ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲ

ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သည့်အဆို ပြည်နယ်လွှတ်တော်တွင် အနိုင်ရပြီး နှစ်ရက်အကြာတွင် နိုင်ငံတော်သမ္မတက ၎င်းကို တာဝန်မှ ရပ်စဲလိုက်ခြင်း ဖြစ်သည်

Published on Sep 3, 2020
စက်တင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓာတ်ပုံ- ကေဇွန်နွေး/ Myanmar Now)
စက်တင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓာတ်ပုံ- ကေဇွန်နွေး/ Myanmar Now)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲလိုက်ကြောင်း သမ္မတရုံးက ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ အကြောင်းကြားခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ နိုင်ငံတော်သမ္မတက ပေးပို့သည့် အကြောင်းကြားစာတွင် ရေးသားထားသည်။

“အခုပဲ ၃ နာရီထိုးခါနီး သမ္မတရုံးက ဖက်စ်နဲ့ ဝင်လာတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက Myanmar Now ကို ပြောသည်။

ယာယီဝန်ကြီးချုပ်အဖြစ် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုအား တာဝန်ပေးထားကြောင်း ဦးလှထွေးက ပြောသည်။ 

ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ကျိုးအတွက် သုံးစွဲထားခြင်း မရှိသောကြောင့် ၎င်းအနေဖြင့် စိုးရိမ်မှုမရှိကြောင်း၊ နည်းမှန်လမ်းမှန် လာရောက်စစ်ဆေးပါက အစစ်ဆေးခံနိုင်ကြောင်း တာဝန်မှ ရပ်စဲခံရသည့် အကြောင်းကြားစာ မရောက်မီ နာရီပိုင်းအလိုတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောသည်။

“ကျွန်တော်တို့ ကယားပြည်နယ်မှာ ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ ဒါပေမယ့် အဆိုးထဲက အကောင်းက ဒီလိုဖြစ်ပျက်သွားတဲ့ကိစ္စတစ်ခုဟာ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေရော၊ ကျွန်တော်တို့နိုင်ငံအတွက်ရော၊ ပြည်နယ်‌တွေအတွက်ရော ကောင်းမွန်တဲ့ သင်ခန်းစာ ရလဒ်ကောင်းတွေ ရသွားလိမ့်မယ်" ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“ဒီလို ကျွန်တော်ပြောတာဟာ ကျွန်တော့်ဘက်က ဖြူစင်ရိုးသားမှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်ထားတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အစစ်ဆေးခံနိုင်တဲ့အတွက်ကြောင့် ကျွန်တော်ပြောပြတာ" ဟု ၎င်းက ဆိုသည်။

အကြောင်းကြားစာ ရောက်ရှိပြီးပြီးချင်းပင် ဝန်ကြီးချုပ်သည် ယာယီဝန်ကြီးချုပ်အဖြစ် ပူးတွဲတာဝန်ယူမည့် လယ်ဆယ်ဝန်ကြီး ဦးဘော့စ်ကိုအား ရာထူးလွှဲပြောင်းပေးခဲ့သည်။

ထို့နောက် “ဥပဒေနှင့်အညီ စီမံဖြေရှင်းဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့်ပဲ” ဟု နောက်ဆက်တွဲ အရေးယူခံရဖွယ် အခြေအနေများနှင့် ပတ်သက်၍  ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုအပေါ် ငွေကြေးသုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များမှာ မှန်ကန်ကြောင်း စက်တင်ဘာ ၁ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံမဲပေး၍ ရာထူးမှရပ်စဲသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး နှစ်ရက်အကြာတွင် သမ္မတက ယခုကဲ့သို့ အကြောင်းကြားလာခြင်းဖြစ်သည်။ 

ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရား ငှားရမ်းခများကို ဝန်ကြီးချုပ်၏ ကိုယ်ကျိုးစီးပွားနှင့် ပါတီကိစ္စအတွက် သုံးစွဲမှုနှင့် နှစ်စဉ်ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာကို ပြည်သူပိုင်အဖြစ်သတ်မှတ်ပေးရေးအဆိုကို အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းများကို စာချုပ်ဖြင့် ငှားရမ်းထားသည့်အပေါ် အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ဥက္ကဌက ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ကာ စုံစမ်းစစ်ဆေးသည့် လုပ်ငန်းများစတင်ခဲ့သည်။

၁၄ ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချေပနိုင်ရေးအတွက် ၄ ကြိမ်တိုင်တိုင် ခေါ်ယူခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၆ မှ ၂၀၁၈ အထိ ၂ နှစ်ကျော်ကာလအတွင်း စက်ယန္တရား ငှားရမ်းခနှင့် အခြားရငွေ ကျပ် သိန်း ၅,၆၀၀ ကျော်တွင် ၄,၉၅၁ သိန်းကို သုံးစွဲခဲ့ကြောင်း၊ အဆိုပါသုံးစွဲငွေ၏ ၃၇၇ သိန်းကျော်မှာ ကိုယ်ကျိုးစီးပွားနှင့် ၁၃ သိန်းကျော်မှာ ပါတီအရေးကိစ္စများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် တွေ့ရသည်။

ဦးအယ်လ်ဖောင်းရှိုသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် မယ်စဲ့မြို့နယ်တွင် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံရသော်လည်း ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ယခုဖြစ်စဉ်သည် ၎င်းအတွက် မဲဆွ​ယ်ပေးလိုက်သကဲ့သို့ပင်ဖြစ်သည်ဟု ယုံကြည်ထားကြောင်း ပြောသည်။

“ပြည်သူတွေက ဘယ်သူက အမှန်တရားကို ဖော်ဆောင်နေလဲ သိတဲ့အတွက်ကြောင့်၊ အဖြေကို သူတို့ သိထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ကျွန်တော့်ကို မဲဆွယ်ပေးသလိုဖြစ်တယ်” ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“ဒီဖြစ်စဉ်ကြီးဟာ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်ချက်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ပြီးရင် အမှန်တရားဟာ ဘယ်လိုမျိုးလဲ၊ အမှားကို လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သူတို့ (ပြည်သူများ) မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲဟာ မှန်ကန်တဲ့သူတွေအတွက် ရပ်တည်ပေးမယ့် ရလဒ်‌ကောင်းမျိုး၊ သင်ခန်းစာကောင်းမျိုးကို ရလိမ့်မယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အယ်လ်ဖောင်းရှို၏သမိုင်းကြောင်း

လူဦးရေ သုံးသိန်းပင် မပြည့်သော ကယားပြည်နယ်ရှိ နိုင်ငံရေးသမားအနည်းစုကြားတွင် အသက် ၄၂ ရှိပြီဖြစ်သော အယ်ဖောင်းရှိုသည် ဝန်ကြီးချုပ်မဖြစ်ခင်ထိ ကယားပြည်နယ်တွင် လူသိနည်းသူဖြစ်သည်။

ကယန်းနှင့် ရှမ်းသွေးပါသော ဦးအယ်လ်ဖောင်းရှိုသည် ၂ဝ၁၅ အထွေအထွေရွေးကောက်ပွဲ မတိုင်မီ လပိုင်းအလိုတွင်မှ ပညာရေးဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် NLD ပါတီကိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လောပိတရှမ်းရွာဟုခေါ်သော လွိုင်ကော်မြို့နယ် ကျေးရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သော သူသည် စစ်ကိုင်းတိုင်းရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါးကို လိုက်နာကာ ပါတီနိုင်ငံရေး ကင်းရှင်းမည်ဖြစ်ကြောင်း ကတိခံပြီးမှ တက်ခွင့်ရသော ထိုတက္ကသိုလ်သည် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်သည့် အာဏာသိမ်း တော်လှန်ရေးကောင်စီပေါ်ပေါက်ပြီး နှစ်နှစ်အကြာ ၁၉၆၄ တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် ရောက်ရှိခဲ့သည်။

ထိုတက္ကသိုလ်မှ B.Ed ပညာရေးဘွဲ့ ရခဲ့ပြီးနောက် အယ်ဖောင်းရှိုသည် လူဦးရေ ၆ဝဝဝ လောက်သာရှိသောကယားပြည်နယ် မယ်စဲ့ မြို့နယ်တွင် လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ဝန်ထမ်းဘဝတွင် သူသည် စည်းကမ်းလိုက်နာ ပြီးနာမည်ပျက်မရှိဘဲ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်နှင့်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုရေး တံဆိပ်ဆိုသည့် ဆုနှစ်ဆုလည်း ရှိခဲ့သည်။

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် မယ်စဲ့မဲဆန္ဒနယ် အမှတ်() တွင် ထောက်ခံမဲ ၇၂၅ မဲနှင့် ပြိုင်ဘက် ခုနစ်ယောက်ကို အလဲထိုးပြီး ဦးအယ်လ်ဖောင်းရှို အမတ်ဖြစ်လာခဲ့သော်လည်း ကယားပြည်နည်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားခဲ့သည်မှာ သူမဟုတ်ဘဲ လွိုင်ကော်မြို့ ပြည်နယ်ဆေးရုံ လက်ထောက်ဆရာဝန်ဟောင်း ဒေါက်တာအောင်ကျော်ဌေးဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲပြီး က်ပိုင်းအတွင်း ပြည်နယ်ထဲရှိ လူငယ်များနှင့် ဒေသခံလက်နက်ကိုင်အဖွဲ.များမှ ပုဂ္ဂိုလ်အချို.သည် လူထုအစည်းအဝေးတစ်ခု ခေါ်ခဲ့ကာ ဝန်ကြီးချုပ်ဖြစ်လာမည့်သူသည် ဒေသခံ ဌာနေတိုင်းရင်းသား ဖြစ်သင့်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးသကာလ ရန်ကုန်ကော့မှူးဖွား ကရင်မျိုးနွယ်စုဝင် ဒေါက်တာအောင်ကျော်ဌေးသည် ဝန်ကြီးချုပ်ရာထူးနှင့်လွဲခဲ့သည်။

ဒေသခံများ၏ ထိုဆုံးဖြတ်ချက်ကို ကယားပြည်နယ် NLD ခေါင်းဆောင်များနှင့် တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီထံ ပို့ခဲ့ပြီးနောက် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

NLD ခေါင်းဆောင်များသည် ကယားဝန်ကြီးချုပ်နေရာအား ရွေးချယ်ချိန်တွင် အတော်ပင်အကျပ်ရိုက်ခဲ့ဖွယ်ရှိကြောင်း ဒေသခံများကဆိုသည်။ သို့ရာတွင် အယ်ဖောင်းရှိုသည် ယခုနှစ် အထွေအထွေရွေးကောက်ပွဲတွင် ဆက်လက်ဝင်ပြိုင်မည်ဖြစ်ကြောင်းသိရှိရသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading