ကိုလိုနီခေတ် လက်နက်ဥပဒေကို အစားထိုးရန် အသစ်ရေးဆွဲနေဟု ပြည်ထဲရေး ပြော

ရိုးရာထုံးတမ်းအရ အမဲလိုက်သူများ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းများတွင် အသုံးပြုရန် ဓားကဲ့သို့သော လက်နက်ကိုင်ဆောင်သွားလာကြသူများ တည်ဆဲ လက်နက်ဥပဒေများဖြင့် ဖမ်းဆီးခံနေရသည်ဟု အမတ်များက ထောက်ပြသည်။

တူမီးသေနတ်ဖြင့် အမဲလိုက်သည့် တောင်ပေါ်နေတိုင်းရင်းသားများသည် ခေတ်မမီတော့သည့် လက်နက်ဥပဒေကြောင့် ဖမ်းဆီးခံနေရကြောင်း အမတ်များ ထောက်ပြကြသည် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် ဒေသအလိုက် အာဏာသက်ရောက်သည့် ဥပဒေများနေရာတွင် တစ်နိုင်ငံလုံး တစ်ပြေးညီလွှမ်းခြုံနိုင်မည့် လက်နက်ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်သွားလာသည့် လယ်သမားနှင့် အရပ်သားများ လက်နက်ဥပဒေများဖြင့် ဖမ်းဆီးခံနေရသည်ကို လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် ယနေ့ မေးခွန်းထုတ်ခဲ့ပြီးနောက် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ၁၈၇၈ ခုနှစ်၊ လက်နက်များဥပဒေ သည် အင်္ဂလိပ်အစိုးရက ၎င်းတို့အား ပုန်ကန်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်ရေးဆွဲထားသည့် ဥပဒေဟု ထောက်ပြခဲ့ပြီး ခေတ်မမီတော့ဟု စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းမြင့်က လွှတ်တော်ကို ပြောသည်။

လက်နက်များဥပဒေတွင် သုံးလက်မထက်ပိုသော မောင်းချဓားများ၊ အိမ်တွင်းမှု၊ လယ်ယာ၊ စက်မှုလုပ်ငန်း သုံးရန် မရည်ရွယ်သည့် လက်နက်ကိုင်၊ အရိုးခိုင်မြဲစွာတပ်ထားပြီး အရိုးအသွား ငါးလက်မထက် ပိုရှည်သော ဓားများ၊ သေနတ်၊လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လှံစွပ်၊ လေးနှင့်မြား၊ အမြောက်၊ လက်နက်အစိတ်အပိုင်း၊ လက်နက်ထုတ်လုပ်သော စက်ပစ္စည်းများကို လက်နက်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

စဉ့်ကူးမြို့နယ်အတွင်း ၂၀၁၆ မှ ၂၀၁၉ ဇွန်လအထိ လက်နက်မှု ၁၇၁ မှုရှိခဲ့ပြီး ယင်းတို့ထဲမှ ခုနစ်မှုသာ ကျေးရွာနှင့်ပွဲလမ်းသဘင်အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်း နှင့် လက်နက်ဖြင့် ရမ်းကားမှုတို့ ဖြစ်ခဲ့ကြောင်း၊ ကျန်အမှုအများစုမှာ ထန်းတက်သမားများ၊ မျှစ်ချိုး၊ ဝါးခုတ်လုပ်ကိုင်နေသူများ၊ လုံခြုံရေးအန္တရာယ်ကြောင့် ကားနှင့်ဆိုင်ကယ်များပေါ်တွင် လက်နက်တင်ဆောင်မိသည့် ရပ်ဝေးခရီးသွားများ၊ ရွှေကဲ့သို့သောလုပ်ကွက်များတွင် လုပ်ကိုင် စားသောက်သူများ၊ အိမ်သုံး၊ လယ်ယာသုံးအတွက် ဝယ်ယူသုံးစွဲသူများပါ အရေးယူခံနေရသည်ကို တွေ့ရကြောင်း ဦးဇော်ဝင်းမြင့်က ထောက်ပြခဲ့သည်။

လူကောင်းသူကောင်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ဒဏ်အပြစ်ပေးခံရခြင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရပါတယ်” ဟု ၎င်းက ဆိုသည်။

နမူနာအားဖြင့် ၎င်း၏မဲဆန္ဒနယ်ရှိ ညောင်ဝန်းကျေးရွာတွင် နေထိုင်သည့် မိရိုးဖလာ ပန်းပဲလုပ်ငန်း လုပ်ကိုင်စားသောက်သူတစ်ဦး ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကိုလည်း ဦးဇော်ဝင်းမြင့်က ရည်ညွန်းပြောဆိုခဲ့သည်။

အဆိုပါပန်းပဲဆရာမှာ သူ၏ရွာနှင့် သုံးမိုင်ခန့်ဝေးသော ကျေးရွာတစ်ခုမှ လာရောက်အပ်နှံထားသည့် လယ်ယာသုံး ကိုင်းခုတ်ဓား၊ ထင်းခုတ်ဓား၊ မီးဖိုချောင်သုံးဓားများ သွားရောက်ပို့ဆောင်စဉ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်း ခံလိုက်ရပြီး ထောင်ဒဏ်နှစ်လ ချမှတ်ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

လိုင်စင်မရှိဘဲ အထက်ပါလက်နက်တစ်မျိုးမျိုးကို လိုင်စင်မဲ့ဖြစ်စေ၊ လိုင်စင်ရှိသော်လည်း ပြဋ္ဌာန်းချက်နှင့်မညီဘဲဖြစ်စေ ကိုင်ဆောင်သွားလာလျှင် သုံးနှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လက်နက်များဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဒါမျိုးတွေက ကျွန်တော်တို့မြို့နယ်မှာတင်မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့အပြား အထူးသဖြင့် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တောင်သူလယ်သမားတွေရှိတဲ့ နီးစပ်တဲ့အရပ်ဒေသတွေမှာ အကျိုးဆက်တွေ ခံစားနေကြရပါတယ်” ဟု ဦးဇော်ဝင်းမြင့်က ထောက်ပြသည်။

မိုင်းရှူးမဲဆန္ဒနယ်အမတ် ဦးစိုင်းထွန်းအေးကလည်း ၁၈၇၈ မှ ၁၉၂၄ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် လက်နက်များဥပဒေ၊ ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ရှမ်းပြည်လက်နက်အမိန့်တို့မှာ ရှမ်းပြည်နယ်အတွင်း အာဏာသက်ရောက်နေသဖြင့် ရိုးရာဓလေ့အရ ကိုင်ဆောင်သည့် ဓားများ၊ တူမီးသေနတ်များပါ ကိုင်ဆောင်၍မရသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု ထောက်ပြသည်။

ကိုလိုနီအစိုရရဲ့ နိုင်ငံရေးရည်ရွယ်ချက်အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်။ အဲ့ဒီတော့ လက်နက်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ခေတ်နဲ့လျော်ညီအောင် ပြုပြင်ဖို့လိုပါတယ်။ ခုခေတ်ကာလမှာ ဒီလိုဥပဒေတွေနဲ့ ဖိနှိပ်တာတွေ မရှိသင့်တော့ဘူး” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ပြန်လည်ဖြေကြားမှုတွင်မူ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေများမှာ လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိသည့်အကြောင်း ပါဝင်သည်။

သို့သော်မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန် လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိပါတယ်” ဟု ၎င်းက ထည့်သွင်းအသိပေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်သူများအား ဖမ်းဆီးစစ်ဆေး အရေးယူနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ်လက်နက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက်တို့ကို မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကျင့်သုံးနေဆဲဖြစ်သည်။

လက်ရှိဥပဒေတွင် လက်နက်နှင့်ပတ်သက်၍ ခြုံငုံပြဋ္ဌာန်းချက်များကြောင့် တိုင်းရင်းသားတို့၏ရိုးရာဓလေ့ပါ အသုံးအဆောင်များကို သုံးစွဲရုံဖြင့်ပင် အရေးယူခံရမှုများရှိနေကြောင်း၊ ဥပဒေသစ်ရေးဆွဲရာတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းရှိ တိုင်းရင်းသားများ၊ သာမန်တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လက Myanmar Now ကို ပြောသည်။

တောင်ယာခုတ်တာကအစ ဓားပဲကိုင်တယ်၊ ချင်းလည်းအတူတူပဲ၊ ရှမ်းလည်းအတူတူပဲ၊ တိုင်းရင်းသားအများစုပဲ။ ဒါ့အပြင် အမဲလိုက်ဖို့ ဒူးလေးတွေ၊ တူမီးတွေ ကိုင်ကြပါတယ်၊ အဲဒီတော့ အခုလက်နက်ဥပဒေနဲ့ ငြိနေတယ်၊ ဘယ်လိုလုပ်မလဲ။ အဲဒါ ညှိနှိုင်းဖို့လိုပါတယ်ဟု ၎င်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading