Omni Focus ကုမ္ပဏီကို ဧရာဝတီဘဏ်က တရားစွဲမည့်ကိစ္စ (အပိုင်း ၁)

ဧရာဝတီဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း

 

Published on Sep 9, 2019
Published on Sep 9, 2019
ဧရာဝတီဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလ (ဓာတ်ပုံ - တင်ထက်ပိုင်)
ဧရာဝတီဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလ (ဓာတ်ပုံ - တင်ထက်ပိုင်)

ဧရာဝတီဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့(မထသ) ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့စည်းပြီး YBS စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ 

အစိုးရသစ်လက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ယင်းYBS စနစ်တွင် ဝန်ဆောင်မှုပေးရန် ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ သုံးခုက တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအသစ်များကို ဧရာဝတီဘဏ်၏ချေးငွေဖြင့် ဝယ်ယူခဲ့သည်။

ယာဉ်အသစ် အစီးရေ ၅၀၀ ဝယ်ယူနိုင်ရန် ဧရာဝတီဘဏ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း စုစုပေါင်း ကျပ် ၅၆ ဘီလျံကျော် ထုတ်ချေးခဲ့သည်ဟု အဆိုပါဘဏ်က ၂၀၁၈ ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။ 

သို့သော်လည်း ဘဏ်နှင့် သဘောတူထားသည့်အတိုင်း သတ်မှတ်နှုန်းထားများကို ပြန်မဆပ်သည့်အတွက် ဧရာဝတီဘဏ်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ဩဂုတ်လ ၁၆ ရက်နေ့က တရားစွဲဆိုလိုက်ပြီဖြစ်သည်။

တရားစွဲဆိုခံရသည့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးကျော်နေဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် Omni Focus General Services Public Co., Ltd ၊ Central Yangon Network နှင့် Keen Support Co.,ltd တို့အပြင် YBS ဘတ်စ်ကားများအဖြစ် ဝန်ဆောင်မှုပေးရန် Foton အမှတ်တံဆိပ် ယာဉ်များကို တရုတ်နိုင်ငံမှ တင်သွင်းရောင်းချပေးခဲ့သည့် ခိုင်မြဲခိုင်ကုမ္ပဏီလည်း ပါဝင်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။ 

YBS စနစ်အောက်တွင် ပြေးဆွဲနေသည့် ပုဂ္ဂလိကယာဉ်လိုင်း အများစုသည် ဧရာဝတီဘဏ်ကို အတိုးနှင့်အရင်းများ ပုံမှန်ပေးသွင်းသော်လည်း အထက်ပါကုမ္ပဏီ သုံးခုမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စပြီး ဘဏ်နှင့် သဘောတူထားသည့်အတိုင်း ငွေများပေးသွင်းရန် ပျက်ကွက်သည့်အတွက် ထိုကုမ္ပဏီများကို တရားစွဲဆိုခြင်းဖြစ်ကြောင်း ယင်းဘဏ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးနေလက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိနိုင်စေရန် တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် Myanmar Now သတင်းဌာနတို့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Myanmar Now ။ ။ ကုမ္ပဏီတွေကို တရားစွဲဆိုရတဲ့ အကြောင်းအရင်းကို သိချင်ပါတယ်။

ဦးနေလ ။ ။ အဓိက တရားစွဲတာကတော့ ဘဏ်ချေးငွေရလိုမှုပါ။ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အကြောင်းကြားစာ (Legal Notice) ပေးပြီးမှ တရားစွဲဆိုခြင်း ဖြစ်ပါတယ်။ တရားစွဲဆိုမှု အသေးစိတ်ကို ခုချိန်မှာ မပြောနိုင်သေးပါဘူး။

Myanmar Now ။ ။ ကုမ္ပဏီတွေကို ဘယ်လို ချေးငွေအမျိုးအစား ပေးခဲ့တာပါလဲ။

ဦးနေလ ။ ။ Foton အမှတ်တံဆိပ် ဘတ်စ်ကားအသစ် ၅၀၀ ဝယ်ယူနိုင်ဖို့  အငှားဝယ်စနစ် (Hire Purchase System) နဲ့ ဘဏ်က ထုတ်ချေးဖို့ စီစဉ်ခဲ့တာပါ။ ယာဉ်တွေ ရောင်းချတဲ့ကုမ္ပဏီထံ ပေးသွင်းငွေကို ဘဏ်ချေးငွေအဖြစ် ပေးခဲ့တာပါ။ ဒါပေမဲ့ အစီးရေ ၅၀၀ မှာ ၁၀၀ အတွက်ပဲ ယာဉ်လိုင်စင်မှတ်ပုံတင် လာအပ်ခဲ့တဲ့အတွက် ၁၀၀ ပဲ အငှားဝယ်စနစ်မှာ အကျုံးဝင်ခဲ့ပါတယ်။

Myanmar Now ။ ။ ခုလိုတရားစွဲဆိုတာဟာ ကားအစီးရေ ဘယ်လောက်အတွက် စွဲဆိုတာလဲ။

ဦးနေလ ။ ။ အစီး ၅၀ဝ ပါ။ အစီး ၁၀ဝ အတွက်က အငှားဝယ်စနစ်နဲ့ ဖြစ်ပြီး ကျန် အစီး ၄၀၀ အတွက်က ရိုးရိုးဘဏ်ချေးငွေ ဖြစ်ပါတယ်။

Myanmar Now ။ ။ ဒီလိုတရားစွဲလိုက်တော့ အငှားဝယ်စနစ်နဲ့ ဧရာဝတီဘဏ်က ပိုင်ဆိုင်ထားတဲ့ YBS ကား အစီးရေ ၁၀၀ က ပြေးဆွဲမှု ရပ်တန့်သွားမှာလား။

ဦးနေလ ။ ။ လုံးဝ မရပ်တန့်စေရပါဘူး။ အာမခံပါတယ်။ အငှားဝယ်စနစ်နဲ့ ဧရာဝတီဘဏ်က ပိုင်တဲ့ ကားအစီး (၁၀ဝ) အတွက်လည်း ကားပြန်အပ်ဖို့ မတောင်းဆိုခဲ့ပါဘူး။

Myanmar Now ။ ။ အခုတရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ရော ဆက်စပ်မှုရှိလား။

ဦးနေလ ။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ထည့်သွင်းတရားစွဲဆိုခြင်း မရှိပါဘူး။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွက် ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဧရာဝတီဘဏ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ YRTA က ခန့်မှန်းလိုအပ်ငွေ  ကျပ် သန်းတစ်သောင်း ရှိမယ်။ သက်တမ်း ၃ လနဲ့ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားတာပါ။ တရားစွဲဆိုတဲ့အခါမှာတော့ တိုင်းအစိုးရအဖွဲ့ကို ထည့်သွင်းစွဲဆိုခြင်း မရှိပါဘူး။

Myanmar Now ။ ။ ဘာကြောင့်လဲ။

ဦးနေလ ။ ။ ဒါကတော့ ရှင်းပါတယ်။ ဘယ်သူက ပြောပြော၊ ဘယ်သူတွေက စာပို့ပို့၊ ဘဏ်ရဲ့တာဝန်က ဘဏ်ဒါရိုက်တာအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ ငွေထုတ်ချေးတာပါပဲ။ အစိုးရအဖွဲ့အကြောင်းကြားစာမှာ သက်တမ်း ၃ လနဲ့ ငွေကျပ် သန်းတစ်သောင်း ဆိုပေမယ့် အဲဒီတုန်းက ညှိနှိုင်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လက်တွေ့ကတော့ ဘဏ်က YBS မှာ ပြေးဆွဲမယ့် ကုမ္ပဏီကို ငွေထုတ်ချေးတာပါ။ အစိုးရအဖွဲ့ကိုရော၊  YRTA ကိုရော ငွေထုတ်ချေးတာ မဟုတ်ပါဘူး။

သူတို့က ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားစာ ပေးပို့တယ်။ ခေါ်ယူဆွေးနွေးတာတွေပဲ ရှိပါတယ်။ သူတို့ပြောတဲ့ ပမာဏအတိုင်းလည်း ထုတ်မချေးဘူး။ ဧရာဝတီဘဏ်မှာလည်း လိုက်နာရတဲ့ ဥပဒေတွေ၊ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်တွေ၊ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ သတ်မှတ်တဲ့စည်းကမ်းချက်တွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ အနီးကပ်ကွပ်ကဲမှု ၊ ကြီးကြပ်မှု၊ ညွှန်ကြားမှုနဲ့ ဆောင်ရွက်ရတာပါ။

Myanmar Now ။ ။ ဗဟိုဘဏ်ကရော ဒီချေးငွေကိစ္စမှာ ညွှန်ကြားချက် ပေးထားတာ ရှိပါသလား။

ဦးနေလ ။ ။ ဧရာဝတီဘဏ်အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်အားလုံးဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ကြရပါတယ်။ အနီးကပ် ကွပ်ကဲမှုကိုလည်း ဗဟိုဘဏ်က လုပ်ပါတယ်။ အခုကိစ္စမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဗဟိုဘဏ်ကို YBS ချေးငွေကိစ္စ အကြောင်းကြားစာ ပို့ပါတယ်။ ရန်ကုန်မှာ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းဖို့၊ Public Transportation ကောင်းမွန်ဖို့ အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ယာဉ်ဟောင်းအစားထိုးပြီး၊ ယာဉ်အသစ် လဲလှယ်ပြေးဆွဲဖို့။ အဲဒီမှာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ဘဏ်များရဲ့ချေးငွေဝါဒ (Credit Policy) နဲ့ (၅) နှစ်မှ (၇) နှစ် ကာလအထိ ချေးယူဖို့ ဧရာဝတီဘဏ်က စုပေါင်းချေးငွေကို စီမံခန့်ခွဲသူ (Lead Arranger) အဖြစ် ဆောင်ရွက်သွားမယ်လို့ စာပို့ပါတယ်။ ခုနပြောသလို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဧရာဝတီဘဏ်ကိုလည်း စာပို့ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ (ကျပ်)သန်းတစ်သောင်းကိစ္စကို (၃) လသက်တမ်းနဲ့။ နောက် ဗဟိုဘဏ်ကလည်း ဧရာဝတီဘဏ်ကို သေချာစီစဉ်ဆောင်ရွက်ဖို့ အကြောင်းပြန်ပါတယ်။

Myanmar Now ။ ။ Omni Focus ကုမ္ပဏီရဲ့ ဥက္ကဌ ဦးကျော်နေဝင်းက တရားရုံးမှာ တရားဝင် တင်ပြပြီဆိုရင် "အသံဖိုင်” ရှိတယ်လို့ ပြောထားတာ ရှိတယ်။ “အသံဖိုင်” က ဘာကို ရည်ညွှန်းတာလဲ။

ဦးနေလ ။ ။ ကျွန်တော်လည်း တွေ့တယ်။ "အသံဖိုင်” ဆိုတာ နားမလည်ဘူး။ ဧရာဝတီဘဏ်က ချေးငွေရယူလိုသူတွေနဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတာမျိုး ရှိခဲ့တယ်။ ဒါပေမဲ့ ဆွေးနွေးချက်ကို နှစ်ဦးသဘောတူ အသံဖမ်းထားမယ်လို့ သဘောတူညီချက် မရှိဘူး။ အသံဖမ်းပြီး မှတ်တမ်းထားရှိမယ် ဆိုတာလည်း မရှိဘူး။ အခုတရားစွဲဆိုတာက ဘဏ်ချေးငွေ ပြန်တောင်းတာပါ။

ဘဏ်ကငွေချေးရင် ချေးငွေရယူလိုသူက ဘဏ်ကို "ဘဏ်ချေးငွေအပြုလွှာ” တင်ရတယ်။ ဘဏ်ချေးငွေကော်မတီနဲ့ ဘဏ်က ဒါရိုက်တာအဖွဲ့က အစည်းအဝေးထိုင်ပြီး အဆုံးအဖြတ် ပေးတယ်။ ချေးခွင့်ပြုရင် ချေးငွေယူသူနဲ့ ဘဏ်နဲ့ကြား ချေးငွေစည်းကမ်းချက်များပါတဲ့ စာချုပ် ချုပ်ရတယ်။

ဒါ့ပြင် အငှားဝယ်စနစ်နဲ့ ဆိုရင်လည်း အရစ်ကျ ကားဝယ်ယူခွင့်လျှောက်လွှာ တင်ရတယ်။ နောက် ရောင်းဝယ်ပေးတဲ့ Dealer ဆီက ဝယ်ယူထားတဲ့ ကားတွေကို ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့စာချုပ် ချုပ်တယ်။ နောက်အဓိကကျတဲ့ အငှားဝယ်ယူစနစ်နဲ့ ဝယ်ယူပေးခြင်း၊ ပြန်လည်ငှားရမ်းခြင်းကို ဧရာဝတီဘဏ်နဲ့ ချုပ်ရတယ်။ အဲဒီမှာ ပြန်လည်ပေးဆပ်ရမယ့် အချိန်ဇယား လအလိုက် အတိအကျ ပါတယ်။ ဘယ်လမှာ ဘယ်လောက်ပေးဆပ်ရမယ်၊ ဘယ်နှစ်အထိ လစဉ်မှန်ကန်စွာ ပေးသွင်းမယ်ဆိုတာ ပူးတွဲပါတယ်။ ဒါအပြင် ကြားလူ (Third Party) က အရစ်ကျ မှန်ကန်စွာပေးပါမယ်ဆိုတာ အာမခံတာလည်းပါတယ်။

ဘဏ်မှာတင်သွင်းရတဲ့ စာရွက်စာတမ်း၊ ချုပ်ဆိုရတဲ့ စာရွက်စာတမ်း ဒါတွေဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရတာပါ။ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ထဲမှာ အသံဖိုင်နဲ့ ဆွေးနွေးညှိနှိုင်း မှတ်တမ်းထားရမယ် ဆိုတာမျိုး မပါဘူး။ တရားဝင် အသံဖမ်းထားတာမျိုးလည်း မရှိဘူး။

Myanmar Now ။ ။ ခုလို တရားမစွဲမီ ညှိနှိုင်းမှု ပြုလုပ်ခဲ့တာတွေ ရှိပါသလား။

ဦးနေလ ။ ။ ရှိတယ်။ အတိုးနဲ့ ချေးငွေ ပျက်ကွက်မှုအတွက် ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်ပြီး၊ ဧရာဝတီဘဏ်နဲ့ ကုမ္ပဏီ (၃) ခု ကိုယ်စားလှယ်တို့နဲ့ပါ။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတွေလည်းပါတယ်။ ဒီနှစ် ဧပြီလကတည်းကပါ။ ဆွေးနွေးပြီး (၃) လ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ မထူးတဲ့အတွက် တရားစွဲတဲ့အထိ ဖြစ်လာခဲ့တာပါ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading