နိုင်ငံပိုင်လုပ်ငန်းမဟုတ်၍ ယာဉ်စီးခ ၂ ဆတက်ခြင်းကို ထိန်းချုပ်မရဟု အတွင်းဝန်ပြော

စက်သုံးဆီဈေးနှုန်းများ ထိုးစိုက်ကျနေချိန် ယာဉ်စီးခမတက်လျှင်လည်း ယာဉ်လိုင်းများအရှုံးမရှိနိုင်ဟု ခရီးသည်အချို့က ဝေဖန်သည်

မန္တလေးမြို့ရှိ ချမ်းမြရွှေပြည်ကားကြီးဝင်း (ကျွဲဆည်ကန်) ကိုတွေ့ရစဉ် (ဓာတ်ပုံ- ရန်မိုးနိုင်/Myanmar Now)

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ဗဟိုပြုပြေးဆွဲသော ယာဉ်လိုင်းများ လူလျှော့ပြီး ယာဉ်စီးခနှစ်ဆတိုးကောက်ခံရန် ဒေသန္တရအာဏာပိုင်များက ညွှန်ကြားမှုအပေါ် ၎င်းတို့သည် နိုင်ငံပိုင်လုပ်ငန်းများမဟုတ်သောကြောင့် ထိန်းချုပ်ရန် မဖြစ်နိုင်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို မတ် ၃၁ တွင်ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည့် ကိုဗစ်နိုင်တင်း(COVID-19) ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးဖြင့် ခရီးသွားလာခြင်းကို ကန့်သတ်ရန် ဧပြီ ၃၀ အထိ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အခြေစိုက် ခရီးသည်ယာဉ်များကို ခရီးသည်ဦးရေ ထက်ဝက်လျှော့ချပြီး ယာဉ်စီးခနှစ်ဆ တိုးမြှင့်ကောက်ခံရန် သက်ဆိုင်ရာအာဏာပိုင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စာအသီးသီးထုတ်ကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“သက်ဆိုင်ရာမော်တော်ယာဉ်အသင်းတွေကို ဒေသအာဏာပိုင်က ညှိပေးမှရမယ်လေ။ ဒါက ကျွန်တော်တို့ရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းလည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့ကလည်း ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ ဝင်ရောက်စွက်ဖက်မှု မရှိဘူး” ဟု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်ကပြောသည်။

ကျန်ပြည်နယ်နှင့်တိုင်းများ အခြေပြုယာဉ်လိုင်းများလည်း အလားတူလုပ်မည်မလုပ်မည်ကိုတော့ မသိရသေးပါ။

လက်ရှိတွင် အစိုးရဝန်ထမ်းများအတွက် ပြေးဆွဲနေသည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနလက်အောက်ရှိ ရန်ကုန်-နေပြည်တော် အဝေးပြေးယာဉ်လေးစီးကို ရှစ်စီးအထိတိုးမြှင့်ထားပြီး ယာဉ်စီးခကို ပုံမှန်အတိုင်းကောက်ခံနေသည်ဟု ၎င်းကပြောသည်။

“ဈေးကွက်စီးပွားရေးဖြစ်တဲ့အတွက် သူတို့အသင်းတွေအလိုက် ဈေးကွက်ရဲ့အခြေအနေနဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းကြောင်းပေးဖို့အတွက် regulation (စည်းမျဉ်းစည်းကမ်း) နဲ့ safety (လုံခြုံစိတ်ချမှု) အတွက်လုပ်မယ်။ ကားအတွက် safety ကို ကြည့်မယ် ယာဉ်မောင်းအတွက် safety ကို မော်တော်ယာဉ်မောင်းလိုင်စင်ကြည့်မယ် အဲဒီအပိုင်းပဲရှိမယ်” ဟု ဦးဝင်းခန့်က ဆက်ပြောသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသဆိုင်ရာကြီးကြပ်ကြပ်ကွပ်ကဲရေးအဖွဲ့၏ မတ် ၂၈ ရက် ထုတ်ပြန်ချက်တွင် “ယာဉ်တစ်စီးလျှင် သယ်ယူပို့ဆောင်ရမည့် ခရီးသည်အရေအတွက် ထက်ဝက်လျှော့ချတင်ဆောင်၍ သယ်ယူပို့ဆောင်ရမည် ဖြစ်သည့်အတွက် ယာဉ်အသင်းအဖွဲ့များ နစ်နာမှုမရှိစေရန် လက်မှတ်ခကို လက်ရှိသတ်မှတ်ဈေး၏ (၂ဆ) နှုန်းဖြင့်ရောင်းချသွားရန်” ဟု ပါရှိသည်။

မန္တလေး-လားရှိုးပြေးဆွဲသည့် ‘တက်နေထွန်း’ ယာဉ်လိုင်းနှင့် တောင်ကြီး-ရန်ကုန်ပြေးဆွဲသည့် ‘တောင်ပြာတန်း’ ယာဉ်လိုင်းတို့ကမူ ခရီးသည်ထက်ဝက်လျှော့ချလိုက်သော်လည်း ယာဉ်စီးခကို နှစ်ဆ တိုးမြှင့်ခြင်းမပြုကြောင်း စုံစမ်းသိရှိရသည်။

Famous၊ မန္တလာမင်း၊ လုမ္ဗိနီ၊ ရွှေစင်စင်္ကြာ စသော ယာဉ်လိုင်းများကမူ မန္တလေးနှင့် တောင်ကြီးတို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် လမ်းကြောင်းများကို ဈေးနှစ်ဆတင်ပြီး ရန်ကုန်မှထွက်ခွာသော လမ်းကြောင်းကိုမူ ပုံမှန်အတိုင်းရောင်းချနေသည်။

သို့သော် Elite ယာဉ်လိုင်းမှာ ရန်ကုန်-ပုဂံ ခရီးစဉ်ကို လက်မှတ်ဈေး နှစ်ဆခန့်မြှင့်တင်လိုက်ကြောင်း၊ ပုံမှန် ၁၆,၀၀၀ ရှိသည့်လက်မှတ်ကို သုံးသောင်းပေး၍ ဝယ်ရကြောင်း လာမည့် ဧပြီ ၂ ရက်နေ့အတွက် လက်မှတ်ဖြတ်ခဲ့သည့် ခရီးသည်တစ်ဦးက Myanmar Now ကိုပြောသည်။

“ကျွန်တော်တို့က ဝန်ထမ်းတွေပါ။ အရေးအကြောင်းဖြစ်လို့ ပြန်ရတယ်ဗျာ။ နယ်ကိုပြန်ရတော့ ဈေးတွေက နှစ်ဆတက်တော့ အဆင်မပြေဘူး” ဟု ကျောက်ပန်းတောင်းသို့ပြန်မည့် ကိုချမ်းမြေ့အောင်က ပြောသည်။

ယခုကဲ့သို့ စက်သုံးဆီဈေးများ ထက်ဝက်ခန့်ကျဆင်းနေချိန်တွင် ယာဉ်စီးခ နှစ်ဆမတိုးမြှင့်ဘဲ ခရီးသည်ထက်ဝက်လျှော့ချလျှင်လည်း လုပ်ငန်းရှင်များအတွက် အရှုံးမရှိနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှ ကထိက ဦးမင်းဇင်ကပြောသည်။

“ရောဂါကိုအကြောင်းပြပြီးတော့ အချို့သော မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ စီးပွားရေးသမားတွေက အစိုးရကို နားလှည့်ပါးရိုက်ပြီး ကိုယ်ကျိုးစီးပွားရှာတယ်လို့ပဲ ကျွန်တော်က အဲဒီလိုမြင်တယ်။ ဒီကိစ္စကို စီစဉ်ဆောင်ရွက်တဲ့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက စီးပွားရေးသမားတွေရဲ့ ခွင်ထဲကိုရောက်သွားတယ်” ဟု ၎င်းကပြောသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၁၄ ဦးအထိ ရှိနေပြီး သေဆုံးသူ တစ်ဦးရှိသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် မတ် ၃၀ မှ ဧပြီ ၁၃ အထိ ပြည်ပလေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည်။

ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားများသည်လည်း နယ်စပ်ဂိတ်များမှတစ်ဆင့် ၎င်းတို့နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြပြီး မတ်လ ၁၉ ရက် မှ ၂၈ ရက်အထိ မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာသူ ၂၃,၀၀၀ ကျော်ရှိသည်။

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading