အသရေဖျက်မှု၊ ၆၆(ဃ)မှသည် နိုင်လွတ်လုံဆီသို့

စစ်အစိုးရလက်ထက်က ရှိခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို တားဆီးရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် ထိုဥပဒေသည် အဓိပ္ပာယ်ဖွင့်ဆိုချက် အားနည်းခြင်းကြောင့် လူပုဂ္ဂိုလ်တစ်ဦးကို မကျေနပ်တိုင်း တရားထစွဲနိုင်သည့် အသရေဖျက်မှုပုဒ်မသဖွယ် ဖြစ်လာနေသည်။

ယခုလအစောပိုင်းက ထောင်ဒဏ်ခြောက်လစီ ချမှတ်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြေးရုပ်ဆန့်ကျင်သူ ကရင်နီလူငယ်ခြောက်ဦးတို့မှာ နိုင်လွတ်လုံဥပဒေ၏ နောက်ဆုံးသားကောင်များဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူသည့်ကိစ္စနှင့် ပတ်သက်ပြီး ကယားဒေသခံ တက်ကြွလှုပ်ရှားသူ ခြောက်ဦးကို လွိုင်ကော်တရားရုံးက “နိုင်လွတ်လုံ” ဥပဒေအရ ထောင်ဒဏ်ခြောက်လစီ နိုဝင်ဘာလအစောပိုင်းက ချမှတ်လိုက်ရာ စတင်ပြဋ္ဌာန်းစဉ်မှစပြီး ထိုဥပဒေဖြင့် တရားစွဲဆို အမှုဖွင့်ခံရသည့် အမှုပေါင်း ၄၀ ကျော်အထိ ရှိသွားပြီဖြစ်သည်ဟု အရပ်ဘက်အဖွဲ့တစ်ဖွဲ့၏ မှတ်တမ်းများက ဆိုသည်။

ယင်းဉပဒေဖြင့် စုစုပေါင်း လူ ၁၃၂ ဦး တရားစွဲခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်များက လူပေါင်း ၃၅ ဦးကို တရားစွဲဆိုမှုမှာ အများဆုံးဖြစ်သည်။ တပ်မတော်၏ တရားစွဲခံရသူ ၂၃ ဦးရှိပြီး နိုင်ငံရေးပါတီနှင့် ပါတီဝင်များ၏ တရားစွဲခံရသူ ၁၉ ဦး ရှိသည်ဟု ‘အသံ’ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

‘နိုင်လွတ်လုံ’ ဟု အတိုကောက်ခေါ်ကြသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို ကာကွယ်ပေးသည့် ဥပဒေကို လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရလက်ထက်ကကဲ့သို့ နိုင်ငံသားများ နောက်ယောင်ခံ စောင့်ကြည့်ခံရခြင်း၊ ဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်ခံရခြင်း စသည့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခံရမှုများမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ယင်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု ဉပဒေပြဋ္ဌာန်းစဉ်က လွှတ်တော်ကိုယ်စားလှယ်များက ရှင်းပြခဲ့ကြသည်။

သို့ရာတွင် ယင်းဥပဒေမှာ စတင်ပြဋ္ဌာန်းချိန်တွင် ရည်ရွယ်ချက်ကောင်းခဲ့သော်လည်း တလွဲအသုံးချနေမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဥပဒေတစ်ခု ဖြစ်လာနေပြီဟု တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့များက ဝေဖန်ကြသည်။

ဉပဒေ စတင်ပြဋ္ဌာန်းသည့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် နှစ်နှစ်ပေါင်းတွင် နိုင်လွတ်လုံဖြင့် တရားစွဲဆိုမှု ၈ မှု ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာပင် (နိုဝင်ဘာလအထိ) ၃၆ မှု ရှိပြီးဖြစ်နေသည်။

အွန်လိုင်းပေါ်တွင်လည်းကောင်း၊ ပြင်ပတွင်လည်းကောင်း လူပုဂ္ဂိုလ်တစ်ဦး၏ ပြောစကားထဲတွင် မိမိ မကျေနပ်သည့်အချက် ပါလာသည့်အခါ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲကြသည်။

ယင်းဥပဒေအသုံးပြု၍ ပထမဆုံး တရားစွဲဆိုခံခဲ့ရသူမှာ အွန်လိုင်းတွင် နာမည်ကြီးခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဟင်းတစ်မျိုးလျှော့စားဆိုသည့် မိန့်ခွန်းဗီဒီယိုဖိုင်နှင့် ပတ်သက်၍ အမှုဖွင့်ခံရသူ သထုံမြို့နယ်နေ ကိုအောင်ကိုကိုလွင် ဖြစ်သည်။

၎င်းသည် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် သထုံမြို့သူမြို့သားများ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ဆုံပွဲ ဗီဒီယိုဖိုင်ကို Facebook ပေါ် တင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။

ယင်းအမှုကို ကာယကံရှင်များဖြစ်သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားခဲ့ခြင်း မဟုတ်ဘဲ မြို့ခံတစ်ဦးက အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကာယကံရှင် မဟုတ်သူများက နိုင်လွတ်လုံဖြင့် တရားစွဲဆိုနိုင်ခြင်းမှာလည်း တရားစွဲဆိုသူများ အကြိုက်တွေ့သည့် အချက်လည်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကို အွန်လိုင်းတွင် ဝေဖန်ပြောကြားသူ တစ်ဦးကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားခဲ့သဖြင့်ဟုဆိုကာ မကွေးမြို့ ဇမ္ဗူရာဇ်စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးသူရစိုးကို မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးမိုးက ယခုနှစ် ဧပြီလပိုင်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွင် ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးတို့အား “သစ္စာဖောက်” ၊ “ရာဇဝတ်ကောင်” စသည်ဖြင့် ကြေညာချက်တွင် သုံးနှုန်းခဲ့သည့်အတွက် ပြည်နယ်အစိုးရအရာရှိတစ်ဦးက ကာယကံရှင်များကိုယ်စား နိုင်လွတ်လုံဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကဲ့သို့သော လူမှုရေးပြဿနာများတွင်လည်း နိုင်လွတ်လုံဉပဒေကို အသုံးပြုမှုရှိနေကြောင်း အသံအဖွဲ့က ဆိုသည်။ ယခုနှစ် ဇွန်လပိုင်းက ဒေါပုံမြို့နယ်တွင် နိုင်လွတ်လုံဖြင့် တရားစွဲမှု တစ်မှုဖြစ်ခဲ့ရာ ခင်ပွန်းနှင့် ဖောက်ပြန်သည်ဆိုသော အမျိုးသမီးတစ်ဦးကို အမျိုးသမီးတစ်ဦးက တစ်လင်တစ်မယားဉပဒေဖြင့် အမှုဖွင့်သည့်အပြင် နိုင်လွတ်လုံဉပဒေဖြင့်ပါ အမှုဖွင့်ခဲ့ကြောင်း အသံအဖွဲ့၏ မှတ်တမ်းများတွင် တွေ့ရသည်။

တရားလိုမှာ တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်ပြီး စွပ်စွဲခံရသည့် အမျိုးသမီးသည် တရားလို၏ တပ်မတော်အရာရှိဇနီးဆိုသည့် ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေရန် ခြိမ်းခြောက်သည်ဟု စွပ်စွဲထားသည်။

ဂုဏ်အသရေထိခိုက်သည်ဟု ခံစားရသော်

ယင်းဥပဒေ စတင်ပြဋ္ဌာန်းသည့် ၂၀၁၇ ခုနှစ်၊ မတ်လမှ နှစ်နှစ်ကျော်အတွင်း အမှုပေါင်း ၄၄ မှု ဖြစ်ပွားပြီး အမှုအားလုံးနီးပါးမှာ “ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုမူ” သည်ဆိုကာ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲခြင်းဖြစ်ကြောင်း အသံအဖွဲ့၏ တည်ထောင်သူနှင့် သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ဆိုသည်။

ယင်းဥပဒေဖြင့် တရားစွဲဆိုသူများမှာ ပုဒ်မ ၈(စ)ကို ကျူးလွန်မှုဖြစ်သော နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုနေခြင်းဖြစ်သည်။

ပုဒ်မ ၈(စ)မှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားခြင်းဖြစ်သည်။

ယင်းပုဒ်မတွင် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဆိုသဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခြင်းအပါအဝင် တိုင်စာပေးပို့ရာတွင် သုံးနှုန်းသည့် စကားလုံးများကအစ ပုဒ်မ ၈(စ)တွင် အကြုံးဝင်ပြီး တရားစွဲဆိုမှု ပြုလုပ်နိုင်နေသည်။

မြေယာစိစစ်ရေးကော်မတီကို မကျေနပ်၍ တိုင်စာပေးပို့ရာတွင် ပုဂ္ဂိုလ်ရေးဝေဖန်ချက်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ဒေသခံ ၁၇ ဦးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း နိုင်လွတ်လုံဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

ဂုဏ်သိက္ခာညှိုးနွမ်းစေသည်အထိ အသရေဖျက်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၀ ရှိထားသော်လည်း ပြစ်မှုပြစ်ဒဏ်များသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ယခင်က အသုံးပြုခဲ့ကြသည်။ ယခုအခါတွင် ဆက်သွယ်ရေးဥပဒေ အမြင့်ဆုံးပြစ်ဒဏ်ကို ထောင်ဒဏ် ၂ နှစ်ဟု ပြင်ဆင်လိုက်သဖြင့် ၎င်းထက် ပိုမိုပြင်းထန်သော နိုင်လွတ်လုံ ပုဒ်မ ၈(စ) တို့ကို သုံး၍ တရားစွဲဆိုလာခြင်းဖြစ်သည်။

ပုဒ်မ ၈(စ)၏ တားမြစ်ချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ပုဒ်မ ၁၀ အရ ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး ၃ နှစ်အထိ ချမှတ်နိုင်သည့်အပြင် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း နိုင်လွတ်လုံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ ပုဒ်မ ၈(စ) သည် ထောက်လှမ်းရေး၊ ရဲစသူတို့က အခွင့်မရှိဘဲ အိမ်ထဲဝင်ရှာခြင်း၊ ရှာဖွေပုံစံကို စနစ်တကျမလုပ်ခြင်း၊ နောက်ယောင်ခံ လိုက်ချောင်းခြင်းများအတွက် ရှိသင့်သော်လည်း အသရေဖျက်မှုအတွက် မသုံးသင့်ဟု ပြောသည်။

“ဒါပေမဲ့ ပုဒ်မ ၈(စ)ကို အသုံးပြုတဲ့နေရာမှာ အသရေဖျက်မှုကိုပါ သုံးနေတဲ့အတွက်ကြောင့် အသရေဖျက်မှုအတွက်ကြောင့်တော့ အသုံးမပြုသင့်ပါလို့ ခြွင်းချက်ထားရမှာပေါ့။ အသရေဖျက်မှုက ပုဒ်မ အများကြီး ရှိတယ်လေ။ ပုဒ်မ ၅၀၀ မှာလည်း ရှိတယ်။ ၆၆ (ဃ)မှာလည်း ရှိတယ်။ အဲဒီလို ရှိပါလျက်နဲ့ ဒါကိုတော့ အဲဒီလိုမျိုး မသုံးစွဲရလို့ ခြွင်းချက်ထားရမယ်လေ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ခုတ်ရာတခြား ရှရာတလွဲ

ယင်းဥပဒေ၏ အခန်း (၂) ပုဒ်မ-၄ တွင် “ပြည်ထဲရေးဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု နစ်နာဆုံးရှုံး ခြင်းမရှိစေရန် ကာကွယ်ပေးရမည်” ဟု ဖော်ပြထားသည်။

သို့သော်လည်း လက်တွေ့တွင် အစိုးရ၊ တပ်မတော်၊ အာဏာရပါတီဝင်များနှင့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များက ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေရန် ဝေဖန်သူများအား ယင်းဥပဒေကို သုံး၍ တရားစွဲဆိုမှုများ လုပ်ဆောင်လာနေခြင်းဖြစ်သည်။

ယင်းဥပဒေဖြင့် အမှုဖွင့်ခံရပါက ရဲအရေးယူပိုင်ခွင့်ရှိသည့် အမှုဖြစ်ပြီး အာမခံရရန် ခက်ခဲသည့်အမှု ဖြစ်သည့်အချက်ကို အားပြုကာ တရားစွဲဆိုသူများက အဓိကအသုံးပြုလိုခြင်းဖြစ်ပြီး မိမိက တရားစွဲလိုသော ပုဂ္ဂိုလ်အပေါ် အချုပ်ဖြင့် အမှုရင်ဆိုင်ရစေရန် အဓိကရည်ရွယ်ကြသည်။

ပြဿနာတစ်ခုက ဥပဒေပြဋ္ဌာန်းပြီးသည်မှာ နှစ်နှစ်ခန့်မျှ ကြာပြီဖြစ်သော်လည်း နည်းဥပဒေမှာ ယနေ့တိုင် မရေးဆွဲသေးခြင်းဖြစ်သည်။ သို့ဖြစ်၍ ပိုမိုရှင်းလင်းတိကျ အသေးစိတ်အောင် ဖွင့်ဆိုမည့် နည်းဥပဒေကို မျှော်လင့်နေကြသော်လည်း လတ်တလောတွင် ရေးဆွဲမည့် အလားအလာ မရှိသေးပေ။

နိုင်လွတ်လုံနှင့်ပတ်သက်၍ ဥပဒေရည်ရွယ်ချက်နှင့် လွဲမှားစွာ တရားစွဲဆိုနေမှု ပြဿနာအပေါ် ဥပဒေ၏အနက်အဓိပ္ပာယ်ကို ရှင်းလင်းစွာ ဖွင့်ဆိုပါက ပြေလည်မည်ဟု ယင်းဥပဒေရေးဆွဲရာတွင် ပါဝင်သူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဆိုသည်။

“ဥပဒေမှာက အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လိုအပ်သလောက်ပဲ ရေးဆွဲပြီးတော့ နည်းဥပဒေမှာသာလျှင် ကျယ်ကျယ်ပြန့်ပြန့် ရေးရတဲ့ ကိစ္စမျိုး ရှိပါတယ်။ နည်းဥပဒေကို သက်ဆိုင်ရာဌာန (ပြည်ထဲရေး) ကို အပ်နှင်းပြီးဖြစ်တဲ့အတွက် သူတို့အနေနဲ့ နည်းဥပဒေရေးဆွဲလိုက်ရင် ပိုပြီးတော့ ရှင်းသွားမယ် မြင်ပါတယ်။ နည်းဥပဒေလိုအပ်တယ်လို့ ထင်ရင် ရေးဆွဲမှာပါ” ဟု ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထုတ်ပြန်ခဲ့သည်။

ထိုပြင်ဆင်ချက်တွင် နိုင်လွတ်လုံဥပဒေ ပုဒ်မတစ်ခုခုဖြင့် တရားစွဲဆိုလိုပါက သမ္မတနှင့် ပြည်ထောင်စုအစိုးရက တာဝန်ချထားပေးသည့် ပြည်ထောင်စုဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ပြစ်မှုရင်ဆိုင်စဉ် အာမခံပေးနိုင်မည့် ပြင်ဆင်ချက်များ ပါရှိသည်။

သို့သော် အဆိုပါပြင်ဆင်ချက်များကို မည်သည့်အချိန်တွင် အတည်ပြုမည်ကို မသိရှိနိုင်ပေ။ ဥပဒေအရ တရားစွဲဆိုရန် ခွင့်ပြုချက်ပေးရမည့် ဝန်ကြီးဌာနကို အစိုးရအဖွဲ့နှင့် ဥပဒေကြမ်းကော်မတီတို့ ဆွေးနွေးနေဆဲပင် ဖြစ်သည်။

နိုင်လွတ်လုံဥပဒေပါ ပြဋ္ဌာန်းချက်များသည် အဓိပ္ပာယ်ဖွင့်ဆိုချက် ကျယ်ကျယ်ပြန့်ပြန့် မရှိဘဲ လိုသလိုအသုံးပြု၍ ရနိုင်သဖြင့် ပြင်ဆင်သင့်ကြောင်း ဝေဖန်သူများရှိသလို ဥပဒေတစ်ခုလုံးကို ပယ်ဖျက်သင့်ကြောင်း ဝေဖန်သူများလည်း ရှိနေသည်။

အသံအဖွဲ့မှ ဒါရိုက်တာ မောင်ဆောင်းခက “ကျွန်တော်တို့ အမြင့်ဆုံး မျှော်မှန်းတာကတော့ ဥပဒေအသစ်တစ်ခု ရေးဆွဲလိုက်ပြီး အခုဥပဒေအဟောင်းကို ပယ်ဖျက်ပေးဖို့ပဲ။ ဒါပေမဲ့ NLD က သူတို့ရေးဆွဲထားတဲ့ ဥပဒေကို ပယ်ဖျက်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် အခု အရေးကြီးတဲ့ ပုဒ်မ ၈(စ)ကို ပယ်ဖျက်ဖို့နဲ့ တခြား ပုဂ္ဂလိကလုံခြုံရေးနဲ့ ပတ်သက်တာတွေကို ပိုပြည့်စုံလာအောင် ဖြည့်စွက်ဖို့ တောင်းဆိုတာပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading