ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး လှိုင်သာယာမြို့နယ်ကို အရှေ့၊အနောက်ခွဲ

လူ ၇၀၀,၀၀၀ ခန့် နေထိုင်သည့် လှိုင်သာယာကို နှစ်ပိုင်းခွဲရန် လူ ၃,၀၀၀ ခန့် နေထိုင်သည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း အစိုးရအရာရှိများက ဆိုသည်။

Published on Jan 31, 2020

ရန်ကုန်တိုင်းအတွင်းရှိ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရန် နှင့် လှိုင်သာယာမြို့နယ်ကို နှစ်ခြမ်းခွဲပြီး မြို့နယ်နှစ်ခုအဖြစ် သတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် အတည်ပြုလိုက်သည်။

ဖျက်သိမ်းလိုက်သည့် ဆိပ်ကမ်းမြို့နယ်သည် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူ ၃,၀၀၀ နီးပါးသာ နေထိုင်သည့် ရန်ကုန်မြို့လယ်မှ မြို့နယ်တစ်ခုဖြစ်သည်။ ရန်ကုန်မြို့နှင့် လှိုင်မြစ်ခြားထားသည့် လှိုင်သာယာမြို့နယ်တွင် လူ ၇၀၀,၀၀၀ သိန်းနီးပါး နေထိုင်ကြောင်း ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် မှတ်တမ်းတင်ထားသည်။

ဆိပ်ကမ်းမြို့နယ်အတွင်းရှိ မော်တင်ယာယီဈေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်းသို့လည်းကောင်း၊ ဆိပ်ကမ်းမိသားစုရိပ်သာ၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက် ၁၀၄ စတုရန်းမိုင်တို့ကို ဗိုလ်တထောင်မြို့နယ်ထဲသို့ ထည့်သွင်းဖွဲ့စည်းလိုက်ကြောင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

လှိုင်သာယာကိုတော့ လှိုင်သာယာ(အရှေ့ပိုင်း) နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များအဖြစ် ခွဲခြားသတ်မှတ်လိုက်ခြင်းဖြစ်သည်။

လူဦးရေ ထောင်ဂဏန်းသာရှိသည့် ဆိပ်ကမ်းမြို့နယ်ကိုဖျက်သိမ်းခဲ့ခြင်းမှာ လှိုင်သာယာ၏ တစ်နေ့တခြားများပြားလာသည့် လူဦးရေတိုးနှုန်းကို စီမံခန့်ခွဲနိုင်ရန်အတွက် ရန်ကုန် နှင့် ပြည်ထောင်စုအစိုးရက စီစဉ်ခြင်းရခြင်းဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောသည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ၂၆ မိုင် အကျယ်အဝန်းရှိသည့် စက်မှုမြို့တော် လှိုင်သာယာတွင် ရပ်ကွက်(၂၀)၊ ကျေးရွာအုပ်စု ()စု အိမ်ထောင်စု ၆၆၀၀၀ကျော်ရှိနေပြီး အိမ်ထောင်စုစာရင်းမရှိသည့် ကျူးကျော်နေထိုင်သူများ၊ မြို့နယ်အတွင်းရှိ စက်မှုဇုန် (၁၃)ခုရှိ စက်ရုံများတွင် လာရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြည်အနှံ့မှ ရွှေ့ပြောင်းအလုပ်သမားများစွာ နေထိုင်ကြသည်။

လှိုင်သာယာကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် မြို့နယ်နောက်တစ်ခု ထပ်တိုးရန်မှာ မြို့နယ်တစ်ခုကို ဖျက်သိမ်းရန်လိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နိုင်ငံလုံးတွင် မြို့နယ် ၃၃၀ သာ ထားရှိရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ဦးသန်းထိုက်အောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ (က)အရ မြို့နယ်ကို အခြေခံရွေးချယ်ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးထက် မပိုရန် သတ်မှတ်ထားပြီး မြို့နယ် ၃၃၀ ထက် ပိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တစ်စပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ်တစ်ခုခုနှင့် ပူးပေါင်းပြီး မဲဆန္ဒနယ်တစ်ခု သတ်မှတ်ရမည် ဖြစ်သည်။

ဆိပ်ကမ်းမြို့နယ်ရှိ ဆိပ်ကမ်းအာဏာပိုင်ဝန်ထမ်းများ နေထိုင်ရန်အတွက်လည်း ရန်ကုန်မြို့တွင်း၌ အိမ်ခန်းပေါင်း ၉၆ ခန်း စီစဉ်ထားရှိပြီး ဖြစ်သည်ဟု ဦးသန်းထိုက်အောင်က Myanmar Now ကို ပြောသည်။

လှိုင်သာယာမြို့နယ်၏ ထပ်တိုးမြို့နယ်တွင် ဆိပ်ကမ်းမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများ နှင့်ရဲဝန်ထမ်း များကို ရွှေ့ပြောင်းသွားမည်ဟု ဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့ရာတွင် မြို့နယ်လျှော့ခြင်း၊ တိုးခြင်းကိစ္စသည် မည်သည့်နေ့တွင် စတင်ပြီး အတည်ဖြစ်မည်၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်၊ ပြောင်းရွှေ့ရမည့် ရုံးဌာနများ၏ အချိန်ဇယား စသည်တို့ကိုမူ ထည့်သွင်းမပြောသွားသလို သက်ဆိုင်ရာဝန်ထမ်းများကလည်း မသိရှိကြပေ။

လူဦးရေ အလွန်များပြားနေသည့် လှိုင်သာယာမြို့နယ်ကို မြို့နယ်တစ်ခုစာသာ ဘတ်ဂျက်ပေးနိုင်ပြီး စာသင်ကျောင်းအရေအတွက်နှင့် အုပ်ချုပ်ရေးယန္တယားမှာ မနိုင်ဝန်ထမ်းနေရ၍ အပြောင်းအလဲပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရက သုံးသပ်နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၉ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ ထုတ် 7Day သတင်းစာက ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လက Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လှိုင်သာယာမြို့နယ်ကို မြို့နယ်နှစ်ခု ဖော်ဆောင်နိုင်ရန် အချက်အလက်များ ကောက်ယူနေကြောင်း၊ မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူလူထု၏ ဆန္ဒသဘောထားများကိုလည်း ကောက်ခံနေကြောင်း ပြောသည်။

ဆိပ်ကမ်းမြို့နယ်တွင်လည်းတွင် ထိုကာလတွင်ပင် ပြည်သူလူထု ဆန္ဒသဘောထားများကောက်ခံခဲ့ပြီး အများစုက မြို့နယ်ဖျက်သိမ်းမည့် ကိစ္စကို သဘောတူညီကြသည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောသည်။

ဆိပ်ကမ်းမြို့နယ် မိသားစုရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မစုမွန်မြင့်က ရန်ကုန်မြို့နေ ပြည်သူအများစုက ဆိပ်ကမ်းမြို့နယ်ကို မသိရှိကြဘဲ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နှင့် မှားယွင်းကြသည်ဟု ပြောသည်။

လှိုင်သာယာမြို့နယ်၏ လူဦးရေအချိုးအစားနှင့် မြို့နယ်ကို စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာဖွဲ့စည်းပုံ မမျှတော့ဘဲ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့်အတွက် လှိုင်သာယာမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ပေးရန် ရှိမရှိ ၂၀၁၉ ခုနှစ် ဇူလိုင်လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

တရားဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဌာနဆိုင်ရာဝန်ထမ်းလိုအပ်မှုတွေ များစွာရှိနေပြီး အခြေခံပညာကျောင်းအချို့တွင် ကျောင်းသားဦးရေ ထောင်ချီရှိနေကြောင်း၊ တရားဥပဒေစိုးမိုးပြီး စိတ်ချလုံခြုံဖွံ့ဖြိုးတိုးတက်သည့် မြို့သစ်တစ်ခုအဖြစ် ဖြစ်ပေါ်လာစေရန်အတွက် မေးခွန်း မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ပြောသည်။

တရားဥပဒေစိုးမိုးရေးကအစပေါ့။ အခြားအခြားသော ကျန်းမာရေး၊ပညာရေး ဝန်ဆောင်မှုတွေကအစ မနိုင်မနင်းဖြစ်နေတဲ့ အခါကျတော့ ပြုပြင်ပြောင်းလဲမှု တစ်ခုကတော့ လုပ်ရတော့မယ်။ လုပ်တဲ့အခါမှာ ခရိုင်အဆင့်တိုးမပေးနိုင်တဲ့အခါမှာ မြို့နယ် ခွဲပေးတဲ့သဘောဖြစ်သွားတဲ့ သဘောပေါ့ဟု ၎င်းက Myanmar Now ကို ပြောသည်။

အာဏာရ NLD ပါတီက ဆိပ်ကမ်းမြို့နယ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့်အတွက် ဆိပ်ကမ်းမြို့နယ်ကို နိုင်ငံရေးအရ ဖျက်သိမ်းခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တိုင်းလွှတ်တော်တွင် ကန့်ကွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် () တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ၂၀၁၉ ခုနှစ် ဩဂုတ်လက Myanmar Nowကို ပြောသည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် () တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလကတည်းကပင် ထိုမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ အကြိမ်အရေအတွက် အများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိပ်ကမ်းမြို့နယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၎င်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် NLD ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး NLD ဝင်ရောက်မယှဉ်ပြိုင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်သာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဦးသန်းထိုက်အောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်က ၁၅၉ မဲအသာဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်းတို့ပါတီက ပါဝင်ပတ်သတ်နေသည့် အသေးစား ငွေချေးလုပ်ငန်းအကြောင်းကို Myanmar Now သတင်းဌာနက ဖော်ထုတ်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲရလာဒ်မှာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading