အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ကျန်ရှိနေသည့် ပြည်ပကြွေးမြီ 

ချေးငွေထုတ်ယူသုံးစွဲမှု အများဆုံးအဖြစ် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်ဖြင့် တရုတ်နိုင်ငံသို့ အများဆုံးကြွေးတင်လျက်ရှိပြီး တရုတ်ကြွေးမြီမှာ အတိုးနှုန်းအမြင့်ဆုံးလည်းဖြစ်သည်

Published on Aug 6, 2020
ရန်ကုန်မြို့ တဖက်ကမ်း တွံတေးမြို့နယ်အတွင်းရှိ မြေကွက်လပ်တခုပေါ်တွင် ဟင်းသီးဟင်းရွက်ရှာနေသည့် အမျိုးသမီးတစ်ဦးကို ယခုနှစ် ဇွန်လပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော် (Myanmar Now) 
ရန်ကုန်မြို့ တဖက်ကမ်း တွံတေးမြို့နယ်အတွင်းရှိ မြေကွက်လပ်တခုပေါ်တွင် ဟင်းသီးဟင်းရွက်ရှာနေသည့် အမျိုးသမီးတစ်ဦးကို ယခုနှစ် ဇွန်လပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော် (Myanmar Now) 

အစိုးရအဆက်ဆက် လက်ဆင့်ကမ်းတာဝန်ယူခဲ့ကြသည့် ပြည်ပကြွေးမြီများ ထုထည်ကြီးမားနေဆဲဖြစ်သည်။ ချေးငွေအရင်းနှင့်အတိုးကို နှစ်အလိုက်ပေးဆပ်နေသော်လည်း အချို့ချေးငွေများမှာ သတ်မှတ်သက်တမ်းကာလအတွင်း ပြန်မဆပ်နိုင်သဖြင့် နောက်ကျကြေးနှင့် အတိုးငွေပမာဏလည်း တိုးပွားလျက်ရှိသည်။

၁၉၈၈ မတိုင်မီမှ ယနေ့အချိန်အထိ ပြည်ပအဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ ချေးယူခဲ့သည့် ပြည်ပကြွေးမြီ များအနက် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလျံကျော် (ကျပ် ၁၅,၅၀၆ ဘီလျံ) ပေးဆပ်ရန်ကျန်ရှိနေသည်။ 

လယ်ယာစိုက်ပျိုးရေးနိုင်ငံဟု ကြွေးကြော်ထားသည့် မြန်မာနိုင်ငံသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းကျော် တင်ပို့နိုင်ခဲ့သည်။ ပြည်ပကြွေးမြီ လက်ကျန်ပမာဏမှာ ထိုဆန်နှင့်ဆန်ကွဲတင်ပို့တန်ဖိုး၏ ၁၀ ဆနှင့် ညီမျှနေသည်။ 

အစိုးရအဆက်ဆက် ပြည်ပငွေချေးရယူမှု

၁၉၈၈ မတိုင်မီမှ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၂၀၁၉ ခုနှစ် စက်တင်ဘာအထိ နိုင်ငံတကာမှချေးယူခဲ့သည့် ချေးငွေပမာဏ ဒေါ်လာ ၂၀ ဘီလျံရှိကြောင်း ဇူလိုင် ၂၄ တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာလေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ပချေးငွေချေးယူခြင်းကို အချိန်ကာလလေးခုဖြင့် ဖော်ပြထားပြီး ယင်းချေးငွေများ၏ ၆၃ ရာခိုင်နှုန်းဖြစ်သည့်  ၁၂ ဒသမ ၇ ဘီလျံကို ထုတ်ယူသုံးစွဲထားပြီး အရင်းပြန်လည်ပေးဆပ်ခဲ့မှုမှာ ၂ ဒသမ ၇ ဘီလျံနီးပါးရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ကြွေးမြီလက်ကျန် တွက်ချက်ရာတွင် ချေးငွေစာချုပ်မှ ထုတ်နုတ်သုံးစွဲပြီးသည့်ငွေပမာဏကို အခြေခံတွက်ချက်ခြင်းဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပကြွေးမြီ ၁၀ ဘီလျံကျော် ကျန်ရှိနေခြင်းဖြစ်သည်။ 

၁၉၈၈ ခုနှစ်မတိုင်မီချေးယူခဲ့သည့် ပြည်ပချေးငွေများသည် သက်တမ်း ၁၅ နှစ်မှ ၄၀ နှစ်သက်တမ်းရှိပြီး လက်ရှိ အချိန်အထိ ပေးဆပ်နေရဆဲဖြစ်သည်။  ထို့အတူ တပ်မတော်အစိုးရလက်ထက် ၁၉၈၈ မှ ၂၀၁၁ အထိချေးငွေများကိုလည်း လက်ရှိအချိန်ထိပေးဆပ်နေရဆဲဖြစ်ကာ ထိုကာလအတွင်းရယူခဲ့သည့် ချေးငွေအများစုမှာ အတိုးနှုန်းကြီးမားသည့် တရုတ်ချေးငွေများဖြစ်သည်။ 

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၆ အတွင်း ရယူခဲ့သည့် ချေးငွေများအနက် တရုတ်၊ ဆာဗီးယား၊ ထိုင်းနှင့် ကိုးရီးယားနိုင်ငံချေးငွေများမှာ အရင်းပေးဆပ်ရမည့်ကာလရောက်ရှိပြီဖြစ်သောကြောင့် စတင်ပေးဆပ်လျက်ရှိကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရလက်ထက် ၂၀၁၆ မှ ၂၀၁၉ အထိ ဒေါ်လာ ၄ ဘီလျံကျော်ချေးယူခဲ့ပြီး ချေးငွေသက်တမ်း ၂၀ နှစ်မှ ၄၀ နှစ်၊ အတိုးနှုန်း သုညရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ 

ခေတ်အဆက်ဆက် ချေးယူခဲ့သည့် နိုင်ငံတကာကြွေးမြီများအနက် ၁၉၈၈ မတိုင်မီကာလမှာ ၄ ဒသမ ၂၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်သည်။ ၁၉၈၈ မှ ၂၀၁၁ အတွင်း ကြွေးကျန် ၂ ဒသမ ၁၂ ဘီလျံ၊ ၂၀၁၁ မှ ၂၀၁၆ အတွင်း ၃ ဒသမ ၂ ဘီလျံနှင့် ၂၀၁၆ မှ ၂၀၁၉ အထိ ကြွေးကျန် ၄၂၂ သန်းဖြစ်သည်။ 

မြန်မာနိုင်ငံအနေဖြင့် အကြွေးအများဆုံးဆပ်ရမည့်နိုင်ငံမှာ တရုတ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဂျပန်ဖြစ်သည်။ ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA)၊ ဂျာမနီ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ပြင်သစ်နှင့် အိန္ဒိယနိုင်ငံသည် အကြွေးအများဆုံးဆပ်ရမည့် အဖွဲအစည်းနှင့်နိုင်ငံများအဖြစ် အစဉ်လိုက်ရှိနေသည်။

ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံဖြင့် ဂျပန်ထံမှ အများဆုံးချေးယူရန် အတည်ပြုထားသော်လည်း ချေးငွေထုတ်ယူသုံးစွဲမှုမှာ တရုတ်က ၄ ဒသမ ၆ ဘီလျံဖြင့် အများဆုံးဖြစ်သည်။ တရုတ်နိုင်ငံကို အများဆုံးကြွေးတင်လျက်ရှိပြီး ပြန်လည်ပေးဆပ်ရမည့် ကျန်ရှိပမာဏမှာ  ၃ ဒသမ ၂ ဘီလျံ ကျော်ဖြစ်သည်။ 

ကြွေးအထူဆုံးဝန်ကြီးဌာနများ

ပြည်ပချေးငွေအများဆုံးရယူထားသည့် ဝန်ကြီးဌာနများတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နံပါတ်တစ်နေ ရာတွင်ရှိနေပြီး ယင်းနောက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ န၊ ယခင်စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ အစဉ်လိုက်ရှိနေသည်။ 

အကြွေးအထူဆုံးဝန်ကြီးဌာနများအနက် စက်မှုဝန်ကြီးဌာန၏ ချေးငွေများသည် ၁၉၈၈ မတိုင်မီကာလနှင့် စစ် အစိုးရလက်ထက်တွင် အများဆုံးချေးယူခဲ့ခြင်းဖြစ်သည်။ စက်မှုဝန်ကြီးဌာနက ချေးယူသုံးစွဲခဲ့သည့် ချေးငွေ ပမာဏနှင့် လက်ရှိနိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၏ ဖွံ့ဖြိုးမှုအခြေအနေကို ချိန်ထိုးတွက်ဆကြည့်ပါက နိုင်ငံတော် အနေဖြင့် အပြည်အဝအကျိုးခံစားခွင့်မရရှိကြောင်း ပြည်သူငွေစာရင်းပူပေါင်းကော်မတီက သုံးသပ်ထားသည်။

စက်မှုဝန်ကြီးဌာန၏ ချေးငွေသုံးစွဲမှုကိုသင်ခန်းစာယူပြီး ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းများကို နိုင်ငံတော်အတွက် ထိထိရောက်ရောက်အသုံးချရန် အရေးကြီးသည်ဟု ပြည်သူငွေစာရင်းပူပေါင်းကော်မတီက ဒုတိယဥက္ကဋ္ဌ (၂) ဇလွန်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။ 

အရှုံးအပေါ်ဆုံးဝန်ကြီးဌာနအဖြစ် နာမည်ကျော်သည့် စက်မှုဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်စက်ရုံ ၅၇ ရုံအနက် ၄ ရုံသာ အမြတ်ရရှိကာ လုပ်ငန်းလည်ပတ်နိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က၂၀၁၉ နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော် ၌ ရှင်းလင်းတင်ပြခဲ့သည်။ 

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) မြင်းခြံသံမဏိစက်ရုံတိုးချဲစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက် ထက်တွင် တရုတ်ဖွံ့ဖြိုးရေးဘဏ် (CDB) ထံမှ ချေးငွေယူရို ၁ ဒသမ ၀၄၂ ဘီလျံကို အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့်ရယူ တည်ဆောင်ရွက်ခဲ့ သည်။ အရှုံးပေါ်သဖြင့် လုပ်ငန်းများရပ်ဆိုင်းထားသော်လည်း ထိုစက်ရုံ စီမံကိန်းအတွက် အတိုးများစွာပေးဆပ် နေရဆဲဖြစ်သည်။ 

ကြွေးလျှော်ခြင်းနှင့် ပြန်လည်ပေးဆပ်မှု

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများကိုပေးဆပ်ရမည့် အကြွေး ထက်ဝက်ကျော်ကို လျှော်ပစ်နိုင်ခဲ့သည်။  

၁၉၈၈ ခုနှစ်မတိုင်မီချေးယူခဲ့သည့်ချေးငွေများဖြစ်ပြီး အကြွေးဒေါ်လာ ၁၁ ဒသမ ၆၉ ဘီလျံကျော်အနက် ၅ ဒသမ ၉ ဘီလျံကျော်ကို Paris Club ဟုခေါ်သည့် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် မြီးရှင်နိုင်ငံများအဖွဲ့က လျှော် ပေးခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

အကြွေးထက်ဝက်ကျော် လျှော်ပေးခဲ့သော်လည်း ကျန်ရှိသည့် အကြွေးဒေါ်လာ ၅ ဒသမ ၇၄ ဘီလျံပေးဆပ် နိုင်ခြင်းမရှိသဖြင့် နောက်ကျကြေးများ ပေးနေရကြောင်းလည်း ဆိုသည်။ 

Paris Club အဖွဲ့ဝင် နိုင်ငံများအနက် ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဩစတေးလျကို ပေးဆပ်ရမည့် နောက်ကျ ကြွေးကျန်မှာ ကြွေးယူစဉ်က ငွေအရင်းထက်ပင်များပြားနေသည်ဟု ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်၌ တင်ပြခဲ့သည်။ 

ဂျာမနီနိုင်ငံမှ ဒေါ်လာ ၆၃၅ သန်း ချေးယူခဲ့ပြီး နောက်ကျကြေးများကြောင့် ၆၉၉ သန်း အကြွေးလျှော်ပေးခဲ့သည့် တိုင် ပေးဆပ်ရမည့်ပမာဏမှာ ၈၇၁ သန်းရှိကြောင်း ၎င်းက ပြောသည်။ 

“ကြွေးမြီလျှော်ပစ်ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ခဲ့မှုတွေကို အသိအမှတ်မပြုလို့ မဟုတ်ပါဘူး။ ကြွေးလျှော်ခွင့် ရရှိခဲ့ခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေးလမ်းစဉ်ကို ကမ္ဘာ့နိုင်ငံများက အသိအမှတ် ပြုပြီးတော့ ချီးမြှင့်ခြင်းဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။ 

ကြွေးမြီတာဝန်ကျေသည့်နိုင်ငံဖြစ်ရန် စာချုပ်ပါသတ်မှတ်ချက်များနှင့်အညီ ပေးဆပ်ရန်လိုအပ်ပြီး ကြွေးမြီတာ ဝန်မကျေပွန်ခြင်းကြောင့် ကြွေးထပ်မံလျှော်ပေးရသည့်အဖြစ်မရောက်ရန် သင်ခန်းစာယူရမည်ဖြစ်ကြောင်း လည်းဆိုသည်။ 

 မြန်မာနိုင်ငံအနေဖြင့် ကြွေးမြီခံနိုင်ရည်ရှိမှုကို ထိန်းထားနိုင်ရန် အခွန်အကောက်ရငွေများ ပြည့်ဝစွာ ကောက်ခံ နိုင်ရေး၊ နိုင်ငံခြားငွေကြေးစီးဝင်မှုအားကောင်စေရေးအတွက် ပြည်ပပို့ကုန်ရငွေများတိုးတက်ရရှိလာရန် လိုအပ် ကြောင်း ချေးငွေဖြင့်ဆောင်ရွက်သည့်စီမံကိန်းများကို လူထုအတွက် အမှန်တကယ်အကျိုးရှိစေရန် ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်လင်းတင်ပြခဲ့သည်။  

ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာအရ ပြည်တွင်းချေးငွေရယူခြင်းကို တဖြည်းဖြည်းလျှော့ချမည်ဖြစ်ပြီး ပြည်တွင်းပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုး(ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး) ကို ၄၀ ရာခိုင်နှုန်းထက် မကျော်ရန်၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးကိုလည်း ၃၀ ရာခိုင်နှုန်းထက်မကျော်ရန် ထိန်းညှိရမည်ဟု သတ်မှတ် ထားသည်။ 

၂၀၁၉ စက်တင်ဘာအထိ ပြည်တွင်းပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၃၈ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သဖြင့်  ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ သတ်မှတ်ချက်နှင့် အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ကြောင်း အစိုးရ၏ ကြွေးမြီဆိုင်ရာလေ့လာတွေ့ရှိချက်အစီရင်ခံစာက ဆိုသည်။

ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာဆိုသည်မှာ ကြွေးမြီခံနိုင်ရည်ကိုထိန်းသိမ်းရန်၊ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်၊ အစိုးရငွေချေးသက်သေခံလက်မှတ် ပြည်တွင်းစျေးကွက်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်။ 

အဆိုပါဟာဗျူဟာအရ ပြည်ပကြွေးမြီများကို ၂၀၅၆ -၂၀၅၇ ဘဏ္ဍာရေးနှစ်အထိ နှစ်ပေါင်း ၄၀ ကြာ အတိုးအ ရင်းပေးဆပ်သွားရမည်ဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာသန်း ၈၀၀ (အစောပိုင်းနှစ်များတွင်) မှ သန်း ၁၀၀ (နောက်ပိုင်းနှစ်များတွင်) ပေးချေရမည်ဟု ခန့်မှန်းထားသည်။ 

၁၉၈၈ မှ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်အထိ ပြည်ပကြွေးမြီအရင်းပေးဆပ်မှု ဒေါ်လာ ၂ ဒသမ ၆၉ ဘီလျံရှိသည်ဟု ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိအစိုးရလက်ထက် ဘဏ္ဍာနှစ်လေးခု အတွင်း ပြည်ပကြွေးမြီ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ပေးဆပ်နိုင်ခဲ့သဖြင့် ပြည်ပကြွေးမြီဆပ်မှုစုစုပေါင်း၏ ထက်ဝက်ကျော်ရှိနေသည်။ 

“ပြန်ဆပ်တာကတော့ သူတာဝန်ရှိတဲ့အတိုင်း ပြန်ပေးနေနိုင်ပါတယ်။ အတိုးလည်း ပေးစရာရှိတာပေးတယ်။ အရင်းလည်း ပြန်ဆပ်စရာရှိတာတွေလည်း ပြန်ဆပ်နေနိုင်ပါတယ်” ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောသည်။ 

အတိုးနှုန်းကြီးမြင့်သည့် တရုတ်ချေးငွေများကို အမြန်ဆုံးကျေလည်အောင်ပေးဆပ်စေလိုပြီး အာရှဖွံ့ဖြိုးရေး ဘဏ်ချေးငွေ၊ ဂျပန်နိုင်ငံချေးငွေ စသည့်အတိုးနှုန်းသက်သာသည့် ပြည်ပချေးငွေများရယူကာ တရုတ်နိုင်ငံ ချေးငွေကို ပြန်လည်ပေးဆပ်ရန်ညှိနှိုင်းသင့်ကြောင်းလည်း ၎င်းကဆိုသည်။ 

တရုတ်ချေးငွေများသည် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုစရိတ် သုည ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ပြည်ပချေးငွေများအနက် အတိုးနှုန်းအမြင့်ဆုံးဖြစ်သည်။ 

ပြည်ပကြွေးမြီတိုးလာဦးမည် 

ချေးငွေစာချုပ်များဟောင်းများမှ ဆက်လက်ထုတ်ယူသုံးစွဲမည့်ချေးငွေများ၊ ပြည်ပအဖွဲ့အစည်းများထံမှ ဆက်လက်ချေးယူမည့် ချေးငွေစာချုပ်သစ်များကြောင့် ပြည်ပကြွေးမြီ ဆက်လက်တိုးလာဖွယ်ရှိနေသည်။ 

ဆက်လက်ထုတ်ယူသုံးစွဲဖွယ်ရှိသည့် ပြည်ပကြွေးမြီသစ် အမေရိကန်ဒေါ်လာ ၈ ဘီလျံနီးပါးအထိရှိနိုင်ပြီး  ကြွေးမြီခံနိုင်ရည်ရှိမှုပမာဏကို ကျော်လွန်သွားနိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က ပြည်ထောင်စုလွှတ်တော်၌ ဇူလိုင် ၂၉ တွင် ဆွေးနွေးခဲ့သည်။

ကြွေးမြီခံနိုင်ရည်ရှိမှုကို ကျော်လွန်ကောင်းကျော်လွန်နိုင်သော်လည်း လက်ရှိချေးငွေအမျိုးအစားများသည် အတိုးနှုန်းသက်သာပြီး နှစ်ရှည်ချေးငွေများဖြစ်သောကြောင့် အတိုးနှုန်းမြင့်ချေးငွေနှင့်နှိုင်းယှဉ်လျှင် အန္တရာယ် နည်းကြောင်း ဦးဇော်ဖေဝင်းက ဆိုသည်။

ထို့အပြင် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါကြောင့် အစိုးရအသုံးစရိတ်များတက်လာသည့်အပြင် စီးပွားရေး လုပ်ငန်းများရပ်တန့်နေခြင်းကြောင့် ရငွေကျဆင်းလာသဖြင့် ပြည်ပချေးငွေ၊ ထောက်ပံ့ငွေများ ရယူသုံးစွဲရမည် သာဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ 

“ရစရာက မရဘဲ ကုန်စရာက ပိုကုန်သွားတယ်။ အဲ့ဒါကြောင့်မို့လို့ ချေးငွေတွေကတော့ ယူရမှာပဲ။ ဒါကြောင့် အကြွေးကတော့ ပိုတင်သွားတာပဲ။ ဒါပေမဲ့လို့လည်း ဒီချေးငွေတွေက မယူလို့လည်းမဖြစ်ဘူးပေါ့။ တစ်ခုပဲ ရှိတာပါ။ ဒီချေးငွေတွေကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့တော့လိုတာပေါ့” ဟု ဦးဇော်ဖေဝင်းက ပြောသည်။

အလားတူပင် ခေတ်အဆက်ဆက်အစိုးရများက ပြည်ပချေးငွေများကို မည်ကဲ့သို့ ချေးယူထားခဲ့သည်ဖြစ်စေ အနာဂတ်မျိုးဆက်သစ်များအတွက် သမိုင်းကြွေးမကျန်ရစ်စေရန် လက်ရှိကြွေးမြီများကို ထိထိရောက်ရောက် အသုံးချရန်လိုကြောင်း ပြည်သူငွေစာရင်းပူပေါင်းကော်မတီကဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းက ဆိုသည်။ 

အတိုးနှုန်းကြီးမားသည့်ချေးငွေများသည် အတိုးနှုန်းနည်းပါးသည့်ချေးငွေများထက် အန္တရာယ်ပိုများသော်လည်း ချေးငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းများကို သေချာအကောင်အထည်ဖော်နိုင်ခြင်းသည်သာ ပဓာနကြကြောင်း လည်း ကျွမ်းကျင်သူများက ဆိုသည်။ 

“ရိုးရိုးပဲ။ ပိုက်ဆံလိုရင်ချေးကြတာပေါ့။ အခက်အခဲတွေ့တဲ့အခါ ပိုက်ဆံလိုတဲ့အခါချေးကြတာပဲ။ ငွေချေးတာက ပြဿနာမရှိဘူး။ အဓိကက ချေးတဲ့ငွေကို ထိထိရောက်ရောက်အသုံးချဖို့ပေါ့။ ငွေချေးတာက လိုရင်ငွေချေးကြ မှာပဲလေ” ဟု ယခင်အစိုးရလက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာမောင်မောင်သိမ်းက Myanmar Now ကိုပြောသည်။

လက်ရှိအချိန်အထိ ကြွေးမြီများကို ကြိုးစားပေးဆပ်နိုင်သေးပြီး ချေးငွေကိုလည်း ရာနှုန်းပြည့်မဟုတ်သည့်တိုင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ထိထိရောက်ရောက်အသုံးချလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အာဖရိကနိုင်ငံအချို့တွင် ပြည်ပမှချေးငွေရယူရပြီး နိုင်ငံအကြီးအကဲများက စိတ်တိုင်းကျသုံးစွဲခဲ့ခြင်းကြောင့်  ပြဿနာတက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့သုံးစွဲခြင်း မရှိကြောင်း ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

သို့သော်လည်း အတိုးနှုန်းမြင့်မားသည့် တရုတ်ချေးငွေများကို ယခင်အစိုးရများက မဆင်မခြင်ချေးယူခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းက ဆိုသည်။ 

ဒုဝန်ကြီးအဖြစ် ၎င်းတာဝန်ယူခဲ့စဉ်က တရုတ်ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းအချို့သည် စီမံကိန်းမစတင်မီ အတိုးနှုန်း ဒေါ်လာသန်းချီပေးဆပ်ခဲ့ရသည်ကို ကြုံဖူးကြောင်း ဒေါက်တာထွန်းဝင်းက ပြောသည်။ 

"မသေချာမရေရာနဲ့ ဆပ်နေရတာကြီး။ ဒါက စိုက်ပျိုးရေးက စာရင်းပေါ့နော်။ အခြားကျန်တာတွေ အများကြီးပဲ။ စက်မှုဝန်ကြီးဌာနမှာ အများကြီးပဲ။ စက်ရုံတွေဆောက်ပစ်လိုက် လုပ်လိုက်။ ဒါတွေက တော်ရုံတန်ရုံ Case မဟုတ်ဘူး " ဟု ၎င်းက ပြောသည်။ 

၁၉၆၂ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ အဂတိခြစားမှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် နာမည်ကျော်ကြားလာကာ အကျိုးဆက်အားဖြင့် ဆင်းရဲမွဲတေမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့ပြီး၊ အုပ်ချုပ်သူများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ ငွေကြေးဓနအကြွယ်ဝဆုံးသော လူတန်းစားတစ်ရပ်ဖြစ်လာခဲ့သည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading