ရန်ပုံငွေအပေါ် အခွန်စည်းနှောင်ခံရတော့မည့် အရပ်ဘက်အဖွဲ့အစည်းများ

နှစ်စဉ်အခွန်ကြေညာလွှာတင်ပြရန် ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံတင်ကာ ကင်းလွတ်ခွင့်ပြုထားသည့် အဖွဲ့အစည်းနှင့် အသုံးစရိတ်မှလွဲ၍ ဝင်ငွေအပေါ် အခွန်အတုတ်ပေးဆောင်ရမည် 

Published on Aug 27, 2020
ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ပြီးခဲ့သည့်လအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)
ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ပြီးခဲ့သည့်လအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာနှင့် ပတ်သက်၍ စနစ်တကျစိစစ်မှတ်တမ်းတင်မှု အားနည်းခဲ့သည်ဖြစ်ရာ ၎င်းတို့ကို အခွန်စည်းကြပ်မှုအသိုင်းအဝိုင်းတွင် ထည့်သွင်းပြီး စတင်အခွန်စည်းနှောင်တော့မည်ဖြစ်သည်။ 

အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် အသိအမှတ်ပြုခြင်း လုပ်ထုံးလုပ်နည်းများဆိုင်ရာ အမိန့်ကြေညာချက်တစ်ရပ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇူလိုင်လကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အရပ်ဘက်လူမှုအဖွဲ့အစည်များအနေဖြင့် လက်ခံရရှိသော ရန်ပုံငွေကို အစိုးရထံ မဖြစ်မနေတင်ပြရန် တာဝန်ရှိလာသည်။ 

၂၀၂၀ အောက်တိုဘာတွင် စတင်အသက်ဝင်မည့် အဆိုပါကြေညာချက်အရ အရပ်ဘက်အဖွဲ့အစည်းများသည်  ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံတင်ကာ နှစ်စဉ် အခွန်ကြေညာလွှာတင်ပြရမည်ဖြစ်သည်။ ကင်းလွတ်ခွင့်ပြုထားသည့်အဖွဲ့အစည်းနှင့် အသုံးစရိတ်များမှလွဲ၍ ဝင်ငွေအပေါ် အခွန်အတုတ်ပေးဆောင်ရတော့မည်ဖြစ်သည်။ 

အခွန်ဧရိယာအတွင်းရောက် အဖွဲ့အစည်းများ

အရပ်ဘက်အဖွဲ့အစည်းများ လိုက်နာဆောင်ရွက်ရမည့် အခွန်တာဝန်နှင့် ခံစားခွင့် ပွင့်လင်းမြင်သာမှုရှိစေရန်၊ အဆိုပါအဖွဲ့အစည်းများကို အသုံးချ၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့မှုကို တားဆီးကာကွယ်ရန်ရည်ရွယ်ကာ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် အသိအမှတ်ပြုခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဆိုသည်။ 

အကျိုးအမြတ်မယူသော အဖွဲ့အစည်းဆိုရာတွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုနှင့် သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO (အစိုးရမဟုတ်သော အဖွဲ့အစည်း)၊ INGO (အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း)၊ ပုဂ္ဂလိကဖောင်ဒေးရှင်း၊ အရပ်ဘက်အဖွဲ့အစည်း (CSO) နှင့် အလားတူအဖွဲ့အစည်းများ ပါဝင်သည်။ 

အဆိုပါအဖွဲ့အစည်းများအနေဖြင့် ပင်ရင်းမှနုတ်ယူပေးသွင်းခွန်(Withholding Tax)နှင့် အခွန်ဆိုင်ရာ သတင်းအချက်အလက်များ လက်ခံရရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number) လျှောက်ထားရမည်ဖြစ်သည်။ ဘာသာရေးအဖွဲ့အစည်းများကိုမူ ကင်းလွတ်ခွင့်ပြုထားသည်။

“နိုင်ငံတကာမှာ (အကျိုးအမြတ်မယူအဖွဲ့အစည်းတွေ) အခွန်ရုံးမှာ မှတ်ပုံတင်ရတယ်။ ဒီမှာ မှတ်ပုံတင်ထားတာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့်မို့လို့ အခွန်ရုံးမှာ မှတ်ပုံတင်ခိုင်းတာ။ မှတ်ပုံတင်ရမယ်။ နှစ်စဉ်ကြေညာလွှာ တင်ရမယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Myanmar Now ကိုပြောသည်။

အရပ်ဘက်အဖွဲ့အစည်းများသည် ဝင်ငွေနှင့် အသုံးစရိတ်ကို မှတ်တမ်းပြုလုပ်ရမည်ဖြစ်သည့်အပြင် စီပွားရေးလုပ်ငန်းများကဲ့သို့ ဝင်ငွေခွန်ကြေညာလွှာတင်သွင်းရမည်ဖြစ်သည်။ ယင်းကြေညာလွှာတင်သွင်းမှုကိုကြည့်ကာ အသင်းအဖွဲ့များ၏ ဝင်ငွေ၊ အသုံးစရိတ်ကိုတွက်ချက်၍ အမြတ်အစွန်းရှိပါက အခွန်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် အကျိုးအမြတ်မယူသော အရပ်ဘက်အဖွဲ့အစည်းများသည် စီးပွားလုပ်ငန်းမဟုတ်သဖြင့် အမြတ်အစွန်းရှိမရှိ၊ ဝင်ငွေခွန်ကောက်ခံခြင်းပြုမပြုကို အချက်နှစ်ချက်ပေါ် မူတည်ဆုံးဖြတ်မည်ဖြစ်သည်။ 

ပထမအချက်မှာ အရပ်ဘက်အဖွဲ့အစည်းများသည် ရရှိသောရန်ပုံငွေကို ဘာသာရေးနှင့် ကုသိုလ်ရေးအတွက် အသုံးပြုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနက အသိအမှတ်ပြုသည့် အရပ်ဘက်အဖွဲ့အစည်းများကို ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုမည်ဖြစ်သည်။ ထို့အတူ ယင်းအဖွဲ့အစည်းများကို လှူဒါန်းသည့် ရန်ပုံငွေများကို စရိတ်အဖြစ်နုတ်ပယ်ခွင့် ပြုမည်ဖြစ်သည်။ 

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား ကူညီကယ်ဆယ်သည့် အဖွဲ့အစည်းများကိုသာ အသိအမှတ်ပြုအဖွဲ့အစည်းအဖြစ် ခွင့်ပြုမည်ဖြစ်သည်။ 

အသိအမှတ်ပြုခံရသည့် အဖွဲ့အစည်းများသည် ရန်ပုံငွေများကိုယ်ကျိုးအတွက်မသုံးရန်၊ သတ်မှတ်ကဏ္ဍနှင့် ကိုက်ညီသည့် အသင်းအဖွဲ့ရည်ရွယ်ချက်များ ဖော်ပြရန် လိုအပ်သည်။

ငွေကြေးခဝါချမှုနှင့် NGO၊ INGO များ 

ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force- FATA) ၏ စံနှုန်းများအရ မြန်မာသည် ငွေကြေးခဝါချမှုမီးခိုးရောင်အဆင့်တွင် ပါဝင်နေသည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ဝင်ဖြစ်သော်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရာတွင် အလွန်အားနည်းသည်ဟုလည်း အထက်ပါအဖွဲ့အစည်းက ထောက်ပြထားသည်။ 

ယင်းအချက်များအနက် NGO၊ INGO များထံ စီးဝင်လာသည့် ရန်ပုံငွေများကို မှတ်တမ်းတင်ထားမှု၊ အဖွဲ့အစည်းများ၏ သုံးစွဲငွေများစိစစ်မှုကို အဓိကထောက်ပြကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားခဲ့သည်။ 

ဝန်ကြီးဌာန၏ အမိန့်ကြေညာချက်သည်လည်း NGO၊ INGO များကို ခုတုံးလုပ်၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို အားပေးသည့် ငွေကြေးထောက်ပံ့မှုများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် အရပ်ဘက်အဖွဲ့အစည်းများရှိသကဲ့သို့ အသင်းအဖွဲ့မှတ်ပုံမတင်ဘဲ ရပ်တည်နေသည့် အဖွဲ့အစည်းများလည်းရှိသည်။ 

လက်ရှိအချိန်ထိ မှတ်ပုံတင်ထားသည့် NGO ပေါင်း ၁၁၄၂ ခုနှင့် INGO ပေါင်း ၁၅၀ ခု၊ စုစုပေါင်း ၁၂၉၂ ခု ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဖွဲ့အစည်းများအနေဖြင့် နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို အထွေထွေအုပ်ချုပ်ရေးဌာနသို့ တင်ပြရပြီး ယခုအခါ ပြည်တွင်းအခွန်များဦးစီးဌာနကိုလည်း ငွေစာရင်းရှင်းတမ်း ထပ်မံတင်ပြရတော့မည်ဟု သဘာပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် စိမ်းလမ်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ဆိုသည်။

“စာရင်းစစ်တာတွေ ပိုလုပ်လာမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ TIC (အခွန်ထမ်းမှတ်ပုံတင်) နံပါတ် ထုတ်လိုက်ပြီကို။ TIC နံပတ်အရဆိုရင် ကျွန်တော်တို့က နှစ်စဉ် အထွေထွေအုပ်ချုပ်ရေးရှင်းရတာတင် မကဘူး။ လက်ရှိက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစီရင်ခံစာပေးရတာကို။ အခုကတော့ အခွန်ရုံးကိုပါ ပေးရမယ်။ အခွန်ရုံးကိုပါ ပေးရမယ်ဆိုတော့ အခွန်ရုံးကပါ ကျွန်တော်တို့ကို စစ်မှာပေါ့” ဟု ၎င်းက ပြောသည်။ 

သို့သော် နိုင်ငံတကာတွင် အ‌ကြမ်းဖက်မှုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အသုံးပြုပြီး အရပ်ဘက်အဖွဲ့အစည်းများကို အစိုးရက ဖိနှိပ်လေ့ရှိပြီး ယခုအမိန့်ကြေညာချက်ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ လုပ်ပိုင်ခွင့်ကျဉ်းမြောင်းလာမည်ကို စိုးရိမ်မှုလည်း ရှိနေသည်။ 

“ဒီညွှန်ကြားချက်က ကျွန်တော်တို့ကို ကူညီဖို့ထက်စာရင် နှိပ်ကွပ်ဖို့လုပ်တဲ့ဟာလား။ ဒါမျိုးကို စိုးရိမ်တယ်။ နောက်ပြီးတော့ CSO တွေရဲ့လုပ်ပိုင်ခွင့် ကျဉ်းလာမလားဆိုတာကို စိုးရိမ်ပါတယ်” ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ ပြည်ပဆက်ဆံရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများနှင့် အခွန်ယဉ်ကျေးမှု

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုမှာ GDP (ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး) ၏ ၅ ရာခိုင်နှုန်းအောက်ရှိပြီး အာဆီယံနိုင်ငံများနှင့်ယှဉ်လျှင် အနိမ့်ဆုံးဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အခွန်ယဉ်ကျေးမှုမှာလည်း ကောင်းစွာမထွန်းကားသေးပေ။ ထိုအခင်းအကျင်းတွင် အကျိုးအမြတ်မယူသော အရပ်ဘက်အဖွဲ့အစည်းများသည် အဖွဲ့အစည်း၏ ဝင်ငွေအပေါ်တွင် ဝင်ငွေခွန်မပေးဆောင်ရသေးသော်လည်း ဝန်ထမ်းများ၏ လစာဝင်ငွေအပေါ်တွင် အခွန်များပေးဆောင်ကြရသည်။ 

“Nonprofit (အကျိုးအမြတ်မယူဘူး) လို့ခေါ်ပေမယ့် ဝန်ထမ်းတွေရှိတာကိုး။ ဝန်ထမ်းတွေအပေါ်မှာတော့ အခွန်ပေးရတယ်လေ။ နိုင်ငံသားတွေဆိုတော့ ဝင်ငွေခွန်ပေးရတယ်။ အဖွဲ့အစည်းရဲ့ ဝင်ငွေအပေါ်မှာတော့ အခွန်မဆောင်ဘူးလေ။ ဒါက ဖွံ့ဖြိုးရေးအတွက် ရထားတဲ့ငွေကို။ သို့သော်လည်း တစ်ဦးချင်းဝင်ငွေကတော့ အထူးကင်းလွတ်ခွင့်မရှိဘူး” ဟု ဦးဝင်းမျိုးသူက ဆိုသည်။

ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နှစ်နိုင်ငံသဘောတူစာချုပ်များကို လက်မှတ်ထိုးထားသည် အဖွဲ့အစည်းများမှ ဝန်ထမ်းများမှာမူ လစာဝင်ငွေအပေါ်တွင် အခွန်ကင်းလွတ်ခွင့်ရရှိကြောင်း ၎င်းက ဆိုသည်။ 

တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာဝင်ငွေခွန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးအခွန်အရင်းအမြစ်တစ်ခု ဖြစ်သည်။ တစ်ဦးချင်းဝင်ငွေခွန်အဖြစ် တစ်နှစ်လျှင် လစာဝင်ငွေ ၄၈ သိန်းအထက်ရရှိပါက သက်သာခွင့်များနုတ်ပယ်ကာ အခွန်ပေးဆောင်ရပြီး ကုမ္ပဏီနှင့် အဖွဲ့အစည်းဆိုင်ရာဝင်ငွေခွန်မှာမူ အသားတင်အမြတ်အပေါ် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်သည်။

လက်ရှိတွင် အကျိုးအမြတ်မယူသော အရပ်ဘက်အဖွဲ့အစည်းများထံမှ နှစ်စဉ်လစာဝင်ငွေအပေါ်တွင် အခွန်ငွေ ကျပ် ၁၀ ဘီလျံခန့်ရရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မတ်လအတွင်းပြုလုပ်သည့် ရုပ်သံဆွေးနွေးပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

အခွန်ဆောင်ရတော့မည့် အဖွဲ့အစည်းများ

အောက်တိုဘာတွင် အသက်ဝင်လာမည့် အစီအစဉ်အရ အစိုးရအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများရရှိသည့် ရန်ပုံငွေအရင်းအမြစ်နှင့် ယင်းငွေများသုံးစွဲမှုကို စိစစ်ရုံသာမက ဝင်ငွေခွန်ကောက်ခံမည့်သဘောရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများက နားလည်ထားသည်။

“ဝန်ထမ်းတွေဆိုရင်တော့ ရှင်းတယ်။ ဝင်ငွေခွန် ဆောင်ရမယ်ပေါ့။ ဒါပေမယ့် စီးဆင်းလာတဲ့ (အဖွဲ့အစည်း၏) ဝင်ငွေပေါ်မှာ (အခွန်) ဖြတ်ချင်ပုံပေါ်တယ်” ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(MATA) ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်မိုးမိုးထွန်းက ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများရရှိသည့် ရန်ပုံငွေမှန်သမျှသည် ဝင်ငွေခွန်မဆောင်ရဟု ပုံသေမတွက်နိုင်ဘဲ ထောက်ပံ့လှူဒါန်းသည့်အဖွဲ့အစည်းနှင့် ရန်ပုံငွေအသုံးပြုသည့်အခြေအနေပေါ် မူတည်၍ ဝင်ငွေခွန်ကျသင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောဆိုသည်။ 

ဥပမာ ကုလသမဂ္ဂအဖွဲ့အစည်းများက ထောက်ပံ့သည့်ရန်ပုံငွေများမှာမူ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ အသင်းအဖွဲ့တိုင်းတွင် အသင်းအဖွဲ့စည်းမျဉ်းနှင့် ရည်ရွယ်ချက်ရှိပြီး ရန်ပုံငွေကို အကျိုးစီးပွားအတွက်သုံးစွဲပါက အမြတ်အစွန်းရှိလာမည်ဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ထိုအမြတ်အပေါ် အခွန်ကောက်ခံရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“Fund (ရန်ပုံငွေ)ဆိုတိုင်းလည်း အကုန်လုံးက ဝင်ငွေခွန်မကျပါဘူးလို့ ပြောလို့မရဘူး။ အဲ့ဒီတော့ ဘယ်ကရတယ် ဆိုတာတွေအပေါ်မူတည်ပြီးမှ ဝင်ငွေခွန်ကျတယ်၊ မကျဘူး ပြောလို့ရမှာပေါ့။ တချို့ကြတော့လည်း ငွေချေးတာ ရှိတယ်။ ချေးပြီးလုပ်တဲ့ဟာ‌တွေရှိတယ်” ဟု ၎င်းက ဆိုသည်။

မည်သို့ဆိုစေ အမိန့်ကြေညာချက်(၇၉/၂၀၂၀)အရ အရပ်ဘက်အဖွဲ့အစည်းများသည် ရန်ပုံငွေကို ဘာသာရေးနှင့် ကုသိုလ်ရေးအတွက် အသုံးပြုခြင်း၊ အသိအမှတ်ပြုအဖွဲ့အစည်းဖြစ်ခြင်းအပေါ်မူတည်ကာ အခွန်ကင်းလွတ်ခွင့် ခံစားရတော့မည်ဖြစ်သည်။ 

ယင်းနှစ်ချက်နှင့် အကြုံးမဝင်သည့်အဖွဲ့အစည်းများမှာ စီးပွားရေးလုပ်ငန်းများကဲ့သို့  အသားတင်အမြတ်ပေါ်တွင် ဝင်ငွေခွန်ဆောင်ရမည်ဖြစ်သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် NGO၊ INGO နယ်ပယ်တွင် သာရေးနာရေးအဖွဲ့၊ ဖွံ့ဖြိုးရေးအဖွဲ့နှင့် အခွင့်အရေးဆိုင်ရာအဖွဲ့ဟူ၍ အုပ်စုသုံးခုခွဲခြားနိုင်ပြီး အခွန်ကင်းလွတ်ခွင့်သတ်မှတ်ချက်များအရ သာရေးနာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့များသာ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ 

အခွင့်အရေးအခြေပြုလှုပ်ရှားသည့် ကျား/မအခွင့်အရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် မြေယာအရေး စသည့် အရပ်ဘက်အဖွဲ့အစည်းများသည် ဖယ်ကျဉ်ခံထားရနိုင်သည်ဟု ဦးဝင်းမျိုးသူက ကောက်ချက်ချသည်။

အစိုးရ၏ အရပ်ဘက်အဖွဲ့အစည်းများအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ အလှူပေးရေး၊ ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများသာ အကြုံးဝင်သည့်ပုံစံဖြစ်သွားကြောင်း ISP Myanmar မှ ဦးအောင်သူငြိမ်းက ဆိုသည်။

ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်း လက်တွေ့အကောင်အထည်ဖော်ပါက အရပ်ဘက်အဖွဲ့အစည်းများ ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ယခုကဲ့သို့ ဆိုသည်။ 

“တစ်ဦးချင်းဝင်ငွေခွန်ပေးပါတယ်။ အဖွဲ့အစည်းပေါ်မှာ ဝင်လာတဲ့ဝင်ငွေပေါ်မှာ ထပ်ကောက်မယ်ဆိုရင်တော့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့တွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading