“သက်မဲ့သက်သေတွေက လိမ်လို့မရဘူးလေ”

CCTV ရုပ်သံမှတ်တမ်းများတွင် (၁၁)မိနစ်၊ ()မိနစ် နှင့် ()မိနစ်စာ အပိုင်းသုံးပိုင်း ပြတ်တောက်နေသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

Published on Nov 19, 2019
ပြတ်တောက်နေသည့် CCTVမှတ်တမ်းများ အမြန်ဆုံးရှာဖွေရန် ဗစ်တိုးရီးယား၏ဖခင်က တောင်းဆိုထားသည် (ဓာတ်ပုံ - Myanmar Now)
ပြတ်တောက်နေသည့် CCTVမှတ်တမ်းများ အမြန်ဆုံးရှာဖွေရန် ဗစ်တိုးရီးယား၏ဖခင်က တောင်းဆိုထားသည် (ဓာတ်ပုံ - Myanmar Now)

ဟိုးလေးတကျော်ဖြစ်နေခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် ကလေးငယ်၏ဖခင်က အမှုအတွက် အရေးပါသည်ဟု ယူဆထားသည့်သက်မဲ့သက်သေတစ်ခုကို ရှာဖွေလျှက်ရှိသည်။

ထိုအရာက အခင်းဖြစ်ပွားသည့်နေ့က ကလေးငယ်ရှိနေခဲ့သည့် Wisdom Hill မူကြို ကျောင်းဆောင်ကို ရိုက်ကူးထားသည့် လုံခြုံရေးကင်မရာမှတ်တမ်းများထဲမှ ပျောက်ဆုံးနေသည့် ရုပ်သံမှတ်တမ်း အစိတ်အပိုင်းများဖြစ်သည်။

နေပြည်တော် သပြေကုန်း Wisdom Hill မှ အသက် သုံးနှစ်ပင် မပြည့်သေးသော မူကြိုကျောင်းသူသည် မေလအတွင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရပြီးနောက် သူ၏ဖခင်က နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် သူ၏သမီးအတွက် တရားမျှတမှုရရှိရေး အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

ကလေးငယ်၏အခွင့်အရေးကို ကာကွယ်သည့်အနေဖြင့် အမည်ရင်းကို ဖုံးကွယ်ပြီးဗစ်တိုးရီးယားဟု အများစုက ခေါ်ကြပြီး အလားတူ ဖခင်ဖြစ်သူ၏အမည်ရင်းကိုလည်း သတင်းမီဒီယာများက မဖော်ပြဘဲဗစ်တိုးရီးယား၏ဖခင်ဟုသာ ရည်ညွှန်းကြသည်။

ရှာဖွေနေသော ရုပ်သံမှတ်တမ်းများ

ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့နှင့် ကျောင်းဖက်မှ တရားရုံးသို့ သက်သေခံတင်သွင်းထားသည့် အခင်းဖြစ်ပွားသော မေ ၁၆ နံနက်()နာရီ မှ ညနေ()နာရီအထိ CCTV ရုပ်သံမှတ်တမ်းများတွင် (၁၁)မိနစ်၊ ()မိနစ် နှင့် ()မိနစ်စာ အပိုင်းသုံးပိုင်း ပြတ်တောက်နေသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

ပြတ်တောက်နေသည့် အစိတ်အပိုင်းများမှာ -

  • ) ၁၂: ၄၉: ၄၅ - ၀၁:၀၀:၀၀ (၁၁ မိနစ်ခန့်)
  • () ၁၃:၅၆:၃၄ - ၁၄:၀၄:၁၄ ( မိနစ်ခန့်)
  • () ၁၆:၀၂:၁၂ - ၁၆:၀၇:၅၇ ( မိနစ်ခန့်) တို့ဟုလည်း ကလေးငယ်၏ဖခင်က ဆိုသည်။

ထို့အတူ မူကြိုကျောင်းမှ ကိုရန်နောင်ဌေးဆိုသူ တရားရုံးသို့ နိုဝင်ဘာ ၆ရက်တွင် လာရောက်ပေးအပ်သည့် CCTV မှတ်တမ်းများ သိမ်းဆည်းသည့် စက်ဟုဆိုသော DVR (Hard Diskအပါ­အဝင်) တွင်လည်း မည်သည့်ဖိုင်မျှ ရှိမနေခဲ့။

ထိုနေ့က တရားလိုဘက်မှ အသင့်ခေါ်ယူထားသည့် အိုင်တီနည်းပညာရှင် ကိုမိုး၏ အကူအညီဖြင့် တရားခွင်အတွင်း စစ်ဆေးရာတွင်လည်း စက်အတွင်း မှတ်တမ်းဖိုင်များမရှိသလို Hard Disk နှစ်လုံး ထည့်သွင်းအသုံးပြုနိုင်သည့် DVRစက်အတွင်း တစ်လုံးသာရှိကြောင်းလည်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကျွန်တော့်အနေဖြင့် ပြင်တာဖျက်တာမျိုး မရှိခဲ့ပါဟု နှစ်ဖက်ရှေ့နေများက တရားခွင်အတွင်း မေးမြန်းသည့်အခါတွင်လည်း ကိုရန်နောင်ဌေးက ထွက်ဆိုသည်။

တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်ကမူအိုင်တီပညာရှင်တွေကတော့ အဲဒါက တမင် ဝင်မဖျက်ရင် မပျက်ဘူးလို့ ပြောတယ်ဟု မှတ်ချက်ပြုသည်။

အရေးကြီးသည့် CCTV

ဗစ်တိုးရီးယားအမှုတွင် CCTV ရုပ်သံမှတ်တမ်းများက အရေးပါသည့် နေရာတွင် ရှိနေခဲ့သည်။

ကလေးငယ်အား လိင်မတော်မတရား ပြုကျင့်သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသည့် ကိုအောင်ကျော်မျိုး() အောင်ကြီးသည် CCTV ရုပ်သံမှတ်တမ်းများအရ ထိုနေ့က ကျောင်းအတွင်း ဝင်ထွက်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသားအဖြစ် ရဲက တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သို့သော် ရက်ပိုင်းအတွင်း ယင်းCCTV ရုပ်သံမှတ်တမ်းအချို့ကို BBC သတင်းဌာနက ရရှိသွားခဲ့ပြီး သံသယမှုဖြင့် ဖမ်းခံထားရသော ကိုအောင်ကြီးသည် ကျောင်းအတွင်းရှိ လူမြင်ကွင်းတွင်သာ ထိုင်နေခဲ့သည့် ရုပ်ပုံကို ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း ပိုမိုပွဲဆူသွားခဲ့သည်။

CCTV က မည်မျှအရေးကြီးကြောင်း နောက်ထပ်နမူနာတစ်ခုကိုလည်း ဗစ်တိုးရီးယား၏ဖခင်က Myanmar Now ကို ဥပမာတစ်ခုပေးကာ ရှင်းပြခဲ့သည်။

အောက်တိုဘာ ၂၂ တရားခွင်စစ်ဆေးချက်များအတွင်း ဗစ်တိုးရီးယား၏ မူကြိုဆရာမတစ်ဦးဖြစ်သူ ဒေါ်နီလာအေးက အခင်းဖြစ်ပွားရာနေ့တွင် စာသင်ဆောင်အတွင်း၌သာ ရှိနေပြီး ကလေးများ၏ အိပ်ယာခင်းအချို့သာ ကျောင်းဆောင်အပြင်သို့ ထွက်၍ လှမ်းခဲ့ကြောင်း ဆိုထားသည်။

သို့သော် တရားရုံးသို့ အပြတ်အတောက်များဖြင့် သက်သေခံအဖြစ် ရောက်ရှိနေသည့် CCTV မှတ်တမ်းများ၌ပင် လမ်းတစ်ဖက်ရှိ အခြားအဆောင်တစ်ခုသို့ ဒေါ်နီလာအေးသည် နေ့လည် ၁၂ နာရီကျော်ချိန်တွင် ထွက်ခွာသွားခဲ့ပြီး (၇) မိနစ်ခန့်ကြာမှ ကျောင်းဆောင်ဆီသို့ ပြန်ရောက်လာသည်ကို တွေ့ရကြောင်း ဗစ်တိုးရီးယား၏ဖခင်အပါအဝင် နှစ်ဖက်ရှေ့နေများက ထောက်ပြခဲ့သည်။

အဆိုပါ အချိန်မတိုင်မီကပင် ဗစ်တိုးရီးယား၏ မူကြိုဆရာမများဖြစ်သော ဒေါ်နှင်းနုနှင့် အခြားဆရာမတစ်ဦးတို့ ပြင်ပသို့ ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆရာမများ မရှိသည့်အချိန်နှင့် အခြားအချိန်များတွင် ကျောင်းတွင်းဝင်ထွက်သူများ ရှိမရှိဆိုသည်ကို သက်သေပြရန် အကောင်းဆုံးက CCTV မှတ်တမ်းဟုလည်း ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

ပြတ်တောက်နေသည့် အစိတ်အပိုင်းများသည် မူရင်း CCTV မှတ်တမ်းများကို သိမ်းဆည်းခဲ့သည့် ရဲတပ်ဖွဲ့နှင့် အမှုကို စစ်ဆေးခဲ့သည့် မှုခင်းအထူးတပ်ဖွဲ့ (စီအိုင်ဒီ)တို့လက်ထဲတွင် ရှိမရှိဆိုသည့် မေးခွန်းကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

တရားရုံးကို စီအိုင်ဒီက သက်သေခံတင်သွင်းထားတဲ့ မှတ်တမ်းမိတ္တူကို တောင်းကြည့်တော့ အပြည့်အစုံမပါတဲ့ CCTV မှတ်တမ်းဖိုင်တွေပဲ ဖြစ်နေတာ တွေ့ရတယ် ဟု ဗစ်တိုးရီးယား၏ဖခင်က ပြောသည်။

သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသူ ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကိုယ်တိုင်ကပင် ၎င်း၏အမှုသည် လွတ်မြောက်ရေးအပြင် ဗစ်တိုးရီးယားအမှုမှန် ပေါ်ပေါက်ရေးအတွက် CCTV မူရင်းမှတ်တမ်းများက လွန်စွာ အရေးကြီးကြောင်း ဆိုသည်။

ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ခဲ့သည့် ရိုက်တာသတင်းထောက် ကိုဝလုံးတို့၏ ကမ္ဘာကျော်အမှုတွင် စီအိုင်ဒီက အိုင်တီနည်းပညာနဲ့ ပတ်သက်၍ ဖော်ထုတ်ရမည့်ကိစ္စများတွင် အထူးကျွမ်းကျင်ကြောင်း၊ ငါးနှစ်အတွင်း ပျောက်ပျက်သွားသော အချက်အလက်များကို ရှာဖွေနိုင်သည့် စက်လည်းရှိကြောင်း ပြောဆိုခဲ့ဖူးသည်ဖြစ်၍ ယခုကဲ့သို့ အခြေအနေအပေါ် အံ့အားသင့်မိကြောင်း ၎င်းက ဆိုသည်။

(ကိုဝလုံးတို့အမှု) တုန်းက (ပျက်နေတဲ့အချက်အလက်ကို ပြန်ရှာတဲ့စက်က) ကမ္ဘာမှာ ဘယ်နှစ်လုံးပဲရှိတယ် ဘာညာ စီအိုင်ဒီက ပြောသွားတာဗျ။ ဗစ်တိုးရီးယားအမှုမှာတော့ အဲဒါကြီးကို မသုံးဘူးလား မသိပါဘူးဗျာ ဟု ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါမေးခွန်းများအတွက် Myanmar Now က ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင် ဦးခိုင်ထွန်းဦးထံ မေးမြန်းရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့သာ ဆက်သွယ်ရန် ပြောသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူများနှင့် နယ်ခံရဲတပ်ဖွဲ့တို့ထံ မေးမြန်းရာ ဖုန်းပြန်လည်ဖြေဆိုခဲ့ခြင်း မရှိသေးပါ။ စီအိုင်ဒီနှင့်မူ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ရှာပါ၊ ရှာပါ၊ မြန်မြန်ရှာဖွေပေးပါ

ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများ ပြန်ရရေးအတွက် ဗစ်တိုးရီးယားနှင့် ကိုအောင်ကြီးတို့၏ ရှေ့နေများက ပြီးခဲ့သည့် နိုဝင်ဘာ ၆ရက် တရားခွင်တွင် တရားရုံးသို့ တောင်းဆိုခဲ့သေးသည်။

မူကြိုကျောင်းမှ ကိုရန်နောင်ဌေးဆိုသူ တရားရုံးသို့ လာရောက်တင်ပြထားသည့် CCTV မှတ်တမ်းတင်ထားသည့် DVRစက် (Hard Diskအပါအဝင်) များမှ မူရင်းမှတ်တမ်းများပြန်ရရေး နည်းပညာရှင်များ၏အကူအညီ ရယူဆောင်ရွက်ခွင့်ပြုရန် နှစ်ဖက်ရှေ့နေများက ထိုနေ့ကတရားခွင်တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် တရားသူကြီးက အဆိုပါလျှောက်ထားချက်ကို သင့်တော်သည့်အချိန်၌ စစ်ဆေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

ဗစ်တိုးရီးယား၏ဖခင်ကတော့ ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများ ပြန်ရှာနိုင်ရေးအတွက် သူ၏ဘက်က ကြိုးစားအားထုတ်မှုတစ်ခု လုပ်ခဲ့သည်။ ယမန်နေ့ (နိုဝင်ဘာ ၁၈)တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်ဥပဒေရုံးသို့ သွားရောက်ခဲ့ပြီး ရုပ်သံမှတ်တမ်းဖိုင်များကို အမြန်ဆုံးစစ်ဆေးပေးရန်အတွက် လျှောက်လွှာတင် တောင်းဆိုခဲ့သည်။

ဘာကြောင့် ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများကို အလိုရှိတာလဲဆိုသည့် မေးခွန်းကိုတော့…..

သက်မဲ့သက်သေတွေက လိမ်လို့မရဘူးလေဟု ဗစ်တိုးရီးယား ၏ဖခင်က ပြန်ဖြေသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading