အပြည့်အဝတော့ ပညာပေးတာကို မရသေးဘူး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အများကြီးလိုပါသေးတယ်

ရန်ကုန်မြို့တည်ရှိနေတဲ့ နေရာက မြေပျော့ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီထဲကို ဖြတ်နေတဲ့ ငလျင်လှိုင်းတွေက မူလထက်ပိုပြီး ကြီးထွားသွားတယ်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီနာယက၊ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒလက်ထောက်ကထိက (အငြိမ်းစား) ဒေါ်လှလှအောင် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

နိုဝင်ဘာ ၁၂ ရက်က ၄.၁ အင်အားရှိ ငလျင်တခု လှုပ်ခတ်သွားရာမှ လူဦးရေထူထပ်ပြီး၊ အထပ်မြင့်အဆောက်အဦ များလွန်းသည့် ရန်ကုန်မြို့တွင်း၊ မြို့ပြင်နေ မြို့သူမြို့သားများ စိုးရိမ်ပူပန်မှု မြင့်တက်ခဲ့သည်။ တာမွေနှင့် ဒေါပုံမြို့နယ်တို့တွင် အထပ်မြင့်တိုက်များ ယိုင်လဲကာ၊ ပူးကပ်သွားခဲ့ခြင်းက စိုးရိမ်မှုကို ပိုမိုဆိုးရွားစေခဲ့သည်။

ရန်ကုန်မြို့၏ ငလျင်၏သမိုင်းနှင့် အနာဂါတ်အလားအလာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနာယက၊ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒလက်ထောက်ကထိက (အငြိမ်းစား) ဒေါ်လှလှအောင်နှင့် Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။

ရန်ကုန်က ငလျင်ဒဏ်ကို ဘယ်တုန်းက စပြီး ခံခဲ့ရတာလဲ။

ရန်ကုန်က ဘယ်တုန်းထဲက လှုပ်တာလဲ၊ ခုမှလှုပ်တာ မဟုတ်ဘူး၊ ရှေးမင်းတွေအဆက်ဆက် လက်ထက်မှာ လှုပ်တယ်။ လှုပ်လိုက်တိုင်းမှာလည်း ကြီးတာတွေလည်းပါတယ်။ သေးတာတွေလည်းပါတယ်။ အဲ့ဒီဟာရဲ့ပျက်စီးမှုဒဏ်ကို ရွေတိဂုံဘုရားရဲ့သမိုင်းမှာ သူတို့ Record (မှတ်တမ်း) လုပ်ထားတာ ရှိတယ်။ ထီးတော်က ဟာလေးတွေ ပြုတ်ကျတယ်။ ကြီးကြီးမားမား ပျက်စီးတာတော့ မရှိဘူး။ Record တော့ ရှိတယ်။ ဟိုရှေးမင်းတွေလက်ထက်ကလည်း လှုပ်တယ်။ နောက်ပိုင်း Record အနေနဲ့ ကြည့်မယ်ဆိုရင် အဓိကကတော့ ၁၉၂၇ ခုနှစ်က အင်အား (၇ ဒသမ ၀) နဲ့ ရန်ကုန်မှာ လှုပ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်က အိမ်ခြေနည်းတယ်။ လူနေနည်းတယ်။ အပျက်အစီးနည်းတယ်။ မရှိသလောက်ပဲပေါ့။ နောက်၁၉၇၈ ခုနှစ်မှာ ၅ ဒသမ ၇ နဲ့လှုပ်တယ်။ ဘာမှတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အဲ့ဒီအချိန်က စိတ်ဝင်စားမှု နည်းတာလည်းဖြစ်မယ်။ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ မှတ်တမ်း ကြီးကြီးမားမား မရှိဘူး။ ဒါတွေလှုပ်တယ်။ နှုတ်နဲ့ပဲ ပြောတာပဲရှိတယ်။

နောက် ၂၀၁၃မှာ Magnitude က 3.4 နည်းနည်းလေးပဲ။ အဲ့ဒီအချိန်မှာတော့ လူတွေလည်း သိလာတယ်။ ကျမတို့လည်း စိတ်ဝင်စားမှု ရှိလာတယ်။ ငလျင်နဲ့ပတ်သက်ပြီးတော့လည်း သုတေသန လုပ်နေတဲ့အခါကျတော့ အဲ့ဒီအချိန်က တော်တော်လေး ခံစားမှုရှိတယ်။

အခုတစ်ခါ ဒီလိုလှုပ်တဲ့အခါကျတော့ ရန်ကုန်မြို့က ငလျင် လှုပ်လေ့လှုပ်ထရှိတဲ့ မြို့ကြီးတစ်မြို့လို့ ဆိုနိုင်တယ်။

ပြင်းအားက သိပ်မကြီးပေမယ့် တုန်ခါမှုကို ဘာကြောင့် ပြင်းပြင်းထန်ထန် ခံစားရတာလဲ။

ဥပမာ ငလျင်လှုပ်တယ်ဆိုတာ ပြတ်ရွေ့ရှိမှ လှုပ်ရမှာ ပြတ်ရွေ့ကို မြေပုံနဲ့ ဖော်ထုတ်ထားတာက မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့တည်ရှိတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကြီးတစ်ခုလုံးဟာ ဘာတွေနဲ့ဖုံးလွှမ်းတာလဲဆိုတော့ မြစ်ချောင်းတွေ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် မြစ်လက်တက်တွေ အများကြီးကနေပြီးတော့ ပင်လယ်ထဲကို စီးဝင်လာတဲ့အချိန်မှာ ပို့ချထားတဲ့နုန်းတွေ၊ မြေပျော့ပေါ့။ အဲ့မြေပျော့တွေနဲ့ ရန်ကုန်တို့၊ အနောက်ဘက်ဆို ပုသိမ်တို့၊ မြောက်ဘက်ဆိုရင်လည်း ပြည်မရောက်ခင် နေရာအထိပေါ့။ ဒါတွေနဲ့ပဲ ဖုံးလွှမ်းထားတာဖြစ်တော့ ဒီလိုမြေပျော့မျိုးမှာ ငလျင်လှုပ်လို့ရှိရင် ထွက်လာတဲ့ ငလျင်လှိုင်းက ဒီဟာကို ဖြတ်သန်းရတဲ့အချိန်မှာ မူလ သူတုန်ခါတဲ့ ဒီလောက်ပဲအမြင့်ရှိတဲ့ Range ရှိတဲ့ ငလျင်လှိုင်းက မြေပျော့ထဲမှာ ဖြတ်တဲ့အခါကျတော့ မူလလှုပ်ရမယ့်အဆထက် ပိုပြီးတော့ ကြီးသွားတယ်။ လှိုင်းရဲ့သွားပုံက အသံလှိုင်းနဲ့အတူတူပဲ။ ရေလည်းပါတယ် မြေပျော့တွေထဲမှာ ငလျင်လှိုင်းဖြတ်လို့ရှိရင် မူလထက်ပိုပြီးတော့ ငလျင်လှိုင်းကို ကြီးထွားစေတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ရန်ကုန်မြို့မှာ အခုလှုပ်တဲ့ဟာက အရမ်းပြင်းထန်သွားတာ လူတွေက တချို့ကတော့လည်း ပြောနေကြတယ်။ ဆိုရှယ်မီဒီယာက သိရတာပေါ့။ ဒီလောက်ဟာက Magnitude မဖြစ်လောက်ဘူး။ ဒီထက်ကြီးရမယ် ဒီလောက်ပြင်းထန်စွာလှုပ်တာ အိမ်တောင်ပြိုမလို လှုပ်တယ်လို့ တချို့တွေက ပြောတယ်။ အဲ့ဒီလိုဖြစ်နေတာ အဲ့ဒီသဘောပဲ ငလျင်ရဲ့ပမာဏက မကြီးဘူး။ သို့သော် ရန်ကုန်မြို့တည်ရှိနေတဲ့နေရာက မြေပျော့ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီထဲကို ဖြတ်နေတဲ့ ငလျင်လှိုင်းတွေက မူလထက်ပိုပြီး ကြီးထွားသွားတယ်။ မူလလှုပ်ရမယ့်အနေအထားထက် ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်သွားတယ်။ မနေ့ညက လူတွေက အဲ့လောက်အတိုင်းအတာကို ခံစားကြရတယ်။

များပြားလာတဲ့လူဦးရေ၊ လက်ရှိအဆောက်အဦးတွေရဲ့အခြေအနေနဲ့ ကြံ့ခိုင်မှုအနေအထားက တကယ်လို့ ပြင်းအားက အရမ်းကြီးလာခဲ့ရင် ပျက်စီးတဲ့အနေအထားက ဘယ်လောက်ထိ ဖြစ်နိုင်မယ်လို့ ဆရာမအနေနဲ့ ခန့်မှန်းထားသလဲ။

ဒီနေ့ ရန်ကုန်မှာ ဟိုတုန်းကလှုပ်ခဲ့တဲ့ Magnitude မျိုးနဲ့ လှုပ်ခဲ့မယ်ဆိုလို့ရှိရင် အစောကပြောတဲ့ မြေပျော့ဖြစ်နေတဲ့အတွက်ကြောင့်ရယ် ဆောက်လုပ်ထားတဲ့အထပ်မြင့်တွေရဲ့ ကွာလတီအပေါ်မှာ မူတည်ပြီးတော့ ပျက်စီးမှုနှုန်းက ပိုပြီးတော့ များပြားနိုင်တယ်။ ဒါကတော့ မြေကြီးလက်ခတ်မလွဲပဲ။ သဘာဝအတိုင်း တွက်ချက်ကြည့်မယ်ဆိုရင် ဒီလိုပဲဖြစ်ရမှာပေါ့။ အထပ်မြင့်တွေ ဆောက်လုပ်ထားမယ်ဆိုရင် စည်းစနစ်တွေရှိပါတယ်။

Earthquake Resistance Design (ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်း) ဆိုပြီးတော့ ဒါမျိုးတွေရှိတယ်။ ဘယ်လိုဟာမျိုးလဲ အတိုချုံးပြီးပြောမယ်ဆိုရင် ဖောင်ဒေးရှင်းက အောက်အနက် ကျောက်သားရောက်တဲ့အထိ ဆင်းပြီးတော့ တူးပြီးတော့မှ ရောက်ရမယ်။ ကျောက်သားရှိရင်တော့ အရေးမကြီးဘူး။ ကျောက်သားက သူ့ရဲ့သတ်မှတ်ထားတဲ့ အနက်ကိုပဲ တူးသွား အဲ့လိုမဟုတ်ဘဲနဲ့ ဒီဟာကမြေပျော့တွေနဲ့ပဲ ဖုံးလွှမ်းနေတာတွေဖြစ်တဲ့အတွက် သူသည် အမာခံကျောက်သားရောက်တဲ့အထိ တူးရပါမယ်။ အဲ့ဒီလိုမတူးဘူးဆိုရင် အနက်ကတိမ်မယ်၊ ငလျင်ရဲ့ပမာဏကလည်း ကြီးမယ်ဆိုလို့ရှိရင် ငလျင်လှိုင်းက နုန်းမြေတွေထဲ ဖြတ်လို့ရှိရင် အင်အားကြီးထွားတတ်တဲ့ သဘောသဘာဝရှိရင် ပိုပြီးတော့ပျက်စီးဖို့ အခြေအနေက များနိုင်တယ်။ အကုန်လုံးကို ခြုံပြီးတော့ သုံးသပ်ထားတာပဲ။ ဒါတွေကပြေးမလွတ်တဲ့ဟာတွေချည်းပဲ။

ရန်ကုန်မြို့မှာ အဆောက်အဦသစ်တွေ များလာပြီဆိုတော့ ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းတွေနဲ့ပတ်သက်ပြီးတော့ ဆရာမတို့ငလျင်ကော်မတီကို အကြံတောင်းတာမျိုးတို့၊ သွားစစ်ဆေးရတာမျိုး အဆောက်အဦတွေရဲ့ ပေါ်လစီတွေ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းတာမျိုးတွေ ရှိလား။

ရှိပါတယ်။ ကျွန်မတို့ငလျင်ကော်မတီမှာက ပညာရှင်နှစ်မျိုး ရှိတယ်။ ဘူမိဗေဒပညာရှင်ရယ်၊ အင်ဂျင်နီယာပညာရှင်ရယ်၊ အဆောက်အဦပိုင်း ပတ်သက်တဲ့ဟာများတဲ့အတွက် သွားစစ်ပေးရတာတွေ တော်တော်လေးကို ထိထိရောက်ရောက် လုပ်ပေးနေပါပြီ။ အင်ဂျင်နီယာတွေ သွားပြီးတော့ ရှိပြီးသား၊ ဆောက်ပြီးသား ခံနိုင်လားဆိုပြီးတော့ အဲ့ဒါတွေကတော့ ထိထိရောက်ရောက် လုပ်နေတယ်။

ဥပမာ UNDP လိုဟာမျိုးတွေ မြို့ထဲပိုင်းမှာရှိနေတဲ့၊ ရှေးဟောင်းအဆောက်ဦတွေ အကုန်လုံးကိုလည်း Category (အမျိုးအစားအလိုက်) ခွဲပြီးတော့ အကုန်လုံးသုတေသနတွေ ပြုလုပ်ပြီးသားတွေ ရှိပါတယ်။

ရန်ကုန်မြို့မှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦရာခိုင်နှုန်း ဘယ်လောက်ရှိမယ်မျှော်မှန်းလဲ။

ဒီဟာကလည်း အရင် CQHP လို့ခေါ်တဲ့ အထပ်မြင့်အဆောက်အဦတွေကို Control လုပ်တဲ့ အဖွဲ့အစည်းရှိတယ်။ အဲ့ဒီအဖွဲ့စည်းတွေက Control လုပ်ထားတာ၊ နောက်ပိုင်းဆိုလို့ရှိရင် ရှစ်ထပ်ကိုးထပ်ထက်ပိုပြီး မဆောက်ရဘူး။ နေရာဒေသပေါ်လိုက်ပြီး ဟန့်တားထားတဲ့ ဟာတွေကလည်း ရှိပါတယ်။ ဒါတွေက ထိရောက်မှုရှိတယ်ဆိုရင်တော့ ကြံ့ခိုင်တဲ့အဆောက်အဦတွေ ရှိမှာပါ။

ဦးသန့်မြင်ဦးက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ငလျင်လှုပ်ရင် မြေပျော့သွားနိုင်တဲ့နေရာတွေ အဆောက်အဦတွေ ကျွံသွားနိုင်တဲ့နေရာတွေ ဂရပ်နဲ့ပြတာရှိတယ်။ ဆရာမတို့ သုတေသနပြုထားတာမျိုး ရှိလား။

ရန်ကုန်တစ်မြို့လုံးအနေနဲ့ လုပ်ထားတာကမရှိဘူး။ အင်ဂျင်နီယာတွေလုပ်ထားတာ၊ Research လုပ်ထားတာကရှိတယ်။ နိုင်ငံခြားကနေလာပြီးတော့ Collaborative Work (ပူးပေါင်းလုပ်ထားတဲ့) တာမွေတို့ လမ်းမတော်တို့တွေမှာ လုပ်ထားတာတွေရှိတယ်။ ရန်ကုန်တစ်မြို့လုံးလုပ်ထားကတော့ သေချာမသိဘူး။

မြေကျွံတာက researchထွက်ထားတာက လောလောဆယ် ဒဂုံမြို့သစ်ပိုင်းက မြေကျွံတာမဟုတ်ဘူး။ မြေကနိမ့်ဆင်းသွားတာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဖြစ်သလိုပဲ။ ဘာကြောင့်နိမ့်ဆင်းလဲဆိုတာကို Satellite Image (ဂြိုလ်တု) ကနေပြီးတော့ ချူလာလောင်ကွန် တက္ကသိုလ်နဲ့ လုပ်ထားတဲ့စာတမ်းလေး ရှိပါတယ်။

အဲ့ဒါက မြေအောက်ရေသုံးစွဲမှု အလွန်အကျွံထုတ်သုံးတဲ့အတွက် အောက်ဘက်ကို နိမ့်ကျနေတယ်ပေါ့။ သူ့ရဲ့ဟာကလည်း တနှစ်ကို ၅၅ မီလီမီတာ (၂ လက်မကျော်ခန့်) အဲ့လောက်အတိုင်းအတာနဲ့ သူက နိမ့်ကျနေတယ်။

မြေအောက်ရေသုံးစွဲမှုက ငလျင် ကြီးကြီးမားမားလှုပ်တဲ့အခါ ဘယ်လိုသက်ရောက်မှုမျိုး ရှိလာနိုင်လဲ။

ဘန်ကောက်ဆိုရင် အတော်အဆိုးအဝါးဖြစ်အောင် ကျ (မြေနိမ့်ဆင်း) နေတာပဲ။ အထပ်မြင့်အကြီးကြီးတွေ ဆောက်တယ် မြေအောက်ရေသုံးစွဲမှု မြင့်မားတဲ့အတွက်ကြောင့်မို့ သူတို့မှာ ဒီအကျိုးသက်ရောက်မှုကို ခံစားနေရတယ်။ ဒဂုံမြို့သစ်ကလည်း ဖွံ့ဖြိုးမှုတွေလုပ်နေတဲ့နေရာ သူကလည်း ခံစားနေရတယ်ဆိုတော့ ငလျင်လှုပ်တဲ့အချိန်မှာ အင်အားကြီးငလျင် လှုပ်မယ်ဆိုတဲ့အခါကျရင် သူ့ရဲ့အနေအထားကိုက Unstable (သိပ်စိတ်မချရ) လို့ ပြောလို့ရတာပေါ့။ အောက်ကိုနိမ့်ဆင်းနေတဲ့ အနေအထားဆိုတော့ ငလျင်လှုပ်လိုက်တဲ့ ပြင်းအားပေါ်မူတည်ပြီးတော့ သက်ရောက်မှုက ရှိတယ်။

ကျွန်တော်တို့နိုင်ငံမှာ ငလျင်နဲ့ပတ်သက်ပြီးတော့ ပညာပေးမှုတွေလုပ်နေတာ တွေ့ရတယ်။ ဒါတွေက ပြည်သူတွေဆီ တကယ်ရောက်တယ်လို့ထင်လား။

ပညာပေးဖို့လိုအပ်တယ်လို့ ဝန်ခံလို့ရပါတယ်။ ကိုယ်တိုင်လည်း ရန်ကုန်မြို့ရပ်ကွက်တွေကို ဟောတာ တော်တော်လေးကြာပါပြီ။ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနဲ့ တွဲပြီးတော့ ပူးပေါင်းပြီးလုပ်တယ်။ ထိရောက်မှုရှိသလားဆိုတော့ ထိရောက်မှုက ကိုယ်မျှော်မှန်းသလောက်တော့ ထိရောက်မှုမရှိဘူး။

တခါတခါကျတော့ ဒီကိစ္စကို စားဝတ်နေရေးနဲ့ အာရုံမပေးနိုင်ဘူး။ ငလျင်ဟောပြောပွဲတွေ တီဗီမှာပါသွားတယ်ဆိုတာလည်း မသိဘူး။ အဲ့ဒါမျိုးလေးတွေရှိတော့ အကုန်လုံးတော့ ဘယ်သိနိုင်မလဲ။

အပြည့်အဝတော့ ပညာပေးတာကို မရသေးဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အများကြီးလိုပါသေးတယ်။ ကိုယ်က ရန်ကုန်ပဲ လုပ်နိုင်တာဖြစ်တဲ့အတွက် တခြားအေဂျင်စီတွေ ရှိတယ်။ အင်တာနေရှင်နယ်အဖွဲ့အစည်းတွေရော အခုဆို တော်တော့်ကို လုပ်နေတယ်။ မီးသတ်ဌာန ကြက်ခြေနီအဲ့အဖွဲ့တွေ အမေရိကန်ကြက်ခြေနီတွေအပြင် လူမှုကူညီရေးအသင်းတွေက နေပြီးတော့ နယ်ကိုဆင်းပြီးတော့ ငလျင်လှုပ်ရင် ဘယ်လိုလုပ်ရမယ် ဘယ်လိုပြေးရမယ်ဆိုတာတွေ သတင်းစာထဲမှာ တွေ့ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့တော့ ၁၀၀ ရာခိုင်နှုန်း မရနိုင်ပါဘူး။ အများကြီးလိုပါသေးတယ်။

ကျနော်တို့နိုင်ငံမှာ အတိအကျ တွက်ချက်နိုင်တဲ့ ပညာရှင်တွေ၊​ စက်ကိရိယာတွေ ရှိပြီးလား။ ငလျင်နဲ့ပတ်သတ်ရင်ကော အစိုးရက ဘယ်လိုအထောက်အပံ့တွေရှိလဲ လိုအပ်ချက်တွေရှိလဲ။

အများဆုံးတော့ ငလျင်ဌာနဆိုပြီးတော့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနမှာ ရှိနေတယ်။ သူတို့ဆီမှာလည်း USDS လို့ခေါ်တဲ့ အဖွဲ့အစည်းမျိုးတွေ CEလို့ခေါ်တဲ့ တရုတ်က နောက် ဂျပန်က အဲ့ဒီကနေပဲ Seismometer (ငလျင်တိုင်းတဲ့စက်ကိရိယာ) တွေ သူတို့ ပံ့ပိုးပေးထားတယ်။ လှူဒါန်းပေးထားတယ်။ အရင်တုန်းကတော့ တရုတ်တို့ဘာတို့ ပေးထားတာတွေထက် မြင့်တဲ့ဟာတွေ ရှိနေပါပြီ။ တော်တော်လေးတော့ ရှိနေပါပြီ။ Earth Observatory Singapore ဆိုပြီး ငလျင်ကော်မတီနဲ့ပူးပေါင်းပြီး GPS တွေ ငလျင်တိုင်းစက်တွေလည်း ရှိထားပြီးပြီ။ နောက်ပြီးတော့ တရုတ် CEA အဖွဲ့က အိန္ဒိယကလည်းလာပြီးတော့ ငလျင်တိုင်းကိရိယာတွေ ရခိုင်ရိုးမတစ်လျှောက် တပ်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံအတိုင်းအတာအတွက် လိုအပ်နေတဲ့ ဆိုက်စမိုမီတာ (ငလျင်တိုင်း ကိရိယာ) တွေ မရနိုင်သေးပေမယ့် ဟိုတုန်းကရှိတာထက် အဆင့်မြင့်တဲ့စက်ကိရိယာတွေ အရင်တုန်းကထက်ပိုပြီးတော့ တိတိကျကျပြောနိုင်တဲ့ တိုးတက်လာတဲ့အခြေနေကို ပြောတာပေါ့။

ဒီနိုင်ငံမှာ ဘယ်ဇုန်တွေက ငလျင်နဲ့ပတ်သက်ပြီးတော့ သတိထားရမလဲ။

မြန်မာနိုင်ငံမှာတော့ ဇုန်တွေက ခွဲထားတယ်။ မြေပုံလည်း ကိုယ်တိုင်လုပ်ထားတယ်။ အနီရောင်၊ လိမ္မော်ရောင်နဲ့ အနီဖျော့ဖျော့နဲ့ပြတာတွေ ရှိတယ်။ အဝါရောင်နဲ့ပြတာတွေ ရှိတယ်။ အဲ့ဒါကဘာလဲဆိုတော့ ငလျင် ကြီးကြီးမားမားလှုပ်တတ်တယ် ငလျင်လည်း လှုပ်လေ့လှုပ်ထရှိတဲ့ နေရာဆိုလို့ရှိရင် စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် အရှေ့ဘက်က ကျောက်ကြမ်းပြတ်ရွေ့တစ်လျှောက်၊ အနောက်ဘက်က ရခိုင်ရိုးမတစ်လျှောက်ဆိုလို့ရှိရင် ဒါကအနီရောင်၊ တကယ့်အန္တရာယ်ဇုန်။

လိမ္မော်ရောင်တို့ဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတွေ ရှိတယ်။ အရှေ့ဘက် ရှမ်းပြည်နယ်တွေမှာ ရှိတယ်။ သူက ဒီလိုရှိတယ်ဆိုရင် သူ့ရဲ့ဘေးမှာပေါ့။ အဲ့ဒါတွေက လိမ္မော်ရောင်ပေါ့။ အနီရောင်ဖျော့ဖျော့ကျတော့ ပြတ်ရွေ့အနေအထား ကြီးကြီးမားမားမရှိဘူးဆိုရင် ဇုန် ၁၊ ၂၊ ၃ ဆိုပြီး ခွဲထားတယ်။

အဝါကျတော့ ငလျင် လှုပ်လေ့လှုပ်ထမရှိတဲ့ တနင်္သာရီတို့ကျ အဝါရောင် အဲ့လိုတွေ ခွဲထားတယ်။ Seismic Hazard Map (ငလျင်အန္တရာယ်ပြမြေပုံ) ဆိုပြီးတော့ ငလျင်ကော်မတီနဲ့ UNHABITAT (ကုလသမဂ္ဂ အခြေချနေထိုင်မှုအဖွဲ့) တို့နဲ့ ပူးပေါင်းပြီး ထုတ်ထားတဲ့ဟာတွေလည်း YCDC တို့မှာ အသုံးပြုနေပြီ။

မြစ်ဆုံဆည် တည်ဆောက်မယ့်နေရာဆိုလို့ရှိရင် ပြတ်ရွေ့ကြောပေါ်မှာ ရှိနေတယ်လို့ ရေးတာတွေရှိတယ်။ မြစ်ဆုံက စစ်ကိုင်းပြတ်ရွေ့နဲ့ အရှေ့ဘက်မှာ ရှိတယ်။ အကွာအဝေးတော့ မမှတ်မိတော့ဘူး။ အဲ့ဒီမှာလည်း စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ၁၉၃၁ တုန်းက ကာမိုင်းငလျင်ဆိုပြီးတော့ ငလျင် ပြင်းအား ၇ ဒသမ ၉ နဲ့ လှုပ်ခဲ့ဖူးတယ်။ တော်တော်ကြီးမားတယ်။ ဒါပေမယ့် လှုပ်တဲ့နေရာက တောတောင်တွေပဲ ရှိတယ်။ လူနေကျဲတယ်။ လူရှိတဲ့နေရာတွေကျတော့ ကျေးရွာဖြစ်တဲ့အတွက် အဆောက်အဦတွေ ကြီးကြီးမားမားမရှိတဲ့အတွက် ဘာမှ အပျက်အစီး အသေအပျောက် မရှိဘူး။

အခုပြောတဲ့ဆည်နေရာကတော့ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ သိပ်မဝေးဘူး။ အဲ့ဒါမျိုးကတော့ ပြောလို့ရပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ဆိုတာကတော့ ပြောရတာတော့ ခက်တာပေါ့။

နောက်ဆုံးအနေနဲ့ ငလျင်နဲ့ပတ်သက်ပြီး ဘာများအကြံပြုလိုပါသေးလဲ။

ကိုယ်ကမခန့်မှန်းနိင်သေးတဲ့အတွက် ဘာပဲလုပ်ရမလဲဆိုတော့ ကြိုတင်ပြင်ဆင်တာတွေကိုပဲ လုပ်ဖို့လိုပါတယ်။ အိမ်ကိုပဲဆောက်ဆောက် တာဝါတိုင် ဆည်ကိုပဲဆောက်ဆောက် ဆေးရုံ လမ်းတံတားတွေကိုပဲဆောက်ဆောက် ဒီဟာတွေက Lifeline လို့ခေါ်တဲ့ အဓိကကျတဲ့ အဆောက်အအုံတွေဖြစ်တဲ့အတွက် ငလျင်ဒဏ်ခံတဲ့အဆောက်အဦတွေ ဆောက်သင့်တယ်လို့ ပြောချင်ပါတယ်။

လူနေအိမ်တွေကျတော့ ကိုယ့်အိမ်ကိုဆောက်မယ်ဆိုရင်လည်း ခိုင်ခံ့အောင် ဆောက်ဖို့လိုမယ်။ ဆောက်ပြီးသားတွေ ဖြစ်နေတဲ့အခါကျတော့ ငွေကြေးအကုန်အကျ ပါလာတဲ့အတွက် ဒီအပိုင်းကို ပြောလို့မရဘူး။ တခုပဲရှိတယ်။ ကိုယ့်အသက်ကို ကာကွယ်ရမယ်။ ဒါပဲလိုအပ်တယ်။ ကြောက်လို့ပြေးလိုက်တဲ့အခါမှာ ပြိုကျတဲ့အဆောက်အအုံနဲ့ သွားပြီးဆုံလို့ရှိရင်လည်း အန္တရာယ်ရှိလာနိုင်တယ်။

အရင်ဆုံးပုန်းနေတာကတော့ အကောင်းဆုံးပဲ။ နောက်တခုက ငလျင်လှုပ်ရင် ငလျင်လှုပ်လို့ အဆောက်အဦတွေပြိုရင် ပိုင်ဆိုင်မှုတွေ ပါသွားတဲ့အခါ မလွယ်ဘူး။ သန်းခေါင်းစာရင်း စာရွက်စာတမ်း မှတ်ပုံတင် အဲ့ဒါတွေကို ကိုယ်နဲ့တစုတစည်းထဲထားပါ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading