လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့သည့် ခြေ/ဥပြင်ဆင်ရေး ဆွေးနွေးချက်များ

(ဓာတ်ပုံ - မင်းမင်း / Myanmar Now)
(ဓာတ်ပုံ - မင်းမင်း / Myanmar Now)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှု ၇ ရက်တာအတွင်း တပ်မတော်သားကိုယ်စားလှယ်များနှင့် ရွေးကောက်ခံလွှတ်တော်အမတ် စုစုပေါင်း ၂၄ ဦး၏ ဆွေးနွေးချက်အချို့ကို သတ်မှတ်ချက်များနှင့်မညီ၍ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရမှု အများဆုံးမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်အမတ် ၁၁ ဦး၏ ဆွေးနွေးချက်များဖြစ်ပြီး ယင်းဆွေးနွေးချက်များကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သဖြင့် ပြန်လည်စိစစ်ပြီးနောက် ‘ပယ်ဖျက်ရန်’ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၏ ဆွေးနွေးချက်အချို့ကိုလည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ၃ ဦး၊ ရခိုင်အမျိုးသားပါတီအမတ် ၂ ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့မှ တစ်ဦးစီ၏ ဆွေးနွေးချက်အချို့ကိုလည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့သေးသည်။

လွှတ်တော်မှတ်တမ်း’ မှပယ်ဖျက်လိုက်သည့် ဆွေးနွေးချက်များ

----------------- ----------------------------

တပ်ကိုယ်စားလှယ်များ

-------

(၁) ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အဖွဲ့ရဲ့ ကျူးကျော်တိုက်ခိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ကောင်စီ(ကာ/လုံ)နဲ့ညှိနှိုင်းဆောင်ရွက်မှုမရှိတာကို တွေ့ရှိရပါတယ်

ရခိုင်အရေးကိစ္စဖြေရှင်းရန် ဒေါက်တာကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာမှာလည်း ကောင်စီ(ကာ/လုံ)နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ့ပေးပုဂ္ဂိုလ်ခန့်အပ်တာဝန်ပေးတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုရန်ဖြစ်ကြောင်း အမိန့်တွင် ဖော်ပြထားပါတယ်။အမျိုးသားလုံခြုံရေးဆိုင်ရာအကြံ့ပေးပုဂ္ဂိုလ် ခန့်အပ်ခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ကို ကျော်လွန်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံအရေးလေ့လာသုံးသပ်သည့် South Asia Analysis Group မှ သုံးသပ်တင်ပြထားတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများ(ဒါရူစပင်၏ အစီရင်ခံစာများ) ရခိုင်ပြည်နယ်အရေးကိစ္စကို ICC မှ တရားစီရင်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ တင်ပြခဲ့သည့်ကိစ္စ၊ ICJ သို့ မြန်မာနိုင်ငံမှ တက်ရောက်ရှင်းလင်းသည့်ကိစ္စ စသည့် နိုင်ငံအတွက်အလွန်အရေးပါတဲ့ ကိစ္စများမတိုင်ခင်မှာ ကောင်စီ(ကာ/လုံ)နဲ့ ညှိနှိုင်းဆွေးနွေးသင့်သော်လည်း လိုက်နာကျင့်သုံးမှုမရှိကြောင်းကို တွေ့ရှိရပါတယ်

(၂) ဗိုလ်မှူးကြီး ကျော်ကျော်မင်း

ဇာတ်တူသားချင်း

(၃) ဗိုလ်မှူးကြီး ကျော်ကျော်

မူလပြဋ္ဌာန်းချက်ကစစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလို့ အနှစ်သာရပြည့်ဝစွာ ပြဋ္ဌာန်းပြီးဖြစ်တာကိုစည်းကမ်းပြည့်ဝသောစကးရပ်ကို ဖြုတ်လိုက်တော့ စည်းမရှိ၊ ကမ်းမရှိ ဖြစ်လိုရာဖြစ်စေဆိုတဲ့သဘောသက်ရောက်သွားစေပါတယ်။ ပုဒ်မ ၄၀၅ရဲ့ ခြေဆင်းမှာနိုင်ငံရေးပါတီတစ်ရပ်ရပ်သည်လို့ ပါရှိတဲ့အတွက်စည်းကမ်းပြည့်ဝသော ဆိုတဲ့ စကားရပ်ကို ဖြုတ်လိုက်ရင် စည်းမရှိ၊ ကမ်းမရှိ ကိုယ်လိုရာကိုယ်ဆွဲ ကိုယ်လုပ်ချင်သလို လုပ်လို့ရတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးလို့ရတယ်ဆိုပြီး ခံယူကြတဲ့ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာနိုင်သလို ပြည်သူအချို့အနေနဲ့လည်း စည်းကမ်းမဲ့ဒီမိုကရေစီကို ကျင့်သုံးမယ့် အခြေအနေမျိုး နားလည်မှုလွဲမှားခံယူသွားနိုင်ပါတယ်

ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ပုံစံမျိုးစုံသုံးစွဲကြရာမှာ အချို့က လွတ်လပ်ခွင့်နဲ့ ဥပဒေမဲ့ထင်ရာစိုင်းခွင့် မသဲကွဲဘဲရောထွေးပြီး စည်းမဲ့ကမ်းမဲ့ဖြစ်နေကြတာကို ဒီမိုကရေစီအခွင့်အရေးလို့ လွဲမှားစွာ ကြွေးကြော်လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ စည်းမဲ့ကမ်းမဲ့ လူအများစုနဲ့ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးရေးဝါဒကို လက်နက်တစ်ခုလို သုံးစွဲအနိုင်ယူတာကိုပဲ လူအများစုဆန္ဒနဲ့ လုပ်ဆောင်မှုဆိုပြီး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြပါတယ်

(၄) ဗိုလ်မှူးကြီး တင်ထွန်းဦး

ပါတီအလိုကျ ပြင်ဆင်လိုမှု

(၅) ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်

ဘယ်လောက်ပဲ အသက်သွေး၊ ချွေးတွေနဲ့ ရင်းနှီးပေးဆပ်ပြီး စေတနာထားလုပ်ပေးပေး၊ Nagative View နဲ့ ကြည့်နေရင်တော့ ဘယ်တော့မှ အကောင်းမြင်နိုင်မှာ မဟုတ်ပါဘူး။ အကူအညီပေးဖို့ကမ်းတဲ့လက်ကို ဒုက္ခပေးတဲ့လက်လို့ ထင်ခဲ့တဲ့သူဟာ မြန်မာ့သမိုင်းမှာ စောလူးမင်းအပြင် နောက်ထပ် မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံးလင်းပါစေတော့၊ အမြင်ရှင်းပါစေတော့၊ အမှောင်ခွင်းပါစေတော့ဆိုပြီး ထွန်းလင်းပေးလိုက်တာပါ။ ဒါကို မီးစင်ကြည့်ကနေရပါတယ်။ မလိုအပ်တော့ဘူး၊ မလွတ်လပ်ဘူး၊ မမျှတဘူး၊ မတရားဘူးလို့ခံယူထားရင်တော့ မီးစင်ကိုအထူးအခွင့်အရေးရနေတယ်လို့ထင်နေ၊ ပြောနေကြဦးမှာပဲ ဖြစ်ပါတယ်။ ရှိပါစေတော့၊ မီးစင်ကတော့ အားလုံးအားလုံး ခလုတ်မထိ၊ ဆူးမငြိစေဖို့အတွက် သူ့ရဲ့တာဝနျဝတ်တရားအတိုင်း ဆက်လက် ထွန်းလင်းနေဦးမှာပါပဲ။တောက်ပနေဦးမှာပါပဲ။ အလင်းရောင်ပေးနေဦးမှာပါပဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

-----------

(၁) ဦးစိုင်းသန်းနိုင်(ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် )

ကျန်ရှိနေတဲ့ သက်တမ်းကာလအတွင်းမှာ လွန်ထားတဲ့ကတိကို တည်ချင်လွန်းလို့ ကသောကမြောနဲ့ ခပ်ကြမ်းကြမ်း ရွေ့တယ်လို့ မြင်မိပါတယ်

ဒီတစ်ခါတော့ ငါတို့အလှည့်ရောက်ပြီဟေ့ဆိုတဲ့ Emotion(စိတ်ခံစားချက်)နဲ့ လာမယ့်Election(ရွေးကောက်ပွဲ)အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ

(၂) ဦးမောင်မြင့်(မင်းကင်းမြို့နယ်)

ရယ်စရာကောင်းပါတယ်

သူငယ်ပြန်တတ်တဲအရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီး ကမောက်ကမ မဖြစ်စေရန်အတွက် ဖြစ်ပါတယ်

ဒီနေရာမှာတော့ All Inclusive ဆိုတာကို ဦးထွန်းထွန်းဟိန်က မေ့သွားတယ်ထင်ပါတယ်

(၃) ဦးတင်အေး(မက်မန်းမြို့နယ်)

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင်ရမည်ရှာ လက်ညိုးထိုး၊ ဝေဖန်ပြောဆိုနေသံတွေ ကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)

(၁) ဦးကျော်ဌေး (လေရှီးမြို့နယ်)

ပြည်တွင်းစစ် ပဋိပက္ခဆွေးနွေးချက်ကို ပယ်ဖျက်ပြီးပြည်တွင်းပဋိပက္ခစကားရပ်ဖြင့် အစားထိုး

(၂) ဦးနေကျော်(ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်)

တန်ဖိုးမဲ့သွားစေမှာ

(၃) ဦးထွန်းထွန်း(ပွင့်ဖြူမြို့နယ်)

ဒီမိုကရေစီကို ဟန်ပြပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ထားတဲ့အတွက် ဒီမိုကရေစီနဲ့ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်

(၄) ဒေါက်တာပြည့်ဖြိုး (ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ် )

“Veto”

အခုအချိန်အခါမှာ ငြိမ်းချမ်းရေးမရရင် တပ်မတော်က နိုင်ငံရေးကနေ လုံးဝ မဆုတ်ခွာဘူးဆိုတဲ့ သဘောတရား၊အယူအဆတွေကို စွဲကိုင်ထားတာ ရှိပါတယ်။ ဒါဟာ အကျိုးမရှိတဲ့လမ်းစဉ်၊ နိုင်ငံရေးအခြေအနေအရ တိုးတက်မှုမဖြစ်နိုင်တဲ့ အခြေအနေပါ။ အဲ့တော့ ငြိမ်းချမ်းရေးနဲ့ တပ်မတော်လွှတ်တော်ထဲရောက်နေတာ ဘာဆိုင်သလဲကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်

အဲ့ဒီတော့ ပြင်ဆင်လို့ မဖြစ်နိုင်မှန်းသိတဲ့အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြင်ဆင်တဲ့နည်းလမ်း(ပုဒ်မ ၄၃၆)နဲ့သာ သွားသင့်ပါတယ်လို့ ထပ်တလဲလဲပြောနေတာဟာ Constitution(ဖွဲ့စည်းပုံအခြေခံဥပဒေ) အားကိုးနဲ့ အသာယူထားတာပဲ ဖြစ်ပါတယ်

(၅) ဦးစောယှားဖောင်အွာ(ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၂)

ကာကွယ်ရေးဦးစီးချုပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်

(၆) ဦးကျော်မြင့်ဦး (မန္တလေးတိုင်းမဲဆန္ဒနယ်အမှတ် ၁၀)

ပြည်ထောင်စုပြိုကွဲမှာစိုးလို့ဆိုတဲ့ ခေါင်းစဉ်အောက်က လက်နက်နဲ့ ထိန်းထားနိုင်ပေမယ့် ဒေသတွင်းမှာရော၊ကမ္ဘာမှာပါ နောက်ကျကျန်ရစ်နေဆဲ ဖြစ်နေပါတယ်

(၇) ဦးမျိုးဝင်း(မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် )

ဆွေးနွေးချက်တွေဟာ ရိုးသားမှု ရှိဖို့လို

သန္ဓေမမှန်တဲ့

(၈) ဦးဇော်မင်းလတ် (ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် )

အကျိုးဆက်အနေနဲ့ သန္ဓေရဲတပ်ဖွဲ့ဝင်တွေနဲ့ သန္ဓေမဟုတ်တဲ့ ရဲတပ်ဖွဲ့ဝင်အသစ်တွေအကြား အပြန်အလှန်လေးစားယုံကြည်မှု၊ ချစ်ခင်မှု၊ စည်းလုံးမှု ထိခိုက်ကာ စွမ်းဆောင်ရည်များ ကျဆင်းလာပြီး နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေ အားပျော့လျော့ရဲလာစေနိုင်ပါတယ်

(၉) ဦးသိန်းဆွေ (ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ် ၁၀)

ဩဇာလွှမ်းမိုးထားမှု” “ဦးထားတာ” “အပိုင်စီးထားတာ” “အသာစီးရ

(၁၀) ဦးမင်းဦး (ပဲခူးတိုင်းမဲဆန္ဒနယ်အမှတ် )

ညီမျှနေတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်၊ ကိုယ်စားပြုမှုဟာ ပြည်သူ ၁၈ သန်းနီးပါးရဲ့ ကိုယ်စားပြုမှုနဲ့

ခြွင်းချက်မရှိ

(၁၁) ဦးရည်မွန်() မောင်တင်သစ် (ပုဗ္ဗသီရိမြို့နယ်)

ငါတို့ပဲ တိုင်းပြည်ကိုချစ်တယ်၊ ငါတို့ပဲ တိုင်းပြည်ကို ကာကွယ်နေတယ်၊ ငါတို့ပဲ တိုင်းပြည်ကို တည်ဆောက်နေတယ်လို့ အထင်ရောက်နေသမျှ ပြည်သူ့ပခုံးပေါ်တက်ထိုင်ဖို့ပဲ စဉ်းစားလာပါလိမ့်မယ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)

----------------

(၁) ဦးစိုင်းထွန်းအေး(မိုင်းရှူးမြို့နယ်)

ဒီနေရာမှာ ဒီမိုကရေစီကျမ်းမကျေတဲ့သူတွေကသာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောဆိုနေကြတာ ဖြစ်ပါတယ်

ရခိုင်အမျိုးသားပါတီ

---------

(၁) ဒေါ်ခင်စောဝေ(ရသေ့တောင်မြို့နယ်)

ဒါတွေကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူနည်းစုများရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အရေးများကို အလေးမထားရာ၊ လျစ်လျူရှုရာ ရောက်ရှိနေကြောင်းကို မြင်တွေ့ရပါတယ်

ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးတစ်ရပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၃၄)နေရာမှာကိုယ်စားလှယ် ()နေရာသာ အနိုင်ရရှိခဲ့တဲ့ NLD မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိခဲ့တဲ့ ကျွန်မတို့ ANP (ရခိုင်အမျိုးသားပါတီ)ရဲ့ ပြည်သူအများစုကို ကိုယ်စားပြုခြင်းအပေါ် မျက်ကွယ်ပြုလိုက်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးစားတာ ဟုတ်ပါရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီအကျိုးဆက်တွေကြောင့် ရခိုင်ပြည်သူတွေဟာ အများစုကို ကိုယ်စားမပြုတဲ့ ပြည်နယ်အစိုးရအပေါ် ယုံကြည်ကိုးစားမှု အားနည်းစေခဲ့ပါတယ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက သဘောမတူလို့ရှိရင် မည်သည့် ဥပဒေကိုမှလည်း ပြင်ဆင်လို့ မရနိုင်ပါဘူး

(၂) ဦးဖေသန်း (မြေပုံမြို့နယ်)

ဒီမိုကရေစီရဲဘော်ရဲဘက်တွေလို့ ကျွန်တော်တို့ အစဉ်တစိုက်မှတ်ယူခဲ့တဲ့ NLD”

ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဒီဖွဲ့စည်းပုံတစ်ခုလုံးမှာ ရိုးသားမှုမရှိဆုံးပုဒ်မကို ပြပါဆိုရင် ပုဒ်မ ၂၁၇ကို ညွှန်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အဓိပတိဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့အပြိုင် တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကို အာဏာအပ်နှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းထားတဲ့ပုဒ်မ ဖြစ်ပါတယ်။ ဒီပုဒ်မရဲ့ အားနည်းချက်ကိုတစ်ဖက်က အမိအရရယူပြီး နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ရယူသွားတဲ့အခါမှာတော့ ဥပဒေပြုသူတွေအဖို့ ခုတ်ရာတစ်ခြား၊ ရှရာတလွဲနဲ့ ရင်ဘတ်စည်တီး ဖြစ်ကြရပါတယ်။ ဒီနေရာမှာ ပြောလိုတာကတော့ ငါတို့ပါတီ၊ ငါတို့အဖွဲ့အစည်း ရာသက်ပန်အာဏာရဖို့ ဥပဒေကို လက်တစ်လုံးခြားလုပ် ရေးဆွဲမယ်ဆိုတာ၊ မပြင်လိုတာတွေဟာနိုင်ငံတော်ကို သစ္စာမဲ့ရာရောက်ပါတယ်။ အခုလည်း ပုဒ်မ ၂၁၇ သင်ခန်းစာကို မသိချင်ယောင်ဆောင်ပြီး ကျော်ဖြတ်သွားတာ၊ မပြင်လိုတာတွေဟာ အသုံးတည့်နေသေးလို့ ယူဆပါတယ်"

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(..)

----------------

(၁) ဦးဂျေယောဝူ(ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၂)

  • အတည်ပြုတော့မယ့် Adoption Law မှာလည်း နိုင်ငံခြားကလေးများကိုပါ မွေးစားနိုင်တဲ့ မွေးစားခွင့်နဲ့အမွေဆက်ခံခွင့် ဥပဒေများ ရှိလာတော့မှာမို့ အရောင်စုံလင်တဲ့ နိုင်ငံခြားသားများလည်း နိုင်ငံ့အကြီးအကဲများ၊ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာနိုင်တော့မှာဖြစ်၍ လွတ်လပ်ရေးကိုပါ ဆုံးရှုံးနိုင်တဲ့ကိန်းဆိုက်မှာ” (ထိုဆွေးနွေးချက်သည် အချက်အလက်အမှားသာ ဖြစ်သည်)

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ

------------

(၁) ဦးလမာနော်အောင် (အင်ဂျန်းယန်မြို့နယ်)

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့သဘောတူညီမှု မရရှိပါက ပြင်ဆင်ရန် လုံးဝမဖြစ်နိုင်သော

ပြဋ္ဌာန်းချက်တွေ ဖြစ်နေပါတယ်

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading