ရခိုင်ပြည်နယ် တောင်ကုတ်မြို့က လူဖမ်းဆီးမှု အရှုပ်တော်ပုံ

အမျိုးသားရေး၊ လူမှုကွန်ရက်ပေါ်က အမုန်းတရားများနှင့် သတင်းမှားများသည် ရခိုင်ပြည်နယ်တောင်ပိုင်းမှ မြို့တစ်ခုကို ဆက်တိုက်ဖမ်းဆီးမှုများဖြင့် ရိုက်ခတ်သွားစေခဲ့သည်

Published on May 15, 2020
တောင်ကုတ်မြို့နယ် တရားရုံးသို့ရောက်ရှိလာသည့် ဦးဝေသောင်းကို မေ ၁၁က တွေ့ရစဉ် (ဓာတ်ပုံ-U Tin Nyo-FaceBook)
တောင်ကုတ်မြို့နယ် တရားရုံးသို့ရောက်ရှိလာသည့် ဦးဝေသောင်းကို မေ ၁၁က တွေ့ရစဉ် (ဓာတ်ပုံ-U Tin Nyo-FaceBook)

ရခိုင်ပြည်နယ်တွင် အင်အားကောင်းသော ရခိုင်အမျိုးသားပါတီ ANP ၏ တောင်ကုတ်မြို့နယ် ခေါင်းဆောင်တစ်ဦး၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌဟောင်းတို့ကို ရဲက ဆက်တိုက်ဖမ်းဆီးခဲ့ပြီးနောက် ယခင်က နိုင်ငံရေးအရ ငြိမ်သက်နေခဲ့သည့် ရခိုင်အမျိုးသားရေး သိပ်မပြင်းထန်သော ပြည်နယ်တောင်ပိုင်းမြို့သည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်မီးနှင့် နိုင်ငံရေးအတက်အကျ ရေချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကဲ့သို့ မဟုတ်ပေ။ နိုင်ငံရေးထက် စီးပွားရေးကို ပို၍ အားစိုက်ကြသည်။ တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်နှင့် တိုင်းဒေသကြီးများကြား ကူးလူးဆက်ဆံရာမြို့ဖြစ်သလို မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာ လမ်းကြောင်းပေါ်တွင် အဓိကကျသည့် မြို့လည်းဖြစ်သည်။

၂၀၁၂ ခုနှစ်က မွတ်စလင်ခရီးသွား ၁၀ ဦး အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ကြောင့် သတင်းများတွင် မြို့နာမည် ပါခဲ့သည်ကလွဲလျှင် သတင်းစာမျက်နှာများပေါ်တွင် တွေ့ရခဲသည်။

သို့သော် တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့ကို ရဲတပ်ဖွဲ့က မေ ၉၊ ၁၀ နှင့် ၁၁ တို့တွင် ဆက်တိုက်ဖမ်းဆီးခဲ့ပြီးနောက် တောင်ကုတ်မြို့၏ နိုင်ငံရေးအခြေအနေက စိတ်ဝင်စားစရာကောင်းလာခဲ့သည်။

၎င်းတို့သုံးဦး အဖမ်းဆီး မခံရမီ တစ်ပတ်ခန့်အလိုတွင်လည်း တောင်ကုတ်မြို့နယ် အနောက်မြောက်ဘက်ရှိ ဘူးရွှေမော် ကျေးရွာသား အမျိုးသားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၅ တွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၂ နှစ်အရွယ် ဦးသန်းရွှေဆိုသူဖြစ်သည်။ “ဓားများ ကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင်များက” ဦးသန်းရွှေကို မေ ၅ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ ထို့ပြင် ၎င်းမှာ ကျေးရွာ ကိုဗစ်နိုင်တင်း (COVID-19) ကာကွယ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးသန်းရွှေမှာ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် နီးကပ်သူတစ်ဦးဖြစ်ပြီး အဆိုပါနေ့ နံနက် ၁ နာရီခန့်က ၎င်း၏အိမ်တွင် အိပ်နေစဉ် ဓားကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်သည်။ ဦးသန်းရွှေကို ဖမ်းဆီးခံရမှုမှ နောက်ဆုံး ANP ဒုဥက္ကဋ္ဌကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ချိန်ထိ ရက်သတ္တတစ်ပတ်ကြာ ကာလအတွင်းအဖြစ်အပျက်များသည် သီးခြားစီဟု ထင်စရာရှိသော်လည်း နောက်ကွယ်တွင် ဆက်စပ်မှုများ ရှိနေသည်။

ANP ပါတီမှာ ရခိုင်ပြည်နယ်တွင် အင်အားအကြီးဆုံးပါတီဖြစ်ပြီး ရခိုင်အမျိုးသားရေးကို ရှေ့တန်းတင်ထားသော မူဝါဒများကြောင့် ရခိုင်ဘာသာစကားနှင့် ရခိုင်ယဉ်ကျေးမှုကို ပိုမိုပျံ့နှံ့သော မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လူထုထောက်ခံမှု ရှိသည်။ ၎င်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၁၈ နေရာနှင့် ပြည်ထောင်စုလွှတ်တော်တွင် ၄၉၈ နေရာတွင် ၂၂ နေရာနှင့် တတိယအများဆုံးအနိုင်ရခဲ့သည်။

သို့သော် မြန်မာပြည်မနှင့် ကူးလူးဆက်ဆံမှုပိုများသလို ရခိုင်စကားထက် ဗမာစကား ပိုတွင်ကျယ်သော ပြည်နယ်တောင်ပိုင်းမြို့များတွင်တော့ ၎င်း၏ ဩဇာမှာမူ ပြောပလောက်အောင် တောင့်တင်းမှုမရှိဘဲ ထိုမြို့နယ်များတွင် အဓိကပြိုင်ဖက်နိုင်ငံရေးပါတီ NLD ကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ရခိုင်လူထုကြား ထောက်ခံမှုမြင့်နေသည့် AA ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက “အမြစ်ပြတ်ချေမှုန်းရန်” ကြေညာထားပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်း ကြေညာထားသည်။ AA ကို ထောက်ခံမှုမြင့်နေသည့် ဒေသခံများ၏ ဆန္ဒမဲများကို အခြေတည်ရမည့် ANP ပါတီအနေနှင့်လည်း ယင်းကဲ့သို့ ကြားအခြေအနေတွင် လိပ်ခဲတည်းလည်း ဖြစ်နေသည်။

၂၀၁၉ ခုနှစ် အင်တာဗျူးတစ်ခုတွင် AA ၏ လက်နက်ကိုင်လမ်းစဉ်အပေါ်အမြင်နှင့်ပတ်သက်၍ ANP ပါတီခေါင်းဆောင် ဦးသာထွန်းလှအား Myanmar Now က မေးမြန်းရာ ယခုလို ပြန်ဖြေဖူးသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေမှာ လုပ်ပိုင်ခွင့်အာဏာ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးနေတဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းအရ အဖြေမထွက်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး လုပ်ကိုင်ဆောင်ရွက်လာတဲ့ သဘောရှိတယ်။ ဒါကြောင့် ကိုယ်အားသန်ရာ လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးရရှိအောင် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့ သဘောပေါက်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ANP ပါတီ၏ခေါင်းဆောင်ပိုင်းများအတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့်ပတ်သက်၍ သဘောထားပျော့ပျောင်းသူများ ရှိမည်ဟု ယူဆရပြီး AA နှင့်ပတ်သက်ပြီး ခပ်ခွာခွာနေသော ရခိုင်ပြည်ရှိ NLD အင်အားစုများသည် ရခိုင်အမျိုးသားရေးကို လျစ်လျူရှုနေသည်ဟု ပြောဆိုမှုများရှိသည်။

ပါတီနှစ်ခုအကြား အထက်ပါကွဲလွဲမှုများမှဖြစ်ပေါ်လာသော မယုံကြည်မှုများ၊ သံသယများသည် ရခိုင်ပြည်နယ်တစ်၀န်း AA ၏ လှုပ်ရှားမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ပို၍နက်ရှိုင်းလာသည်။

တောင်ကုတ်မြို့နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများသည် အထက်ပါအခြေအနေနှင့် ဆက်စပ်နေသည်။

ဘူးရွှေမော်ရွာမှ ဦးသန်းရွှေကို AA ကဖမ်းသည်ဆိုသည့်ဖြစ်စဉ်နှင့်အတူ တစ်ချိန်တည်းမှာပင် တောင်ကုတ်မြို့နယ် NLD ပါတီခေါင်းဆောင်ပိုင်းအချို့ကို “ရဲအယောင်ဆောင်များ” က ဖမ်းဆီးရန်ကြိုးစားနေမှုကြောင့် ၎င်းတို့သည် ထွက်ပြေးပုန်းရှောင်နေရကြောင်း စစ်တွေအခြေစိုက် Development Media Group က မေ ၇ တွင် ရေးသားဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်များ၏နောက်ဆက်တွဲအနေဖြင့် တပ်မတော်က တောင်ကုတ်မြို့တွင် လုံခြုံရေး တင်းကျပ်ထားခဲ့သည်။

ထူးခြားသည်မှာ ဦးသန်းရွှေကို AA က မေ ၅ တွင် ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် ၎င်းဖမ်းဆီးခံရမှုနှင့် ဆက်စပ်နေသည့် ကြေညာချက်တစ်စောင်ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (National Security Organization – NSO – Taungup Township) ဆိုသည့် Facebook Page တစ်ခုက တင်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းသည် ဧပြီ ၄ တွင်မှ ၎င်းတို့၏ Facebook Page တွင် စအသက်ဝင်ခဲ့သည့် အဖွဲ့ဖြစ်ကာ တောင်ကုတ်မြို့အပါအဝင် မြို့နယ်တွင်းရှိ ကျေးရွာ ၂၀ မှ အဖွဲ့ဝင် ၉၈ ဦးရှိသည်ဟု ၎င်းတို့၏ Facebook Page တွင်ရေးသားထားသည်။ ရခိုင်အမျိုးသားရေးကို အဓိကထား ရှေ့တန်းတင်သည့် အဆိုပါအဖွဲ့ကို မည်သူက ဦးဆောင်နေပြီး အဖွဲ့ဝင်များ မည်သူဖြစ်သည်ကိုလည်း မသိရပေ။

၎င်းတို့၏ ကြေညာချက်တွင် ဦးသန်းရွှေသည် NLD ၏ တောင်ကုတ်မြို့နယ် အလုပ်မှုဆောင် ဦးသန်းဌေး (ခ) ငပြဲ ဆိုသူနှင့် အတူတကွ အလုပ်လုပ်သူတစ်ဦးဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များကြား ရန်တိုက်ပေးနေသည်ဟု စွပ်စွဲထားသည်။

ထို့ပြင် ဦးသန်းဌေး (ခ) ငပြဲအပါအဝင် NLD ပါတီဝင်များသည် “ANP ပါတီဝင်များကို မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်များကြား ကြားညှပ်ထည့်သွင်းကာ မသိမသာ ပူးတွဲတိုက်ခိုက်လာခြင်းများကို မိမိတို့ အဖွဲ့အစည်းမှ တွေ့မြင်လာရ” သည် ဟု ကြေညာချက်က ဆိုသည်။

ဦးသန်းရွှေကို ဖမ်းဆီးသွားပြီး နောက်တစ်ရက် မေ ၆ တွင် တောင်ကုတ်မြို့နယ်နေ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က “တောင်ကုတ်မြို့နယ်ငြိမ်းချမ်းဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ” ဟူသည့် ရေးသားချက်တခုကို Facebook တွင် တင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) က မဲအများစုဖြင့် အနိုင်ရခဲ့သော်လည်း NLD ပါတီဝင် ပြည်နယ်လွှတ်တော်အမတ် ဦးမင်းအောင်မှာ စည်ပင်ဝန်ကြီးဖြစ်လာခဲ့သည်။

သို့သော် နိုင်ငံတော်နှင့်အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ တိုင်ကြားခံရပြီးနောက် ၂၀၁၈ ဇန်နဝါရီက ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ကာ ဦးမင်းအောင်ကို ဝန်ကြီးအဖြစ်မှ ရပ်စဲခဲ့သည်။

“ခုအချိန်မှာ ဘူးရွှေမော်ရွာ၊ ကျော်ကိုင်းရွာတို့က NLD ပါတီဝင်အမာခံတွေ ထွက်ပြေးနေကြရပါပြီ။ နောက်မကြာခင်ကာလမှာ ဘယ်သူတွေ ထွက်ပြေးကြရအုံးမှာလဲ။ သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ ဘူးရွှေမော်ရွာက ဦးသန်းရွှေကို ဖမ်းထားပြီးကြပါပြီ။ သတ်ပြီးပြီလားမသိပါ” ဟု ဦးမင်းအောင် က Facebook တွင် ရေးခဲ့သည်။

ယင်းနောက် ANP ပါတီသည် AA နှင့်ပတ်သက်သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီဝင်များက Facebook တွင် စွပ်စွဲရေးသားနေသည်ဟုဆိုကာ တောင်ကုတ်မြို့နယ် ANP ပါတီက မေ ၆ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းတို့ပါတီမှာ AA နှင့် ပတ်သက်မှုမရှိဘဲ တောင်ကုတ်မြို့နယ် NLD ခေါင်းဆောင်ပိုင်းအချို့က ၎င်းတို့ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်ရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ANP က ဆိုသည်။

ANP က ထိုကြေညာချက်ထုတ်ပြန်ပြီး တစ်ပတ်ခန့်အကြာတွင် တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ANP ၏ တောင်ကုတ်မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့်ပင် ရဲတပ်ဖွဲ့က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တရားစွဲဆိုထားသည့် တရားလိုမှာ ဘူးရွှေမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်း ဖြစ်သည်ဟု ၎င်းတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က Myanmar Now ကိုပြောသည်။

‘အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအရ’ ဟု ဆိုသော်လည်း ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (NSO) အဖွဲ့အပါအဝင် “ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ ဗဟိုသတင်းဌာန စသည့် အကောင့်များဖြင့် မဟုတ်မမှန်သတင်းများ အဆက်မပြတ် တင်ပြနေသည့်အတွက်” ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

သို့သော် ANP ၏ တောင်ကုတ်မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုမူ မည်သူကတရားလိုလုပ်၍ တရားစွဲဆိုသည်ကို “မသိရသေး” ဟု ရခိုင်အမျိုးသားပါတီ ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ရှေ့နေ ဦးတင်ညိုက Myanmar Now ကို ပြောသည်။

မေ ၁၁ တွင် ၎င်းတို့သုံးဦးလုံးကို တောင်ကုတ်မြို့နယ် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) နှင့် တရားစွဲတင်နိုင်ရေး ရဲတပ်ဖွဲ့က တပြိုင်နက်တည်း ချုပ်ရမန်ယူခဲ့သည်။

ယခုကဲ့သို့ တောင်ကုတ်မြို့နယ်အတွင်းမှ ရပ်ရွာမတည်ငြိမ်မှုများ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးမှုများသည် ယခင်က တည်ငြိမ်နေသည့်ရေပြင်ကို ဂယက်ထသွားစေသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ထောက်ခံအားပေးမှုနှင့် တစ်ဖက်မှ ဆန့်ကျင်နေသူများ၏ သဘောထားများမှာလည်း ထိပ်တိုက်တွေ့လာပြီး အမျိုးသားရေး ရှေ့တန်းရောက်လာမှုကလည်း အာဏာရပါတီနှင့် ရခိုင်ပါတီများအကြား ဒေသအတွင်းတွင် ယခင်ကထက် ပို၍တင်းမာမှုဖြစ်စေရန် တွန်းပို့ပေးသကဲ့သို့ ဖြစ်လာနေသည်။

မြတ်ကျော်သူသည် Myanmar Now သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading