ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်နှင့် ရထားများအစီးရေလျှော့ချ

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ယာဉ်အစီးရေ လျှော့ချပြေးဆွဲခြင်းမှာ ခရီးသည်များ ကိုဗစ်နိုင်တင်း ရောဂါပိုးကူးစက်နိုင်ရန် အခွင့်အလမ်းပိုများကြောင်း စီးနင်းသူများကဆိုသည်

YBS ၅၈ ယာဉ်ပေါ်သို့ ခရီးသည်များတက်နေသည်ကို မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇေယျ)

ကိုဗစ်နိုင်တင်း (COVID-19) ဂယက်ကြောင့် ရန်ကုန်မြို့တွင်းခရီးသွားများ လျော့နည်းသွား၍ဟုဆိုကာ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်နှင့် ရထားများအစီးရေလျှော့ချ ပြေးဆွဲလာကြသည်။

ရန်ကုန်မြို့နေလူထု အဓိကစီးနင်းသည့် မြို့တွင်းပို့ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် မြို့ပတ်ရထားပြေးဆွဲနေမှုကို ယခင်ကထက် သုံးပုံတစ်ပုံခန့် လျှော့ချပြေးဆွဲနေသည်ဟု မြန်မာ့မီးရထားလုပ်ငန်း၊ ရန်ကုန်မှ တိုင်း - ၇ မန်နေဂျာ ဦးဇော်လွင်က Myanmar Now ပြောသည်။

အခြားလမ်းကြောင်းတူပြေးဆွဲသည့် ရထားများရှိနေသဖြင့် ရန်ကုန်-အင်းစိန်ရထားနှင့် ရန်ကုန်-ပုရွက်ဆိတ်ကုန်း ပြေးဆွဲသည့်ရထားလိုင်းနှစ်ခုကို လုံးဝရပ်နားခဲ့ကြောင်း ၎င်းကဆိုသည်။

“ခရီးသည်မရှိတော့ဗျာ ဒီအတိုင်းအခွံချည်းပဲ ပြေးနေတာထက်စာရင်ဆိုပြီး လျှော့လိုက်တာပေါ့။ အရင်က ရုံးတက်ချိန်ဆိုရင် ပြည့်ကျပ်နေတာ အခုက စီးမယ့်သူကို မရှိသလောက်ပဲ”ဟု ၎င်းကပြောသည်။

ယခင်က ရန်ကုန်မြို့တွင်းရထားစီးခရီးသည် တစ်ရက်လျင် ခြောက်သောင်းခန့်ရှိခဲ့ပြီး ဧပြီ ၁ တွင် ခရီးသည် ၁၇,၀၀၀ ကျော်သာ ရှိတော့ကြောင်း ယင်းကြောင့် ရန်ကုန်မြို့တွင်း တွဲဆိုင်း ၂၁ တွဲဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ခရီးသည်စီးရထား အခေါက်ရေ ၁၆၈ ခေါက်ကိုပြေးဆွဲခြင်းမရှိတော့ဘဲ မတ် ၂၉ မှစ၍ ရထားတွဲဆိုင်း ၁၅ တွဲဖြင့် အခေါက်ရေ ၉၉ ခေါက်သာ ပြေးဆွဲတော့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ပင် ရန်ကုန်မြို့တွင်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သည် YBS (Yangon Bus Service) ယာဉ်လိုင်းများလည်း လျှော့ချရပ်နားမှုများရှိလာခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ပြီးခဲ့သည့်လကတည်းက လေဆိပ်နှင့် ဘူတာကြီးပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်း Airport Shuttle နှစ်လိုင်းနှင့် YBS ၁၀၁ ယာဉ်လိုင်းတို့ကို ခရီးသည်လိုက်ပါစီးနင်းမှု မရှိတော့သည့်အတွက် YRTA သို့တင်ပြပြီး ရပ်နားထားခဲ့သည်ဟု Omni Focus General Services Public Co., ltd မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

“သူတို့တင်ပြတာက လေဆိပ်တွေမှာ ခရီးသည် မရှိတော့တာက တစ်ကြောင်း၊ တက္ကသိုလ်လေးခုကို ချိတ်ဆက်တဲ့အခါမှာ ကျောင်းသူ/ကျောင်းသားတွေ မရှိတော့တာ တစ်ကြောင်းပေါ့” ဟု ဒေါက်တာမောင်အောင်ကပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲရန် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ခြောက်ထောင်ကျော်ရှိပြီး ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းရှိကာ ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းပေါင်း ၁၃၇ ကြောင်းရှိကြောင်း ကိုဗစ်နိုင်တင်းမဖြစ်ခင်က တစ်ရက်လျှင် ၄၀၀၀ ကျော်ရှိခဲ့ရာမှ ဧပြီ ၃ နေ့လယ် ၁၂ နာရီအထိ နောက်ဆုံးစာရင်းအရ ပြေးဆွဲလျက်ရှိသည့် ယာဉ်အစီးရေ ၂၈၀၀ ခန့်သာရှိတော့ကြောင်း ၎င်းကဆိုသည်။

ခရီးသည်စီးနင်းမှု လျော့နည်းနေမှုကြောင့် YRTA က ယာဉ်လိုင်းပိုင်ရှင်များထံမှ ယာဉ်တစ်စီးလျှင် လေးထောင်နှုန်းဖြင့် နေ့စဉ်ကောက်ခံနေသည့် ရန်ပုံငွေကိုလည်း မတ် ၂၇ မှ ဧပြီလကုန်အထိ ကင်းလွတ်ခွင့်ပြုထားကြောင်း YRTA ကပြောသည်။

စီးနင်းသူ လျော့ကျလာသည့်အတွက် လက်ရှိအချိန်တွင် YBS ယာဉ်လိုင်းလုပ်ငန်းရှင်များအနေဖြင့် ဆီဖိုးနှင့် ယာဉ်မောင်းများ၏ လုပ်အားခပင် မရရှိတော့ကြောင်း Power Eleven Public Co., ltd အမှုဆောင်ညွန်ကြားရေးမှူး ဦးသက်တင်ဝင်း (ခေါ်) ကိုတရုတ်ကလေးက Myanmar Now ကိုပြောသည်။

Power Eleven Public ကုမ္ပဏီသည် YBS ၂၁၊ ၃၉၊ ၄၁ စသည့်ယာဉ်လိုင်းများဖြင့် ပြေးဆွဲလျက်ရှိပြီး ယာဉ်အစီးရေ ၂၅၀ ကျော်၊ ယာဉ်မောင်း ၃၀၀ ခန့်ဖြင့် ရန်ကုန်မြို့တွင်းနေ့စဉ်ပြေးဆွဲလျက်ရှိသည်။

လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများသည် ကုမ္ပဏီအဖွဲ့ပိုင် ယာဉ်လိုင်းများဖြစ်ပြီး တစ်ဦးချင်းပိုင် ယာဉ်လိုင်းများမှာမူ မတ်လအလယ်ပိုင်းကတည်းကစပြီး တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်ဟု ကိုတရုတ်ကလေးကဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ဖြစ်ပွားနိုင်မှုကြောင့် လူထူထပ်သည့် နေရာများကို သွားလာမှုမပြုရန်နှင့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တစ်ဝက်သာ တင်ဆောင်ရန် အစိုးရက ညွှန်ကြားထားချိန်တွင် မြို့တွင်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများက အစီးလျှော့ချပြေးဆွဲမှုအပေါ် ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

ယင်းသို့ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ယာဉ်အစီးရေလျှော့ချပြေးဆွဲခြင်းမှာ စီးနင်းသည့်ခရီးသည်များ ရောဂါပိုးကူးစက်ရန် အခွင့်အလမ်းပိုများကြောင်း YBS ၅၈ စီးပြီး နေ့စဉ်ရုံးသွားနေရသည့် ကိုကျော်ဇေယျက Myanmar Now ကိုပြောသည်။

ယနေ့(ဧပြီ ၃) နံနက် ၁၀ နာရီကျော်က ရုံးလာရန် YBS ၅၈ စီးရာတွင် ယာဉ်ပေါ်၌မတ်တပ်ရပ် ခရီးသည်အပြည့်ဖြင့် တိုးကြိတ်စီးခဲ့ရကြောင်း ၎င်းက Facebook တွင်ဓာတ်ပုံနှင့်တကွ ရေးသားထောက်ပြခဲ့သည်။

“ပုံမှန် နှစ်မိနစ် သုံးမိနစ် တစ်စီးလာနေတာကနေ ဒီကားတွေက တစ်ခါတလေကျရင် ၇ မိနစ် ဒီနေ့ဆိုရင် ၁၂ မိနစ် လောက်ကြာမှ တစ်စီးလာတော့ မှတ်တိုင်မှာ လူကပုံသွားရော။ အဲ့ဒီတော့ mask တပ်တာတွေ ဘာတွေက ကားပေါ်မှာ အသုံးမဝင်တော့ဘူး”ဟု ကိုကျော်ဇေယျကဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းများ ပုံမှန်ပေးဆွဲနိုင်ရန်အတွက် အစိုးရထံမှ အကူအညီများလိုအပ်ကြောင်း၊ ယာဉ်လိုင်းများအတွက် အစိုးရအနေဖြင့် စက်သုံးဆီထောက်ပံ့ပေးရန် YRTA ထံ စာတင်ပြထားကြောင်း ယာဉ်လိုင်းထောင်ထားသူများက ဆိုသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ ဝန်ထမ်းတွေ၊ ယာဉ်မောင်းတွေ အတွက် ကျားကန်ပေးထားတယ်ဆိုလို့ရှိရင် အစိုးရကလည်း သူ့ရဲ့ ပြည်သူလူထုအတွက်တော့ သူက ကျားကန်ပေးသင့်တယ်”ဟု ကိုတရုတ်ကလေးက ပြောသည်။

တရားဝင်ယာဉ်လိုင်းများ ရပ်နားသွားသဖြင့် ယင်းနေရာများတွင် ကြားကားများက အစားထိုးဝင်ရောက်လာပြီး ရန်ကုန်မြို့တော်ခန်းမဘေး YBS 36 ဂိတ်အနီးနှင့် မဟာဗန္ဓုလပန်းခြံအရှေ့တွင် အောက်ဆိုက်ယာဉ်လိုင်း အချို့တော့ နေ့စဉ်ပြေးဆွဲလျက်ရှိသည်ကို တွေ့ရသည်။

အောက်ဆိုက်ကားများမှာ ယာဉ်စီးခပိုမိုပေးရခြင်း၊ ခရီးသည်ပြည်သည်အထိစောင့်ဆိုင်းခြင်း တို့ကြောင့် ခရီးသည်များအတွက် လုံခြုံမှုမရှိဘဲ ရောဂါကူးစက်ခံရမှုပိုမိုဖြစ်စေကြောင်း ခရီးသည်အချို့က ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading