ရခိုင်တွင် သင်္ကြန်ကာလ ပစ်ခတ်မှုများအတွင်း အရပ်သား ၁၃ ဦးသေ ၂၈ ဦးဒဏ်ရာရ

နိုင်ငံတဝန်း ကိုဗစ်နိုင်တင်းကြောင့် အသွားအလာကန့်သတ်ပြီး အိမ်တွင်းအောင်းနေရသည့်အချိန်တွင် ရခိုင်မြောက်ပိုင်းရှိ ပြည်သူများမှာ ပစ်ခတ်မှုများအတွင်း အတိဒုက္ခရောက်နေကြသည်

 
 
Published on Apr 20, 2020
ဂရပ်ဖစ်ဒီဇိုင်း - မိုးထက်လျှမ်း/Myanmar Now
ဂရပ်ဖစ်ဒီဇိုင်း - မိုးထက်လျှမ်း/Myanmar Now

ရန်ကုန်၊ ဧပြီ ၁၇

တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၌ ပစ်ခတ်မှုများနှင့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများကြောင့် သင်္ကြန်ကာလ ရက်အတွင်း အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရခိုင်လွှတ်တော်အမတ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

သင်္ကြန်ကာလ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် မြို့နယ်များမှာ အမ်း၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များဖြစ်သည်။

အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာတွင် ဧပြီ ၁၂ ရက် ညဉ့်ဦးပိုင်း နာရီခွဲခန့်က ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် မောင်စိုးစိုး () မောင်စိုးငယ်မှာ နေရာတွင်ပင်သေဆုံးသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

ထို့အပြင် နေအိမ်အနီးတွင်ရှိနေသည့် ဒဏ်ရာရသူ အသက် ၅၂ နှစ်အရွယ် ဦးသန်းအောင်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်တင်မာဝင်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်မြင့်မြတ်တို့ ဦးမှာ လက်နက်ကြီးကျည်စများထိမှန်ပြီး ဒဏ်ရာရသွားသည်ဟု သူက ဆိုသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာအတွင်းသို့ ဧပြီ ၁၃ ရက် နံနက် နာရီခန့်က လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က Myanmar Now ကိုပြောသည်။

ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် မိုင်ခန့်အကွာ ရန်ကုန်စစ်တွေကားလမ်းပေါ်တွင်ရှိသည့် အဆိုပါရွာ၏ အနီးအနားကို ယခင်ရက်များကလည်း လက်နက်ကြီးများ မကြာခဏကျရောက်လေ့ရှိသော်လည်း ထိခိုက်သေဆုံးမှုများမရှိခဲ့ကြောင်း ရွာခံ မယုလှိုင်မေ က ပြောသည်။

အဲဒီနေ့က ထမင်းချက်နေတုန်း လက်နက်ကြီးသံတွေကြားရတာပဲ၊ ကြောက်လို့ အိမ်ထဲဝပ်နေရတယ်” ဟု မယုလှိုင်မေက ပြောသည်။

သေဆုံးသူများမှာ မောင်ညီထွန်း ၂၄ နှစ်၊ မောင်မောင်ချေ ၂၁ နှစ်၊ သားလှ ၁၇ နှစ်၊ မောင်ဌေးဝင်း ၁၅ နှစ်၊ မောင်နိုင်ဆန်း ၁၅ နှစ်၊ မသန်းသန်းစိုး()မချေ ၂၄ နှစ်၊ မောင်ထက်မြတ်ဦး ၁၃ နှစ်နှင့် မောင်ကျော်ဆန်း ၁၈ နှစ်တို့ဖြစ်သည်ဟု ရွာသားများက အတည်ပြုသည်။

လက်နက်ကြီးကျသည့်ဖြစ်စဉ်တွင် ဦးမှာ နေရာတွင်ပင် သေဆုံးသွားပြီး ကျန် ဦးအနက် ဦးမှာ ပုဏ္ဏားကျွန်းဆေးရုံတွင်သေဆုံးပြီး နောက် ဦးမှာတော့ စစ်တွေဆေးရုံသို့ သွားရောက်စဉ်သေဆုံးသွားခဲ့သည်။

သေဆုံးနေသည့် လူသေအလောင်းများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များမှာ ယင်းရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေခဲ့သည်ကို တွေ့ရသည်။

သင်္ကြန်နောက်ဆုံးရက်ဖြစ်သည့် ဧပြီ ၁၆ က ကျောက်တော်မြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုနှင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ဒေသခံ မွတ်စလင်များအပါအဝင် ၁၂ ဦးဒဏ်ရာရသွားသည်ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

ဧပြီ ၁၆ ရက် ညနေ နာရီခွဲခန့်က ကျောက်တော်မြို့နယ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်မှုကြောင့် အရပ်သား ဦးဒဏ်ရာရခဲ့ပြီး ဦးခေါင်းတွင်လက်နက်ကြီးကျည်စ ထိမှန်ခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် ကိုနေတိုးထွန်းကတော့ ဒဏ်ရာပြင်းထန်သည့်အတွက် ဧပြီ ၁၇ နံနက်က ကျောက်တော်ဆေးရုံတွင် သေဆုံးသွားသည်ဟု သိရသည်။

ဒဏ်ရာရသူများမှာ အသက် ၆၀ အရွယ် ဦးလှကျော်ထွန်း၊ အသက် ၅၀ အရွယ် ဒေါ်တင်ရီ၊ အသက် ၁၉ နှစ်အရွယ် မောင်ဇင်ကိုလွင် နှင့် အသက် ၁၁ နှစ်အရွယ် မချေ အသက် ၅၀ အရွယ် ဦးမောင်ကြီး()ဦးလှထွန်းတို့နှင့် ပိုက်သည် (မွတ်စလင်) ရွာမှ ရွာသား ၇ ဦးတို့ဖြစ်သည်။

ဧပြီ ၁၆ ရက်တိုက်ပွဲတွင် ကျောက်တော်မြို့ ပိုက်သည် (မွတ်စလင်) ရွာအတွင်းသို့ လက်နက်ငယ်များ ကျရောက်ခဲ့မှုကြောင့် မွတ်စလင် ဦး ဒဏ်ရာရသွားပြီး ကျောက်တော်ဆေးရုံနှင့် အပေါက်ဝဆေးရုံများသို့ ပို့ဆောင်ထားကာ ၎င်းတို့၏နာမည်များနှင့် အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းနေသည်ဟု REC မှ ကိုဇော်ဇော်ထွန်းက ပြောသည်။

REC ၏အချက်အလက်များအရ နောက်ထပ် သေဆုံးသူ သုံးဦးမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၃၂ နှစ်အရွယ် ကိုဘိုနိုင်ဝင်း၊ အသက် ၄၁ နှစ်အရွယ် ကိုကျော်ကျော်နိုင်နှင့် သဲပုံရွာမှ အသက် ၁၉ နှစ်အရွယ် ကိုမြတ်သူမောင်တို့ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သုံးဦးမှာ သားသတ်လိုင်စင်ရရှိထားပြီး ကျောက်တော်မြို့တစ်ဖက်ကမ်း ညောင်ပင်လှရွာသို့ သွားရောက်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ပစ်ခတ်ခံရသူ သုံးဦး၏အလောင်းများကို ဧပြီ ၁၇ ညနေ နာရီခွဲခန့်က ကစ္ဆပနဒီတံတား၏တောင်ဘက် မိုင်ခန့်အကွာရှိ သဝင်ကိုင်းနှင့် ကြာညိုပြင်ရွာတို့ အနီးတွင်တွေ့ရှိခဲ့ပြီး ဧပြီ ၁၈ တွင် သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

ဧပြီ ၁၆ က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်တွင် သွားနေသည့် ဒေသခံသုံးဦးသည်လည်း သေနတ်နှင့် ပစ်ခတ်ခံခဲ့ရပြီး အလောင်းများကို မြစ်အတွင်းသို့ပစ်ချခဲ့သည်ဟု ကြားသိခဲ့ရသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးမောင်လှကျော်က ပြောသည်။

ပစ်ခတ်မှု၊ လက်နက်ကြီးကျရောက်မှုဖြစ်စဉ်များအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Nowမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော် ဧပြီ ၁၆ က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့်အတွက် ပြန်လည် တုန့်ပြန်ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်က ဧပြီ ၁၇ ရက်က ထုတ်ပြန်ထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက မတ် ၁၃ က တရားဝင် ကြေညာခဲ့သည့်အတွက် Myanmar Now အနေဖြင့် သီးခြား ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် ဧပြီ ရက်ကလည် ကျောက်တော်မြို့တွင်း ပစ်ခတ်မှုများကြောင့် ပိုက်သည်ရပ်ကွက်မှ ဒေသခံ နှစ်ဦးနှင့် ကျောက်တော်မြို့ တစ်ဖက်ကမ်းရှိ ပိန်းနဲချောင်းရွာမှလည်း အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် နန်းချောင်းဝရွာတွင် ရဟတ်ယာဉ်နှင့် ပစ်ခတ်မှုကြောင့် ရွာသား ဦးသေဆုံး ဦးဒဏ်ရာရခဲ့သည်။

ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ မတ် ၂၃ ရက်မှစတင်ပြီး ရခိုင်တိုက်ပွဲများကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ အရပ်သား ၄၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။

 

 

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading