ပါဝင်အင်အားစုများအကြား ဘုံလုပ်ငန်းစဉ်ချမှတ်နိုင်ရေး ပထမလုပ်ငန်းစဉ်ဖြစ်ဟု ပြော

အဆိုပါကိစ္စ သဘောတူညီချက်ရရှိပါက လာမည့် ၂၁ ရာစုပင်လုံ စတုတ္တမြောက်ညီလာခံ၌ ပြည်ထောင်စုသဘောတူစာချုပ်များအဖြစ်ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင်ပါဝင်သည်။ 

NCA လေးနှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/Myanmar Now)

တတိယအကြိမ်ပြုလုပ်ပြီးနောက် တစ်နှစ်ကျော်ကြာ မကျင်းပနိုင်သေးသည့် ၂၁ ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအစည်းအဝေးများ မည်သို့ရှေ့ဆက်မည်ကို ပါဝင်သည့် အင်အားစုများအားလုံးအကြား ဘုံလုပ်ငန်းစဉ် ချမှတ်နိုင်ရေးကို အစိုးရ၏ ရှေ့ဆက်လျှောက်လှမ်းမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်အနက် ပထမလုပ်ငန်းစဉ်အဖြစ် ချမှတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

နှစ်ပတ်ခန့်နောက်ကျ၍ အောက်တိုဘာ ၂၈ရက်မှ ပြုလုပ်ကျင်းပခဲ့ရသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လေးနှစ်မြောက်နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ထိုသို့ထည့်သွင်း အသိပေးခြင်းဖြစ်သည်။ 

ယင်းလုပ်ငန်းစဉ်သည် NCA စာချုပ် လက်မှတ်ထိုးပြီးသော တိုင်းရင်းသားခေါင်းဆောင်ကြီးများ စတင်အဆိုပြုခြင်းဖြစ်ပြီး ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

ယခုအခါ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် အစုအဖွဲ့အသီးသီးအကြား မူအားဖြင့် သဘောတူနိုင်ခဲ့သည်များလည်းရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးသည်။ 

ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးရပ်အနက် ပထမဆုံးဖြစ်သည့် အထက်ပါလုပ်ငန်းစဉ်ကို NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များရရှိရေး၊ ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ထပ်မံရရှိရေး၊ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအလွန်တွင် ဆက်လက်ဖော်ဆောင်မည့် အဆင့်အလိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ ဘုံသဘောတူညီချက်ရရှိရေး နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

ယင်းနောက် အဆိုပါကိစ္စ သဘောတူညီချက်ရရှိပါက လာမည့် ၂၁ ရာစုပင်လုံ စတုတ္တမြောက်ညီလာခံ၌ ပြည်ထောင်စုသဘောတူစာချုပ်များအဖြစ် ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ပါဝင်သည်။ 

အစိုးရ၏ ရှေ့ဆက်လျှောက်လှမ်းမည့် ဒုတိယမြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရေးဖြစ်ပြီး NCA စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ရေး ဆက်လက်ကြိုးပမ်းအားထုတ်ရန်ဖြစ်သည်။ 

ငြိမ်းချမ်းရေးအသီးအပွင့်များကို ပြည်သူလူထု ရရှိခံစားနိုင်ရေးကို တတိယမြောက်လုပ်ငန်းစဉ်အဖြစ် အစိုးရက သတ်မှတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

ထို့ကြောင့် နှစ်ပေါင်း ၇၀ ကျော်ကြာ ကြုံတွေ့နေရသည့် အခြေအနေများကို ပြောင်းလဲပစ်နိုင်ရန် စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်လျှင် မဖြစ်နိုင်စရာမရှိဟု ၎င်းက တိုက်တွန်းခဲ့သေးသည်။

“ကျွန်မတို့အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ဒေါ်ဆောင်ဆန်းစုကြည်က ပြောသည်။ 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် မိန့်ခွန်းပြောသူ နောက်တစ်ဦးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တပ်မတော်သည် NCA လုပ်ငန်းစဉ်များအတိုင်း ခိုင်ခိုင်မာမာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

သို့သော် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကို ခွဲခြားရှုမြင်ပါမှ လက်တွေ့အလုပ်ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ 

ထို့အတူ အစိုးရ၏ ၂၁ ရာစုပင်လုံနှင့် ဗိုလ်ချုပ်အောင်ဆန်းခေတ် ပင်လုံတို့၏ အနှစ်သာရ ကွာခြားမှုကို သတိပြုရန်လိုကြောင်းကိုလည်း တပ်ချုပ်က မိန့်ခွန်းတွင် ထည့်ပြောခဲ့သေးသည်။ 

ယခင်ပင်လုံသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရန် နိုင်ငံရေးကို ဦးတည်ဆွေးနွေးခဲ့ခြင်ဖြစ်ပြီး ယနေ့ခေတ် ၂၁ ရာစု ပင်လုံသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ရပ်တန့်နိုင်ရန် ငြိမ်းချမ်းရေးကို ဦးတည်နေခြင်းဖြစ်ကြောင်း ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။ 

သို့သော် ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး မည်သည့်အတွက် ခွဲခြားရှုမြင်သင့်ကြောင်းကိုမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းစွာ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ 

NCA ထိုးထားပြီးအဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာကမူ “ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်းကို ခွဲပြောတယ်ဆိုပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲဖြစ်ဖို့ကတော့ ငြိမ်းချမ်းရေးက အခြေခံပါ။ ဒီအခြေခံပေါ်မှာမှ နိုင်ငံရေးစနစ်ကို ပြောင်းလဲနိုင်မှာပါ”ဟု Myanmar Now ကို မှတ်ချက်ပြုသည်။ 

ထို့အတူ အစိုးရကြေညာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်အနက် ပထမလုပ်ငန်းစဉ်မှာ ၎င်းတို့နှင့် အခြေခံအားဖြင့် ဆွေးနွေးသဘောတူညီထားပြီး ဖြစ်ကြောင်း ခွန်ဥက္ကာက အတည်ပြုသည်။ 

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (၂)တွင် ယနေ့ပြုလုပ်သည့် NCA အခမ်းအနားသို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ၉ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်သည်။ 

ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ပအိုဝ့်အမျိုသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ် (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင်များမှာမူ ထိုင်းနိုင်ငံဘက်မှ နေပြည်တော်သို့ လာရောက်ရန် တပ်မတော်နှင့် လမ်းကြောင်းညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့၍ တက်ရောက်လာခြင်း မရှိပေ။ 

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ် ရောက်မလာခြင်းကြောင့် NCA စာချုပ်ဖြင့် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အခြေခံအကျဆုံးဖြစ်ပြီး တစ်နှစ်ကျော်ကြာ တရားဝင်ကျင်းပနိုင်ခြင်းမရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး ပူးတွဲအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ပြန်လည်စတင်မည့်ရက်ကို ထိပ်သီးခေါင်းဆောင်များအကြား အပြီးသတ်ညှိနှိုင်းရရှိခြင်း မရှိသေးပေ။ 

ယနေ့ ညီလာခံတွင် မိန့်ခွန်းပြောခွင့်ရသည့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ဖက်မှ တစ်ဦးတည်းသောပုဂ္ဂိုလ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်းRCSS အဖွဲ့ မလာရောက်နိုင်၍ လွန်စွာဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ 

ထို့ပြင် လက်ရှိအခြေအနေမှာ ယုံကြည်မှု အားနည်းနေပြီး အာဃာတတရားများ အားကောင်းနေကြောင်း၊ ပြန်လည်ဆန်းစစ်ရန်လိုကြောင်း ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းထောက်ပြသည်။ 

“ကျွန်တော်တို့တွေဟာ ဘာကို မယုံမကြည်ဖြစ်နေကြရတာလဲ” ဟု လည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မေးခွန်းထုတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading