မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု ဒုတပ်ကြပ်နှင့် အမျိုးသမီးလေးဦးကို ဖမ်းဆီး 

မူလက ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေဖြင့်သာ ရဲတပ်ဖွဲ့က စတင်တရားစွဲဆိုသော်လည်း နမ့်စန်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် ပြောင်းလဲစစ်ဆေးခဲ့သည်

အသက်မပြည့်သူ မိန်းကလေးကို အမျိုးသားများနှင့် အဓမ္မပေါင်းသင်းရန် စေခိုင်းမှုဖြင့် တရားရင်ဆိုင်နေရသည့် ဒေါ်မိုးမိုး (လက်ဝဲအစွန်ဆုံး)၊ ဒေါ်သင်းသင်းစော (လက်ဝဲဘက် ဒုတိယမြောက်) ၊ ဒေါ်စိုးမိုး (လက်ယာဘက် ဒုတိယမြောက်) နှင့် ဒေါ်မိုးမိုးလှိုင် (လက်ယာအစွန်ဆုံး) တို့ကို ဇူလိုင် ၃ ရုံးချိန်းတွင် လွိုင်လင်ခရိုင်တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ - နမ့်စန်မြို့ဒေသခံတစ်ဦး) 

အသက်မပြည့်သေးသူ မိန်းကလေးငယ်ကို အမျိုးသားများနှင့် အတင်းအကျပ်ပေါင်းသင်းစေမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၌ အမျိုးသမီးလေးဦးနှင့် အဓမ္ဓပြုကျင့်ခဲ့သူ ဒုတပ်ကြပ်တစ်ဦးကို ဇူလိုင် ၃ တွင် ဖမ်းဆီးလိုက်သည်ဟု မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးစိုးမိုးထွန်းက ပြောသည်။

နမ့်စန်မြို့ရှိ တိန်းချောင်းသဘာဝရိပ်သာ မိဘမဲ့ဂေဟာတွင် နေထိုင်နေသည့် အဆိုပါ မိန်းကလေးငယ်၏ အမှုနှင့်ပတ်သက်၍ ဦးဆောင်ပါဝင်ခဲ့သူ ခမ်းလီသောက်ရေသန့်လုပ်ငန်းပိုင်ရှင် တိန်းချောင်းသဘာဝ ရိပ်သာတာဝန်ခံ ဒေါ်မိုးမိုး၊ ဒေါ်စိုးမိုး (ခ) ဒေါ်မိုးမိုးမြိုင်နှင့် ညီမ ဒေါ်မိုးလှိုင်၊ ၎င်းတို့၏ အလုပ်သမား ဒေါ်သင်းသင်းစောတို့အပြင် အဓမ္မပြုကျင့်သူ အမှတ် ၉၃၁ ထောက်ပို့တပ်မှ ဒုတပ်ကြပ် ကျော်ကျော်ဆန်း တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Myanmar Now က ဖတ်ရှုခဲ့ရသည့် ကာယကံရှင်မိန်းကလေး၏ စစ်ခုံရုံး ထွက်ဆိုချက်မှတ်တမ်းများ၊ ရှေ့နေချုပ်ရုံးနှင့် သမ္မတရုံးအပါအဝင် ဌာနဆိုင်ရာများသို့ တရားလိုဖြစ်သူ နမ့်စန်မြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး၏ တိုင်ကြားစာများအရ မိန်းကလေးငယ် အသက် ၁၁ နှစ်အရွယ် ၂၀၁၆ တွင် ၎င်း၏ အဒေါ်ဖြစ်သူက တိန်းချောင်းသဘာဝရိပ်သာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ရိပ်သာသို့ ရောက်ပြီး နှစ်နှစ်ကျော်အကြာ ၂၀၁၈ တွင် ရိပ်သာ၏ ယာဉ်မောင်းဖြစ်သူ အသက် ၆၀ အရွယ် ဦးတင်မောင်လတ်က မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု စတင်ကျူးလွန်ခဲ့သည်ဟု တိုင်ကြားစာများအရ သိရသည်။ ဦးတင်မောင်လတ်၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကို သိရှိပြီးနောက် ရိပ်သာတာဝန်ခံ ဒေါ်မိုးမိုးက အဆိုပါမိန်းကလေးကို နမ့်စန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဒေါ်စိုးမိုး၏နေအိမ်တွင် အပ်နှံထားခဲ့သည်ဟု ရေးသားထားသည်။ 

သို့သော်လည်း အဆိုပါ စွပ်စွဲချက်မှာ မမှန်ကန်ကြောင်း ဦးတင်မောင်လတ်၏ ဇနီးက Myanmar Now ကို ပြောသည်။ မိန်းကလေးငယ်၏ စွပ်စွဲချက်များတွင် ပါဝင်သည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင်လတ်၏မိသားစုနှင့်အတူ လေးညအိပ်ခရီးစဉ်တစ်ခုသွားခဲ့သည်ဟူသော အချက်မှာမူ မှန်ကန်ကြောင်း၊ သို့သော် အကြိမ်ကြိမ်အဓမ္မပြုကျင့်သည်ဆိုသည့် စွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောသည်။ 

ဒေါ်စိုးမိုး၏အိမ်တွင် မိန်းကလေးငယ် နေထိုင်စဉ် ယင်းအိမ်ရှိ အသက် ၃၀ အရွယ် အလုပ်သမား ကိုဝတုတ်ဆိုသူနှင့် အတူအိပ်ခိုင်းရန် အဆိုပါ အမျိုးသမီးလေးဦးက ကြိုးပမ်းခဲ့သည်ဟု တိုင်ကြားစာများအရ သိရသည်။ 

ထိုသို့ကြိုးပမ်းစဉ် အထမမြောက်သဖြင့် ၂၀၁၉ စက်တင်ဘာ ၈ ညပိုင်းတွင် အိမ်ထောင်ရှိသူ ဒုတပ်ကြပ်ကျော်ကျော်ဆန်းနှင့် ထပ်မံစီစဉ်ခဲ့သည်ဟု ကာယကံရှင် မိန်းကလေးငယ်၏ စစ်ခုံရုံး ထွက်ဆိုချက်မှတ်တမ်းတွင် တွေ့ရသည်။

မိန်းကလေးငယ်ကို ထိုသို့အတင်းအကျပ်စီစဉ်ခိုင်းစေမှုကို ကြားသိရသဖြင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးက မိန်းကလေးငယ်ကိုယ်စား တရားလိုပြုလုပ်ကာ ၂၀၁၉ စက်တင်ဘာတွင် နမ့်စန်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ 

နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့များအပါအဝင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရှမ်းပြည်နယ်ရဲမှူးရုံးများသို့လည်း တစ်ပြိုင်တည်း စာပေးပို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

အမှုဖွင့်ပြီး ၉ လခန့်အကြာ၂၀၂၀ ဇွန်လ ရောက်မှသာ သက်ဆိုင်ရာရဲစခန်းက တရားစွဲဆိုတင်နိုင်ခဲ့ကြောင်း ဦးအောင်တင်ဦးက Myanmar Now ကိုပြောသည်။ 

ကာမပွဲစားအဖြစ်ဖြင့် အရွယ်မရောက်သေးသော မိန်းကလေးကို ရှာပေးမှု ရာဇသတ်ကြီးပုဒ်မ ၃၆၆-က နှင့် မုဒိမ်းမှု ပုဒ်မ ၃၇၆ များဖြင့် တိုင်ကြားခဲ့သော်လည်း ကလေးသူငယ်များအခွင့်အရေးကာကွယ်ရေးဥပဒေပုဒ်မ ၁၀၅ (က) (၅) ဖြင့်သာ ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့သည်ဟု ဦးအောင်တင်ဦးက ပြောသည်။

သို့သော်လည်း ထိုအမှုကို နမ့်စန်မြို့နယ်တရားရုံး၌ ဇူလိုင် ၃ ရက်က လေးကြိမ်မြောက် စစ်ဆေးခဲ့ပြီးနောက် မိန်းကလေးငယ်၏အမှုကို မုဒိမ်းမှု ပုဒ်မ ၃၇၆ နှင့် အမှုအခင်းအားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချခဲ့သည်။

ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေဖြင့် စွဲချက်ကို ပယ်ဖျက်ပြီး သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်မှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၁၁၄ ဖြင့် ပြောင်းလဲကာ စွဲချက်တင်ခြင်းဖြစ်ကြောင်း တရားစွဲခံထားရသည့် ဒေါ်စိုးမိုးနှင့် ဒေါ်မိုးမိုးလှိုင်တို့၏ရှေ့နေ ဒေါ်ချောကလျာက Myanmar Now ကို ပြောသည်။

လက်ရှိတွင် မိန်းကလေးငယ်ကို အတင်းအဓမ္မပေါင်းသင်းစေမှုဖြင့် ဒေါ်စိုးမိုးနှင့် ညီမ ဒေါ်မိုးမိုးလှိုင်၊ ၎င်းတို့၏ အလုပ်သမား ဒေါ်သင်းသင်းစောတို့ သုံးဦးသည် အချုပ်ဖြင့် တရားရင်ဆိုင်နေရပြီး ဂေဟာတာဝန်ခံဟောင်း ဒေါ်မိုးမိုးမှာ “သွက်သွက်ခါအောင်ရူးနေသည်” ဟူသော မှတ်ချက်ဖြင့် အချုပ်လွတ် အမှုရင်ဆိုင်နေသည်ဟု တရားခွင်၌ ဝင်ရောက်နားထောင်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

"အခုမှပဲ လုပ်ဆောင်ချက် ပြန်ယူတယ်။ ဒါတောင်မှ နိုင်ငံတော်သမ္မတရုံးကို စာက ရောက်သွားပြီးတော့မှ ပြည်ထောင်စုဥပဒေချုပ်ကနေပြီးတော့မှ ပုဒ်မပြောင်းလိုက်ပါ။ ပြောင်းပြီးတော့ ချုပ်စစ် စစ်ပါဆိုလို့ အခုမှ အဲ့ဒီလိုဖြစ်တာ။ စောစောတုန်းကတော့ ကလေးသူငယ်ဥပဒေနဲ့ပဲ ပြီးသွားသလိုပဲ” ဟု အဆိုပါအမှုတွင် လိုက်ပါကူညီပေးနေသူတစ်ဦးက Myanamr Now ကို ပြောသည်။

မူလက စွဲဆိုထားသည့် ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေပုဒ်မဖြင့် ဆက်လက်စစ်ဆေးခြင်း ရှိမရှိကိုမူ မသိကြောင်း တရာလို ဦးအောင်တင်ဦးက Myanmar Now ကို ပြောသည်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ် ကျော်ကျော်ဆန်းကို ပြစ်မှုအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ခုံးရုံးက၂၀၁၉ အောက်တိုဘာတွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး လွိုင်လင်ခရိုင် အရပ်ဘက်တရားရုံးတွင်လည်း အမှုကို ဆက်လက်စစ်ဆေးမည်ဟုလည်း ၎င်းက ပြောသည်။ 

တိန်းချောင်းသဘာဝရိပ်သာသည် နမ့်စန်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝတရားရိပ်သာ (သန်လျင်) ၏ ကျောင်းခွဲဖြစ်သည်။ ၂၀၁၅ တွင် စတင်ဖွင့်လှစ်ခဲ့ကာ အလယ်တန်းအထိ ပညာသင်ကြားနိုင်ပြီး ပညာသင်ကြားနေသည့် ကလေးငယ် ၂၀၀ ကျော်ရှိသည်ဟု သဘာဝတရားရိပ်သာကျောင်းများ၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

ခမ်းလီသောက်ရေသန့်လုပ်ငန်းပိုင်ရှင်လည်းဖြစ်သည့် ဒေါ်မိုးမိုးသည် တိန်းချောင်းသဘာဝရိပ်သာတည်ထောင်ခဲ့သည့် ၂၀၁၅ မှစကာ အမှုမဖြစ်ပွားခင်အထိ ရိပ်သာတာဝန်ခံအဖြစ် ငါးနှစ်ကြာ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ၎င်းကို တာဝန်ခံအဖြစ်မှ ထုတ်ပယ်ထားသည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ရိပ်သာ၌ မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင်လတ်မှာမူ ယခုအမှုတွင် တရားစွဲဆိုခံထားရခြင်းမရှိပါ။ အဆိုပါ စွပ်စွဲချက်များကြောင့် အမှုဖြစ်ပြီး နှစ်လအတွင်း ဦးတင်မောင်လတ်ကို ရဲစခန်းနှင့် စစ်ခုံရုံးများက ခေါ်ယူစစ်ဆေးမှု အကြိမ် ၈၀ ခန့် ရှိခဲ့ကြောင်း၊ စစ်ဆေးမှုများအရ အမှုဖြစ်စဉ်တွင် မပါဝင်ခဲ့သဖြင့် တရားစွဲဆို မခံခဲ့ရကြောင်းနှင့် လွိုင်လင်ခရိုင်တရားရုံးမှ သက်သေအဖြစ် ခေါ်ယူစစ်ဆေးပါကလည်း အစစ်ဆေးခံသွားမည်ဟု ဦးတင်မောင်လတ်၏ ဇနီးက Myanmar Now ကို ပြောသည်။ 

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

(မှတ်ချက် - မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင်လတ်၏ဇနီး ပြောကြားချက်များကို မူလသတင်းတွင် ထပ်မံဖြည့်စွက်ထားပါသည်)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading