ကျည်ဆန်ရာ၊ ကျည်ခွံ၊ အမြောက်ဆန်များတွေ့ခဲ့ရသည့် လက္ကာရွာ

ရွာလုံးကျွတ် စွန့်ခွာသွားကြသည့် မြောက်ဦးမြို့နယ် လက္ကာရွာတွင် ပြီးခဲ့သည့်လက တပ်မတော်နှင့် AA တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ယူဆနိုင်သော ခြေရာလက်ရာများနှင့် စာသင်ကျောင်းအတွင်း ကျန်ရစ်ခဲ့သော ကျည်ခွံများ၊ ဗုံးဆန်များ၊ ခြောက်နေသောသွေးကွက်များကို တွေ့ခဲ့ရသည်။

လက္ကာရွာ စာသင်ကျောင်း၊ စာသင်ခုံပေါ်တွင် တွေ့ရသည့် စိန်ပြောင်းထည့်သည့် ဗူးခွံများ။

တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) အမာခံရွာဟု တပ်မတော်က စွပ်စွဲခြင်းကို ခံထားရသည့် ရွာများတွင် မြောက်ဦးမြို့နယ်မှ လက္ကာရွာလည်း ပါဝင်သည်။ မြောက်ဦးမြို့တွင်းမှ ကားဖြင့် မိနစ် ၂၀ ခန့် သွားရသည့် အဆိုပါရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသည့်အတွက် ဒေသအခြေအနေအရ ရွာကြီးဟုပြောရမည်ဖြစ်သည်။

ရွာအတွင်းတွင်လည်း ကွန်ကရစ်အုတ်တိုင်များဖြင့် ဆောက်ထားသည့် တိုက်ခံအိမ်များရှိသလို မှန်စီ၊ သွပ်မိုးထားသည့် အိမ်ကြီးအိမ်ကောင်းများမှာ ရွာ၏ စီးပွားရေးကို တစ်နည်းအားဖြင့် ဖော်ပြနေသည်။

ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမဘေးတွင်ရှိပြီး လမ်းမပေါ်ကကြည့်လျှင် ဒီရေတောများ၊ ဓနိပင်များက ရွာကို ကာဆီးထားသကဲ့သို့ရှိပြီး ရွာအရှေ့ဘက်တွင်မူ မြင့်မားသည့်တောင်တန်းကြီးရှိနေသည့်အတွက် လက္ကာရွာမှာ တိုက်ပွဲတစ်ပွဲအတွင်း အကာအကွယ်ယူရန်နှင့် အဆုတ်၊ အတက်ကောင်းသည့်နေရာမျိုး ဖြစ်နေသည်။

တကယ်လည်း ရွာအတွင်း အိမ်ကြိုအိမ်ကြား၊ ဘုန်းကြီးကျောင်းကြား၊ စာသင်ကျောင်းကြားတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အောက်တိုဘာအတွင်းက ပြင်းထန်သည့်တိုက်ပွဲဖြစ်ခဲ့သည်။ ထိုရွာတွင် တပ်မတော်က စခန်းချထားခြင်းဖြစ်ပြီး AA က လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနက် ၆ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိဖြစ်တယ်။ သူတို့က အဲဒီ လက္ကာရွာထဲမှာ နေရာယူထားတာ တစ်ပတ်လောက်ရှိပြီ၊ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းရော။ နောက်ပြီး အဲဒီနားက ရေကန်နားမှာရော သူတို့နေရာယူထားတာ” ဟု လက္ကာရွာ တိုက်ပွဲနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။

Myanmar Now အနေဖြင့် လက္ကာရွာသို့ နိုဝင်ဘာလ ပထမပတ်က ရောက်ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရေကန်တို့ကို တွေ့ရှိလေ့လာခဲ့သည်။

လက်နက်ကြီးဒဏ် သင့်ခဲ့သည့် ရွာလမ်းမများ၊ အိမ်ခြံဝင်းများမှာ တိုက်ပွဲတစ်ပွဲ၏ အနိဌာရုံကို ပေါ်ပေါ်ထင်ထင် တွေ့မြင်နေရသည်။ ကလေးများ စာသင်ကြားရာ စာသင်ကျောင်းဝင်းအတွင်း ဒါဇင်ပေါင်းများစွာရှိသည့် အမြောက်ဗူးခွံများနှင့် ပျံ့ကျဲနေသည့် ကျည်ဆန်ခွံများမှာလည်း ဤရွာတွင် တိုက်ပွဲမည်မျှ ပြင်းထန်ခဲ့မည်ကို သက်သေထူနေသည်။

တိုက်ပွဲဖြစ်နေသည့်အချိန်တွင်တော့ ရွာသူ၊ ရွာသားများ ရွာမှာရှိမနေခဲ့ပါ။

ရွာထဲကလူတွေ ဘယ်ရောက်သွားလဲ

လက္ကာရွာတွင် ရွာလုံးကျွတ်ထွက်ပြေးသွားကြသည်မှာ ပြီးခဲ့သည့် ဧပြီလကတည်းက ဖြစ်သည်။ နီးစပ်ရာ ဒုက္ခသည်စခန်းများဖြစ်သည့် ပီပင်ရင်းရွာ၊ ဘုန်းကြီးကျောင်းရှိ စခန်းနှင့် တိမ်ညိုရွာ စခန်းတို့တွင် ခိုလှုံနေကြသည်မှာ ယခုဆိုလျှင် ၈ လနီးပါးရှိနေပြီဖြစ်သည်။

ဧပြီလအတွင်းက တပ်မတော်စစ်ကြောင်းတစ်ကြောင်း လက္ကာရွာသို့ဝင်ရောက်လာခဲ့သည့်နောက် တစ်ရွာလုံး မိမိအိမ်ကိုစွန့်ခွာခဲ့ရသည်။

“ရွာထဲကို ဝင်လာပြီး ‘ထွက်ဆို အခုထွက်၊ ထွက်ဆို အခုထွက်’ ဆိုပြီး သေနတ်တွေနဲ့ချိန်ပြီး ထွက်ခိုင်းတာ။ ရွာအလယ်မှာ လူစုခိုင်းတာ၊ အမျိုးသမီးတွေဆိုရင် ထဘီတွေပြေကျ၊ အဘိုးကြီး၊ အဘွားကြီးတွေဆိုရင် လမ်းပေါ်မှာ ပစ်လဲကျနဲ့၊ ကမ္ဘာပျက်တဲ့နေ့ပဲ” ဟု ဒုက္ခစခန်းတစ်ခုတွင် လက်ရှိခိုလှုံနေရသူ၊ လက္ကာရွာဒေသခံ အသက် ၅၀ အရွယ် မတင်အေးကထိုနေ့ကအဖြစ်ကို ပြန်ပြောင်းပြောပြသည်။

“ရွာက အိမ်တွေမှာ ဗမာစစ်တပ်က ကြက်တွေ့၊ ကြက်ယူ၊ ဆန်တွေ့ဆန်ယူတယ်။ တွေ့တာအကုန်ယူတာ။ နောက် ရွာထဲမှာပဲ စခန်းချကြတယ်။ ကျွန်မဆိုရင် စစ်သားကို မြင်တာနဲ့ ဒူးအောက်ကစပြီး အေးစက်နေပြီ” ဟု ၅၅ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသမီးကြီးတဦးက ၎င်းခိုလှုံရာ ဒုက္ခသည်စခန်း၌ တွေ့ဆုံစဉ် Myanmar Now ကို ပြောသည်။

ထိုအဖြစ်အပျက်သည် ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာတပ်မတော်က လက္ကာရွာသို့ ရောက်လာခဲ့ခြင်းမှာ အမှန်တွင် ဧပြီလ ၁၀ ရက် မြောက်ဦးမြို့နယ် အမှတ် ၃၁ ရဲတပ်ရင်း၊ ဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA က အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစု ၇ ဦးကို ဖမ်းခေါ်သွားခဲ့ရာက စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် ရဲအရာရှိနှင့် တပ်သားအချို့ ကျဆုံးခဲ့သည်။ နေ့လယ်အထိ တိုက်ပွဲ ဆက်ဖြစ်ခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရာမှ မြောက်ဦးမြို့နယ်၏ အနောက်ဘက် လက္ကာရွာအနီးသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် မြန်မာတပ်မတော်က ရွာထဲသို့ဝင်ရောက်ရှင်းလင်းရာတွင် ရွာသား ၂၇ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ပွဲတွင် ပြောသည်။

“လက္ကာကျေးရွာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ကျေးရွာအတွင်း ထက်ကြပ် လိုက်လံရှင်းလင်းရာ ရွာအတွင်းဒေသခံရိုးသားသည့် ရွာသူ/ရွာသားများနှင့် ရောနှော တပ်ဖျောက်ထားသော ရွာခံမဟုတ်သည့် မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို အရှင်ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က လက္ကာရွာနှင့်ပတ်သက်၍ ဧပြီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနေ့မှစတင်ကာ လက္ကာရွာမှ ရွာသူ၊ ရွာသားများ စတင်၍ ရွာကို စွန့်ခွာခဲ့ကြသည်။

ထို့နေ့က ဖမ်းဆီးခဲ့သည့် ၂၇ ဦးအနက် ၃ ဦးမှာ စစ်ကြောနေစဉ်ကာလအတွင်း သေဆုံးသွားခဲ့သည်။

သေဆုံးသွားခဲ့သည့် အမျိုးသားများ၏ မိသားစုဝင်များနှင့် Myanmar Now က မြောက်ဦးတွင် တွေ့ဆုံခဲ့သည်။ တပ်မတော်၏ထုတ်ပြန်ချက်အရ AA အဖွဲ့ဝင်ဟုဆိုသည့် အသက် ၄၀ အရွယ် ဦးသိန်းထွန်းစိန်သည် သေဆုံးသူများအနက် တစ်ဦးဖြစ်ပြီး ဇနီးနှင့်သမီး ၂ ယောက်ကျန်ခဲ့သည်။

“အဲ့ဒီနေ့က ငါးရှာတာကနေ ပြန်လာတာ၊ ခြေထောက်မှာ ရွှံ့တွေပေနေတာပေါ့၊ ဒါဟာ AA စစ်သားဖြစ်တယ်ဆိုပြီး ဖမ်းခေါ်သွားတာ” ဟု သေဆုံးသွားသူ ဦးသိန်းထွန်းစိန်၏ ဇနီး ၃၅ နှစ်အရွယ် မ အလှက ပြောပြသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ဧပြီ ၁၀ ရက်မှ စတင်ကာ နောက်ဆုံး သေသည်ဟုသိရချိန်အထိ မ အလှအနေနှင့် ယောက်ျားဖြစ်သူကို မမြင်တွေ့လိုက်ရပေ။

“ကြိုးဆွဲချလို့သေတယ်လို့ (အစိုးရက) ပြောပါတယ်။ မျက်နှာကို အဝတ်မည်းနဲ့အုပ်၊ လည်ပင်းကို ကြိုးနဲ့ချည်ပြီး ခေါ်သွားတာ၊ ဘယ်နေရာမှာ သေလို့ သေမှန်းတောင် မသိ၊ သေရင်လည်း သေတယ်လို့ မပြောကြပါဘူး။ အလောင်းကိုတောင် မမြင်လိုက်ရဘူး” ဟု မ အလှက ဆိုသည်။

ဖမ်းဆီးထားသည့် ၂၇ ဦးအနက်မှ ၃ ဦးသေဆုံးသွားပြီး ကျန် ၂၄ ဦးမှာမူ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄ ခုနှင့်အတူ လက်နက်မှု တစ်ခု စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

၎င်းတို့ကို ရုံးထုတ်ခဲ့သည်မှာ ၁၆ ကြိမ်ထက်မနည်းရှိနေပြီဖြစ်သည်။

ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသူ ၂၇ နှစ်အရွယ် ကိုစံမောင်၏ ဇနီး မစောပုမှာ Myanmar Now နှင့် မြောက်ဦးမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခရီးစဉ်အတွင်းတွေ့ဆုံစဉ် သူ၏နောက်ဆုံးပိုင်ဆိုင်မှုဖြစ်သည့် ရွှေလက်စွပ်ကို စစ်တွေမြို့သို့ သွားရောက်ရောင်းချခဲ့ရာမှ အပြန်ဖြစ်သည်။

“ဒီလက်စွပ်က သူတို့အဖေအတွက် နောက်ဆုံးအသက်ပဲ၊ ဒီကရတဲ့ ပိုက်ဆံနဲ့ ရုံးချိန်းသွားရမှာ၊ ဒါကုန်သွားရင် ဘာဆက်လုပ်ရမယ်မှန်း မသိဘူး” ဟု အသက် ၂၆ နှစ်အရွယ် မစောပုက ဆိုသည်။ သူနှင့်အတူ ၂ နှစ်အရွယ် သားတစ်ဦးနှင့် ၆နှစ်အရွယ် သားတစ်ဦးလည်းရှိသည်။

မြောက်ဦးရှိဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူ ၎င်းအဖို့ ၂ နာရီကျော်ကြာကားစီးသွားရသည့် စစ်တွေမြို့သို့ ရုံးချိန်းသွားရသလို အမျိုးသားဖြစ်သူအတွက် ထောင်တွင်းစားသောက်စရာများ ယူငင်သွားရသေးသည်။ တစ်ကြိမ်သွားတိုင်း ကျပ် ၅၀,၀၀၀ ဝန်းကျင်ကုန်သည်ဟု မစောပုက ဆိုသည်။

မစောပုကဲ့သို့ မိသားစုဝင်ပေါင်း ၂၀ ကျော်မှာ စစ်ပြေးဒုက္ခသည်များဖြစ်သည့်အတွက် ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသလိုတဖက်တွင် ၎င်းတို့သားနှင့် အမျိုးသားတို့၏ တရားရုံးချိန်းများကိုလည်း သွားရောက်နိုင်ရန် ကြိုးစားနေကြရသည်။

ရွာထဲက ပြင်းထန်သည့်တိုက်ပွဲ

ရွာမှ ထွက်ပြေးသွားကြသည့် လူများမှာ သေနတ်သံ၊ အမြောက်သံ မကြားရလျှင် ရွာကို ခတ္တခဏ၊ ပြန်လာ​လေ့ရှိသော်လည်း စက်တင်ဘာ လကုန်ပိုင်းလောက်မှ စတင်ကာ ရွာကို မပြန်ရဲကြတော့ပေ။

ရွာသားများနှင့် ပီပင်ရင်း ကျေးရွာဆရာတော်၏ မိန့်ကြားချက်အရ မြန်မာ့တပ်မတော်က လက္ကာရွာအတွင်း လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် စခန်းချခဲ့သည်ဟု ဆိုကြသည်။ ထိုအချိန်မှစ၍ ကျေးရွာအတွင်းတွင် လူတစ်ဦးမျှ မရှိတော့ချေ။

AA ပြောခွင့်ရ ခိုင်သုခ က “အဓိကကတော့ သူတို့ဘက်က အဲဒီရွာထဲမှာ တပ်စွဲနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဘက်က အဲဒီမှာသွားတိုက်တာဗျ” ဟု အောက်တိုဘာ ၁၉ ရက် တိုက်ပွဲအကြောင်းကို ပြောသည်။

လက္ကာရွာမှာ စခန်းချစဉ်အတွင်း စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများတွင် တပ်မစွဲခဲ့ကြောင်း တပ်မတော်က ငြင်းဆိုထားသည်။ သို့ရာတွင် Myanmar Now က ရောက်ရှိသွားချိန်တွင် စာသင်ကျောင်းတွင်း မြန်မာ့တပ်မတော်သုံး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် ၆၀ မမ၊ ၈၀ မမ ကဲ့သို့ စိန်ပြောင်းများထည့်သည့် စက္ကူဘူးခွံ ၁၀၀ ကျော်ခန့်ကို နေရာအနှံ့တွေ့ခဲ့ရပြီး သေနတ်ကျည်ဆံဘူးခွံ များမှာလည်း စာသင်ခန်းကြမ်းပြင်များတွင် ပျံ့ကျဲနေသည်။

ကျောင်းနံရံများမှာလည်း သေနတ်ကျည်ဆံရာ အပေါက်များပြည့်နှက်နေသည်။ တွေ့ရှိချက်အရ သေနတ်ကျည်ဆံများမှာ အရပ် ၄ မျက်နှာမှ ပစ်ခတ်ခံခဲ့ရသည်ဟု ယူဆရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ယင်းနေ့ (အောက်တိုဘာ ၁၉) ရက် က အုပ်ချုပ်မှုယာဉ်တန်း လက္ကာရွာအနီးဖြတ်သန်းသွားရာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟုပြောသည်။ ထို့နောက် လက္ကာရွာအနီး နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ခဲ့သည်။

“ရွာထဲကိုဝင်ရှင်းပြီးတာနဲ့ ကျွန်တော်တို့ ချက်ခြင်းပြန်ထွက်တယ်။ ရွာထဲမှာတပ်စွဲတာမရှိဘူး။ လက္ကာရွာနားမှာဆိုရင် တိုက်ပွဲက ၁၀ ကြိမ်ထက်ကိုမနည်းဘူး။ တောထဲမှာချုံခိုတာရှာလို့ရတယ်၊ မြို့ထဲမှာချုံခိုတာတော့ ဘယ်လိုမှရှာလို့မရဘူး၊ ရခိုင်လူမျိုးထဲကို ရခိုင်သူပုန်ဝင်နေတာဘယ်လိုရှာလို့ရမလဲ ဘယ်လိုမှရှာလို့မရဘူး။ ကျွန်တော်တို့မှာ အဲဒီကန့်သတ်ချက်တွေရှိတယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

“အဲဒီ လက္ကာရွာဆိုတာက တစ်ရွာလုံးက AA နဲ့မကင်းတဲ့ကောင်တွေချည်းပဲ။ ကျွန်တော် အဲဒီလိုကိုပြောရဲတယ်” ဟု ၎င်းက ဆက်ပြောသည်။

အပြန်အလှန် စွပ်စွဲနေသည့်ကြားက ပျက်စီးသွားပြီဖြစ်သည့် လက္ကာရွာမှာမူ သုသာန်တစ်စပြင်အလား တိတ်ဆိတ်၊ ခြောက်ကပ်ကျန်ခဲ့ပြီဖြစ်သည်။

ရွာအတွင်းရှိ အိမ်ခြံဝင်းများတွင် လက်နက်ကြီးကျထားသည့် ကျင်းများမှာ ၆ နေရာထက်မနည်းတွေ့ရသည်။ အချို့ကျင်းများမှာမူ ၁၀၅ မမ၊ ၁၂၀ မမ ကဲ့သို့ အမြောက်ကြီးများ ကျရောက်ထားသည်ဟု ယူဆရသည်။ အဆိုပါ ကျင်းများမှာ အိမ်ကြိုအိမ်ကြားတွင် ကျနေခြင်းဖြစ်ပြီး ကျွဲ ၃ ကောင်ခန့် ဝင်နေ၍ရသည့် အကျယ်အဝန်းရှိသည်။

ရွာဘုန်းကြီးကျောင်း ခေါင်မိုးများမှာ အမြောက်ဆံထိမှန်ခံထားရသလို သိမ်မှာလည်း ပျက်စီးနေပြီဖြစ်သည်။ ဘုန်းကြီးကျောင်းအောက်တွင် ကာကျင်းများတွေ့ရပြီး အရပ် ၄ မျက်နှာမှ ပစ်ခတ်ထားသည့် ကျည်ဆံရာများစွာ တွေ့ခဲ့ရသည်။

လက္ကာရွာ စာသင်ကျောင်းအတွင်းမူ တိုက်ပွဲအတွင်းရရှိသည့် ဒဏ်ရာများမှ ကျန်ခဲ့သည်ဟု ယူဆရသည့် သွေးကွက်များကိုလည်း Myanmar Now က မြင်တွေ့ခဲ့သည်။

“အဲဒီတိုက်ပွဲမှာ သူတို့အထိနာပြီးတော့ ကျဆုံးတာ ၁၀ ယောက်ကျော်၊ ဒဏ်ရာရတာလည်း ၁၀ ယောက်ကျော်ပါတယ်။ ပြီးတော့ သူတို့အဲဒီကနေ ထွက်ခွာသွားကြတယ်။ ရွာထဲမှာ အလောင်းတွေ သိမ်းဆည်းရမိတာတွေလည်းရှိတယ်” ဟု ခိုင်သုခက ဆိုသည်။ လူသေများကို မြေမြှုပ်ထားသည့် မြေစာပုံများ ရွာအတွင်းတွင် တွေ့ရသည်ဟု ဒုက္ခသည်စခန်းရှိ လက္ကာရွာသားများက Myanmar Now ကို ပြောကြသည်။

ခိုင်သုခ က “သူတို့မှာလည်း လူ့ဂုဏ်သိက္ခာရှိတယ်လေ၊ အဲဒါကြောင့်မို့လို့ သူတို့ကိုလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ ကောင်းကောင်းမွန်မွန်ပဲ မြေမြှုပ်သင်္ဂြိုလ်ပေးလိုက်တယ်။ အလောင်းက ၁၀ လောင်းကျော်တယ်။ မဆွဲနိုင်ခဲ့တဲ့အလောင်းတွေပေါ့” ဟု ဆိုသည်။

သို့သော် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ထိုအချက်ကိုငြင်းသည်။

“လက္ကာမှာတော့ အလောင်းတွေမတွေ့ဘူးဗျ။ ကျွန်တော်တို့အလောင်းလည်းမရှိဘူး။ AA တွေသေလို့ AA အလောင်းတွေမြှုပ်ထားရင်တော့ ကျွန်တော်လည်းမသိဘူး” ဟု ဆိုသည်။

ရွာသူ၊ ရွာသားများကတော့ ရွာထဲတွင် အလောင်းများမြှုပ်ထားသည့်အတွက် အေးချမ်းသွားသည့်အချိန်တွင် အိမ်ကိုပင် မပြန်ဝံ့တော့ဟု ဆိုကြသည်။

တိုင်စိုက်ထားသည့် မြေစာပုံများကို Myanmar Now က တွေ့ရှိခဲ့သော်လည်း လူသေများမြှုပ်ထားသည်ဆိုခြင်းကိုမူ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။

လက္ကာရွာတည်ရှိသည့် မြောက်ဦးမြို့နယ်အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ဘူးသီးတောင်တို့တွင် အဓိက တိုက်ပွဲများဖြစ်နေပြီး အဆိုပါ မြို့နယ်များမှ ထွက်ပြေးခိုးလှုံနေရသည့် ဒုက္ခသည်ဦးရေမှာ ၆၅၀၀၀ နီးပါးရှိလာနေပြီဖြစ်သည်။

ထို့ပြင် တိုက်ပွဲတွင်း သေဆုံးသူ အရပ်သား ၈၀ ကျော်ရှိနေပြီဟုဆိုသော်လည်း ထို့ထက်ပို၍များနိုင်မည်ဟု Myanmar Now က ခန့်မှန်းထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၏ ထိန်းချုပ်နယ်မြေတွင် လူဦးရေ ၂၀ ကျော်နှင့် စတင်တည်ထောင်ခဲ့သည့် ရက္ခိုင့်တပ်တော် (AA) သည် တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်း အင်အားထောင်ချီ တိုးပွားလာခဲ့ပြီး မြန်မာ့တပ်မတော်က ‘အပြတ်ချေမှုန်းပစ်မည်’ ဟုကြွေးကြော်ထားသည်မှာ တနှစ်နီးပါးရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဘယ်အချိန်တွင် အေးချမ်းမည်ဆိုသည်ကိုတော့ သားဖြစ်သူမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ကိုယ်တိုင်မှာလည်း စစ်ပြေးဒုက္ခသည်ဖြစ်နေသူ ဒေါ်သန်းသန်းနုက ...

“ရခိုင်ပြည် လွတ်လပ်ရေးရမှ ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ပြန်နိုင်မယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading