တစ်ထိုင်တည်း စကားသုံးခွန်းဖြင့်ကွာရှင်းခြင်းနှင့် မွတ်စလင် အမျိုးသမီးတို့၏ နစ်နာချက်

မွတ်စလင်ခင်ပွန်းသည်က ဇနီးဖြစ်သူကို တစ်ထိုင်တည်း စကားသုံးခွန်းပြောရုံနှင့် အလိုအလျောက် ကွာရှင်းပြီးဖြစ်သည်ဟူသော ဓလေ့ကို တားမြစ်သင့်ပြီဟု မွတ်စလင် ဥပဒေပညာရှင်တချို့နှင့် ခေတ်လူငယ်တချို့က ပြောလာကြသည်။

တစ်ထိုင်တည်း စကားသုံးခွန်းဖြင့်ကွာရှင်းခံခဲ့ရပုံအကြောင်း သတင်းထောက်များကို ရှင်းပြနေသော မအေးမြတ်သူ (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

(ရန်ကုန်) — မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နှစ်ဖက် မွတ်စလင်မိဘများ၏ စီစဉ်မှုဖြင့် သူ့ထက် ဆယ်နှစ်ကျော် အသက်ကြီးသော အမျိုးသားနှင့် အကြောင်းပါခဲ့သူဖြစ်သည်။ ထိုအမျိုးသားကို တစ်ကြိမ်တစ်ခါသာ မြင်ဖူးပြီးမှ လက်ထပ်ခဲ့ရခြင်း ဖြစ်ရာ ဒေါသကြီးသူ၊ အရိုက်အနှက်ကြမ်းသူဖြစ်မှန်း အိမ်ထောင်ကျပြီး လအနည်းငယ်ကြာမှ မဖြူမွန် (အမည်ရင်းမဟုတ်) သိခဲ့ရသည်။ ကိုယ်ဝန်ရှိချိန်မှာပင် မေးရိုးအပြင်းအထန် ထိခိုက်သည်အထိ ကန်ကျောက်ခံခဲ့ရသည်ဟု မဖြူမွန်က ပြောသည်။

“ရိုက်တာကတော့ မရေတွက်နိုင်အောင်ပဲ။ နောက်ဆုံးအခေါက် မေးရိုးကျိုးတုန်းက တစ်လလောက် ထမင်းမစားနိုင်ဘူး၊ ဆန်ပြုတ်ပဲ သောက်ရတယ်” ဟု မဖြူမွန်က ဆိုသည်။

ရိုက်နှက်ခံရမှုနှင့် အဆုံးသတ်သွားသည့် သူတို့နှစ်ဦးကြားအငြင်းပွားမှုများသည် ကွာရှင်းပြတ်စဲမှုကဲ့သို့သော အဆိုးဆုံးအခြေအနေ မဟုတ်ဘဲ “လင်နှင့်မယား၊ လျှာနှင့်သွား” ဟူသော စကားကဲ့သို့ အဆင်မပြေမှုများသာ ဖြစ်သည်ဟု ယူဆပြီး သည်းခံခဲ့သည်။

မွတ်စလင်အိမ်ထောင်ဖက်များကြား ကွာရှင်းပြတ်စဲနည်းတချို့ထဲတွင် ခင်ပွန်းသည်က “တွလားက်” ဟု သုံးကြိမ် ပြောဆိုလိုက်ရုံနှင့် လင်မယားအဖြစ်မှ အလိုအလျောက်ပြတ်စဲပြီးဖြစ်သွားသည့် နည်းလမ်းလည်း ပါဝင်သည်။ ထိုစကားလုံးမှာ “ခင်ပွန်းသည်၏ ဆန္ဒအရ ကွာရှင်းခြင်း” ဟု အဓိပ္ပာယ်ရသည်။

ဒေါသကြီး၊ အကြမ်းဖက်တတ်သည့်ခင်ပွန်းသည်နှင့် မဖြူမွန်တို့တွင် ကလေးတစ်ဦး ထွန်းကားခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ မကြာခဏ ကတောက်ကဆဖြစ်သည့် ကာလတွင် နေအိမ်သစ်သို့ ပြောင်းရွှေ့ကြစဉ် လမ်းတစ်လျှောက် တစ်ဦးနှင့်တစ်ဦး စကားများကြသဖြင့် အခြေအနေက စနက်တံဖြုတ်ထားသည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။

ခင်ပွန်းသည်၏ မိတ်ဆွေ အမျိုးသားတစ်ဦးက အိမ်အပြောင်းအရွှေ့တွင် လိုက်ပါကူညီရာ မဖြူမွန်က သူ့ကို ဧည့်ခန်းအတွင်း နာရီချိတ်ရေးအတွက် အကူအညီတောင်းခဲ့သည်။ 'ဒီအိမ်မှာ အစ်ကိုမှ သံရိုက်မပေးရင် ရိုက်မယ့်သူ မရှိဘူး။ ရိုက်တတ်တဲ့သူလည်း မရှိဘူး' ဟု မဖြူမွန်က သူ့ကို ပြောလိုက်ရာ မနီးမဝေးတွင် ရှိသည့် ခင်ပွန်းသည်က သူ့ကို ပါးတစ်ချက်ရိုက်ပြီး မျှော်လင့်မထားသည့် စကားလုံးကို သုံးကြိမ် ဆက်တိုက် ပြောလိုက်လေသည်။

“နင့်ကိုငါ သုံးတွလားက်ပေးတယ် ဆိုပြီး ပြောလိုက်တော့ ကြောင်သွားတာ။ ငိုရမလား ရယ်ရမလား မသိတော့ဘူး ဖြစ်သွားတယ်” ဟု မဖြူမွန်က ရှင်းပြသည်။

ဤသို့ဖြင့် မဖြူမွန်သည် မြန်မာနိုင်ငံတွင် အရေအတွက် ခန့်မှန်း၍ မရနိုင်သေးသည့်၊ တစ်ဘက်သတ် ကွာရှင်းခံရသူ မွတ်စလင် အမျိုးသမီးများထဲတွင် တစ်ဦး အပါအဝင် ဖြစ်လာသည်။

ဇနီးဖြစ်သူကို ထိုသို့ တစ်ဖက်သတ် အလွယ်တကူ ပြတ်စဲခြင်းမှာ အစ္စလာမ်တရားတော်နှင့် မညီကြောင်း ဝေဖန် ကန့်ကွက်သံတချို့ မြန်မာနိုင်ငံတွင်း မွတ်စလင်များကြားတွင် ထွက်ပေါ်နေသည်။ အမျိုးသမီးတို့ နစ်နာစေသော ထိုဓလေ့ကို တခြားသော နိုင်ငံအများအပြားနည်းတူ ဥပဒေဖြင့် တားမြစ်သင့်ကြောင်း ပြောသူတို့လည်း ရှိလာသည်။

လူသိရှင်ကြား ဖွင့်ချခြင်း

နိုင်ငံလူဦးရေ သန်းငါးဆယ်ကျော်တွင် အစ္စလာမ်ဘာသာဝင် ၄ ဒသမ၃ ရာခိုင်နှုန်း ပါဝင်ကြောင်း အစိုးရက ၂ဝ၁၆ ခုနှစ်တွင် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်သည်တို့ ကွာရှင်းပြတ်စဲခြင်း၊ အမွေဆက်ခံခြင်းတို့နှင့် ပတ်သက်ပြီး မိမိ ကိုးကွယ်သည့် ဘာသာတရားဆိုင်ရာ ထုံးတမ်းစဉ်လာအရ ဆုံးဖြတ်နိုင်ရန်လည်း ခွင့်ပြုထားရာ အစ္စလာမ်ဘာသာဝင်တို့သည် အိမ်ထောင်ရေးပြဿနာကို အစ္စလာမ်နည်းလမ်းအရ ဖြေရှင်းနိုင်ကြသည်။

အမျိုးသားက သူ့ဇနီးကို စကားသုံးခွန်းပြောရုံဖြင့် အလိုအလျောက် ကွာရှင်းပြီးဖြစ်သည်ဟူသော ဓလေ့ကို မွတ်စလင်မဟုတ်သူ အများအပြား မသိကြပေ။

ယင်းသို့ ကွာရှင်းမှုသည် စစ်မှန်သည့် အစ္စလာမ့် တရားတော်နှင့် ကွဲလွဲနေရုံသာမက အမျိုးသမီးတို့၏ အခွင့်အရေး ရပိုင်ခွင့်ကို ချိုးဖောက်စော်ကားသည်ဟု ဆိုကာ အစ္စလာမ်ဘာသာဝင်များ ရှိသည့် နိုင်ငံပေါင်း ၂ဝ ကျော်က ထိုဓလေ့ကို တားမြစ်ထားသည်။ ထိုအထဲတွင် ရှေးရိုးစွဲ ဆော်ဒီအာရေဗျပင် ပါဝင်သည်။

အိုင်တီပစ္စည်း အသုံးများသော ယနေ့ခေတ်တွင် “တွလားက်” ကို မျက်နှာချင်းဆိုင် မပြောဘဲ တယ်လီဖုန်း၊ အီးမေးတို့ဖြင့် ရေးသား ပေးပို့ခြင်း၊ ဖုန်းဆက်ပြောခြင်းဖြင့် ကွာရှင်းမှုပင် ရှိနေကြောင်း နိုင်ငံတကာ သတင်းတချို့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ထိုစနစ်ကျင့်သုံးသည့် မွတ်စလင် အမျိုးသား ထောင်သုံးနှစ် ချမှတ်ခံရနိုင်သည်အထိ အရေးယူနိုင်သော ဥပဒေကို မကြာသေးခင်က ပြဋ္ဌာန်းလိုက်သည်။

ထိုသို့ ဟန့်တားထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံတွင် ထိုစနစ်ကျင့်သုံးနေမှန်း လူသိရှင်ကြား စတင် ပြောဆိုသည့် မွတ်စလင်အမျိုးသမီးတစ်ယောက် ပေါ်ပေါက်လာသည်။

ထိုအမျိုးသမီးသည် ၂၄ နှစ်အရွယ် မအေးမြတ်သူ ဖြစ်ပြီး စက်တင်ဘာလက ထိုဓလေ့အကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားများနှင့် တွေ့ဆုံပြီး ရှင်းပြ ကန့်ကွက်ခဲ့သူ ဖြစ်သည်။

“ရှက်တယ်ဆိုပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေက ငြိမ်ခံလာခဲ့တယ်။ ကျွန်မတို့ အမျိုးသမီးတွေကို အစ္စလာမ် အမျိုးသားတွေက အကြောင်းမရှိဘဲနဲ့ ဓမ္မသတ်အရ ဆိုပြီးတော့ တစ်ကြိမ်တည်း၊ တစ်နေရာတည်းမှာ တစ်ထိုင်တည်း မောင်းထုတ်ရုံနဲ့ ကျွန်မတို့အခွင့်အရေးတွေ ဆုံးရှုံးတော့မှာလား” ဟု မအေးမြတ်သူက မေးခွန်းထုတ်လိုက်သည်။

ကရင်ပြည်နယ် ဘားအံမြို့ဇာတိ မအေးမြတ်သူသည် နှစ်ဖက်မိဘ စီစဉ်မှုဖြင့် ၂ဝ၁၇ နှစ်ဆန်းပိုင်းတွင် အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်းနှင့်အတူ ရန်ကုန်တွင် နေထိုင်ခဲ့သည်။ ကလေး တစ်ဦးရပြီးချိန် ယခုနှစ်ဇူလိုင်တွင် ခင်ပွန်းသည်က တွလားက် သုံးကြိမ် ပေး၍ တစ်ထိုင်တည်း ကွာရှင်းကာ ယခင်က တင်တောင်းခဲ့သည့် ရွှေ တစ်ဆယ်သားကိုလည်း ပြန်ယူသွားခဲ့သည်။

ကလေးပြုစုပျိုးထောင်ခြင်း၊ အိမ်လုပ်ငန်းကိစ္စအဝဝတို့ဖြင့် အချိန်ကုန်ရသော အမျိုးသမီးတို့သည် ခင်ပွန်းသည်တို့ တစ်ထိုင်တည်း ကွာရှင်းသည့် နည်းလမ်းကို အလွယ်တကူ အသုံးပြု စွန့်ခွာနေကြသည့် အခြေအနေတွင် အမျိုးသမီးတို့အတွက် အကာအကွယ်ဖြစ်စေမည့် ဥပဒေကို မအေးမြတ်သူက မျှော်လင့်နေသည်။

“အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ တွလားက်ပေးတာကို ကျွန်မ လက်ခံတယ်။ ဒါပေမယ့် တရားတော်နဲ့ မညီ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လက်လွတ်စပယ် မိုက်ရိုင်း၊ ဖျက်ဆီးတာမျိုးတော့ လက်မခံနိုင်ဘူး” ဟု မအေးမြတ်သူက သတင်းထောက်များကို ရှင်းပြသည်။

မအေးမြတ်သူက ခင်ပွန်းဟောင်း ဦးအောင်သက်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှု၊ ပုဒ်မ ၃၈၄ ခြောက်လှန့် တောင်းယူမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုတို့ဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့က အမှုဖွင့်ထားသည်။

သူ၏ သတင်းစာရှင်းလင်းပွဲအပြီး ရက်များမကြာမီမှာပင် ရန်ကုန်တွင် ထိုဓလေ့နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာသည်။

‘လင်မယား ကွာရှင်းခြင်းဆိုင်ရာ အစ္စလာမ့်ဥပဒေ စကားဝိုင်း’ တွင် အဓိက ဆွေးနွေးသူ ခြောက်ဦးရှိရာ လေးဦးက တစ်ကြိမ်တည်း၊ တစ်နေရာတည်း၊ တစ်ထိုင်တည်း တွလားက် သုံးကြိမ်ပြောပြီး ကွာရှင်းနိုင်သည် ဟူသော အယူအဆကို ကန့်ကွက်ကြသော်လည်း နှစ်ဦးကမူ လက်ခံကြောင်း တွေ့ရသည်။ ထိုနှစ်ဦးအနက် တစ်ဦးမှာ မြန်မာမူစလင်သာသနာ့ ပညာရှင်များအဖွဲ့ချုပ် (ဗဟို) မှ ဓမ္မသတ်မှူး မွဖ်သီ ဂျမားလ် ဟူစိန် ဖြစ်ပြီး ထိုအယူအဆကို မြန်မာနိုင်ငံရှိ ဗလီဆရာအများစုက ထောက်ခံထားသည်ဟု သူက ဆွေးနွေးပွဲတွင် ပြောသည်။

“တရားတော်နဲ့ လွှဲချော်နေတယ်။ သို့သော် လုပ်ရပ်ကတော့ အတည်ဖြစ်သွားကြောင်း ၉၅ ရာခိုင်နှုန်းသော အိုလမာပညာရှင်တွေက လက်ခံထားတယ်” ဟု သူက ဆိုသည်။

ကျမ်းစာ ဖော်ပြချက်

အိမ်ထောင်တို့ကြား အဆင်မပြေ၍ ကွာရှင်းလိုပါက တမန်တော်မြတ် လက်ခံသည့် နည်းလမ်း နှစ်ခုရှိသည်ဟု အလ်ဟာဂျ် မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ရေးသားသော “အစ္စလာမ်တရားတော်အရ ကွာရှင်းပြတ်စဲခြင်း” စာအုပ်တွင် ဖော်ပြထားသည်။

ကောင်းသော ကွာရှင်းနည်း (တွလားက်ည ဟစန်) ကို သုံးပြီး ပြတ်စဲလိုသည့် ခင်ပွန်းက သူ့ဇနီးကို သက်သေ နှစ်ဦးရှေ့တွင် “တွလားက်” ဟု တစ်ကြိမ် ပြောရမည်၊ ထိုအချိန်သည် ဇနီးဖြစ်သူ ရာသီပန်း သန့်စင်နေချိန် ဖြစ်ရမည်၊ ထို့နောက် ဇနီးသည် ရာသီသွေး တစ်လ ပြီးဆုံးသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ စောင့်ဆိုင်းကာလအတွင်း နှစ်ဖက် အဆင်ပြေပါက ပြန်လည် ပေါင်းသင်းခွင့် ရှိသည်။

ဆက်ပေါင်းရန် မဖြစ်နိုင်ပါက အထက်ပါ သတ်မှတ်ချက်များအတိုင်း ထပ်မံ ပြောကြားရမည်၊ စောင့်ဆိုင်း ကာလအတွင်း အဆင်ပြေပါက ပြန်ပေါင်းနိုင်သော်လည်း တတိယအကြိမ် ပြောဆိုပြီးလျှင် ကွာရှင်းမှု အဆုံးသတ်ပြီ ဖြစ်သည်။

နောက်တစ်နည်း ဖြစ်သော အကောင်းဆုံး ကွာရှင်းနည်း (တွလားက် အဟ်စန်) တွင် အထက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်သော်လည်း စောင့်ဆိုင်းကာလမှာ သုံးလ ကြာမည်ဖြစ်သည်။

မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာကောင်စီက ထုတ်ဝေသည့် အစ္စလာမ့်ဓမ္မသတ် အဆုံးအဖြတ် စာအုပ်၏ စာမျက်နှာ ၁၁ တွင်လည်း ဒေါသထွက်နေချိန်နှင့် မူးယစ်နေချိန်တွင် ကွာရှင်းခြင်းမှာ အထမမြောက်ဟု ဖော်ပြထားသည်။

ခင်ပွန်းသည် တချို့ ကွာရှင်းရာတွင် ကျမ်းစာအတိုင်း လိုက်နာခြင်း မရှိကြောင်း၊ ကွာရှင်းလိုသော အမျိုးသမီးကို ရိုက်နှက်နှိပ်စက်သည့် အမျိုးသားတချို့လည်း ရှိကြောင်း အစ္စလာမ်သာသနာ ကျမ်းပြုပညာရှင် မွဖ်သီ ပသီကျော်ဦးက Myanmar Now ကို ပြောသည်။

မွတ်စလင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အနည်းငယ်ထဲတွင် ဥပဒေပညာရှင် ဒေါ်သဇင်မြတ်မြတ်ဝင်းလည်း ပါဝင်သည်။ မိမိ၏ အခွင့်အရေးသည် မျှော်လင့်နေရုံဖြင့် မိမိထံ ရောက်လာမည် မဟုတ်သောကြောင့် အိမ်တွင်း ဖိနှိပ်ခံနေရသည်ဆိုပါက ဥပဒေ အကာအကွယ် ယူရမည်ဟု သူက ပြောသည်။

“တရားဥပဒေအရ တရားရုံးမှာ တောင်းဆိုလို့ ရတယ်၊ ဓမ္မသတ်တစ်ခုတည်းနဲ့တော့ ငြိမ်ပြီးတော့ မနေကြပါနဲ့” ဟု ဒေါ်သဇင်မြတ်မြတ်ဝင်းက တိုက်တွန်းလိုက်သည်။

အိန္ဒိယရုပ်ရှင်လောကအတွေ့အကြုံရှိသူ သရုပ်ဆောင် လိုင်လာခမ်းက မွတ်စလင်အမျိုးသမီးများ သာသနာ၏ အကာအကွယ်ကိုသာမက နိုင်ငံတော်က ပေးအပ်သည့် အကာအကွယ်ကိုပါ ယူသင့်ကြောင်း အကြံပြုသည်။

“ကိုယ့်အခွင့်အရေး ကိုယ်သိပါ။ လူက ကိုယ့်အခွင့်အရေးကို မသိရင်ခံရမှာပါပဲ… ဘာသာတရားက အခွင့်အရေး ပေးထားပေမယ့် နားလည်အောင်မလေ့လာလို့ခံရတာပါ။ လေ့လာထားမှ ဖိနှိပ်ခြင်းမခံရမှာပါ” ဟု မင်းသမီးက ရန်ကုန်မြို့ ဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။

အမျိုးသမီးက ပြတ်စဲလိုလျှင်

မွတ်စလင်အမျိုးသမီးက အိမ်ထောင်ဘက်ကို ကွာရှင်းနည်းမှာမူ အမျိုးသားတို့နှင့် မတူပေ။

မည်သို့မှပေါင်းသင်းနိုင်တော့သည့် အခြေအနေမျိုးဖြစ်လျှင် အမျိုးသမီးက ဓမ္မသတ်ခုံရုံးသို့ တင်ပြနိုင်သည်၊ ခုံရုံးက ခွင့်ပြုလျှင် ခင်ပွန်းသည်ကို နစ်နာကြေး ပေးကာ ကွာရှင်းနိုင်သည်။ ခုံရုံးဆိုသည်မှာ ဘာသာရေး ခေါင်းဆောင် တချို့၊ နှစ်ဘက် အသိုင်းအဝန်းလူကြီးတချို့နှင့်အတူ သင့်လျော်သည့်နေရာတစ်ခုတွင် ဆုံတွေ့ပြီး ပြဿနာ ကြီးထွားမလာစေရန် ဖြေရှင်းပေးခြင်းကို ဆိုလိုကြောင်း သိရသည်။

ကွာရှင်းခွင့် ရလိုသော အမျိုးသမီးသည် မြို့နယ်တရားရုံးတွင် လျှောက်ထားနိုင်သည်။

နှစ်ဦးသဘောတူကွာရှင်းခြင်းမှာလည်း နည်းလမ်းတစ်ခု ဖြစ်ပြီး ထိုနည်းလမ်းတွင် နစ်နာကြေးနှင့် ပတ်သက်ပြီး နှစ်ဦးသဘောတူ ဆုံးဖြတ်နိုင်သည်ဟု အစ္စလာမ်ဘာသာဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်က ရှင်းပြသည်။

မြန်မာပြည်ရှိ မွတ်စလင်တို့သည် ကျမ်းစာကို လွန်စွာ လေးစားကြသော်လည်း မူနှင့်လူ ကွဲပြားမှု အားနည်းကြသည်ဟု သူက သုံးသပ်သည်။

“ကိုယ့်ဆရာသမားပြောတာကို တရားတော်နဲ့ အညီ ပြောတယ်ပဲ ယူဆပြီး ကွဲလွဲကုန်ကြတာပဲ။ ကွာရှင်းမှုတွေနဲ့ ပတ်သက်ပြီး ကုရ်အာန် (ကျမ်းစာ) ထဲမှာ ပါတဲ့အတိုင်း ကိုင်စွဲမယ် ဆိုရင် ကွဲလွဲမှုတွေ မရှိသလောက်ကို နည်းသွားနိုင်တယ်” ဟု သူက ပြောသည်။

ကွာရှင်းလိုပါက ခင်ပွန်းသည် လုပ်ဆောင်ရမည့် လုပ်ငန်း အဆင့်ဆင့်ကို ကျမ်းစာတွင် ပြဋ္ဌာန်းထားရခြင်းမှာ စည်းလွတ်ဝါးလွတ် ကွာရှင်းခြင်း မဖြစ်ကြစေရန် ရည်ရွယ်ကြောင်း ရန်ကုန်မှ အသက် ၃ဝ ကျော် အရွယ် ကိုအောင်ဇော်မြင့်က ပြောသည်။

အမျိုးသမီးများအတွက်သာမက ဝမ်းဗိုက်အတွင်းမှ သန္ဓေသားအထိ အခွင့်အရေး အပြည့်အဝ ပေးထားသည်ကို ကျမ်းစာတွင် တွေ့ရမည်ဟု ရန်ကုန်မြို့ အစ္စလာမ်ဘာသာရေးစကားဝိုင်းသို့ တက်ရောက်လာသည့် ကွန်ပျူတာကျွမ်းကျင်သူ ကိုအောင်ဇော်မြင့်က ပြောသည်။

“အိမ်ထောင်ရေးတည်မြဲအောင် ကန့်သတ်ထားတဲ့ စည်းမျဉ်း၊ အိမ်ထောင်ရေး ဆက်လက်ရပ် တည်လို့ရအောင် လုပ်ထားတဲ့စနစ်ဖြစ်တယ်။ အမျိုးသားကလည်း နှင်လို့မရသလို အမျိုးသမီးကလည်း ကိုယ့်သဘောနဲ့ကိုယ် အိမ်ပေါ်က မဆင်းရဘူး” ဟု သူက ပြောသည်။

ပြန်ပေါင်းမည် ဆိုပါက

စကားသုံးခွန်းဖြင့် ကွာရှင်းခံရသည့် အမျိုးသမီးသည် နောက်အိမ်ထောင်ပြုခွင့်ရှိသည်။ ခင်ပွန်းဟောင်းက ပြန်လည် ပေါင်းသင်းလိုသည် ဆိုပါက ခင်ပွန်းသစ် ကွယ်လွန်ပြီးနောက် ပြန်ပေါင်းနိုင်သည်၊ သို့မဟုတ် မလွဲသာ မရှောင်သာ သဘာဝအလျောက် ကွဲပြီးနောက် ပြန်ပေါင်းနိုင်သည်ဟု ကုရ်အာန် ကျမ်းစာ အပိုဒ် ၂း၂၃ဝ တွင် ဖော်ပြထားသည်။

ယခုအခါ စကားသုံးခွန်းဖြင့် လွယ်လင့်တကူ ကွာရှင်းလိုက်သည့် ခင်ပွန်းဟောင်းက ပြန်လည် ပေါင်းသင်းလိုလျှင် ထိုအမျိုးသမီးက အငှားယောကျ်ား ယူကာ ကာယကံမြောက် ပေါင်းသင်းဆက်ဆံရမည်ဟူသည့် အယူအဆကို ကျင့်သုံးနေသူတို့ မြန်မာနိုင်ငံတွင်လည်း ရှိနေကြောင်း၊ ထိုအယူအဆကို လက်မခံနိုင်ကြောင်း ရှေ့နေ ဦးဘေလားရန်နိုင်က ပြောသည်။

“ကွာရှင်းခံရတဲ့ အမျိုးသမီးကို အခြားယောက်ျားနဲ့ လင်အငှားနဲ့ ပြန်ပြီးကွာရှင်း ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိမ်းမြားခြင်းဟာ အင်မတန် အောက်တန်းကျတယ်။ အစ္စလာမ်တရားတော်ကို လက်တစ်လုံး ခြားပြုလုပ်ခြင်းပါ။ ဘယ်စိတ်ကောင်း စေတနာကောင်းရှိတဲ့ လူမျိုး၊ ဘယ်ဘာသာကမှ လက်မခံနိုင်တဲ့ကျင့်သုံးမှုပါ” ဟု သူက ဆိုသည်။

မဖြူမွန်၏ မိဘများကလည်း ပြန်လည် ပေါင်းသင်းစေလိုသောကြောင့် နောက်အိမ်ထောင်ပြုရေး အစီအစဉ်ကို ဟန်ပြလုပ်ဆောင်မည်ဖြစ်ကြောင်း သားမက်ဟောင်းကို သွားရောက် ညှိနှိုင်းခဲ့သည်ဟု သိရသည်။

အငှားခင်ပွန်းနှင့် ဟန်ပြနေထိုင်ရေး ဆိုသည်မှာ နာမည်ပျက်၊ ဂုဏ်ငယ်စရာ ဖြစ်ကာ တစ်သက်လုံး ခေါင်းငုံ့နေရမည် ဖြစ်သောကြောင့် သဘောမတူနိုင်ကြောင်း မဖြူမွန်က ကြေကွဲစွာ ရှင်းပြသည်။

“တကယ်တမ်း ဆိုရင်တောင် ညီမ တခြားတစ်ယောက်နဲ့ မအိပ်နိုင်ဘူး။ ဘာလို့လဲဆိုရင် သူနဲ့ပြန်ပေါင်းဖို့ အိပ်ရရင်တောင် ဒါကို သူက အမြဲနှိပ်ကွပ်ပြီး အနိုင်ယူ ပြောနေတော့မှာ” ဟု မဖြူမွန်က ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading