ပြည်သူကိုကာကွယ်ပေးသည့်ဥပဒေအဖြစ် နိုင်လွတ်လုံကိုပြင်ရန် အမျိုးသားလွှတ်တော်စဉ်းစား

ပြည်သူ့လွှတ်တော်က ပြစ်ဒဏ်လျှော့ဖို့သာ ပြင်ဆင်ခဲ့သော်လည်း အမျိုးသားလွှတ်တော်ကမူ တာဝန်ရှိသူကို တရားပြန်စွဲနိုင်သည့်ဥပဒေအဖြစ် ပြင်ရန် အဆိုပြုလိုက်သည်

အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ - အမျိုးသားလွှတ်တော်)

လူပုဂ္ဂိလ်အချင်းချင်း မသင့်မြတ်တိုင်း အသုံးချခံနေရသည့် ဥပဒေအဖြစ်မှသည် ပြည်သူ့လွတ်လပ်ခွင့်ကို ချိုးဖောက်သည့် တာဝန်ရှိသူကိုသာ အရေးယူနိုင်သည့် ပြည်သူကိုအကာအကွယ်ပေးသည့် ဥပဒေဖြစ်လာအောင် အငြင်းပွားဥပဒေတစ်ခုကိုပြင်ဆင်ရန် အမျိုးသားလွှတ်တော်က အင်္ဂါနေ့တွင် အဆိုပြုလိုက်သည်။

ယင်းသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ) ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို မူလအစပြုတင်သွင်းရာ ပြည်သူ့လွှတ်တော်နှင့် သိသာကွဲပြားသော ချဉ်းကပ်ပုံကို အမျိုးသားလွှတ်တော်က ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်သူလူထုအပေါ် အာဏာပိုင်များက မတရားမပြုကျင့်နိုင်စေရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံ သည် သက်တမ်း သုံးနှစ်အတွင်း မူလရည်ရွယ်ချက်မှသွေဖည်ကာ လူပုဂ္ဂိုလ်ကိုမကျေနပ်တိုင်း တရားစွဲရန်အသုံးပြုသည့် ဥပဒေဖြစ်လာခဲ့ကြသဖြင့် ယင်းကိုပြင်ဆင်ရန် ပြည်သူ့လွှတ်တော်က စတင်အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီလအတွင်း ပြင်ဆင်ရန် အဆိုပြုဆွေးနွေးစဉ်က နိုင်လွတ်လုံဖြင့် တရားစွဲရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ယူရန်နှင့် ဥပဒေပြစ်မှုများကို အာမခံပေးနိုင်သော ပုဒ်မများအဖြစ် သတ်မှတ်ရန်စသည့် ဖြည့်စွက်ချက်များထည့်သွင်းရန် အဓိက ပါဝင်ခဲ့ကြသည်။

သို့သော် ထိုဥပဒေကြမ်းသည် အမျိုးသားလွှတ်တော်သို့ ရောက်သည့်အခါ ထိုထက်မကပြင်ဆင်လိုသည့်ဆန္ဒကို တွေ့ရသည်။ ပြည်သူအချင်းချင်း တရားစွဲနိုင်သလိုဖြစ်နေရာမှ ပြည်သူအပေါ် မတရားအနိုင်ကျင့်သည့် အာဏာပိုင်တို့ကို ပြန်တရားစွဲနိုင်သည့် ဥပဒေသာဖြစ်ရေးအတွက် ပိုမိုတိကျသောဘောင်တစ်ခုအတွင်းသို့ သွတ်သွင်းလိုကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း၏ တင်သွင်းချက်တွင် တွေ့ရသည်။

‘နိုင်လွတ်လုံဥပဒေကို လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကကဲ့သို့ နိုင်ငံသားများ နောက်ယောင်ခံ စောင့်ကြည့်ခံရခြင်း၊ ဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်ခံရခြင်း စသည့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခံရမှုများမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ရှင်းပြခဲ့ကြသည်။

သို့သော် ထိုဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း အာဏာပိုင်က ပြည်သူကိုဖြစ်စေ၊ ပြည်သူအချင်းချင်းဖြစ်စေ မိမိကို ပုတ်ခတ်ပြောဆို၊ ရေးသားသည်ဟု ခံစားရတိုင်း အထူးသဖြင့်ထိုဥပဒေပုဒ်မ ၈(စ)ဖြင့် တရားစွဲလာကြသည်။

ပုဒ်မ ()တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားသည်။

ယင်းပုဒ်မတွင် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဆိုသဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခြင်းအပါအဝင် တိုင်စာပေးပို့ရာတွင် သုံးနှုန်းသည့် စကားလုံးများကအစ ပုဒ်မ ()တွင် ကျုံးဝင်ပြီး တရားစွဲဆိုမှု ပြုလုပ်နိုင်နေခြင်းဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် ‘အသံ’ အဖွဲ့၏ မှတ်တမ်းများအရ နိုင်လွတ်လုံဥပဒေစတင်ပြဋ္ဌာန်းသည့် ၂၀၁၇ မတ်လမှ ယနေ့အထိ အဆိုပါ ဥပဒေ ကိုအသုံးပြု၍ တရားစွဲမှုပေါင်း ၅၄ မှုရှိပြီး ယင်းအတွင်း အစိုးရနှင့်လွှတ်တော်အမတ်များက ပြည်သူကိုစွဲဆိုသည့် အမှု ၁၂ မှုပါဝင်သည်။

ပြည်သူ့လွှတ်တော်တွင် ထိုဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း ဖေဖော်ဝါရီလအတွင်း တင်သွင်းစဉ်ကမူ ပုဒ်မ ၈ ထက် ပုဒ်မ ၁၀ ကိုအဓိကထား ပြင်ရန်ကြိုးပမ်းခဲ့ကြသည်။ ပုဒ်မ ၁၀ အရ ရဲစခန်းသို့အမှုလာဖွင့်သည့်အခါ ရဲက အမှုမဖွင့်ပေးပါက အရေးယူခံရနိုင်သဖြင့် မဖြစ်မနေအမှုဖွင့်ပေးရန်လိုပြီး တိုင်ကြားခံရသူမှာလည်း အာမခံမရဘဲ အပြစ်ရှိရှိမရှိရှိ ဖမ်းဆီးချုပ်နှောင်ခံနေရသဖြင့် ပြည်သူ့လွှတ်တော်က အာမခံပေးနိုင်သည်ဟု ဖြည့်စွက်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြစ်ဒဏ်ပိုင်းတွင်လည်း မူလထောင်ဒဏ်သုံးနှစ်အစား နှစ်နှစ်ဟုပြင်ဆင်ရန် ပြည်သူ့လွှတ်တော်က အဆိုပြုထားသည်။

သို့သော် အမျိုးသားလွှတ်တော်ကမူ ပြည်သူ့လွှတ်တော်နှင့်ကွဲလွဲစွာပင် ထိုဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းသည်။ နိုင်လွတ်လုံဥပဒေသည် ပြည်သူအချင်းချင်း တရားစွဲရာတွင် အကျုံးမဝင်စေရန်အထိပါ ရည်ရွယ်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။

“အရပ်ထဲမှာ သူသူငါငါ ဖြစ်နေတာတွေ နိုင်လွတ်လုံ သုံးလို့မရတော့အောင်ပါ” ဟု အမျိုးသားလွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီ၊ ဥက္ကဌ ဦးဇော်မင်းက Myanmar Now ကိုပြောသည်။

မူလဥပဒေ ပုဒ်မ ၈ တွင် “မည်သူမျှ” ဆိုသည့်စကားရပ်နေရာတွင် “တာဝန်အရလုပ်ပိုင်ခွင့်ရှိသူ မည်သူမျှ” ဟူသည့်စာသားဖြင့် အစားထိုးရန် အဆိုပြုထားသည်။ ယခုကဲ့သို့ ပြင်ဆင်လိုက်ပါက အရပ်သားအချင်းချင်း တရားစွဲဆိုမှုပြုနိုင်တော့မည် မဟုတ်ဘဲ တာဝန်အရလုပ်ပိုင်ခွင့်ရှိသူများကိုသာ ပြန်လည်အမှုဖွင့်တရားစွဲနိုင်မည့် သဘောဖြစ်သွားသည်ဟု ဦးဇော်မင်းကပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အရ ပြည်သူအချင်းချင်းတရားစွဲနိုင်မည် မဟုတ်တော့သည့်အတွက် ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်သော ပြင်ဆင်ချက်ဖြစ်သည့် ‘အာမခံပေးနိုင်သည်’ ဆိုသည့် ဖြည့်စွက်ချက်ကို ထည့်သွင်းဖို့မလိုတော့ဟု ဦးဇော်မင်းက ပြောသည်။

“ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီကိုကျွန်တော်တို့ ရှင်းပြမှာပါ။ ဒါကိုသိရင်သူတို့လည်း လက်ခံနိုင်မှာပါ” ဟု ၎င်းကပြောသည်။

ကော်မတီ၏အစီရင်ခံစာအပေါ် အမျိုးသားလွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ်ရဦးမည်ဖြစ်ပြီး မည်သည့်နေ့ရက် တွင်ပြုလုပ်မည်ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။ ကော်မတီ၏အဆိုပြုချက်အတိုင်းသာ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါက ပြည်သူ့လွှတ်တော်နှင့် ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။

နိုင်လွတ်လုံဥပဒေကိုပြန်ပြင်ရန် လွှတ်တော်များ၏ ကြိုးပမ်းမှုအပေါ် အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာမောင်ဆောင်းခက ကြိုဆိုကြောင်းပြောသော်လည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရန်ဟူသော ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်နှင့် ကွဲလွဲနေသေးကြောင်း ထောက်ပြသည်။

ယင်းသို့ပြင်ဆင်လိုက်မှုကြောင့် အရပ်သားအချင်းချင်းတရားစွဲနိုင်မှု မရှိတော့သော်လည်း အာဏာပိုင်များအနေဖြင့် ခွင့်ပြုချက်၊ ခွင့်ပြုမိန့်နှင့် ဝရမ်းများရှိပါက ယင်းဥပဒေကို အသုံးပြု၍ ပြည်သူလူထုကို ဖမ်းဆီးနိုင်မှု ရှိနေသေးသည့် သဘောဟု၎င်းကထောက်ပြသည်။ ယင်းဥပဒေ၏ သဘောမှာ ပြည်သူကိုအာဏာပိုင်များက မတရားလုပ်ခြင်းမှ ကာကွယ်ပေးရခြင်းမျိုးဖြစ်သည်ဟု မောင်ဆောင်းခက ဆိုသည်။

“ဖြေရှင်းချက်အမှန်တော့မဟုတ်သေးဘူး။ ပြည်သူအချင်းချင်းစွဲလို့မရအောင်ဆိုပေမယ့် အစိုးရကပြည်သူကို လုပ်နိုင်တာမျိုးဖြစ်နေသေးတယ်” ဟု ၎င်းက Myanmar Nowကိုပြောသည်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading