မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တပ်မတော်ပိုင်ပုဂ္ဂလိကလုပ်ငန်းဖြစ်လာ

ဦးသိန်းစိန်အစိုးရလက်ထက်တွင် တရုတ်ဘဏ်ကို နေ့စဉ် ကျပ်သိန်းငါးထောင်ခန့် အကြွေးဆပ်နေရသည့် မြင်းခြံသံမဏိစက်ရုံကို စက်မှုဝန်ကြီးဌာနထံ လက်လွှဲပေးနိုင်သည်အထိ MEC သည် နိုင်ငံတော်နှင့်နီးကပ်စွာ ပတ်သက်ခဲ့ဖူးသည်။

Published on Jun 23, 2020
ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများကို ဇွန် ၂၂ရက် သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း/Myanmar Now)
ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများကို ဇွန် ၂၂ရက် သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း/Myanmar Now)

စစ်အစိုးရလက်ထက် ၁၉၉၇ တွင်စတင်ထူထောင်ပြီး ကဏ္ဍမျိုးစုံတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)မှာ နိုင်ငံတော်နှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်နေပြီဖြစ်သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်တွင် ဇွန် ၂၂ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Myanmar Now က မေးမြန်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ (MEC) တပ်မတော်ပိုင်းဆိုင်ရာနဲ့ သီးသန့်ပဲ သက်ဆိုင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက Myanmar Now ကိုပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း MEC ၏ လုပ်ထုံးလုပ်နည်းအရ ပုဂ္ဂလိကပိုင် အများပိုင်အနေနဲ့ တစ်ဦးချင်းရှယ်ယာခေါ်ယူခြင်း မရှိသေးကြောင်း ပြောသည်။ 

"အစိုးရနဲ့ အဆက်အစပ်ရှိတယ်ဆိုတာ၊ အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ကုမ္ပဏီပဲ ဖြစ်တယ်။ ကျန်တဲ့ ပုဂ္ဂလိကတွေမှာလည်း အစိုးရစက်ရုံတွေကိုယူပြီးတော့ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာတွေရှိတယ်။ ယခင်က ဆိုရှယ်လစ်စီမံကိန်းစီးပွားရေးစနစ်နဲ့ သွားနေတဲ့ဟာတွေကို ပုဂ္ဂလိကလွှဲတဲ့အခါမှာ MEC သည် ပုဂ္ဂလိကအဖြစ်လုပ်တာ ဖြစ်တယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

MEC သည် မည်သည့်အချိန်အထိ အစိုးရတစ်ပိုင်း စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့ကြောင်းကိုမူ ထည့်သွင်းဖြေကြားခြင်း မရှိပါ။

ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် MEC သည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်အမည်ဖြင့် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် မှတ်ပုံတင်ထားပြီး “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ” (Private Company Limitted by Shares) ဟု DICA မှတ်တမ်းတွင် ရေးသားဖော်ပြထားသည်။

ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲချိန်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း အစိုးရထံမှ လွှဲပြောင်းယူခဲ့ကြောင်း၊ မတည်ရင်းနှီးငွေနှင့် ပုံသေပိုင်ပစ္စည်းများကို မည်သို့လွှဲပြောင်းရယူခဲ့ကာ ကုမ္ပဏီတန်ဖိုးမည်မျှရှိသည်ကိုမူ မဖြေကြားနိုင်ကြောင်း သတင်းစာရှင်းတွင် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားခဲ့သည်။ 

MEC ၏ ရငွေများ နိုင်ငံ့ဘဏ္ဍာသို့ ပေးသွင်းခြင်းရှိမရှိ မေးမြန်းသည့်အခါ "နိုင်ငံတော်ကို အခွန်ဆောင်တာပဲ ရှိတယ်" ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ပုဂ္ဂလိကပိုင် လုပ်ငန်းသဘောမျိုး ဖြစ်တဲ့အတွက်၊ တပ်မတော်ပိုင်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် သူ့အနေနဲ့ အခွန်ဆောင်တာတို့ ကုမ္ပဏီစည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ၏အဆိုအရ MEC သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅၅ ဒသမ ၃၇ ဘီလျံ၊ ၂၀၁၈-၁၉ တွင် ၅၃ ဒသမ ၈ ဘီလျံခန့် နိုင်ငံတော်ကို အခွန်ဘဏ္ဍာပေးဆောင်ထားသည်။

MEC ၏ နှစ်စဉ်အမြတ်ငွေပမာဏနှင့် MEC တွင် တပ်မတော်၏ ဦးဆောင်မှုအပိုင်းကို မေးမြန်းရာတွင်မူ လူပုဂ္ဂိုလ်တစ်ဦးချင်းစီက မပိုင်ဆိုင်ဟုသာ ဖြေကြားပြီး အသေးစိတ်မသိရှိကြောင်း ၎င်းက ပြောသည်။

"ပိုင်ဆိုင်မှုရှိတာ မဟုတ်ဘူး။ သူတို့အနေနဲ့ တာဝန်ပေးလို့ လုပ်နေရခြင်းပဲ ဖြစ်တယ်" ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ပြည်တွင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များအရ MEC သည် နိုင်ငံတော်နှင့်နီးကပ်စွာ ပတ်သက်နေသည့် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ 

စစ်အစိုးရလက်ထက် ၂၀၀၄-၀၅ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံ China Development Bank (CDB) ဘဏ်မှ ယူရိုသန်းတစ်ထောင်ကျော် ချေးငွေဖြင့် MEC က အကောင်အထည်ဖော်ခဲ့သည့် အမှတ် (၁) မြင်းခြံ သံမဏိစက်ရုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ 

၂၀၂၀ ဖေဖော်ဝါရီ ၁၀ ရက်တွင်ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က အထက်ပါ သံမဏိစက်ရုံအတွက် နေ့စဉ် ကျပ်သိန်းငါးထောင်ခန့် ပြည်သူ့ဘဏ္ဍာထဲမှ အတိုးအရင်းပေါင်းဆပ်နေရကြောင်း ပြောကြားထားသည်။

MEC က ယခင်အစိုးရထံသို့ ပြန်လွှဲပေးခဲ့သော အဆိုပါစက်ရုံအတွက် ၂၀၃၂-၂၀၃၃ ဘဏ္ဍာနှစ်အထိ တရုတ်ဘဏ်သို့ အကြွေးဆပ်ရမည်ဖြစ်သော်လည်း အရှုံးပေါ်နေသည့်အတွက် လက်ရှိအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၁၇ ဇွန်တွင် အဆိုပါ သံမဏိစက်ရုံစီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

အထက်ပါစက်ရုံစီမံကိန်းကို စွန့်လွှတ်ခဲ့သော MEC သည် MyTel ကဲ့သို့သော ဆက်သွယ်ရေးလုပ်ငန်းများ၊ ကန်သာယာ နှလုံးနှင့်ကျောက်ကပ်အထူးကုဆေးရုံကြီးကဲ့သို့သော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ သံမဏိနှင့်ဘိလပ်မြေစက်ရုံများ၊ စားသောက်ကုန်လုပ်ငန်းများ၊ တာယာထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ဆိပ်ကမ်းလုပ်ငန်းများ၊ အဖျော်ယမကာလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကို လက်ရှိအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည်။

တပ်မတော်၏ ဘတ်ဂျက်နှင့် စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများ၏ တာဝန်ခံဖြစ်သော စစ်ထောက်ချုပ် ဒုတိ​ယဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် တပ်မတော်၏ စီးပွားရေးလက်ခွဲ နောက်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် (MEHL) ၏ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး MEC ၏ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း Justice For Myanmar အဖွဲ့၏ ဇွန် ၁၆ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်သော်လွင်သည် MEC ၏ ဒါရိုက်တာတစ်ဦးဖြစ်သကဲ့သို့ MEC ၏ အကျိုးတူဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ MyTel တွင်လည်း ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်နေကြောင်း ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီအရင်ခံစာတစ်စောင်က ဆိုထားသည်။ 

DICA မှတ်ပုံတင်စာရင်းရှိ MEC ဒါရိုက်တာအဖွဲ့ဝင်အချက်အလက်များကို မေလ ၂၈ ရက်တွင် အပြောင်းအလဲပြုလုပ်ခဲ့ပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ချုပ်သော်လွင်တို့ မပါဝင်တော့သည်ကို တွေ့ရသည်။ 

ထိုသို့ သမိုင်းကြောင်းနှင့်ချီကာ အမြစ်တွယ်နေသည့် တပ်မတော်အရာရှိများ၏ အကျိုးစီးပွားပဋိပက္ခ ပတ်သက်ဆက်နွယ်မှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် Justice For Myanmar အဖွဲ့က မကြာသေးမီကပင် တောင်းဆိုထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading