမှာ ၂၀၁၂ ကစလို့ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်သူတစ်ဦးကတော့ သူ့အလုပ်ရှင် ဇေယျာဖြိုးဟာ ရဲတပ်ဖွဲ့ အတွက်လိုအပ်တဲ့ ရေယာဉ်တွေကိုတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

ဦးကိုနီလုပ်ကြံမခံရခင် ငါးလလောက်အလိုမှာ ဇေယျာဖြိုးရဲ့လက်အောက်က ဝန်ထမ်းတွေဟာ တပ်မတော်ထံကနေ ဆက်သွယ်ရေးစက်ကိရိယာတွေ ရရှိခဲ့တယ်လို့ ရဲကဝင်ရောက်ရှာဖွေသိမ်းဆည်းခဲ့တဲ့ တပ်ရဲ့ပစ္စည်းဖြည့်တင်းရေးပုံစံဖောင်တွေအရ သိရပါတယ်။ အဲဒီပုံစံဖောင်တွေကို ရုံးတော်ထံကိုလည်း သက်သေခံ သွင်းထားပါတယ်။ တပ်မတော်လက်အောက်ခံ ဌာနတစ်ခုရဲ့တံဆိပ်တုံးနှိပ်ထားပြီး သူ့ကုမ္ပဏီရဲ့နာမည် ပါရှိနေတဲ့ အဲဒီပုံစံဖောင်တွေဟာ “တရားဝင်စာရွက်စာတမ်းတွေ”ဖြစ်တယ်လို့ ဇေယျာဖြိုးက ရုံးတော်မှာ ထွက်ဆိုပါတယ်။

ဇေယျာဖြိုးရဲ့ကုမ္ပဏီက တပ်မတော်ဌာနထံကနေ လက်ခံရရှိခဲ့တဲ့ သို့မဟုတ် အဲဒီဌာနကိုပေးပို့မယ့် အဲဒီ စက်ကိရိယာတွေရဲ့ အမျိုးအစားနဲ့နည်းပညာတွေကို ခြုံငုံကြည့်ရရင် ကြားလူဖြတ်နားမထောင်နိုင်အောင် တီထွင် ထုတ်လုပ်ထားတဲ့၊ သူနဲ့ကိုယ်နဲ့သာဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးပစ္စည်းတွေဖြစ်နိုင်တယ်လို့ တပ်မတော် အရာရှိဟောင်းတစ်ဦးက ‘ရိုက်တာ’ကို ပြောပါတယ်။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တဲ့ အဲဒီ အရာရှိဟောင်းက ပစ္စည်းဝယ်ယူရေးပုံစံဖောင်မိတ္တူတွေကိုဖတ်ရှုပြီးနောက်မှာတော့ ဒီလို စက်ပစ္စည်းကိရိယာတွေ အလွှဲအပြောင်းလုပ်တဲ့ကိစ္စကိုကြည့်ပြီး ဇေယျာဖြိုးဟာ တပ်ထဲက ထိပ်ဆုံးနေရာက လူပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာကို ပြနေတယ်လို့ ဆိုပါတယ်။ တပ်မတော်ဝန်ထမ်းတွေဟာ ထိပ်ပိုင်းက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့သာလျှင် ဒီလို စက်ကိရိယာတွေကို အရပ်သားတစ်ယောက်ဆီ လွှဲပြောင်းပေးတာမျိုး လုပ်မယ်လို့ အဲဒီအရာရှိဟောင်းက ဆိုပါတယ်။

“ငြိမ်းချမ်းရေးဆီသွားရာလမ်းရဲ့အစိတ်အပိုင်းလို့ လူတိုင်းကယုံကြည်ကြ”

ဇေယျာဖြိုးပိုင် ကုမ္ပဏီတစ်ခုရဲ့ ရုံးခန်းတွေကို ရဲကဝင်ရောက်ရှာဖွေရာမှာ ဦးဝီရသူရဲ့တရားစီဒီခွေတစ်ချပ်ကို တွေ့ခဲ့တယ်လို့ တရားရုံးသက်သေခံများအရ သိရပါတယ်။ ဦးဝီရသူဟာဆိုရင် မွတ်စလင်တွေကို “ရန်သူတွေ”လို့ ခေါ်ခဲ့ဖူးသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အွန်လိုင်းမှာတင်ထားတဲ့ မွတ်စလင်တွေနဲ့ပတ်သက်တဲ့ တရားတစ်ပုဒ်မှာ ဆိုရင် ဦးဝီရသူက “တစ်ခါတစ်ရံကျတော့ တွေးမိတယ်။ ဒီလူတွေ ထမင်းစားတဲ့အခါကျရင် စအိုကနေများ စားသလားလို့” ပရိသတ်ကိုမေးပါတယ်။ ပရိသတ်ပွဲကျသွားတဲ့အခါမှာ သူက “သူတို့တွေ အိမ်သာ သွားတဲ့အခါ ပါးစပ်နဲ့သွားသလား”လို့ ထပ်မေးပါတယ်။

သိမ်းဆည်းရမိတဲ့ တရားခွေနဲ့ပတ်သက်လို့ ဒီအခွေကို သူ့အလုပ်ခန်းထဲကနေ တွေ့တာမဟုတ်ကြောင်းနဲ့ သူဟာ “ဘာသာရေးအစွန်းရောက်”တစ်ဦးမဟုတ်ကြောင်း ဇေယျာဖြိုးက ရုံးတော်မှာ ထွက်ဆိုပါတယ်။

ဦးကိုနီ လုပ်ကြံခံရပြီးနောက်မှာ ဦးဝီရသူက ဖေ့စ်ဘွတ်မှာ စာတစ်ပုဒ်တင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အဲဒီဥပဒေက တပ်မတော်အတွက် ပေးထားတဲ့နိုင်ငံရေးအာဏာတို့ဟာ “တစ်မျိုးသားလုံး လုံခြုံရေးအတွက် အရေးကြီး”တယ်လို့ ရေးသားခဲ့ပါတယ်။ ဒီနေရာမှာ ဦးဝီရသူဟာ ဗုဒ္ဓဘာသာဝင် လူများစုကြီးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူက ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။.

ဦးဝီရသူကို ‘ရိုက်တာ’က ဖုန်းခေါ်ဆိုခဲ့ပေမယ့် သူက ဒီဆောင်းပါးအတွက် မှတ်ချက်တစ်ခုပေးဖို့ ငြင်းဆန်ပါတယ်။

မွတ်စလင်ဆန့်ကျင်ရေး ရေစီးတွေ မြန်မာနိုင်ငံမှာမြင့်တက်နေချိန် အသက်အန္တရာယ်ခြိမ်းခြောက် ခံရပေမယ့်လည်း လုပ်စရာရှိတဲ့တစ်ခုတည်းသောအလုပ်က ဒီမိုကရေစီအတွက် ဆက်ပြီးလုပ်သွားဖို့ပဲလို့ ဦးကိုနီက သူ့ဇနီးကို ပြောခဲ့ပါတယ်။

သူလုပ်ကြံခံရတဲ့နေ့က ရန်ကုန်လေဆိပ်အရောက် လေယာဉ်ပေါ်ကနေ ဆင်းသက်ချိန်မှာလည်း ဦးကိုနီဟာ ဒီ အလုပ်ကိုပဲ လုပ်နေခဲ့တာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ အသွင်ကူးပြောင်းရာမှာ ကြုံရတဲ့ သင်ခန်းစာတွေကို ဆွေးနွေးဖို့ သူဟာ မြန်မာအရာရှိတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ အင်ဒိုနီးရှားကို ခရီးသွားရာကနေ ပြန်လာခဲ့တာပါ။ သူတို့နဲ့အတူ ဗုဒ္ဓဘာသာဝင်တွေ၊ ရိုဟင်ဂျာမွတ်စလင်တွေလည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမယ့် စေ့စပ်ညှိနှိုင်းသူတွေပါဝင်မယ့် အဖွဲ့ငယ်လေးတွေဖွဲ့ဖို့ သူတို့ သဘောတူခဲ့ကြပါတယ်။

“ဒါဟာ ငြိမ်းချမ်းရေးဆီသွားရဲ့လမ်းရဲ့ တစ်စိတ်တစ်ဒေသပဲလို့ လူတိုင်းက ယုံကြည်ခဲ့ကြပါတယ်”လို့ ခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့ ဦးမြအေးက ပြောပါတယ်။

ဦးကိုနီလုပ်ကြံခံလိုက်ရတဲ့အတွက် အဲဒီကိစ္စလည်း အဆုံးသတ်သွားခဲ့ပါတယ်။ ခုနစ်လလောက် အကြာမှာတော့ ရခိုင်မှာ တပ်မတော်ရဲ့စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရ ပါတယ်။

ရန်ကုန်မြို့မှာ ကာကွယ်ရေးလေ့လာမှုဌာနတစ်ခု ဖွင့်လှစ်ထားတဲ့ တပ်မတော်အရာရှိဟောင်း ဦးနိုင်ဆွေဦးလည်း ခရီးစဉ်မှာ လိုက်ပါသွားခဲ့ပါတယ်။ ဦးကိုနီကိုပစ်လိုက်တဲ့ သေနတ်သံကို ကြားလိုက်တယ်လို့ သူကပြောပါတယ်။

ဦးနိုင်ဆွေဦးကတော့ ဒီကိစ္စမှာ တပ်မတော်မပါဝင်မပတ်သက်ဘူးလို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေး ဦးကိုနီရဲ့ လုပ်ဆောင်မှုတွေပေါ်ထွက်လာတဲ့နောက် အဲဒီလိုပြောဆိုချက်တွေဟာ “တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်တယ်”လို့ ထင်မြင်ယူဆတဲ့သူတွေရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာတော့ ဒီလိုထင်မြင်ချက်တွေကြောင့်ပဲ ကျည်ဆန်တစ်တောင့်ဟာ သေနတ်ပြောင်းဝကနေ နေ့ခင်းကြောင်တောင် ထွက်လာပြီး ဒီမိုကရေစီရတော့မယ်လို့မျှော်လင့်နေတဲ့ လူတစ်ယောက်ရဲ့ အသက်ကို သွေးထွက်သံယို နုတ်ယူသွားခဲ့ပါတော့တယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် In a Muslim lawyer’s murder, Myanmar’s shattered dream ရိုက်တာသတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading