ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ၅ ဦး ကျန်းမာရေးစောင့်ကြည့်ခံနေ

ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားသည့် တစ်ခါသုံးရောဂါစစ်ကိရိယာ အသုံးပြု၍ စစ်ဆေးကြည့်ရာ ဝန်ကြီးချုပ်နှင့်အတူ ခရီးသွားထားသူများအနက် နှစ်ဦးတွင် ပိုးတွေ့ထားခြင်းဖြစ်သည် 

ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ ဧပြီ ၁၈ ရက်က ရှမ်းအရှေ့ပိုင်းရှိ ဆေးရုံများကို သွားရောက်လှူဒါန်းခဲ့စဉ် (ဓာတ်ပုံ - Sayar Soe Abn Facebook)

ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၅ ဦးအပါအဝင် စုစုပေါင်း ဝန်ထမ်းအယောက် ၃၀ သည် တောင်ကြီးမြို့ရှိ အစိုးရဧည့်ရိပ်သာ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ခြင်း/တားမြစ်ခြင်း (facility quarantine) ဝင်နေရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယောင်း ခရီးစဉ်မှ ပြန်ရောက်လာပြီး ဧပြီ ၂၀ ရက်တွင် အစိုးရဧည့်ရိပ်သာ၌ Facility Quarantine ဝင်နေခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များမှ ဆေးရုံများသို့ ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရေး ပစ္စည်းများ၊ စားနပ်ရိက္ခာများကိုလှူဒါန်းခဲ့ပြီး ဧပြီ ၁၉ က ကျိုင်းတုံမြို့၌ ညအိပ်ခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ထံ လာလှူထားသည့် တစ်ခါသုံးရောဂါစစ်ကိရိယာ (Rapid test kit) များ အသုံးပြု၍ အဆိုပါ ခရီးစဉ်လိုက်ပါခဲ့သူများကို စမ်းသပ်စစ်ဆေးကြည့်ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ယာဉ်မောင်းနှင့် ရဲမှူးချုပ်၏ ကိုယ်ရေးအရာရှိတို့တွင် ကိုရိုနာဗိုင်းရပ်ပိုးရှိကြောင်း အဖြေထွက်သည့်အတွက် ကျန်းမာရေး စောင့်ကြည့်ခံနေရခြင်းဖြစ်သည်ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

အဆိုပါ တစ်ခါသုံးရောဂါစစ်ကိရိယာ (Rapid Test Kit) များသည် ရောဂါသိနိုင်စွမ်းအားကို အာရုံခံနိုင်စွမ်း အားနည်းသည့်အတွက် အသုံးမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

“Test Kit (ရောဂါစစ်ကိရိယာ) ကို စမ်းသုံးကြည့်တာပါ။ အသုံးတည့်မလားလို့ပေါ့ဗျာ။ လက္ခဏာပြလို့စစ်တာ မဟုတ်ဘူး။ တစ်ယောက်မှ ကိုဗစ်လက္ခဏာမပြပါဘူး”ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် အစိုးရအစိုးရအဖွဲ့တို့ သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လက်ရှိအထိ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိနေသည်။ လူနာအမှတ် ၉၆ နှင့် ၁၁၂ တို့ဖြစ်သည်။ ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၄ ဦးရှိသည်။

အဆိုပါခရီးစဉ်တွင် ရောဂါပိုးတွေ့ရှိထားသူများနှင့်လည်း တွေ့ဆုံခဲ့ခြင်း မရှိသလို ပိုးတွေ့လူနာကိုကုသပေးနေသည့် ဆရာဝန်များနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိဟု ဝန်ကြီးက ဆိုသည်။

တစ်ခါသုံးစစ်ဆေးကိရိယာဖြင့် စစ်ဆေး၍ ရောဂါပိုးတွေ့ရှိကြောင်း အဖြေထွက်သူ နှစ်ဦးကို ကျိုင်းတုံမြို့၌ Quarantine ဝင်ထားခိုင်းထားပြီး ၎င်းတို့၏ အာခေါင်တို့ဖတ် နမူနာများကို ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းသို့ ကားဖြင့် ပို့ထားသည်ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

“ရန်ကုန်ဓါတ်ခွဲခန်း၏ ရလဒ်​ပေါ်မှုတည်ပြီး​တော့ ​ဆောင်ရွှက်သင့်တာကို ​ဆောင်ရွှက်သွားမှာဖြစ်ပါတယ်။ အကယ်၍ Positive (ပိုးတွေ့) ခဲ့ရင်​တော့ Q (အသွားအလာ တားမြစ်ထားခြင်း) လုပ်​နေသူအားလုံး ဆက်လက်ဝင်ရမှာဖြစ်ပြီး အဆိုပါ positive လူနာများနဲ့ ထိစပ်ခဲ့သူအားလုံး၏ရာဇဝင်လိုက်ပြီးQuarantine ဝင်ခြင်း၊ ထိစပ်​နေများကို Lockdown လုပ်ခြင်းတို့ ဆက်လက်​ဆောင်ရွှက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးညွန့်လွင်က ၎င်း၏ Facebook တွင် ရေးသားထားသည်။

ရှမ်းပြည်နယ်အတွင်း ၅၅ မြို့ နယ်အနက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှလွဲ၍ ကျန် ၄၈ မြို့နယ်တွင် ဧပြီ ၂၀ မှ မေ ၁၄ အထိ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကူးစက်ခံခဲ့ရသည့် လူနာဦးရေ ၁၂၁ ဦးရှိခဲ့သည့်အနက် သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၉ ဦး ရှိလာပြီး လတ်တလောတွင်စောင့်ကြည့်ခံရသူ ၂၀၈၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၁ ည ၈နာရီတွင် သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading