7Day နှင့် ခေတ်သစ်မီဒီယာတို့ကို အမျိုးသားရေးဝါဒီဆိုသူများ ဖိအားပေး

အမျိုးသားရေးဝါဒီဆိုသူ ဘုန်းကြီးအချို့နှင့် အဖြူရောင်အင်္ကျီ ဝတ်ဆင်ထားသူများသည် 7Day သတင်းစာတိုက်သို့ တနင်္ဂနွေနေ့ညက လာရောက်ခဲ့သလို ရန်ကုန်ခေတ်သစ်သတင်းဌာနကိုလည်း ဖုန်းဖြင့် ရုံးလိပ်စာတောင်းသလို မက်ဆင်ဂျာတို့မှ ခြိမ်းခြောက်စာများလည်း ရရှိခဲ့သည်။

ရန်ကုန် မြို့တော်ခန်းမရှေ့တွင် တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သည့် အမျိုးဘာသာ၊ သာသနာအရေးဟုဆိုသော ဆန္ဒပြပွဲသတင်းကို တင်ဆက်ခဲ့သော ရန်ကုန်အခြေစိုက် 7Day သတင်းဌာနနှင့် ခေတ်သစ်မီဒီယာတို့ကို ၎င်းတို့၏သတင်းများပြန်ဖြုတ်ပေးရန် အမျိုးသားရေးဝါဒီဆိုသူများက ဖိအားပေးခဲ့ကြသည်။

၎င်းတို့၏ ဟောပြောချက်များအပေါ် ချဲ့ကားရေးသားတင်ဆက်သည်ဟု ယူဆကာ ဆန္ဒပြပွဲဦးဆောင်သူများက ယင်းသတင်းဌာနများကို ဖိအားပေးခဲ့ခြင်းဖြစ်သည်။

သတင်းဖော်ပြခဲ့သည့် ဖေဖော်ဝါရီ ၉ ရက် တနင်္ဂနွေ့နေ့ညကပင် အမျိုးသားရေးဝါဒီဆိုသူ သံဃာတော်များနှင့် အဖြူရောင်အင်္ကျီ ဝတ်ဆင်ထားသည့် လူများ 7Day သတင်းစာတိုက်ရှိသည့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးရှိ ဒိုင်းမွန်းကွန်ဒိုသို့ ရောက်ရှိလာပြီး 7Day TV မှ ထုတ်လွှင့်ခဲ့သည့် ဆန္ဒပြပွဲအကြောင်း တင်ဆက်ထားသည့် သတင်းကို ပြန်လည်ဖြုတ်ချပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းအပြင် ယနေ့နံနက်တွင်လည်း ဦးဉာဏောဘာသ အပါအဝင် ၆ ဦး 7Day သတင်းစာတိုက်သို့ ထပ်မံလာရောက်ခဲ့ရာတွင် လုံခြုံရေးအရ သုံးဦးကိုသာ ဝင်ခွင့်ပေးခဲ့ပြီး 7Day အယ်ဒီတာအဖွဲ့က တွေ့ဆုံခဲ့သည်။

7Day TV က အွန်လိုင်းတွင် ထုတ်လွှင့်ခဲ့သည့် “အမျိုး၊ ဘာသာနဲ့ အချုပ်အခြာ ထိပါးခံနေရတာကြောင့် ကန့်ကွက်ပွဲလုပ်တာလို့ဆို” အမည်ရှိ သတင်းတွင် “အဲဒီဟောပြောပွဲမှာ ဟောပြောတဲ့ ပုဂ္ဂိုလ်တချို့ဟာ ဘာသာရေးပဋိပက္ခ ဖြစ်ဖွယ်ရှိတဲ့ အမုန်းစကားတွေ ဟောပြောခဲ့တာလည်း တွေ့ရပါတယ်” ဟု ရေးသားခဲ့သည့် အတွက် ၎င်းတို့က လာရောက်ကန့်ကွက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

7Day က အဆိုပါသတင်းကို ပြန်လည်ဖြုတ်ချခဲ့သည်။

အမျိုးသားရေးဝါဒီများ၏ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ ထိုသတင်းတွင်ပါဝင်သည့် “ပဋိပက္ခဖြစ်ဖွယ်ရှိတဲ့ အမုန်းစကား” ဆိုသည့် အသုံးအနှုန်းကို ဖြုတ်ချသင့်သည်ဟု ယူဆသည့်အတွက် ဖြုတ်ချပေးခဲ့ခြင်းဖြစ်သည်ဟု 7Day TV ၏ အယ်ဒီတာချုပ် ဒေါ်ငြိမ်းငြိမ်းနိုင်ကMyanmar Now ကိုပြောသည်။

“ဒီဟောပြောပွဲမှာ ပြောခဲ့တဲ့ ပုဂ္ဂိုလ်တချို့က ဘာသာရေးအမုန်းစကားတွေ ပြောခဲ့တာလည်း တွေ့ရပါတယ်ဆိုတဲ့ ဝါကျဆိုရင်တော့ ကျွန်မတို့က ဖြုတ်ချဖို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ 'ပဋိပက္ခဖြစ်ဖွယ်ရှိတဲ့ အမုန်းစကားတွေ' ဆိုတဲ့ စကားလုံးပါနေတာကြောင့် ကျွန်မတို့ရဲ့ Editorial (သတင်းမူဝါဒ) အရ ဖြုတ်လိုက်တာပါ ” ဟု ၎င်းက ပြောသည်။

အဆိုပါသတင်းကို 7Day TV တွင် ဖြုတ်ချပေးခဲ့သော်လည်း ထိုသတင်းကို တနင်္လာနေ့ထုတ် 7Day နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ “ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူအချို့က ဝန်ကြီးသူရဦးအောင်ကိုကို ညစ်ညမ်းသော အသုံးအနှုန်းများ သုံးနှုန်း၍ အော်ဟစ်” ခဲ့ကြောင်း ကိုးကားဖော်ပြရေးသားခဲ့သည်။ အမှန်တကယ်တွင်လည်း ဆန္ဒပြသူအချို့က သူရဦးအောင်ကိုအား ခွေး နှင့်နှိုင်းပြီး ဆဲဆိုအော်ဟစ်ခဲ့သည်ကို တွေ့ရသည်။

အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန်အတွက် ဗလီကျောင်းဆောက်လုပ်ခွင့်ပြုရန် ဆန္ဒရှိသည်ဟု ပြောဆိုချက်မှာ တရားမျှတမှု ရှိပါ၏လားဟု အရှင်ဉာဏောဘာသက ပရိသတ်များကို မေးမြန်းရာတွင် အမျိုးသမီးပရိသတ်တစ်ဦးကအောင်ကိုက ခွေး၊ခွေးဟု သာသနာရေးဝန်ကြီး ဦးအောင်ကိုအား ခွေးဖြင့် ခိုင်းနှိုင်းခဲ့ခြင်းဖြစ်သည်။

ဦးဉာဏောဘာသကဦးအောင်ကိုကခွေး ဦးပဉ္ဇင်း မပြောဘူးနော်။ ဒကာမကြီးပြောတာဟု စင်ပေါ်မှ ပြန်လည်တုံ့ပြန်ခဲ့သည်။ ပရိသတ်အတွင်းမှ အမျိုးသားတစ်ဦးကလည်းအောင်ကိုက ဗုဒ္ဓဘာသာကို ဟောင်တဲ့ ခွေးဟု အော်ဟစ်ခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်ခေတ်သစ် သတင်းဌာန၏ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်ကလည်း ဆန္ဒပြပွဲစီစဉ်သူများက ၎င်း၏လက်ကိုင်ဖုန်းကို မနေ့ညက ဆက်သွယ်လာပြီး ရေးသားဖော်ပြထားသော သတင်းအပေါ် မကျေနပ်၍ ညအချိန်လာရောက်တွေ့ဆုံရန် ရုံးလိပ်စာတောင်းယူကြောင်း ပြောသည်။

ယင်းသို့ ဖုန်းဖြင့်ပြောဆိုရာတွင် သတင်းအတွက် ရန်ကုန်ခေတ်သစ် သတင်းဌာနသည် အမှုတွဲဖြစ်မည်ဖြစ်ကြောင်း၊ ဆရာတော်က ထိုသို့ပြောဆိုခြင်းမရှိကြောင်း ၊ ဆရာတော်က အောင်နက်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ခွေးဟု မပြောခဲ့ကြောင်း ဖုန်းဆက်၍ ပြောဆိုခဲ့သည်ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနက ထုတ်ပြန်သည်။

“အဆိုးဆုံးကတော့ ချတ်ဘောက်တွေ ကနေ လာလာပြီးတော့ သတ်မယ်၊ ဖြတ်မယ်ပေါ့။ အဲဒါကတော့ အဆိုးဆုံးပဲပေါ့” ဟု ဦးသာလွန်ဇောင်းထက်က ပြောသည်။

ဦးဉာဏောဘာသ(ခေါ်ကန်ညီနောင် ကြာတစ်ပွင့်ဆရာတော်မှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ရန်ကုန်၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သည်။

ထိုဟောပြောပွဲတွင် ဦးဉာဏောဘာသကဘာတွေဟောပြောသွားလဲဆိုတာလဲ သေသေချာချာမှတ်သွား။ လိုရာရေးပြီးတော့ ဖာလို၊ ဖုတ်လို မလုပ်နဲ့ဟု သတင်းမီဒီယာများကိုလည်း ပြောဆိုခဲ့သည်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟု ဆိုသူများ၏ ဆန္ဒပြပွဲမှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က စတင်ခဲ့ပြီး ရွှေတိဂုံဘုရားအရှေ့ဖက်မုခ်အနီး ရေခဲဆိုင်မှတ်တိုင်မှ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လမ်းတစ်လျှောက်တွင် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၅၉(စ)အား ကာကွယ်စောင့်ရှောက်ရေး၊ ရိုဟင်ဂျာ လူမျိုးလိမ် မပေါ်ပေါက်ရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

ထိုဆန္ဒပြသူများသည် ယခင်က ဆန္ဒပြပွဲများတွင်လည်း မကြာခဏပါဝင်သူများဖြစ်ပြီး တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံးကို ထူထောင်ပြီးဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပရိသတ်များကို ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading