NLD ၊ တပ်နှင့် ပြည်ခိုင်ဖြိုးတို့ပြင်လိုသော အခြေခံဥပဒေပုဒ်မများ

မည်သည့်ပုဒ်မကိုမဆို ပြင်ဆင်မှုအတည်ဖြစ်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၅၅ ဦးအနက် ၄၉၁ ဦးကျော်က ထောက်ခံရမည်ဖြစ်သည်။

Published on Feb 10, 2020

တိုင်းရင်းသားပါတီအမတ်များက မျှော်လင့်ချက်မထားဟု ထုတ်ဖော်ပြောဆိုထားကြသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များ ပြည်ထောင်စုလွှတ်တော်၌ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းသည့် ပြင်ဆင်ချက် ၁၁၄ ချက်၊ အတိုက်အခံ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က တင်ပြထားသည့် ၂၈ ချက် စုစုပေါင်း ၁၄၂ ချက်အထိ ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ တနင်္လာနေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေသော စာရွက်စာတမ်းများတွင် တွေ့ရသည်။

ယင်းတို့အနက် ပြည်ထောင်စုလွှတ်တော်အတွင်း အမတ်စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကျော်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်နှင့် ၆ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးအင်အားစုအဖြစ် ရပ်တည်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မတူညီသော အဆိုပြုချက်များကို ဖော်ပြလိုက်ပါသည်။

နာမည်ကျော် ပုဒ်မ ၅၉(စ)

NLD ဦးဆောင်သော ၄၅ ဦးကော်မတီ၏ ဥပဒေကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ဆုံးရှုံးစေခဲ့သည့် ပုဒ်မ ၅၉ (စ) (နိုင်ငံခြားသား အိမ်ထောင်ဖက်၊ သား၊ သမီး၊ ချွေးမ၊ သမက် ရှိသူမဖြစ်စေရ) ကို ပယ်ဖျက်ရန် အဆိုပြုထားသော်လည်း တပ်မတော်ကမူ ထိုသို့မဟုတ်ချေ။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်တင်သွင်းသည့် ဥပဒေကြမ်း၌မူ ပုဒ်မ ၅၉ (စ)ပါ ကန့်သတ်ချက်ကို သမ္မတနှင့်ဒုသမ္မတအပြင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအတွက်ပါ ထည့်သွင်းသတ်မှတ်ရန် အဆိုပြုထားခြင်းဖြစ်သည်။

ထို့အတူ သမ္မတနှင့် ဒုသမ္မတများ၏ အသက်ကို လက်ရှိသတ်မှတ်ထားသည့် နည်းတူ ၄၅ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟူသော သတ်မှတ်ချက်အတိုင်း ပြည်ခိုင်ဖြိုးက ဆက်လက်ရပ်တည်ကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးစိုင်းသန်းနိုင်တင်သွင်းသော ဥပဒေကြမ်းတွင် တွေ့ရသည်။

၄၅ ဦးကော်မတီကမူ သမ္မတနှင့် ဒုသမ္မတများကို အသက် ၄၀ ပြည့်ပြီးသူဟု ပြင်ဆင်လိုသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

လက်ရှိတွင် တပ်မတော်ကိုယ်စားပြုမှု ပိုများနေသည့် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) တွင် တပ်ကိုယ်စားပြု နယ်စပ်ရေးရာဝန်ကြီးကို ထုတ်ပယ်ရန်၊ အရပ်သားများဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနှစ်ဦးတို့ကို ထပ်ဖြည့်ရန် ၄၅ ဦးကော်မတီက ပြင်ဆင်ချက်တင်ထားသည်။

အဆိုပါပြင်ဆင်ချက်အရဆိုလျှင် အဖွဲ့ဝင် ၁၂ ဦး ရှိလာမည်ဖြစ်ပြီး အရပ်သားခုနစ်ဦး၊ တပ်မတော်သား ငါးဦးဖြင့် ကာ/လုံကို ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့အတူ လက်ရှိအခြေခံဥပဒေက ပေးအပ်ထားသည့် ကာ/လုံနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ လုပ်ပိုင်ခွင့်များကို လျှော့ချ၍ သမ္မတ၏အခွင့်အာဏာများကို ပိုမိုတိုးမြှင့်မည့် ပြင်ဆင်ချက်များကိုလည်း ၄၅ ဦး ကော်မတီက အဆိုပြုထားသည်။

သို့ရာတွင် လက်ရှိအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည့် ကာ/လုံ၏ တာဝန်များကို ဖြည့်စွက်ထည့်သွင်းရန် ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင်က ပြင်ဆင်ချက်တင်ထားသည်။

အခြေခံဥပဒေအရ အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်ရန်၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးကိစ္စများ၊ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးတို့ အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းချိန်တွင် လွှတ်တော်များ ဖျက်သိမ်းရန်သင့်မသင့် သမ္မတကို အကြံဉာဏ်ပေးရန် စသည့်တာဝန်များကို ကာ/လုံ အား ပေးအပ်ရန် ၎င်းက အဆိုပြုထားခြင်းဖြစ်သည်။

ထို့အတူ အစည်းအဝေးကို သာမန်အားဖြင့် နှစ်လတစ်ကြိမ် ကျင်းပရန်၊ အဖွဲ့ဝင် ငါးဦးက တောင်းဆိုလျှင် အစည်းအဝေးခေါ်ရန်နှင့် အဖွဲ့ဝင်များ၏ ဆန္ဒသဘောထားကို အလေးထား၍ သမ္မတက အဆုံးအဖြတ်ပေးရန်ဆိုသည့် အချက်များကိုလည်း ဦးစိုင်းသန်းနိုင်တင်သွင်းသည့် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ခြင်း

သမ္မတက ခန့်အပ်တာဝန်ပေးခွင့်ရထားသည့် ယင်းကိစ္စကို NLD အများစုဖြစ်သော ၄၅ ဦးကော်မတီက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုခြင်းမရှိပါ။

ပြည်ခိုင်ဖြိုး၏ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းကမူ တိုင်းနှင့်ပြည်နယ် လွှတ်တော်များက ဆိုင်ရာဝန်ကြီးချုပ်ကို ရွေးခွင့်ပေးရန် ပြင်ဆင်ချက်တင်ထားသည်။

သို့သော် တိုင်းနှင့်ပြည်နယ် လွှတ်တော်တစ်ရပ်က ရွေးချယ်လိုက်သည့် ဝန်ကြီးချုပ်သည် အရည်အချင်းမပြည့်မီကြောင်း ခိုင်လုံသော အကြောင်းပြချက်ရှိပါက နိုင်ငံတော်သမ္မတက ငြင်းပယ်နိုင်ကြောင်းကိုပါ ဦးသိန်းထွန်းက တစ်ပါတည်းအဆိုပြုထားသည်။

ထိုသို့ပေါ်ပေါက်လျှင် သက်ဆိုင်ရာလွှတ်တော်များ၌ ဝန်ကြီးချုပ်ပြန်လည်ရွေးချယ်ပြီး သမ္မတထံ ထပ်မံတင်သွင်းရမည်ဟု အဆိုပါပြင်ဆင်ချက်၌ ပါဝင်သည်။

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၏လုပ်ပိုင်ခွင့်

၄၅ ဦးကော်မတီက ပြင်ဆင်ချက်တင်မထားသည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်ဆိုင်ရာများကိုလည်း တပ်မတော်က အဆိုပြုထားသည်ကို တွေ့ရ၏၊

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ် တင်သွင်းသည့် ဥပဒေကြမ်း၌ လက်ရှိအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတထံ တင်ပြရမည့် တိုင်း/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများခန့်အပ်ရန်၊ နုတ်ထွက်ခွင့်ပြုရန် ကိစ္စတို့ကို သက်ဆိုင်ရာဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်အတွင်း ထည့်သွင်းရန် အဆိုပြုထားခြင်းဖြစ်သည်။

ထို့အတူ သက်ဆိုင်ရာဝန်ကြီးချုပ်ကိုသာ တိုင်း/ပြည်နယ်ဝန်ကြီးများက တာဝန်ခံဆောင်ရွက်ရမည်ဟုလည်း ဗိုလ်မှူးချုပ်အောင်ဆန်းချစ်က ပြင်ဆင်ချက် တင်ထားသေးသည်။ လက်ရှိတွင် တိုင်း/ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာဝန်ကြီးချုပ်အပြင် နိုင်ငံတော်သမ္မတကိုပါ တာဝန်ခံဆောင်ရွက်နေရခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း

လက်ရှိပြဋ္ဌာန်းချက်အရ သမ္မတက တိုင်းနှင့်ပြည်နယ် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။ ၄၅ ဦးကော်မတီ၏ ပြင်ဆင်လိုချက်တွင် အဆိုပါကဏ္ဍ မပါဝင်ပေ။

ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းကမူ ယင်းကိုပြင်ဆင်လိုကြောင်း အဆိုပြုထားသည်။

တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်လည်း ရယူရန်လိုအပ်ကြောင်း ဒေါက်တာမောင်သင်း၏ ပြင်ဆင်ချက်၌ တွေ့ရသည်။

အထက်ပါကဏ္ဍတွင် NLD ဦးဆောင်သည့် ၄၅ ဦးကော်မတီနှင့် မတူသောပြင်ဆင်လိုချက်ကိုလည်း ဒေါက်တာမောင်သင်းက တင်သွင်းထားသေးသည်။

တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းမည့် တပ်မတော်သားများသည် ခန့်အပ်ခံရချိန်မှစ၍ တပ်မှအငြိမ်းစားယူပြီးဖြစ်စေရမည်ဟု ၄၅ ဦးကော်မတီက ပြင်ဆင်လိုခြင်းဖြစ်သည်။

ဒေါက်တာမောင်သင်းကမူ ယင်းသို့မဟုတ်ဘဲ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တာဝန်ရပ်စဲခံရမှုနှင့် စပ်လျဉ်းသည့် လက်ရှိသတ်မှတ်ချက်များထဲတွင် ‘အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန် ပျက်ကွက်မှု’ ကိုပါ ထည့်သွင်းရန် အဆိုပြုထားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

အထက်ပါကိစ္စနည်းတူ ၄၅ ဦးကော်မတီ၏ ပြင်ဆင်လိုချက်တွင်မပါဝင်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပါ လက်ရှိပြဋ္ဌာန်းချက်အချို့ကိုလည်း ပြင်ဆင်ရန် ဒေါက်တာမောင်သင်းက အဆိုပြုထားသည်။

လက်ရှိ၌ ပြည်ထောင်စုလွှတ်တော်နှင့် အခြားသောလွှတ်တော်အသီးသီးအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့ ပြဋ္ဌာန်းသောဥပဒေများ အခြေခံဥပဒေနှင့်ညီမညီ ခုံရုံးက စိစစ်ခွင့်ရှိသည်။

ယင်းကို လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ အခြေခံဥပဒေနှင့်ညီမညီ ခုံရုံးကအနက်အဓိပွာယ်ဖွင့်ဆိုရမည်ဟု ပြင်ဆင်ရန် ဒေါက်တာမောင်သင်းက အဆိုပြုထားခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ထို့အတူ ၄၅ ဦးကော်မတီ၏ ပြင်ဆင်ချက်တွင်မပါဝင်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရန်လည်း ဒေါက်တာမောင်သင်းက ကြိုးပမ်းထားသည်။

လက်ရှိအခြေခံဥပဒေအရ အပြီးအပြတ်အတည်ဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်များကို လျှော့ချရန် ၎င်းက ကြိုးပမ်းထားခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များအပေါ် ဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံခွင့်ရှိစေရမည်ဟု ဒေါက်တာမောင်သင်းက ပြင်ဆင်ရန်တင်ပြထားခြင်း ဖြစ်သည်။

မကွဲလွဲသည့်သဘောထား

NLD ဦးဆောင်သည့် ၄၅ ဦးကော်မတီ၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့၏ ပြင်ဆင်လိုချက်စုစုပေါင်း ၁၄၂ ချက်တွင် လုံးဝမကွဲလွဲဘဲ ထပ်တူညီသည့်ကိစ္စမှာ တစ်ခုသာပါဝင်သည်။ သို့သော် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အနှစ်သာရများစွာ ကွဲပြားခြားနားမှုမရှိသော ပြင်ဆင်ချက်သာ ဖြစ်၏။

၂၀၀၈ အခြေခံဥပဒေတွင် ‘သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို တိုင်း/ပြည်နယ် ဝန်ကြီးအဖြစ် ရွေးချယ်ရန်’ ဟု ဖော်ပြထားသည်။

ယင်းကို ‘သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသင့်လျော်သည့် ပုဂ္ဂိုလ်အားရွေးချယ်ရန်’ ဟူသော စာသားပြင်ဆင် ပြောင်းလဲရန် ၄၅ဦးကော်မတီရော၊ ဗိုလ်မှူးချုပ်အောင်ဆန်းချစ်ကပါ ထပ်တူအဆိုပြုထားခြင်းဖြစ်သည်။

ကော်မတီသဘောထားအတိုင်းသာ ဆက်သွားမည်

တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အထက်ပါပြင်ဆင်လိုချက်များကို ပြည်ထောင်စုလွှတ်တော်အတွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မများ၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မပြီးဘဲ လူထုဆန္ဒခံယူပွဲပါ ကျင်းပအတည်ပြုရန် လိုအပ်သည့် ပုဒ်မများဟူ၍ သီးခြားစီခွဲထုတ်ကာ ဥပဒေကြမ်းနှစ်ရပ်အဖြစ် လွှတ်တော်သို့ တင်သွင်းဆွေးနွေးဆုံးဖြတ်ရန်ရှိသည်။

ထိုသို့မပြုလုပ်ဘဲ ဥပဒေကြမ်းတစ်ခုစီ သီးခြားတင်သွင်းဆွေးနွေးခွင့်ပြုရန် တပ်မတော်က တောင်းဆိုသော်လည်း တင်သွင်းလာသည့် ဥပဒေကြမ်းများအားလုံးကို လေ့လာစိစစ်သည့် ပူးပေါင်းကော်မတီ၏ အထက်ပါအစီအမံအတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် အသိပေးထားသည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ်စုစုပေါင်း ၆၅၅ ရှိသည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်လိုချက် တစ်ခုချင်းစီအလိုက် မဲခွဲဆုံးဖြတ်သည့်အခါ ၄၉၁ ဦးထက်ပိုမိုသော ထောက်ခံမဲရမှသာ အတည်ပြုခြင်း၊ ဆန္ဒခံယူပွဲဆက်လက်ကျင်းပခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် NLD က ၃၈၄ ဦးသာရှိသဖြင့် ၎င်းတို့၏ ပြင်ဆင်ချက်တစ်ခုအတည်ဖြစ်နိုင်ရန် အခြားအင်အားစုများထဲမှ ၁၀၇ ဦးကျော်က ထောက်ခံမဲပေးရန် လိုအပ်နေသည်။

အဆိုပါအခြေအနေတွင် တပ်မတော်က ၁၆၆ ဦးဖြင့် ဒုတိယအင်အားအများဆုံးအဖြစ် ရပ်တည်နေကာ ပြည်ခိုင်ဖြိုးက ၄၀ အထိရှိသည်။ တိုင်းရင်းသား၊ အခြားပါတီနှင့် တစ်သီးပုဂ္ဂလများမှာမူ စုစုပေါင်း ၆၅ ဦးသာ ပြည်ထောင်စုလွှတ်တော်၌ ရှိနေသည်။

အခြေခံဥပဒေပြင်ဆင်ရေး အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲလက်မှတ်အသုံးပြု၍ လျှို့ဝှက်မဲပေးသည့်နည်းလမ်း အသုံးပြုရန် ဥပဒေကြမ်းအားလုံးကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အကြံပြုထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading