“ကြိုတင်မဲနဲ့ အနိုင်ယူဖို့ လုပ်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ပြောဖို့ခက်ပါလိမ့်မယ်”

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းနှင့် တွေ့ဆုံခြင်း

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမကွဲစေရေးအတွက် ကချင်နိုင်ငံရေးပါတီ ၃ ခုပူးပေါင်းကာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State’s People Party )ကို တည်ထောင်လိုက်ပြီဖြစ်သည်။

ဦးကွမ်ဂေါင်အောင်ခမ်းမှာ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်ပြီး ယင်း ကချင်  ၃ ပါတီ မပေါင်းစီးနိုင်ခင်က သူသည် ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။

၎င်းမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်ရှိ လစ်လပ်နေသည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲအရေအတွက် ၁၉,၀၀၀ ကျော်နှင့် ဒုတိယမဲအများဆုံးရရှိကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ် ဦးဆီဟူးဒွေ့ကို ရှုံးနိမ့်ခဲ့သည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါန် ကို မဲအရေအတွက်အသာနှင့် အနိုင်ရခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ရှုံးနိမ့်ခဲ့ခြင်းမှာ တပ်ကြိုတင်မဲကြောင့်ဟုဆိုကာ ဦးအောင်ခမ်း အပါအဝင်  ကိုယ်စားလှယ်လောင်းများက စွပ်စွဲခဲ့ကြပြီး မဲရလဒ်ပုံစံ ၁၉ တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။

ယင်းပြဿနာများအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မည်သို့ကြိုတင် ပြင်ဆင်ထားသည်ကို သိရှိနိုင်ရန် Myanmar Now က ဦးကွမ်ဂေါင်အောင်ခမ်းနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

MYANMAR NOW ။         ။၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေအတွက် အဓိကစိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။

ဦးအောင်ခမ်း။    ။၂၀၂၀မှာ တိုင်းရင်းသားပါတီ နေရာအသီးသီးရဲ့ စိန်ခေါ်မှုဟာ အများကြီးဖြစ်ပါလိမ့်မယ်။ ပထမအချက်ကတော့ ငွေရေးကြေးရေး မပြည်စုံတဲ့ဟာတွေ ဖြစ်မယ်။ ဒုတိယအချက်ကတော့ ပြည်နယ်မှာပါတီတွေ များသလောက်တော့ များပါသေးတယ်။ မဲတွေလည်း ပျံ့မယ်။ အဲဒီဟာလည်းရှိပါတယ်။ နောက်တစ်ချက်ကတော့ Migration (ရွှေ့ပြောင်းနေထိုင်သူ) ပြည်မဘက်ကဝင်တဲ့လူ အများကြီး ဒီဒေသခံမဟုတ်တဲ့သူတွေ အများကြီးရှိတယ်။  အဲဒီဟာတွေရဲ့ စိန်ခေါ်မှုတွေက အများကြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လည်း လွန်ခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ ပြည်နယ်ပါတီတွေက ပြည်မက ပါတီတွေကို မနိုင်တာဖြစ်ပါတယ်။ အခုလည်း ခုနတုန်းကပြောတဲ့အတိုင်း စိန်ခေါ်မှုတွေက ကြိုတင်မဲ၊ ငွေရေးကြေးရေးဆိုင်ရာ၊ Migration အခြားကိစ္စတွေ အများကြီးရှိပါတယ်။ ဒါကို ကျော်လွှားပြီးမှ လုပ်ဆောင်ရပါမယ်။

MYANMAR NOW ။         ။၂၀၂၀ ရွေးကောက်ပွဲအတွက် KSPP( ကချင်ပြည်နယ် ပြည်သူ့ပါတီ) က ဘာတွေပြင်ဆင်ထားပြီလဲ။

ဦးအောင်ခမ်း။    ။အခု ၂၀၂၀ အတွက် ပြင်ဆင်မူတွေ စတင် လုပ်ဆောင်နေပါတယ်။ ဒါကတော့ မကြာသေးခင်ကမှ ပြန့်ကျဲနေတဲ့ပါတီတွေကို စုစည်းပြီးတော့ တစ်ပါတီတည်း ဖြစ်လာပါပြီ။ ဒါကတော့ KSPP လို့ ခေါ်ပါတယ်။ ပါတီရုံးတွေ၊ မြို့နယ်ကော်မတီတွေ စတင်ဖွဲ့စည်းနေပါပြီ။ သိပ်မကြာခင်မှာ ရုံးတွေနဲ့ ကော်မတီတွေတော့ ပြီးသလောက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ပါတီအနေနဲ့ အခြေအနေ ကောင်းမွန်လာမယ်လို့တော့ မျှော်လင့်ပါတယ်။

ဗမာပြည်ထဲမှာ ကြိုတင်မဲကတော့ စစ်တပ်မှာ အသုံးပြုမှုက အများဆုံးဖြစ်ပါတယ်။ စစ်တပ်မှာကတော့ သူတို့နာမည်စာရင်းနဲ့ အကုန်လုံးလွှဲပြီးမှ အကုန်လုံးအမှန်ခြစ်ပြီးမှ ပို့လာတဲ့အပိုင်းမျိုးဖြစ်ပါတယ်။

MYANMAR NOW ။         ။ ကချင်ပြည်နယ်က နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ  အဓိက စိန်ခေါ်မှုက ဘာတွေဖြစ်လာမယ် ထင်သလဲ။

ဦးအောင်ခမ်း။    ။ကျွန်တော်တို့ဆီမှာ ဖြစ်ပေါ်နေတာက ၂၀၂၀ မှာပဲဖြစ်ဖြစ်၊ ၂၀၁၅ မှာပဲဖြစ်ဖြစ်၊ ၂၀၁၈ ကြားဖြတ်မှာပဲဖြစ်ဖြစ် တကယ့်မြေပြင်ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ကြိုတင်မဲကိစ္စ ဖြစ်ပါတယ်။ ဗမာပြည်ထဲမှာ ကြိုတင်မဲကတော့ စစ်တပ်မှာ အသုံးပြုမှုက အများဆုံးဖြစ်ပါတယ်။ စစ်တပ်မှာကတော့ သူတို့နာမည်စာရင်းနဲ့ အကုန်လုံးလွှဲပြီးမှ အကုန်လုံးအမှန်ခြစ်ပြီးမှ ပို့လာတဲ့အပိုင်းမျိုးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်ကိုယ်တိုင် အမျိုးသားလွှတ်တော်မှာ ပြိုင်ခဲ့ပါတယ်။ NLDကို နိုင်ပါတယ်။ ဒါပေမဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုတင်မဲကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို စစ်တပ်ဘက်ကနေ အကုန်လုံးထည့်တဲ့ အပိုင်းမှာဖြစ်တယ်။ ဒါကြောင့် နောင်အနာဂတ် ၂၀၂၀ မှာ ဒီလိုမျိုး ကြိုတင်မဲနဲ့ ဖြစ်လာမယ့်ဟာကို စိုးရိမ်ပါတယ်။ ဒါကို ကော်မရှင်ကနေ ဖြေရှင်းပေးဖို့တော့ လိုပါတယ်။ နောက်တစ်ချက်ကတော့ ဒီလိုမျိုးသာလုပ်မယ်၊ ကြိုတင်မဲနဲ့ အနိုင်ယူဖို့ လုပ်မယ်ဆိုရင်တော့ အနာဂတ် ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောဖို့ခက်ပါလိမ့်မယ်။

MYANMAR NOW ။         ။ KSPP က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်လောက်များများ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ရှိလဲ။

ဦးအောင်ခမ်း      ။ကျွန်တော်တို့ပါတီ အနေနဲ့တော့ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်အဆင့်တွေကို အကုန်လုံး ရွေးကောက်ပွဲဝင်ဖို့တော့ ပြင်ဆင်ထားပါတယ်။ စိတ်လည်း အကုန်လုံးဆုံးဖြတ်ထားတဲ့ အပိုင်းတော့ရှိတယ်။ ဒါပေမဲ့ ဒီမြေပြင်အခြေအနေကို တိတိကျကျလေ့လာပြီးမှ ဆုံးဖြတ်ပါလိမ့်မယ်။ အဓိကကတော့ ဒီ ၁၈ မြို့နယ်လုံးတော့  ရွေးကောက်ပွဲဝင်ဖို့တော့ ရှိပါတယ်။ အဲဒီရွေးကောက်ပွဲဝင်တဲ့နေရာမှာ ကော်မရှင်ကို မေတ္တာရပ်ခံချင်တာ၊ ကော်မရှင်ကို ပြောချင်တာကတော့ ကော်မရှင်က ဘက်မလိုက်ဘဲနဲ့ ကြားနေလူတွေကို ခန့်ဖို့လိုပါတယ်ဆိုတာကို ပြောချင်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးလက်ထက်မှာတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးလူတွေပဲ။ အခု NLD လက်ထက်ရောက်တော့လည်း NLD လူတွေပဲ ထည့်တဲ့အပိုင်းတွေဖြစ်တယ်။  ကျွန်တော် ဒါမျိုးမဖြစ်စေချင်ပါဘူး။ ကြားကနေ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဦးစီးပြီးမှ လုပ်ဆောင်တဲ့အပိုင်းမျိုး ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လည်း နောင်အနာဂတ်မှာ သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ လုပ်သွားတဲ့အချိန်မှာ အဓိကကတော့ ပွင့်လင်းမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ (ကချင်ပြည်နယ်) နေရာအကုန်လုံးမှာ ရွေးကောက်ပွဲဝင်ချင်ပါတယ်။ ရွေးကောက်ပွဲကို (ကချင်ပြည်နယ် မဲဆန္ဒနယ် အားလုံး) ကျင်းပစေချင်ပါတယ်။

MYANMAR NOW ။         ။ကြိုတင်မဲနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကော်မရှင်ကို ဘာများ တောင်းဆိုချင်ပါသလဲ။

ဦးအောင်ခမ်း      ။ကြိုတင်မဲကို ပွင့်ပွင့်လင်းလင်းနဲ့ တစ်ဦးချင်း သူ့ရဲ့စိတ်ဆန္ဒအတိုင်းပဲ ထည့်စေချင်ပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲကော်မရှင်ကနေ လုပ်ပေးနိုင်မယ်။ လုပ်ဆောင်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading