ဂဏန်းမငြိမ်သော ရွေးကောက်ပွဲ သတင်းယူခွင့် (ဘလော့ ဆောင်းပါး)

၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲနေ့က တွေ့ရသော ရန်ကုန် ဆိပ်ကမ်းမြို့နယ် မဲရုံတစ်ခု အတွင်းပိုင်း မြင်ကွင်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ရန်ကုန် -  ဝင်ပေါက်ရှေ့ တံခါးဝအနီးရှိ သံဆန်ကာပေါ်တွင် ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ရန်၊ အသံမဖမ်းရန် သတိပေးဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသော်လည်း သတင်းထောက်များကမူ စိတ်ကြိုက်လွတ်လပ်စွာ ရိုက်ကူးနေကြသည်။

စောင့်ကြပ်နေသည့် တာဝန်ရှိသူများက တစ်စုံတစ်ရာ တားမြစ်နှောက်ယှက်ခြင်းမလုပ်ပေ။

ထိုမြင်ကွင်းကတော့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း(နိုဝင်ဘာ ၃ ရက်နေ့)က ပြီးဆုံးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲကျင်းပရာ ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် ရိပ်သာ ရပ်ကွက်မဲရုံ(၁) ရှေ့တွင် ဖြစ်သည်။

မဲရုံအပေါက်ဝရှေ့တည့်တည့်တွင် မဲပေးမည့်သူတချို့ မှတ်ပုံတင် ကိုင်ဆောင်ရင်း စောင့်ဆိုင်းနေကြသကဲ့သို့ အမတ်လောင်းတချို့၊ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် မီဒီယာ အသီးသီးမှ သတင်းသမားများပါ ရောက်ရှိနေကြသည်။

မဲပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံး အဆင်ပြေပြေပင် ဆက်လက် လုပ်ဆောင်ကြပြီး မဲရုံစဖွင့်ပြီး တစ်နာရီကျော် အကြာတွင် မဲရုံလုပ်ငန်းစဉ်တချို့နှင့်ပတ်သက်ပြီး အမတ်လောင်းတစ်ဦးက ဝေဖန်ခဲ့သည်။

မဲပေးသည့်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရာတွင် အဆင်ပြေမှုမရှိကြောင်း ကန့်ကွက်သော်လည်း တိုင်းကော်မရှင်ရုံးက အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်း မရှိကြောင်းလည်း ၄င်းက ပြောသည်။

သည့်နောက်ပိုင်းအချိန်များတွင်တော့ မဲပေးသည့်လုပ်ငန်းများ အဆင်ပြေပြေပင် ဆက်လက် လည်ပတ်နေသည်။

၈ နှစ်အတွင်း ရွေးကောက်ပွဲ အရေအတွက် အတန်အသင့် ရှိလာပြီ ဖြစ်သော်လည်း မဲပေးသည့်နေ့ သတင်းယူနိုင်ခွင့် အခြေအနေမှာ ဂဏန်းမငြိမ်သေးပေ။

မဲပေးမည့် သမ္မတကို မျှော်ကြသည်

၂ဝ၁ဝ မှ စတင်ပြီး အထွေထွေရွေးကောက်ပွဲ ၂ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၇ နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် တစ်သီးပုဂ္ဂလ နှင့် ပါတီ ၂၄ ခုမှ အမတ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

တာမွေ မဲဆန္ဒနယ်၊ မဲရုံအမှတ် ၃ သည် အရောင်အသွေး စုံလင်သော ကိစ္စများလည်း ဖြစ်ပေါ်ခဲ့သည်။ မိုးလင်း ကတည်းက သတင်းသမားများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများသာမက ဒေသခံတို့သည် “အခုလာနိုး၊ ခဏနေရောက်နိုး”နှင့် လာမည် ဆိုသော သမ္မတကို မျှော်နေကြသည်မှာ မနက်စောစော မဲရုံဖွင့်ကတည်းက ဖြစ်သည်။ တဖြည်းဖြည်း မြင့်တက်လာသော နေပူရှိန်အောက်တွင် လူအုပ်သည် ပိုပို၊ များများလာကာ မောပန်း ပူလောင်နေခြင်းကို မေ့လျော့နေကြပုံပင်။

လူအုပ်ကြီးထဲရှိ အများစုမှာ မဲပေးရန် စုဝေးနေခြင်း မဟုတ်ပေ။ သမ္မတကို မြင်လိုသဖြင့် ရောက်လာကြသူတချို့ ရှိသကဲ့သို့ အနယ်နယ် အရပ်ရပ် မိမိတို့ ကြုံနေရသည်များကို စာရေးသား အသိပေးလိုကြသူများလည်း ရှိသည်။

သမ္မတ လာရောက် မဲထည့်သည့် မိနစ်ပိုင်းအချိန်အတွင်း မိမိတို့ ဘဝအမော နာကျင်ခံစားရသည် များ ကို တိုင်ကြား စာအဖြစ်ပေးလိုသူများနှင့် လှုပ်လှုပ်ရှားရှား ပိုမို အသက်ဝင်လာသည်။ စာအိတ်ပေါင်း ရာဂဏန်း နီးပါးကို တစ်ယောက်တည်း သယ်ယူလာသူများရှိလည်း ရှိခဲ့သည်။ မဲရုံအနီး ရောက်ရှိနေသော မီဒီယာသမားများကလည်း သမ္မတကို စောင့်စားရင်း သတင်းလုပ်ငန်းအတွက် အမေး အဖြေ ပြုလုပ်နေကြသဖြင့် ဆူညံနေကြတော့သည်။

ထိုသို့ စောင့်စားနေကြစဉ် တိုင်ကြားစာ လက်ခံသည့် ယာယီဌာနတစ်ခုကို မဲရုံအနီး ဖွင့်လှစ်ပေးခဲ့သည်။ မွန်းလွဲ ၂ နာရီထိုးခါနီး အချိန်တွင်တော့ ကျားကွက်သစ် ရပ်ကွက်ရှိ မဲရုံသို့ သမ္မတ ရောက်လာရာ စောင့်စားနေသူအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဆိပ်ကမ်းမြို့နယ်မှ မဲရုံများနှင့် တာမွေရှိမဲရုံများကို ဝင်ရောက် လေ့လာသော အမေရိကန် သံအမတ် စကော့မာစီရယ်လ်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ချီးကျူးခဲ့သည်။

လွတ်လပ်စွာမဲပေးနိုင်ခြင်း၊ မဲပေးသူစာရင်း တိကျကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း၊ မီဒီယာသမားများ လွတ်လပ်စွာ လေ့လာနိုင်ခြင်းတို့ ရှိကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ကန့်သတ်ခံရခြင်း

ရန်ကုန်အခြေစိုက်သတင်းထောက် တချို့က ဤရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများထက် သတင်းရယူရာတွင် အနည်းအဆင်ပြေလာသည်ဟု သုံးသပ်သည်။

သို့သော် တခြားမြို့များတွင်မူ လွတ်လပ်စွာ သတင်းရယူခွင့်အတွက် အကြိတ်အနယ် တောင်းဆိုနေရဆဲဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်မဋိပက္ခ ရှိနေသော နယ်မြေများတွင် ထိုအခက်အခဲကို ရင်ဆိုင်နေရသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သည့် မြစ်ကြီးနားမြို့နယ်တွင် သတင်းရယူခွင့်အတွက် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ကြောင်း မြစ်ကြီးနားအခြေစိုက် သတင်းထောက်တချို့ က မှတ်ချက်ပေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် လာရောက်မဲထည့်မည့် မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက်ရှိ မဲရုံ(၁)တွင် ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးခွင့်ရရှိရန်အတွက် အခြေအတင် ပြောခဲ့ရသည်ဟု ၎င်းတို့က ရှင်းပြသည်။

ကြားဖြတ်ရွေးကောက်ပွဲများကို၂ဝ၁၂၊ ၂ဝ၁၇ တို့တွင်လည်း တွေ့ခဲ့ရပြီး ယခု ရွေးကောက်ပွဲသည် လစ်လပ် မဲဆန္ဒနယ် အနည်းဆုံး၊ မဲပေးရန် ပျက်ကွက်သူ အရေအတွက် အများဆုံး ဖြစ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း စောင့်ကြည့်သူများက ခန့်မှန်းထားကြသည်။

ကော်မရှင်က ရွေးကောက်ပွဲသတင်းယူခြင်း ဆိုင်ရာ စည်းကမ်းများကို ထုတ်ပြန်ထားပြီး မဲရုံဝန်းကျင် သတင်းရယူခွင့်သည် မဲရုံတစ်ခုချင်းစီမှ မဲရုံမှူးတို့၏ ခွင့်ပြုချက်အပေါ် မူတည်နေသည်ဟု သတင်းသမားအများစုက မှတ်ချက် ပြုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့တွင် မဲရုံမှူးတို့၏ တားမြစ်ချက်ကြောင့် မဲရေသည်ကိုပင် ကြည့်ရှု့ခွင့်မရကြောင်း လားရှိုးအခြေစိုက် သတင်းသမား မမြတ်မိုးသူက ပြောသည်။

“တိုင်းရင်းသားဒေသတွေမှာ ပွင့်လင်းမှု အားနည်းနေသေးတာတော့ အမှန်ပဲ” ဟု ၎င်းကပြောသည်။

၎င်းတွေ့ခဲ့ရသည့် မဲရုံမှူးတချို့သည် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နှစ်ရက်ကြာသာလေ့လာခွင့်ရခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားအခြေစိုက်သတင်းထောက်တစ်ယောက်က မဲရုံမှူးတာဝန် ယူရမည့်သူတို့ကို ယခုထက်ပိုမို၍ သင်တန်းပေးသင့်ပြီး မီဒီယာများနှင့် ပတ်သက်၍ တိကျသည့် လမ်းညွှန်မှုများ ချပေးထားသင့်ကြောင်း မှတ်ချက်ပေးသည်။

“အဓိကက မဲရုံမှူးတွေပဲဗျ။ သူတို့ခွင့်ပြုရင် ဝင်ထွက်ခွင့်ရပြီး၊ သူတို့ခွင့်မပြုရင် မရဘူးဆိုတော့ အဆင်မပြေဘူးလေ” ဟု မြစ်ကြီးနားအခြေစိုက်သတင်းထောက် ကိုဝေဖြိုးအောင်က ပြောသည်။

ရန်ကုန်၊ တာမွေတွင်မူ ယခင်ရွေးကောက်ပွဲများထက် သတင်းလွတ်လပ်ခွင့် ပိုမိုရရှိလာပြီး ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ၊ မဲရုံမှူးများ၏ ပွင့်လင်းမြင်သာမှုမှာ ပိုမိုအားကောင်းလာသည်ဟု သတင်းယူကြသူတချို့က ယူဆကြသည်။

စောင့်ကြည့်သူများ

ရွေးကောက်ပွဲစောင့်ကြည့်သည့် အဖွဲ့များတွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ် တို့က စောင့်ကြည့်သူ ၅၇၉ ဦးကို မဲဆန္ဒနယ် အများအပြားတွင် တာဝန်ချထားခဲ့သည်။ စောင့်ကြည့်မှုများကို အစီအရင်ခံစာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲ စီမံခန့်ခွဲမှုတွင် အားနည်းချက်များ ရှိနေခြင်း၊ မသန်စွမ်းသူတို့ မဲပေးရာတွင် ပြေလည်စေရေး အတွက် ဆောင်ရွက်ထားမှု မရှိခြင်း၊ မဲပေးခြင်းအဆင့်တွင် လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်မှု မရှိခြင်း စသည်တို့ကို ထောက်ပြထားသည်။ မဲရုံ တာဝန်ရှိသူတို့ကို တိကျခိုင်မာ သည့် လမ်းညွှန်ချက်များ၊ ထိရောက်သည့် သင်ကြားမှုများ ပေးသင့်ကြောင်းလည်း ထောက်ပြခဲ့သည်။

ယခုရွေးကောက်ပွဲ၏ လွတ်လပ်မှုသည် ရာနှုန်းပြည့် မဟုတ်သော်လည်း ၉ဝ ရာခိုင်နှုန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲ ပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေး မဟာမိတ်များအဖွဲ့ (EEOP) ၏ အကြံပေးဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက ပြောသည်။

“ခြုံပြီးပြောရမယ် ဆိုရင်တော့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲက လွတ်လပ်ပြီးတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့တော့ ပြောလို့ရပါတယ်” ဟု ၄င်းက ဆိုသည်။

ရွေးကောက်ပွဲအလွန် ကာလကိုစောင့်ကြည့်ပြီး အစီအရင်ခံစာ ထုတ်ပြန်ဦးမည်ဟု သိရသည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် လတ်တလော ရလဒ်များအရ ပွင့်လင်းမှုရှိသည်ဟု ဆိုနိုင်သည်။

မဲပေးခြင်းလုပ်ငန်းစဉ်များတစ်နေကုန် လုပ်ဆောင်ပြီးသည့်နောက် ညနေ ၄ နာရီထိုးသည်နှင့် ဆိပ်ကမ်းရိပ်သာ(၁) မဲရုံမှူးက မဲရုံ ပိတ်သိမ်းကြောင်း လက်ကိုင်အသံချဲ့စက်ဖြင့် ကြေညာသည်။

မဲရေတွက်ချိန်တွင် မီဒီယာများ၊ စောင့်ကြည့်လေလာသူများ၊ အမတ်လောင်းတို့၏ ကိုယ်စားလှယ်များ ဝင်ရောက်လေ့လာစောင့်ကြည့်နိုင်ခဲ့ပြီး ဓာတ်ပုံ၊ ရုပ်သံရိုက်ကူးသူ သတင်းသမား အများအပြားက အွန်လိုင်းလူမှုကွန်ယက် Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ကြကို တွေ့ရသည်။

မဲရေတွက်မှုကို အများမြင်သာအောင်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ကြသည်။ မဲရလဒ်ကို သက်ဆိုင်ရာ အမတ်လောင်းတို့၏ အမည်အောက်တွင် တစ်ပြိုင်တည်း ရေးမှတ်ကြသည်။

မဲရေတွက်နေစဉ်ကာလအတွင်း စောင့်ကြည့်သူများ၏ မေးမြန်းမှုများနှင့် စောဒကတက်မှုများကိုလည်း မဲရုံမှူးက ကြေလည်အောင်ညှိနိုင်းသွားသည်။

လေ့လာသူတို့ မဲရုံတံခါးမပိတ်ခင် မဲရုံအတွင်းသို့ ဝင်ခွင့်ရောက်သည့် အချိန်တွင် အမတ်လောင်းတစ်ဦး၏ ကိုယ်စားလှယ်ဟု ယူဆရသူ တစ်ယောက်က မဲရုံအတွင်းမှ မီဒီယာသမားများနှင့် အခြား မသက်ဆိုင်သူများကို အပြင်ထွက်ခိုင်းရန် တောင်းဆိုသည်။

ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် မည်သူတာဝန်ယူမည်နည်းဟု မေးမြန်းရာတွင် မဲရုံမှူး ဖြစ်သူ ဒေါ်ဥမ္မာ၏ အဖြေမှာ“ ကျွန်မတာဝန်ယူတယ် ” ဟူ၍ပင်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading