တပ်၏တရားစွဲဆိုမှုများမှာ ၂၀၂၀ ရွေးကောက်ပွဲနှင့် အချိန်ကိုက်လုပ်ဟု တရားစွဲခံရသူများဆို

ထင်ရှားသည့် ရှေ့နေ၊ ကဗျာဆရာနှင့် ဗိုလ်ကြီးဟောင်းတို့၏ အခြေခံဥပဒေပြင်ဆင်မှုထောက်ခံရေး ဟောပြောချက်များသည် တပ်မတော်အတွင်း အထက်အောက် အမြင်လွဲမှားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ဆိုသည်။

Published on Nov 1, 2019

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောသဖြင့် တရားစွဲဆိုခံရခြင်းမှာ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ တပ်မတော်က ဗျူဟာအရ အချိန်ကိုက်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တရားစွဲဆိုခံရသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံဟောပြောပွဲ ဟောပြောချက်များနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ စောဝေ၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်က ပုဒ်မ ၅၀၅-က တပ်မတော်သားများ တာဝန်မလေးစား ပေါ့လျော့အောင် လုပ်ဆောင်မှုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် နာမည်ကျော် ရှေ့နေကြီး ဦးကြီးမြင့်က တရားစွဲဆိုခံရခြင်းမှာ တပ်မတော်က သူတို့ဘက်မပါ၍ တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“သူတို့က ၂၀၂၀ မှာ အသေအကြေ တိုက်ကြမှာ တည်မြဲ-သန့်ရှင်း အကွဲလို၊ လူသတ်တာတို့ ပိုက်ဆံပေးဝယ်တာတို့ အပြိုင်တိုက်ကြတော့မှာ။ သူတို့ဘက်မပါတဲ့ လူတွေကို ဥပဒေနဲ့ တရားစွဲမယ်။ ဥပဒေပြင်ပနည်းတွေနဲ့ ရှင်းမယ်။ ငွေပေးပြီး စည်းရုံးမယ်ပေါ့ဗျာ။ အဲဒီလိုနဲ့ ကျွန်တော်တို့က အဲဒီဗျူဟာထဲမှာ အထည့်ခံရတာလို့ ထင်တယ်ဗျ” ဟု ၎င်းက ပြောသည်။

ကဗျာဆရာ စောဝေကလည်း တက်ကြွလှုပ်ရှားသူများနှင့် စာပေနယ်မှသူများကို တပ်မတော်၏ တရားစွဲဆိုမှုများ ပိုမိုများပြားလာပြီး တရားစွဲဆိုခံရသူများမှာလည်း အခြေခံဥပဒေကို ပြတ်ပြတ်သားသား ဝေဖန်သူများသာ ဖြစ်နေသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာ၍ တပ်မတော်က အချိန်ကိုက်လှုပ်ရှားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“ဒီလိုဟောပြောတဲ့လူတွေကို ဒီလိုအချိန်မှ ဒီလိုလုပ်ရမယ်ဆိုပြီး စနစ်တကျ စီမံထားတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

ကော့သောင်းမြို့တွင် ဟောပြောပွဲ ပြုလုပ်ပြီး ၆ လအကြာတွင်မှ ထိုအမှုကို တရားရုံးက လက်ခံလိုက်ခြင်းဖြစ်သည်။

ဧပြီလ ၁၂ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးက အောက်တိုဘာလ ၁၂ ရက်နေ့ရောက်မှသာ လက်ခံခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးက Myanmar Now ကို ဖုန်းဖြင့် ဖြေကြားသည်။

ရှေ့နေ ဦးကြီးမြင့်က ထိုဟောပြောပွဲတွင် မိနစ် ၂၀ ခန့်သာ ဟောပြောခဲ့ပြီး တပ်ကို ဂုဏ်သိက္ခာ ထိခိုက်စေသည့် အချက်များ မဟောပြောခဲ့ဘဲ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်သာ ဟောပြောခဲ့သည်ဟု ပြောသည်။

“ကျွန်တော်က ဥပဒေသမားပဲဗျာ။ ကိုယ့်ကိုကိုယ် ကြိုးကွင်းစွပ်မယ့် စကားတွေ ပြောမလားဗျ။ အဲဒီလောက်မှ မပါးရင် ကျွန်တော် ရှေ့နေ ဘယ်လုပ်နေတော့မလဲ” ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး သန့်ဇင်ဦးက တရားစွဲဆိုရခြင်းမှာ မည်သည့်အထက်ဖိအားမှ မပါရှိဘဲ တပ်မတော်အတွင်း ပြည်နယ်နှင့်တိုင်းအလိုက် အာဏာခွဲဝေမှုများ ရှိသည်ဟု Myanmar Now ကို ပြောဆိုသည်။

ကဗျာဆရာ စောဝေ၏ ဟောပြောမှုများတွင် အာဏာရှင် ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် ရန်ကုန်ရှိ အိမ်ခြံများမှာ ကျပ်သန်းပေါင်းများစွာ တန်ကြေးရှိပြီး အာဏာရှင်များကို အရေးယူ၍ မရကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲတွင် ထိုင်နေသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ ရွေးကောက်ခံတွေကို ကန့်ကွက်ဖို့လား၊ သူ့တို့အဖေ သူခိုးတွေကို ကာကွယ်ဖို့လား၊ မိစ္ဆာဥပဒေတွေကို မောင်းထုတ် စသည့် အချက်များ ပါဝင်သည်ဟု ၎င်းက ပြောသည်။

ထို့ဟောပြောမှုများမှာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တပ်မတော်အတွင်း အထက်အောက် အမြင်လွဲမှားမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ၎င်းတို့ ဟောပြောသည့် အချက်များမှာ လွဲမှားနေပြီး တပ်မတော်အတွင်း ရာထူး၊ အဆောင်အယောင်အလိုက် အကျိုးခံစားခွင့် ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တပ်မတော်ထဲမှာလည်း သူ့ဥစ္စာနဲ့သူ အကုန်လုံးက ခံစားခွင့်တွေဆိုရင် သူ့ဟာနဲ့သူပေါ့ ဘယ်အဆင့်မှာ ဘာတွေခံစားရမယ်။ ဘယ်အဆင့်မှာ ဘာတွေရှိမယ်ဆိုတာ သူ့ဟာသူ ရှိပြီးသားပါ။ ဘယ်သူ့ ဘယ်သူကမှလည်း နည်းတယ်၊ များတယ်ဆိုတာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ပုဒ်မ ၅၀၅ (က) မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့်ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

ယင်းအမှုတွင် ပူးတွဲတရားစွဲဆိုခံထားရသူ ဦးနေမျိုးဇင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများတွင် ဟောပြောခဲ့သည့် တပ်မတော်နှင့်ပတ်သက်သော ဟောပြောချက်များကြောင့် တပ်မတော်က တစ်နေရာနှင့်တစ်နေရာ မိုင်ရာချီ ဝေးသည့် မြို့နယ်တရားရုံး သုံးရုံးတွင် တရားစွဲဆိုခဲ့သည်။

ယင်းအမှုများကို တရားရုံးအသီးသီးက အမိန့်ချမှတ်ခဲ့ပြီးဖြစ်ကာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တစ်နှစ်၊ ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က အတွက် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅-ခ အတွက် ထောင်ဒဏ် တစ်နှစ်တို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချခဲ့ကာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အသီးသီး ပြီးခဲ့သည့် လပိုင်းအတွင်းက အမိန့်ချခဲ့သည်။

လတ်တလောတွင် အင်းစိန်အကျဉ်းထောင်၌ ကျခံနေရသူ ဦးနေမျိုးဇင်မှာ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် တရားစွဲဆိုထားမှုအတွက် အမှုရင်ဆိုင်ရဦးမည် ဖြစ်သည်။

ကဗျာဆရာ စောဝေမှာ ၂၀၀၈ ခုနှစ်တွင် ပုဒ်မ ၅၀၅(ခ)အပါအဝင် နိုင်ငံရေး ပုဒ်မများနှင့် ထောင်ဒဏ် ၄၉ နှစ် ချမှတ်ခံခဲ့ရပြီး အင်းစိန်းနှင့် ရမည်းသင်း အကျဉ်းထောင်များတွင် ကျခံခဲ့ရကာ ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံသည့် ဆန္ဒပြပွဲများမှာ ယခုနှစ်အတွင်း စတင်ခဲ့ပြီး ယင်းဆန္ဒပြပွဲများနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ယင်းဟောပြောပွဲများတွင် ထည့်သွင်းပြောဆိုသော တပ်မတော်နှင့် ပတ်သက်သည့် ပြောဆိုချက်များအပေါ် တပ်မတော်က တရားစွဲဆိုမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်သတင်းဌာန Nikkei Asia Review နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြီးပြည့်စုံသည့် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုသော်လည်း လာမည့်နှစ်ရွေးကောက်ပွဲမတိုင်မီ ထိုသို့ဖြစ်နိုင်ခြေမရှိဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီကမူ ယနေ့အထိ အစည်းအဝေးများ ဆက်လက်ကျင်းပနေပြီး ၅၄/၂၀၁၉ အစည်းအဝေးကို ယနေ့ (နိုဝင်ဘာလ ၁ ရက်) တွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading