စရိတ်နှင့်နေရာ အာမခံသူမရှိသဖြင့် တရုတ်ဘက်မှကားများအားလုံး နယ်စပ်တွင်အဝင်မခံတော့

ပန်ဝါ၊ ကန်ပိုက်တီး၊ လွယ်ဂျယ် နယ်စပ်ပေါက်များမှ ဝင်လာမည့်နိုင်ငံခြားသားများ ကိုယ့်စရိတ်ဖြင့်ကိုယ် ၁၄ ရက်စောင့်ကြည့်ခံရမည်ဟု ကချင်အစိုးရက စာထုတ်လိုက်သည်

Published on Mar 25, 2020
Published on Mar 25, 2020
ကန်ပိုက်တီမြို့ ကုန်သွယ်ရေးစခန်းကို မတ်လ ၈ ရက်နေ့တွေ့ရစဉ်(ဓာတ်ပုံ-ချမ်းသာ/Myanmar Now)
ကန်ပိုက်တီမြို့ ကုန်သွယ်ရေးစခန်းကို မတ်လ ၈ ရက်နေ့တွေ့ရစဉ်(ဓာတ်ပုံ-ချမ်းသာ/Myanmar Now)

ကိုဗစ်နိုင်တင်း (COVID-19) ကာကွယ်မှုအနေဖြင့် ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ပေါက်များမှ ဝင်ထွက်သွားလာသူများအား ကိုယ့်စရိတ်ကိုယ်စားဖြင့် သီတင်းနှစ်ပတ်ကြာ ကျန်းမာရေးစောင့်ကြည့်မှု ခံယူပြီးမှသာ ဝင်ထွက်ခွင့်ပြုသွားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့က မတ် ၂၄ တွင် ညွန်ကြားစာ ထုတ်လိုက်သည်။

အဆိုပါညွှန်ကြားချက်ထဲတွင် ကချင်ပြည်နယ် ပန်ဝါ၊ ကန်ပိုက်တီး နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမည့် နိုင်ငံခြားသားအပါအဝင် နေရပ်ပြန်မြန်မာများအားလုံးကို ၁၄ ရက်စောင့်ကြည့်ပြီးမှသာ ဝင်ရောက်ခွင့်ပြုသွားမည်ဟု ဆိုထားသည်။

ထိုသို့ စောင့်ကြည့်ရာတွင် မြေနေရာအခက်အခဲရှိသည့်အတွက် ယာဉ်ရပ်နားစခန်းများတွင်သာ နေရမည် ဖြစ်ပြီး မိမိစရိတ်ကို မိမိကျခံရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်ရောက်နေသော တရုတ်နိုင်ငံသားများနှင့် တရုတ်ကုန်တင်ကားများကို ဝင်ခွင့်မပြုရန် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်တို့က နိုင်ငံတော်သမ္မတထံ မတ် ၂၃ က စာပို့တောင်းဆိုခဲ့ကြပြီး နောက် ထိုသို့ညွှန်ကြားချက် ထုတ်လိုက်ခြင်းဖြစ်သည်။

ကန်ပိုက်တီနယ်စပ်ဂိတ်မှ နေ့စဉ် ငှက်ပျောသယ်သည့်ကုန်ကားအစီးရေ ၁၀၀ ကျော်၊ တရုတ်နိုင်ငံသား ၅၀၀ ကျော် ဝင်ရောက်လျက်ရှိသည်ဟု ဝိုင်းမော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ အဆိုပါစာ၌ ဖော်ပြထားသည်။

ထိုသို့စာထွက်လာသည်မှာ မှန်ကန်ကြောင်း ဦးဇယ်ခေါင်က Myanmar Now ကိုပြောသည်။

အလားတူ တရုတ်နိုင်ငံအတွင်းဝင်ရောက်မည့် မြန်မာနိုင်ငံသားများကိုလည်း မတ် ၂၃ မှစတင်၍ တရုတ်နိုင်ငံ ကူရုံးမြို့ရှိ သတ်မှတ်ထားသော ဟိုတယ်တွင် ကိုယ့်စရိတ်ကိုယ်စားဖြင့် ၁၄ ရက်အကြာ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းမှသာ ထိန်ချုံးမြို့သို့ သွားရောက်ခွင့်ပြုမည်ဟု တရုတ်ဘက်က သတ်မှတ်ထားသည်။

“နိုင်ငံခြားသားတွေကို (မတ် ၂၄ ကစပြီး) လုံးဝအဝင်မခံဘူး။ တရုတ်ဘက်ကလာတဲ့ ကုန်ကားတွေလည်း စခန်းမှာရပ်ထားတယ်။ မြန်မာနိုင်ငံသားတွေကိုတော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးပြီး ဝင်ခွင့်ပေးနေတယ်” ဟု ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က Myanmar Now ကို မတ် ၂၅ တွင် ပြောသည်။

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ ၁၄ ရက် စောင့်ကြည့်ရာ၌ တရုတ်နိုင်ငံဘက်မှဝင်မည့်သူများ၏ ကုန်ကျစရိတ်နှင့် နေထိုင်ရန်နေရာကို သက်ဆိုင်ရာကုမ္ပဏီများက အာမခံမပေးသောကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် အဝင်ကုန်ကားများကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ဦးမင်းမင်းလတ်က ပြောသည်။

“တရုတ်ဘက်က ဝင်လာတဲ့လူတွေကို အာမခံပေးမယ့်သူ မရှိဘူး။ quarantine (ခြေချုပ်ထား) လုပ်ရင် သူတို့စားစရိတ်နဲ့လုပ်မှာ။ ဝင်လာတဲ့လူတွေကို သက်ဆိုင်ရာကုမ္ပဏီက တာဝန်ခံဖို့ပြောတာ တာဝန်မခံလို့ ဝင်ခွင့်ပိတ်ထားတယ်” ဟု ဦးမင်းမင်းလတ်က ဆက်ပြောသည်။

အဆိုပါစောင့်ကြည့်ကာလတွင် လူဦးရေ ၃၀၀ ခန့်ထားရှိနိုင်ရန် သက်ဆိုင်ရာမြို့နယ်၏ ဆေးရုံများတွင် စောင့်ကြည့်ထားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော်ကပြောသည်။

လက်ရှိအချိန်တွင် တရုတ်ကုန်တင်တွဲကားများ အဝင်အထွက် နည်းသွားသော်လည်း ယမန်နေ့ကအထိ အဝင်ကားအစီးရေ ၂၀၀ ခန့်ရှိနေသေးသည်ဟု ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးဇော်လင်းကဆိုသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ်သည် တရုတ်ကုန်တင်တွဲကားကြီးများဖြင့် တရုတ်ကုန်သည် ၅၀၀ ကျော်ခန့် နေ့စဉ်ဝင်ရောက်နေပြီး လွယ်ဂျယ်၊ ပန်ဝါ စသည့် တရားဝင်နယ်စပ်ဂိတ်များအပြင် မလွယ်ပေါက်များလည်း များစွာရှိထားသည်ဟု ၎င်းကဆိုသည်။

လတ်တလောတွင် တရုတ်နိုင်ငံသို့ မြန်မာဘက်မှ အထွက်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံဘက်မှ ကုန်စည်စီးဆင်းမှု ယာယီရပ်တန့်နေသောကြောင့် တစ်ရက်လျှင် ဒေါ်လာ တစ်သန်းနီးပါး ဆုံးရှုံးနိုင်သည်ဟု ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကိုပြောသည်။

“ပုံမှန်က တစ်ရက်ကို ဒေါ်လာ နှစ်သန်းဖိုးလောက်ဝင်တယ်။ အသွားအပြန်ပေါ့။ အခုအခြေနေက တစ်ဝက်နီးပါး ကျသွားတယ်။ ဒါပေမဲ့ ကုန်သွယ်မှုထက် ကျန်းမာရေးက အရေးကြီးတယ်။ ဒါက အမျိုးသားရေး တာဝန်မဟုတ်လား” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ်၌ ဝင်ထွက်သူအများစုသည် ကုန်ကားမောင်းသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ကုန်ကားများ တရုတ်ဘက်သို့ထွက်ခွာခွင့် ပေးထားဆဲဖြစ်သော်လည်း မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှပို့မည့် ကုန်စည်ပမာဏနည်းလာခြင်း၊ ကုန်ကားများ ပြန်မဝင်လာသဖြင့် ကုန်ကားနည်းပါးလာခြင်းတို့ကြောင့် နောက် ၃ ရက်ခန့်တင်ပို့ပြီးပါက မြန်မာဘက်က ကုန်ကားအထွက်လည်း ရပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စာထုတ်ပြီးနောက်တွင် တရုတ်ကုန်ကားများမဝင်ရောက်လာတော့ဘဲ နယ်စပ်မှ ပြန်လှည့်ပြန်သွားကြပြီး ပြည်တွင်း၌ရှိနေသော တရုတ်တစ်ရှူးငှက်ပျောကုန်တင်ကားများလည်း အဝင်မရှိဘဲ အလုအယက် ပြန်ထွက်နေသည်ဟု ကန်ပိုက်တီးဂိတ်တွင်ရောက်ရှိနေသည့် ဒေသခံဒေါ်ထူးကဆိုသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသည့် ဝင်ထွက်ပေါက်ဖြစ်သည့် ရှမ်းပြည်နယ် မူဆယ်နယ်စပ်ဂိတ်တွင် ခရီးသွားအဝင်အထွက်ကို နေ့စဉ်အပူချိန်တိုင်းတာစက်များဖြင့်စစ်ဆေးနေပြီး ဝင်ထွက်ခွင့်ပြုထားပြီး စောင့်ကြည့်လူနာ ၅၀၀ ခန့်ထားရှိနိုင်ရန်လည်း စီစဉ်နေဆဲဖြစ်ကြောင်း မူဆယ်ခရိုင် ကိုဗစ်နိုင်တင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဝင် ဦးသောင်းထွန်းကပြောသည်။

ရောဂါကူးစက်ပြန့်ပွားမှုကို ထိမ်းချုပ်နိုင်ရန် ဒေသခံမဟုတ်သည့် နိုင်ငံခြားသားခရီးသွားများကိုလည်း မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ဝင်ခွင့်ဗီဇာြဖင့်ဝင်ရောက်ခွင့်ကို မတ် ၁၉ မှစပြီး ရက်အကန့်အသတ်မရှိ အစိုးရကပိတ်ထားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့စတင်ဆောင်ရွက်မည့် ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအားလုံးသည် ကိုဗစ်နိုင်တင်းရောဂါကင်းရှင်းကြောင်း ဆေးထောက်ခံချက် ပါရှိရမည့်အပြင် စတင်ရောက်ရှိချိန်မှစ၍ ၁၄ ရက်အတွင်း သီးသန့်သတ်မှတ်ထားသည့် နေရာများတွင် စောင့်ကြည့်စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading