ကိုရိုနာကြောင့် တရုတ်နှင့်ကုန်သွယ်ရေး ဒေါ်လာ ၁၆ သန်း မြန်မာ နေ့စဉ်ဆုံးရှုံး

တရုတ်ဝယ်လက်များ မရှိတော့ချိန်တွင် မြန်မာ့ကုန်စည်များအတွက် ဈေးကွက်အသစ်များ ရှာဖွေနေသော်လည်း အတိုင်းအတာတစ်ခုအထိသာ ဖြေရှင်းနိုင်မည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနက ဆိုသည်။

ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှုဂယက်ကြောင့် တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၆ သန်း (ကျပ် ၂၄ ဘီလီယံ) ခန့် ဆုံးရှုံးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက Myanmar Now ကို ပြောသည်။

ကချင်နှင့် ရှမ်းပြည်နယ်များရှိ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မူဆယ် နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်တင်ပို့မှု ရပ်သလောက်ဖြစ်သွားခဲ့ပြီး တရုတ်နှစ်သစ်ကူးကာလအပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီ ရက် အထိ ၁၀ ရက်အတွင်း ဒေါ်လာ သန်း ၁၆၀ ကျော် ဆုံးရှုံးခဲ့သည်ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

စီးပွား/ကူးသန်း ၏အချက်အလက်များအရ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည် တစ်လ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၉၂ သန်းနီးပါးရှိသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ ယခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့အထိ မြန်မာဘက်က တရုတ်ဘက်သို့ ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာသန်း ၁၄၀၀ ကျော် ရှိခဲ့ပြီး တရုတ်၏သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ သန်း ၆၈၀ ခန့် ရှိသည်။

တရုတ်နိုင်ငံဘက်က ဝယ်လက်မရှိသဖြင့် သောင်တင်နေသည့် မြန်မာ့ပို့ကုန် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဈေးကွက်အသစ် ရှာဖွေနေသည်ဟုလည်း အထက်ပါ စီးပွား/ကူးသန်း အရာရှိက ဆိုသည်။

သစ်သီးဝလံအသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စင်ကာပူနိုင်ငံဘက်ကို ဈေးကွက်ချိတ်ဆက် ဆောင်ရွက်နေတယ်။ ကျွဲ၊ နွားတွေကိုကျတော့ လာအိုဘက်ကို ချိတ်ဆက်ဆောင်ရွက်နေတယ်ဟု ၎င်းက ပြောသည်။

သို့သော်လည်း စျေးကွက်အသစ်သည် မြန်မာ့ပို့ကုန်အကျပ်အတည်းကို အတိုင်းအတာတစ်ခုအထိသာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံတွင်းမှ ကိုရိုနာဂယက်သည် လနှင့်ချီ ကြာမြင့်ခဲ့ပါက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အထိနာမည်ဟုလည်း ၎င်းက ဆိုသည်။

“… စင်ကာပူဘက်ချိတ်ဆက်တယ် ဆိုပေမယ့်လည်း ဒီလောက်ပမာဏအများကြီး ထွက်ဖို့ဟာက ခဲယဉ်းတာပေါ့ဟု ၎င်းက ပြောသည်။

ယခုအချိန်သည် ဖရဲ နှင့် သခွား ပေါ်ချိန်ဖြစ်သဖြင့် ယင်းလုပ်ငန်းကို အမှီပြုနေသော တောင်သူအပါအဝင် လုပ်ငန်းရှင်များအားလုံး ဆုံးရှုံးနေရသဖြင့် အခြားနိုင်ငံများသို့ ကမ်းလှမ်းထားသော်လည်း ဝယ်ယူရန် မသေချာသေးကြောင်း မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။

လောလောဆယ်တော့ စင်ကာပူ နဲ့ မလေးရှားကို နမူနာတွေ ပို့ထားတယ်။ စင်ကာပူက ဝယ်လက်နှစ်ဦးတော့ လာဆက်သွယ်ပေမယ့် အတည်တော့ မဖြစ်သေးဘူးဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်တွင် ဖရဲ၊ သခွား တင်ဆောင်ထားသည့် ကုန်တင်ကား ၅၀၀ ခန့် သောင်တင်နေကြောင်း၊ ရက်ကြာသဖြင့် ပျက်စီးသွားသော ကုန်ပစ္စည်းများထဲမှ အကောင်းများကို ပြန်ရွေးပြီး တရုတ်ဝယ်လက်ကို စောင့်ဆိုင်းနေကြ ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တရုတ်ဝယ်သူများ ပြန်လာမည်ဟု မျှော်လင့်ရကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောသည်။

သို့သော် လက်ရှိအခြေအနေများအရ အဆိုပါမျှော်လင့်ချက်လည်း မဖြစ်နိုင်တော့ဟု စီးပွား/ကူးသန်း ဒုတိယအတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

အကြမ်းဖျင်း ... ဖေဖော်ဝါရီ ၁၀ ရက်နေ့လောက် ပြန်အရောင်းအဝယ်ဖြစ်မယ်လို့ မှန်းထားတာ။ ဒါပေမဲ့ လက်ရှိအနေအထားအရ မဖြစ်နိုင်တော့ဘူးဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးထုတ်ကုန်များနည်းတူ တရုတ်ဈေးကွက်ကို မှီခိုနေရသည့် ရေထွက်ကုန်များသည်လည်း အထိနာခဲ့ပြီး တရုတ်ဘက်သို့ ကဏန်းတင်ပို့သည့် ဈေးကွက်တစ်ခုတည်းပင်လျှင် တစ်ရက်လျှင် ကျပ်သိန်း ၇,၀၀၀ ကျော်ခန့် ထိခိုက်နေသည်ဟု ကဏန်းကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌ ကိုထွန်းလင်းစိုးက ပြောသည်။

တရုတ်ဘက်သို့ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးမှ နေ့စဉ် ပင်လယ်ကဏန်းအရှင် တန်ချိန် ၄၀ ကျော် နှင့် ငါးရှဉ့်တန်ချိန် ၅၀ ခန့် ပုံမှန်ပို့ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

တချို့လည်း (မူဆယ်ကနေ) ရန်ကုန်ပြန်ပို့ အခြောက်လုပ်လို့ရရင်လည်း လုပ်ပေါ့။ အချို့ကိုတော့ မြဝတီ (ထိုင်းနယ်စပ်) ဘက်ပို့ပေါ့။ ဒီအတိုင်းလွတ်ပစ်ရမယ့်အတူတူ ဈေးကွက်မရှိလည်း အရှုံးခံပြီး ရသလောက်နဲ့ ယူပေါ့ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်ရောဂါသည် ဆန်ဈေးကွက်ကိုလည်း ထိခိုက်ခဲ့ပြီး နှစ်နိုင်ငံအကြား သဘောတူထားသည့် ဆန်ရောင်းဝယ်ရေး စာချုပ်ချုပ်ရန် အစီအစဉ်များလည်း နှောင့်နှေးခဲ့ရကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကပြောသည်။

နယ်စပ်မှ တရုတ်နိုင်ငံသို့ မြန်မာဘက်မှ တရားဝင်ဆန်စပါးတင်ပို့မှုသည် တစ်နှစ်တန်ချိန် သုံးသောင်းနီးပါး ရှိကြောင်း ၎င်းက ပြောသည်။

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading