ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတောင် ဆုရခဲ့ဖူးတဲ့အထိ အောင်မြင်တဲ့ တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေဟာ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ ရုံတင်ပြသဖို့ကျတော့ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ပြသခွင့်မရတဲ့အတွက် တိုင်းရင်းသားရုပ်ရှင်တွေရဲ့ အရည်အသွေးကို လူအတော်များများ မသိဘဲဖြစ်နေကြပါတယ်။

"ဂီလာ" ရုပ်ရှင်ဇာတ်ကား ကြော်ငြာ

ရန်ကုန် ကချင်စကားပြောရုပ်ရှင်ဇာတ်လမ်း ‘မနောမြေမှကျောက်စိမ်းကမ္ဘာ’ ဟာ ပြိုင်ဘက် ၃ဝ ကျော်လောက်ကို ကျော်ဖြတ်ပြီး ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အထူးဆု ရခဲ့ပါတယ်။

ကချင်ပြည်နယ်ဖားကန့်က ကျောက်စိမ်းအလုပ်သမားတွေဘဝကို ရိုက်ကူးထားတဲ့ ကချင်စကားပြော ဗမာစာတန်းထိုး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ သူ့အောင်မြင်မှုအတွက် အပြည့်အဝ မပျော်နိုင်ပါဘူး။

ထူးချွန်ဆုသာရခဲ့ပေမဲ့ သူ့ရုပ်ရှင်ကို မြို့ကြီးတွေက ရုပ်ရှင်ရုံတွေမှာ အခုအချိန်အထိ ပြသခွင့်မရသေးဘူးလို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းကပြောပါတယ်။

“(ကျွန်တော်က) တိုင်းရင်းသားဖြစ်နေလို့လား။ (ရုပ်ရှင်က) မကောင်းလို့ဆိုလည်း ဘာလို့ အကယ်ဒမီ ပေးနေသေးလဲ” လို့ အကယ်ဒမီရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရုံတင်ခွင့်မရခဲ့တဲ့ သူ့ဇာတ်လမ်းအတွက် အကျေမနပ် ဖြစ်နေတဲ့ JZ ဒေါင်လွဏ်းက ပြောပါတယ်။

JZ ဒေါင်လွဏ်းရဲ့ ကချင်စကားပြောရုပ်ရှင်လိုပဲ မြန်မာပြည်က ဗမာမဟုတ်တဲ့ အခြားမျိုးနွယ်စုတွေရဲ့ ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်တွေဟာ မြို့ကြီးပြကြီးတွေဆီက ရုပ်ရှင်ရုံတွေမှာ ပြသခွင့်မရကြပါဘူး။

မြန်မာနိုင်ငံမြောက်ပိုင်းက ရဝမ်မျိုးနွယ်စုစကားပြောရုပ်ရှင် ‘ဂီလာ’ ကိုလည်း မြို့ကြီးတွေက ရုပ်ရှင်ရုံတွေက ပြသဖို့ငြင်းဆန်ကြတယ်လို့ အဲဒီ ဇာတ်ကားရဲ့ ဒါရိုက်တာ ဒီထဲဒီက ဆိုပါတယ်။

ဗမာလို ‘သူရဲကောင်း’ လို့ အနက်ရှိတဲ့ ‘ဂီလာ’ရုပ်ရှင်ဟာ မြစ်ကြီးနား၊ ဗန်းမော် နဲ့ လားရှိုးမြို့တို့မှာ ရုံပြည့် အားပေးခံခဲ့ရပြီး မြန်မာပြည်မြောက်ပိုင်းရုပ်ရှင်ရုံတွေအတွက် ဝင်ငွေကောင်းတဲ့ ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။

ကျပ်သိန်း ၄ဝဝ လောက် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက တစ်ပတ်ကြာ ရုံတင်ခဲ့ရာမှာ ကျပ်သိန်း ၇ဝ လောက် ဝင်ငွေ ပြန်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Facebook မှာ ဖြန့်ခဲ့တဲ့ ‘ဂီလာ’ ရဲ့ ဇာတ်လမ်းအမြည်းကို ကြည့်ရှုသူ ၅ သိန်းနီးပါး ရှိခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်ရှင်ပိတ်ကားတွေဆီတော့ မရောက်လာနိုင်ခဲ့ပါဘူး။

“ရုံပိုင်ရှင်တွေကတော့ သိတဲ့အတိုင်းပဲ ခုလက်ရှိ မြန်မာနာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘူးဆိုတော့ သူတို့ (ရုပ်ရှင်ရုံတွေ)က ရုံမတင်ရဲကြဘူးပေါ့” လို့ ရဝမ် မျက်နှာသစ် သရုပ်ဆောင်တွေပါဝင်တဲ့ ‘ဂီလာ’ ကို ဖန်တီးသူက ဆိုပါတယ်။

မကြာသေးကလည်း မျက်နှာသစ်သရုပ်ဆောင် ဇာဏ်ခီနဲ့ ရိုက်ကူးထားတဲ့ ‘ဥပါယ်တံမျဉ်’ဇာတ်ကား အောင်မြင်ခဲ့ပေမယ့် အစပိုင်းမှာ ရုံတင်ပြသဖို့ အခက်အခဲတွေ တွေ့ခဲ့ရပါသေးတယ်။ ဒါရိုက်တာ ဒီထဲဒီကတော့ အခက်အခဲချင်း တူရင်တောင် မြန်မာမျက်နှာသစ်ပါတဲ့ဇာတ်ကားက တိုင်းရင်းသားမျက်နှာသစ်ပါတဲ့ ကားထက် ရုံတွေ လက်ခံဖို့ရော ပရိသတ်လက်ခံဖို့ပါ လွယ်တယ်လို့ ဆိုပါတယ်။

“(ဥပါယ်တံမျဉ်မှာ) လူတွေကို ဆွဲဆောင်မှုဖြစ်စေတဲ့အရာက ထိုင်းမင်းသမီးပါတယ်။ အကယ်ဒမီမင်းဦးပါမယ်။ လက်ရှိအကယ်ဒမီရထားတဲ့ သက်မွန်မြင့်ပါမယ်။ ကျွန်တော်တို့ ဇာတ်ကားအနေအထားက အားလုံး သုညမှာပဲ ရှိသေးတယ်။ ဒါရိုက်တာလည်းအသစ်၊ သရုပ်ဆောင်တွေလည်း လုံးဝ ပထမဆုံးတွေပဲ။ ပြီးတော့ သူတို့က မြန်မာကားအနေနဲ့တက်တာ၊ ကျွန်တော်တို့ကျတော့ လုံးဝ တိုင်းရင်းသားရိုးရာဇာတ်ကားအဖြစ် တက်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု အများကြီးကွာခြားသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မမြင်နိုင်၊ မတွေ့နိုင်၊ မတွေးခေါ်နိုင်တဲ့ အရာတွေ သူတို့မှာ ရှိမှာပေါ့လေ”လို့ ဒီထဲဒီက ဆိုပါတယ်။

တိုင်းရင်းသားရုပ်ရှင်တွေကို ဘာကြောင့် ပိတ်ကားပေါ်မှာတွေ့ရတာ နည်းနေတာလဲ ဆိုတာကို Myanmar Now က ရန်ကုန်ကရုပ်ရှင်ရုံတွေ အများစုကို ထိန်းချုပ်ထားတဲ့ မင်္ဂလာအုပ်စုကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းဖြေဆိုတဲ့အမျိုးသားက မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။

တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေ ရန်ကုန်မှာ မပြနိုင်ရတဲ့ အဓိက အကြောင်းအရင်းက ရုပ်ရှင်ရုံတွေ လုံလုံလောက်လောက် မရှိတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တွဲဖက်အတွင်းရေးမှုး (၂) ဦးဇော်မင်း (ဟန်သာမြေ) က ဆိုပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့စာရင်းတွေအရ ယခုနှစ်အတွင်း ရုံတင်ပြသဖို့ တန်းစီထားတဲ့ ရုပ်ရှင် ၂၅ဝ လောက်ရှိပြီး ဒီအထဲက ၅ကား လောက်က တိုင်းရင်းသားမျိုးနွယ်စု ဘာသာစကားပြော ရုပ်ရှင်တွေ ဖြစ်ပါတယ်။

တန်းစီထားတဲ့ ဇာတ်ကားတွေဟာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံပေါင်း ၁ဝ၃ ရုံမှာ ပြသဖို့ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုဟာ ဖလင်စနစ်ကနေ ဒီဂျစ်တယ်စနစ်ကို ၂ဝ၁၃ လောက်မှာ ပြောင်းခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဖောဖောသီသီ ထွက်ခဲ့တာကြောင့် တိုင်းရင်းသားရုပ်ရှင်တွေချည်း မဟုတ်ဘဲ ရုပ်ရှင်အားလုံးဟာ ပြသခွင့်ခက်ခဲနေတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးက ဆိုပါတယ်။

ဒါပေမဲ့ ‘မနောမြေမှကျောက်စိမ်းကမ္ဘာ‘ ဖန်တီးသူ JZ ဒေါင်လွဏ်းကတော့ တိုင်းရင်းသားဘာသာ စကားပြော ဇာတ်လမ်းတွေ ပြခွင့်မရတာဟာ ရုပ်ရှင်ရုံမလုံလောက်တာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်လောကရဲ့ သီးခြား အသိုင်းအဝိုင်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ ဓလေ့ကြောင့်လို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လောကဟာ ရင်းနှီးသူချင်းသာ ထိစပ်ဆက်ဆံတဲ့ ဓလေ့ရှိပြီး အဲဒီ အသိုင်းအဝိုင်းထဲကို အခြားတိုင်းရင်းသားတွေ ဝင်ရောက်ဖို့အတွက် အလွန်ခက်ခဲတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့လည်း အတိုက်အခံမလုပ်ချင်ဘူး။ ပြန်တိုက်ဖို့ကတော့လည်း ကျွန်တော်တို့က သူတို့လောက် နောက်ခံအင်အား မရှိဘူး။ ကျွန်တော်တို့သွားတိုက်ရင် ကိုယ်တွေပဲ ဘေးလွင့်သွားမှာ၊ ဒါ့ကြောင့်မပြောရဲဘူး” လို့ JZ ဒေါင်လွဏ်းက ရှင်းပြပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်များကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ကချင်ဘာသာစကားပြော ဇာတ်လမ်းတွေဟာ အစောပိုင်းမှာ ဗီဒီယိုအဖြစ် ထုတ်လုပ်ခဲ့ကြပြီး ၂ဝဝဝ ပြည့်နှစ်လောက်မှာ ဒီဗီဒီအဆင့်ကို ကူးပြောင်းခဲ့ကြပါတယ်။

ဒါပေမဲ့ ရန်ကုန်မှာ ရုံတင်ခွင့်ရတဲ့ ကချင်ဇာတ်ကားအရေအတွက် မရှိသလောက် နည်းပါးခဲ့တယ်လို့ ကချင်ရုပ်ရှင်အသိုင်းအဝိုင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ် ၂ဝဝ၈ မှာ ကချင်စကားပြောရုပ်ရှင် တစ်ကား ရန်ကုန်မှာ ပထမဆုံး ရုံတင်ခွင့်ရခဲ့ပါတယ်။

“အမြဲစိမ်းတောမှာ အချစ်ရှာသူ” လို့ အဓိပ္ပာယ်ရတဲ့ ဒါရိုက်တာ G ဇုံးကိရဲ့ ကချင်ရုပ်ရှင် “Nam Kawn Tsaw Kawn” ဟာ ရန်ကုန်မှာ ပထမဆုံးနဲ့ နောက်ဆုံးရုံတင်ခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။ ဒီနောက်ပိုင်း ရုံတင်ခွင့် မရတော့ပါဘူး။

တိုင်းရင်းသားဒါရိုက်တာတွေဘက်ကတော့ သူတို့ကို အထူးအခွင့်အရေး ပေးသင့်တယ်လို့ ပြောကြပါတယ်။

သိန်း ၁,ဝဝဝ လောက် ရင်းနှီးမြုပ်နှံထားတဲ့ ဒီဇာတ်ကားတွေကနေ ပြန်ဝင်တဲ့ငွေဟာ အရင်းရဲ့ ငါးပုံတစ်ပုံလောက်သာရှိပေမဲ့ လူသိနည်းတဲ့ တိုင်းရင်းသားဓလေ့တွေကို ထုတ်ဖော်နေတာကြောင့် နိုင်ငံတော်က အထူးအခွင့်အရေး ပေးသင့်တယ်လို့ သူတို့က ယူဆနေပါတယ်။

အကယ်ဒမီရခဲ့တဲ့ JZ ဒေါင်လွဏ်းရဲ့ “မနောမြေမှကျောက်စိမ်းကမ္ဘာ” ဆိုရင် ကျပ်သိန်း ၂,ဝဝဝ လောက် ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ကုန်ကျစရိတ်ရဲ့၁ဝ ပုံတစ်ပုံလောက်ပဲ ငွေပြန်ဝင်ခဲ့ပါတယ်။

တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေကို ဥပဒေနဲ့ကာကွယ်ပေးဖို့ အစိုးရက စီစဉ်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

ရေးဆွဲနေတဲ့ ရုပ်ရှင်ဥပဒေ မူကြမ်းမှာ တိုင်းရင်းရုပ်ရှင်ကားများအတွက် တစ်မူထူးခြားတဲ့ အခွင့်အရေးတွေ ထည့်သွင်းရေးဆွဲထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဇာတ်ပို့ဇာတ်ရံအလွှာ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းမြိုင်က ဆိုပါတယ်။

“ဥပဒေက အတည်မဖြစ်သေးတဲ့အတွက်ကြောင့် ဒီဟာပါဆိုပြီး ချပြလို့မရသေးဘူး" လို့ သူက ပြောပါတယ်။

အခက်အခဲတွေအများအပြားထဲမှာ ရုပ်ရှင်ပြသရာကရတဲ့ ဝင်ငွေက အဓိကအချက် ဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၁၄ဝ လောက် ရှိတယ်ဆိုပေမဲ့ အများစုဟာ ရန်ကုန်မှာ ရှိတာပါ။ ရုပ်ရှင်ရုံအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ရန်ကုန်ဈေးကွက်အကြိုက် ရုပ်ရှင်တွေကိုပဲ ရုံတွေက ပြသချင်နေကြပါတယ်။

လက်ရှိဈေးကွက်မှာ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်တို့ ဇာတ်ကားတွေဟာ စီးပွားရေးအရ အကျိုးအမြတ်များပြီး ပရိတ်သတ်လည်း အကြိုက်တွေ့တာကြောင့် ရုံတင်တာများတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးဝင်းမြိုင်က မှတ်ချက်ပေးပါတယ်။

“ပရိသတ်တောင်းဆိုမှုကို လျစ်လျူရှုလို့မရဘူး” လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading