လူစုလူဝေးဖြစ်စေခဲ့သည့် ဦးဖြိုးမင်းသိန်း ကိုယ့်အမိန့်ကိုယ်ပြန်ဆန့်ကျင်ဟု NLD ဆို

‘၅ ဦးဖြစ်စေ၊ ယင်းထက်ပို၍ဖြစ်စေ လူစုလူဝေးမလုပ်ရ’ အမိန့်သည် အာဏာတည်နေသေးသည့်အတွက် ဝန်ကြီးချုပ်၏ လုပ်ရပ်သည် ဥပဒေကို မျက်ကွယ်ပြုရာရောက်နေသည်ဟု ဝေဖန်ခံနေရခြင်းဖြစ်သည်

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း မေ ၂၃ က ဗိုလ်တထောင်ဘုရားတွင် စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးနေစဉ်။။ (ဓာတ်ပုံ - Phyo Min Thein Facebook)

ကပ်ရောဂါကာလအတွင်း လူစုလူဝေးအခမ်းအနားများ မကျင်းပရန် တားမြစ်ထားချိန်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များက ရှင်ဥပဂုတ္တ ဖောင်တော်ရေချပူဇော်ပွဲကို ယမန်နေ့က အခမ်းအနားဖြင့်ကျင်းပခဲ့ခြင်းအပေါ် လွှတ်တော်အမတ်များက ဝေဖန်လိုက်သည်။

ရှင်ဥပဂုတ္တ ရေချပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ဆိပ်ကမ်း၌ မေ ၂၄ က ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ဝန်ကြီးငါးဦးနှင့် တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်တို့လည်း တက်ရောက်ခဲ့သည်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Facebook စာမျက်နှာတွင် တွေ့ရသည်။

ထို့အပြင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာမှပုဂ္ဂိုလ်များနှင့် အလှူရှင်များလည်း တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က “ဒီဟာက ညွှန်ကြားချက်တွေနဲ့ ပြောရင် ဆန့်ကျင်တာပေါ့”ဟု Myanmar Now သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရေး လူစုလူဝေးများ မပြုလုပ်ရန် မတ် ၁၃ တွင် စတင်အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့် ဘာသာရေးအခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံ၊ ဘော်ဒါဆောင်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းမပြုရန် တားမြစ်ထားသည်။

အဆိုပါအမိန့်သည် မေလကုန်အထိ အသက်ဝင်နေမည်ဖြစ်သည်။

ရေချပူဇော်ပွဲကို တက်ရောက်ခဲ့သူ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “မထင်မှတ်ဘဲ လူနည်းနည်းလေးများသွားတယ်” ဟု ဆိုသည်။

“အစိုးရဲ့ လုပ်ငန်းခွင်တွေပါတယ်။ အခုက လုပ်ငန်းခွင်ပြန်စတဲ့သဘောပဲ။ ကိုဗစ်ဖြစ်တော့ ဗိုလ်တထောင်ဘုရားကြီး ဘက်စုံပြုပြင်တဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ရပ်ထားခဲ့တယ်။ နိုင်ငံတော်ရဲ့လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်လို့ရပြီဆိုတော့ ဘက်စုံပြုပြင်မွန်းမံတဲ့ လုပ်ငန်းအနေနဲ့ ပြန်လုပ်တာ။ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့အညီ ဆောင်ရွက်ခဲ့တယ်။ အစ်မတော် မြနန်းနွယ် ရွှေ့တာတို့၊ ဘာတို့ပေါ့နော်”ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ယင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်လည်း ပါဝင်ခဲ့ပြီး ၎င်းကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ဦးနိုင်ငံလင်းမှာ ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်မိုးမိုးစုကြည်မှာ ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

အစိုးရညွှန်ကြားချက်များကို မလိုက်နာသဖြင့် တရားဟောဆရာ ဒေးဗစ်လားကဲ့သို့ ခရစ်ယာန်ဘာသာဝင်များနှင့် မန္တလေးမှ အစ္စလာမ်ဘာသာဝင်များကို အရေးယူနေသည့်အချိန်မှာပင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များက ဘာသာရေးအခမ်းအနားကျင်းပနေခြင်းကို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

“သူများကို ခွင့်ပြုမထားရင် ကိုယ်ကိုယ်တိုင်လည်း မလုပ်ဖို့လိုတာပေါ့။ သူများကို ခွင့်မပြုဘူး။ ကိုယ်က လုပ်တယ်ဆိုတာတော့ အဆင်မပြေပါဘူး။ ဒါက မဖြစ်မနေ လုပ်ရမယ့်ကိစ္စလားပေါ့။ မဖြစ်မနေ လုပ်ဖို့လိုတဲ့ကိစ္စမဟုတ်ရင် ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ လိုပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

လူစုလူဝေး ဖြစ်စေမည့် ပွဲလမ်းသဘင်များကို ‌ရှောင်ကျဉ်နေရပြီး နာရေးကိစ္စများကိုပင် အကျဉ်းချုံးဆောင်ရွက်နေရသည့်ကာလ၌ ရှင်ဥပဂုတ္တ ဖောင်တော်ရေချပူဇော်ပွဲ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် မည်သည့်ရည်ရွယ်ချက်ဖြင့် အခမ်းအနားလုပ်သလဲဟု မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးခွန်းထုတ်သည်။

“Mask (နှာခေါင်းစည်း) တပ်ပြီး ပွဲလုပ်လို့ရလားဆိုတာ နည်းနည်းတော့ ပြန်စဉ်းစားရမယ့်သဘော ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကမူ အစိုးရအနေဖြင့် ကူးစက်ရောဂါ မပြန့်ပွားစေရန် တားမြစ်မိန့်ထုတ်ပြန်ထားသော်လည်း ‘ငါပြောသလိုသာလုပ်၊ ငါလုပ်သလိုတော့ မလုပ်နဲ့’ ဟူသည့် အနေအထားဖြစ်နေသည်ဟု ဝေဖန်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား အကြံအဉာဏ်ကောင်းပေးရမည့် တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်ကိုယ်တိုင်ပင် လူစုလူဝေးနှင့်ပြုလုပ်ခဲ့သည့် ဘာသာရေးအခမ်းအနား၌ ပါဝင်နေခြင်းကိုလည်း ဝမ်းနည်းမိသည်ဟု ဦးကျော်ဇေယျက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက မေလကုန်အထိ လူလေးယောက်ထက် မပိုရန်၊ လူစုလူဝေးမလုပ်ရန် ပြည်သူများအား အစိုးရက တားမြစ်ထားသည့်အလျောက် အစိုးရကိုယ်တိုင် လိုက်နာသင့်သည်ဟု တိုက်တွန်းသည်။

“သူဌေးတွေလည်း တော်တော်များများပါပါတယ်။ လုပ်မယ်ဆိုရင်လည်း လူနည်းနည်းနဲ့ပဲ လုပ်သင့်ပါတယ်။ ထုတ်ထားတဲ့ စည်းမျဉ်းဥပဒေက ကိုယ်ကတော့ ထုတ်ထားတယ်။ ဒါပေမယ့် ကိုယ်ကတော့ လိုက်နာစရာမလိုဘူးဆိုတဲ့သဘောမှာ သက်ရောက်နေပါတယ်”ဟု ဒေါ်မေစိုးက ပြောသည်။

ကပ်ရောဂါကာလအတွင်း လူစုလူဝေးမပြုလုပ်ရန် တားမြစ်မိန့်ကို ချိုးဖောက်သဖြင့် ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) ဖြင့် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကို မရမ်းကုန်းမြို့နယ် တရားရုံး၌ ဦးဖြိုးမင်းသိန်းဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့ကပင် တရားစွဲဆိုထားပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

အလားတူ ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးကိုလည်း တိုင်းအစိုးရအဖွဲ့က မရမ်းကုန်းမြို့နယ် တရားရုံးနှင့် အင်းစိန်မြို့နယ်တရားရုံးများတွင် အမှုဖွင့် အရေးယူထားသည်။

တရားဟောဆရာ ဒေးဗစ်လားနှင့်အတူ တရားစွဲဆိုခံထားရသော ခရစ်ယာန်ဘာသာဝင်များသည် ဧပြီ ၇ က မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများအသင်းတော်ပိုင် အခန်းတစ်ခန်းအတွင်း “လူစုလူဝေး” နှင့် နှစ်သိမ့် ဓမ္မတေး သီဆိုဆုတောင်းခဲ့သည်။

၎င်းတို့အပြင် နေအိမ်အတွင်း လူစုလူဝေးဖြင့် ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေး ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အရ အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဧပြီ ၁၂ က လူစုလူဝေးဖြင့် ဘုန်းကြီးပျံပွဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်ကျင်းပသူများကို တစ်ပတ်အကြာတွင် မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်း Dawei Watch သတင်းဌာနက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading