"များများလည်း ထွက်ရမယ် စျေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်" (အင်တာဗျူး)

လက်ဖက် အကြီးအကျယ်စိုက်ပျိုးသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် လက်ဖက်ကို ပိုမိုနည်းစနစ်တကျ ထုတ်လုပ်နိုင်ရန် ဒေသခံတို့က ကြိုးစားနေကြသည်။

Published on Jun 26, 2018
ဇွန်လလယ်ပိုင်းက လက်ဘက်ရည်ကြမ်း အရည်အသွေး အမျိုးမျိုးရှိပုံကို ပြသနေသော ပင်လောင်း လက်ဖက် အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)
ဇွန်လလယ်ပိုင်းက လက်ဘက်ရည်ကြမ်း အရည်အသွေး အမျိုးမျိုးရှိပုံကို ပြသနေသော ပင်လောင်း လက်ဖက် အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

ပင်လောင်းလက်ဖက်အစုအဖွဲ့မှအတွင်းရေးမှူး ကိုစိုင်းကောင်ခမ်းက နည်းပညာရရှိမှုနှင့် စျေးကွက်အခြေအနေများအကြောင်း ပြောပြထားသည်။

မေး။    ။ နည်းပညာအသစ်တွေ ရရှိမှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။    ။ တိုးတက်လာတယ်။ အရင်ကဆိုရင် လက်ဖက်ကို ခူးမယ်၊ နယ်မယ်၊ အခြောက်လှမ်းမယ် ပြီးရင် ပွဲရုံမှာ သွားရောင်းမယ် ဒီအဆင့်လောက်ပဲ။ အခုဆိုသူတို့ဘာသိလာလဲဆိုတော့ ကိုင်းဖြတ်ရမှာတွေ၊ ကိုင်းပြုပြင်ရင် လက်ဖက်ပိုထွက်လာမှာတွေ ဒါတွေကို တဖြည်းဖြည်းချင်း နားလည်လာတယ်။ လက်ဖက်အစုအဖွဲ့ မဖွဲ့ခင်ရော ဖွဲ့ပြီးတော့ရော  ကျွန်တော်တို့ ဘယ်သူ့အထောက်အပံ့မှမပါဘဲနဲ့ လက်ဖက်တောင်သူတွေကို သွားရောက် ဟောပြောခဲ့တာပါ။ ရွာသူရွာသားတွေကို လူစုခိုင်းထားပြီးတော့ လက်ဖက်ကို ကိုင်းဘယ်လိုဖြတ်ရမယ်ဆိုတာ လက်တွေ့ပြတယ်။ လက်ဖက်လုပ်နည်းအသစ်လည်း သင်ပေးတယ်။ ပြီးတော့ အလှူခံထားတဲ့ ကိုင်းဖြတ်ကတ်ကြေးတွေပါ ဖြန့်ဝေပေးတယ်။

မေး။    ။ နည်းပညာနဲ့ ပတ်သက်ပြီး ဘယ်က အကူအညီရသလဲ။

ဖြေ။    ။ အစုအဖွဲ့ဖွဲ့ပြီးနောက်ပိုင်းမှာတော့ GIZ အဖွဲ့က   စိုက်ပျိုးရေးဌာနနဲ့ပေါင်းပြီးတော့ ရာသီဥတုနဲ့ ပတ်သက်တာကို တစ်နှစ်လောက်ပဲ လုပ်တယ်။ အဲဒါကလည်း ရွာတွေကို သင်တန်း နည်းနည်း ပေးလိုက်တာလောက်ပဲ။  ကြာကြာလုပ်ရင် ပိုကောင်းတာပေါ့။ ရာသီဥတုပူပြင်းလာတော့ လက်ဖက်ခြံတွေမှာ အရိပ်ရပင်တွေ စိုက်ဖို့ဘာဖို့လောက်ပဲ ပြောခဲ့တော့ တစ်နှစ်စီမံကိန်းဆိုတော့ တော်တော်နည်းတယ်။  ကျန်တဲ့ NGO အဖွဲ့တွေ ပင်လောင်းလာပြီးတော့ ကူညီတာမျိုး မရှိဘူး။

မေး။    ။ တောင်သူတွေကရော နည်းပညာသစ်တွေအပေါ်စိတ်ဝင်စားမှုရှိလား။

ဖြေ။    ။ လက်ဖက်တောင်သူတွေက မိရိုးဖလာနည်းလို့ ပြောရအောင်ကို သူတို့အဘိုးအဘွား လက်ထက် ကတည်းက လုပ်လာတော့ ပြုပြင်ပြောင်းလဲဖို့က အရမ်းခက်တယ်။ အဲဒါကြောင့် ကျွန်တော်ဟောပြောပွဲလုပ်လို့ လူစုခိုင်းရင် လူငယ်၊ လူလတ်ပိုင်းလောက်ပဲ လူစုခိုင်းတယ်၊ အဲဒါမှ သူတို့က အပြောင်းအလဲကို လက်ခံမှာ။ အသက်ကြီးတဲ့ ပိုင်းက ဒါတွေကို ပြောင်းလဲဖို့ခက်တယ်။ ပြောင်းလဲရမှာလည်း တအားကြောက်တယ်။ နည်းပညာကိုတော့ သူတို့ စိတ်ဝင်စားကြတယ်၊ သွားဟောလိုက်ပြီးဆိုရင် သူတို့မှာ တအံ့တသြကြီးကို ဖြစ်နေတယ်။  သူတို့ သတင်းရတာနည်းတော့ သူများဒေသမှာ ဘယ်လိုလုပ်နေတယ်၊ ဘယ်လို ပြုပြင်ပြောင်းလဲဖို့လိုပြီ ဆိုတာကို သွားဟောလိုက်ရင် ဒါကြီးက သူတို့အတွက် အသစ်အဆန်းကြီးဖြစ်နေတယ်။ အခုတော့ ဒါတွေကို သူတို့မြင်လာပြီ။ အားလုံးပြောင်းလဲဖို့ ဆိုရင်တော့ အဆင့်တွေ အများကြီးလိုသေးတယ်။  

မေး။     ။ ဘာတွေပြောင်းလဲဖို့လိုသေးလဲ။

ဖြေ။     ။ စိုက်ပျိုးတဲ့အခါမှာ အရည်သွေးကောင်းတဲ့ မိခင်ပင်ကိုရွေးချယ်ဖို့လိုတယ်။ ဒါမှ မျိုးစေ့အဖြစ်သုံးမယ့် အသီးက အရည်အသွေးကောင်းမှ စိုက်တဲ့လက်ဖက်ပင်လည်း ကောင်းမှာ။ နောက်တစ်ခုက အတန်းလိုက်စိုက်တဲ့အခါ တောင်စောင်းတွေမှာ ကန့်လန့်စိုက်သင့်တယ်။ ဒေါင်လိုက်စိုက်ရင် မိုးရွာလို့ ရေတိုက်စားတဲ့အခါ မြေဆီမြေနှစ်တွေ ပါသွားတတ်တယ်။ စိုက်နည်းစနစ်က မှားနေတယ်။ မှားလို့ အဲဒီအပင်တွေဖျက်ဖို့ပြောတာ မဟုတ်ဘူး။ လှေခါးထစ်ပုံစံဖြစ်သွားအောင် ပေါင်းပေါက်လိုက်ဖို့လိုတယ်။ အဲဒါဆို အကန့်လိုက်ဖြစ်သွားပြီး မြေဆီလွှာထိန်းသိမ်းဖို့လည်း လွယ်သွားမယ်။ နောက် လက်ဖက်ပင်ကို ကိုင်းဖြတ်တဲ့အခါမှ တချို့က ဓားနဲ့ရမ်းတော့ ကိုင်းပြတ်တာမညီဘဲ တချို့ကိုင်းတွေက ပုပ်သွားနိုင်တယ်။ လက်ဖက်ခူးတဲ့အခါ အရွက်ကြမ်းကို ခူးတာက ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲ ရှိတယ်။ သူများနိုင်ငံက စျေးနှုန်းကောင်းကောင်းရတော့ နှစ်ရွက်တစ်ညွန့်ခူးနည်းကို မှန်မှန်ကန်ကန် ခူးတယ်။ ကျွန်တော်တို့ဆီမှာက အရွက်ကြမ်းတွေခူးတယ်။ အရိုးတွေလည်းခူးတယ်။ ဒါကလည်း ခြံရှင်က လက်ဖက်ခူးသမားငှားတော့ ခူးသမားကလည်း အလေးချိန်ရအောင် ပိုခူးတယ်၊ ခူးယူမှုစနစ်မှားတော့ လက်ဖက်အရည်အသွေးလည်း ကျတာပေါ့။ လက်ဖက်စိုက်နည်းစနစ် မှန်မှန်ရယ်၊ ကိုင်းဖြတ်ပြုပြင်ပေးမှုရယ် ပြီးတော့  မှန်မှန်ကန်ကန် ခူးမယ်ဆိုရင် လက်ဖက်အရည်အသွေး ပိုကောင်းလာနိုင်တယ်။

မေး။     ။ လက်ဖက်ခြောက်ထုတ်မယ်ဆိုရင် ဘယ်လိုနည်းစနစ်တွေနဲ့ထုတ်သင့်လဲ။

ဖြေ။     ။ လက်ဖက်ခူးတဲ့စနစ်မမှန်ဘဲခူးလာတဲ့ လက်ဖက်တွေကို ပလိုင်းတွေထဲမှာ ထည့်သိပ်ထားတယ်။ ပြီးတော့ ဆာလာအိတ်ထဲမှာ ထည့်သိပ်ထားတယ်။ ပြီးတော့ တစ်နေကုန်ခူးပြီးသားလက်ဖက်တွေကိုမှ ပေါင်းဖို့၊ လှော်ဖို့စလုပ်တာပေါ့။ တကယ်ဆိုရင် ပလိုင်းပြည့်ပြီဆိုရင် အိတ်ထဲချက်ချင်းမထည့်ဘဲနဲ့ ဖျာနဲ့ပဲဖြစ်ဖြစ် လက်ဖက်တွေကို ဖြန့်ပြီးတော့ ခင်းထားရမှာ။ ဒါမှ လက်ဖက်က ချဉ်နံ့ပျောက်မှာ။ အိုးထဲ ထည့်လှော်တဲ့အခါမှာလည်း အများကြီး ထည့်လှော်ရင် အကျက်မညီတာဖြစ်နိုင်တယ်။ နိုင်သလောက်ပဲ ထည့်သင့်တယ်။ မီးဖိုလုပ်တဲ့အခါမှာလည်း မီးခံပြားနဲ့ မီးခိုးခေါင်းတိုင်ပါတဲ့ မီးဖိုကိုသုံးသင့်တယ်။ မဟုတ်ရင် လက်ဖက်ခြောက်မဖြစ်ခင်မှာဘဲ လက်ဖက်က မီးခိုးနံ့ထွက်နေတတ်တယ်။ ထွက်လာတဲ့ လက်ဖက်ကိုလည်း အခုကတော့ စက်နဲ့ပဲနယ်ကြတယ်။ ဒီဒေသက ထွက်တဲ့စက်ပေါ့။ စက်ကလည်း တစ်မိနစ်ဘယ်လောက်နှုန်း လည်ပတ်ရမယ်၊ ထည့်သွင်းမဲ့ လက်ဖက်ပမာဏကိုလည်း သေချာတွက်ချက်ရမယ်၊ ဒါတွေလည်း လိုတယ်။ လှော်ပြီးပြီးချင်းလက်ဖက်ကိုလည်း ခဏ အအေးခံပြီးမှ နယ်သင့်တယ်။ မဟုတ်ရင် လက်ဖက်အညွန့်တွေ ကျိုးကျေသွားတာဖြစ်နိုင်တယ်။ လက်ဖက်လှန်းတဲ့အခါမှာလည်း စင်နဲ့လှန်းသင့်တယ်။ လမ်းပေါ်မှာပဲ ဖျာနဲ့လှန်းရင် အမှုန်အမွှားတွေ၊ မြေကြီးနံ့တွေ၊ ဖုန်တွေပါလာတတ်တယ်။ လှော်တဲ့အိုးတွေကိုလည်း မှန်မှန်ဆေးကြောသင့်တယ်။  ဖျာကိုလည်း သန့်သန့်ရှင်းရှင်းထားရမယ်။ တော်တော်များများ မှားနေကြတာက ဖျာဆိုရင် မည်းနက်နေမှ။ အဲဒါကလည်း အမှားတစ်ခုပဲ။ အဓိကကတော့ သူတို့လုပ်နေတဲ့ စနစ်ကနေ နည်းနည်းလေး ထပ်တိုးပြောင်းလဲလိုက်မယ် ဆိုရင် အဆင်ပြေသွားပြီ။

မေး။     ။ လက်ဖက်အရည်အသွေးကောင်းလာရင် စျေးကွက်ရောအဆင်ပြေနိုင်မလား။

ဖြေ။     ။ စျေးနှုန်းက ရွှေဖီချိန်ဆိုရင်တောင် တော်တော်ကောင်းကောင်းသန့်သန့်လေးမှ တစ်ပိဿာ ၅,ဝဝဝ လောက်ပဲ ရတယ်။ ခူးခက တစ်ပိဿာကို ၇၀၀ ကနေ ၁,၀၀၀ ကြားရှိတယ်။ အရွက်စိမ်း လေးပိဿာမှ လက်ဖက်ခြောက် တစ်ပိဿာဆိုတော့ နည်းနည်းပဲကျန်တယ်။ ဒီလိုအချိန်ဆိုရင် ရွက်စိမ်းက တစ်ပိဿာ ၅၀၀ ကနေ ၇၀၀ ကြားရှိတယ်။ အဲဒီတော့ ခူးသမားနဲ့ ပိုင်ရှင်နဲ့က တစ်ယောက်တစ်ဝက်လိုဖြစ်နေတယ်။ အဲဒီတော့ လက်ဖက်တောင်သူကလည်း ခြံရှိလို့သာ လုပ်ရတဲ့သဘောဖြစ်နေတယ်။ လက်ဖက်ခြောက်တစ်ပိဿာကို ၆,၀၀၀ အထိ ပေးမယ် လှလှလေးလုပ်ပေးပါဆိုရင် သူတို့လုပ်ကြမှာပဲလေ။ အဲဒါဆိုရင် ထိုင်းမှာ အလုပ် သွားလုပ်နေတဲ့သူတွေတောင် ပြန်လာပြီးလုပ်မှာ။ လက်ဖက်ခြောက် တစ်ရက်ကို နှစ်ပိဿာပဲထုတ်နိုင်ဦးတော့ သူတို့ဝင်ငွေက ၁၀,၀၀၀ နဲ့ ၁၂,၀၀၀ ကြားမှာရှိနေပြီ။ အခုလိုပုံမှန်ဆိုရင် ၄,၀၀၀၊ ၄,၂၀၀ ပဲရှိတယ်။ ခူးခ နုတ်ပြီးရင် သူ့မှာ ၂,၀၀၀ ကျော်ပဲကျန်မယ်။ ပြီးတော့ ထင်းဖိုးကုန်မယ်၊ စက်နဲ့နယ်ရင်လည်း မီတာခရှိသေးတယ်။ မကိုက်တော့ တခြားနေရာထွက်ပြီးတော့ အလုပ်လုပ်ကြရတာပေါ့။ တကယ်တမ်းပြောရရင်တော့ လက်ဖက်ခြောက်က မြေပြန့်ကိုမှီခိုနေရတာ။ မြေပြန့်က ကောင်းကောင်း ဝယ်ယူသုံးစွဲပြီး၊ စျေးကောင်းကောင်းလည်းပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဥပမာ နာဂစ်ဖြစ်တုန်းကဆိုရင် လက်ဖက်ခြောက် အရောင်းကျသွားတယ်။ အဓိကက ပြည်တွင်းကို မှီခိုနေရတာပေါ့။ ပြည်တွင်းမှာသာ အခြားနိုင်ငံက လက်ဖက်ခြောက်တွေ ဝင်လာမယ်ဆိုရင် တောင်သူတွေ ပိုအထိနာမယ်။ အဲဒီတော့ ဒီက တောင်သူတွေက အဆင့်မြင့်မြင့်ထုတ်ဖို့လိုတယ်။ များများလည်း ထွက်ရမယ် စျေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်။

မေး။     ။ ပင်လောင်းလက်ဖက်ကို ဘယ်တွေကို အဓိကပို့လဲ။

ဖြေ။     ။ အဓိကက မြန်မာပြည်အလယ်ပိုင်းပေါ့ ကျောက်ပန်းတောင်း၊ ရေနံ့ချောင်း၊ ချောက်၊ ညောင်ဦး၊ ပခုက္ကူ၊ လယ်ဝေး ပြီးတော့ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်း အစုံပို့ရတယ်။ အများဆုံးပို့ရတာတော့ ရွှေဖီချိန်နဲ့ ကဆုန်ခြောက်ပဲ။ မိုးခြောက်တော့ မရှိတော့ဘူး။ ရွှေဖီချိန်မှာဆိုရင် ပိဿာချိန် ၁၅,၀၀၀ လောက် အထိ ပို့ရတယ်။ ရွှေဖီချိန်က အရသာပိုရှိပိုကောင်းတော့ မြေပြန့်က လူတွေက တစ်ရာသီစာ သုံးမယ့် လက်ဖက်ခြောက်တွေကို အဲဒီအချိန်မှာ ဝယ်လှောင်ထားကြတယ်။ ကျွန်တော်တို့က ခိုင်မာတဲ့ စျေးကွက်တစ်ခုရှိဖို့ လိုအပ်တယ်။ အခြားလုပ်ငန်းရှင်တွေနဲ့ အသေးစား၊ အလတ်စား ငွေချေးတဲ့ သူတွေလည်း အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးရင်ပိုကောင်းမယ်။ အခုက ငွေချေးပြီး အလုပ် လုပ်နေတုန်း ရှိသေးတယ်။ အကြွေးက ပြန်ဆပ်ရတော့မယ်။ အဓိကကတော့ ခိုင်မာတဲ့ စျေးကွက် မရှိဘူး။ အဲဒီတော့ လက်ဖက်တောင်သူတွေအတွက်က ငွေရေးကြေးရေးလည်း ရှိဖို့လိုတယ်။ စျေးကွက်လည်း ရှိဖို့လိုတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေလည်း အားပေးအားမြှောက်လုပ်ဖို့လိုတယ်။ လက်ဖက်အဓိက ထွက်တဲ့ဒေသမှာ စပါးစံပြကွက်တွေချည်းပဲ လုပ်နေရင်တော့ အလုပ် သိပ်မဟုတ်ဘူးပေါ့။ ဒီဒေသမှာ ဘာထွက်လဲ၊ ထွက်တဲ့ဟာကို အစိုးရက အားပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

မေး။     ။ လက်ဘက်လုပ်ငန်း၊ ဈေးကွက် ဒီထက် ပိုပြီး အဆင်ပြေဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ။     ။ လက်ဖက်တွင်ကျယ်ဖို့က ထုတ်လုပ်မှုအပိုင်းချည်ပဲလုပ်လို့လည်းမရဘူး။ လက်ဖက် ကွင်းဆက်အရ စိုက်တဲ့သူ၊ ကုန်ချောထုတ်တဲ့သူနဲ့ တင်ပို့ရောင်းချတဲ့သူက တစ်ကွင်းတစ်ဆက်တည်းဖြစ်ဖို့ လို့တယ်။ ကျွန်တော်တို့မှာက ကုန်ကြမ်းရှိတယ်။ နည်းပညာပိုင်းကူညီမယ့် ပညာရှင်တွေ နည်းတယ်။ အဲဒီလိုကူညီမယ့် အဖွဲ့အစည်းတွေ၊  နိုင်ငံတကာ အထောက်အပံ့တွေလိုတယ်။ အဲဒီလိုကူညီပြီး အသိပညာ များများ လာပေးမယ်ဆိုရင်တော့ လက်ဖက်က ပွဲစားဆိုတာတောင်ရှိမှာမဟုတ်တော့ဘူး။ တိုက်ရိုက် တောင်သူတွေနဲ့ သွားတဲ့စနစ်ပဲသွားတော့မှာပေါ့။ အဲဒါဆိုရင် နိုင်ငံခြားစျေးကွက်လည်း ရည်ရွယ်လို့ရလာမယ်။ ရည်လည်းရည်ရွယ်နေတယ်။ အဲဒီလိုဖြစ်ဖို့ကလည်း လက်ဖက်တောင်သူတွေ ပါဝင်ဖို့လိုတယ်။ သူတို့ကိုလည်း ပိုမိုမြှင့်တင်ပေးဖို့ လိုတယ်။      ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading