တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းတွင် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ ၁၅ ခုနှင့် အခြားသော စီးပွားရေး ဆက်ဆံမှုများ ပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုခန့် ၊ စုစုပေါင်း ၅၉ ခုခန့် ရှိသည်ဟု ကုလအချက်အလက်ရှာဖွေရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
တပ်မတော်၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် အခြား တပ်၏ လက်ခွဲလုပ်ငန်းများနှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့၏ ဩဂုတ်လ ၅ ရက်နေ့ထုတ် “မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
အစီရင်ခံစာက နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းများနှင့် စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အဆက်အသွယ် မပြုလုပ်သင့်ကြောင်း ယခင်က အဆက်အသွယ်ရှိခဲ့လျှင်လည်း ဆက်လက် ဆက်ဆံရေး မပြုလုပ်သင့်ကြောင်း ဆိုသည်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် စီးပွားရေးဆက်ဆံမှုများ ပြုလုပ်ခြင်းကြောင့် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးရာ ရောက်ပြီး “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေများ ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ သို့မဟုတ် ထိုပြစ်မှုတို့နှင့် ဆက်နွယ်သူအဖြစ်” သတ်မှတ်ခံရနိုင်ချေ များသည်ဟု အစီရင်ခံစာက ဆိုသည်။
တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းတွင် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ ၁၅ ခုနှင့် အခြားသော စီးပွားရေးဆက်ဆံမှုများ ပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုခန့် ၊ စုစုပေါင်း ၅၉ ခုခန့် ရှိသည်ဟု ယင်းအစီရင်ခံစာအရ သိရသည်။


ဦးပိုင်၏ စီးပွားရေးလက်ခွဲတစ်ခုဖြစ်သည့် ဆင်မင်းဘိလပ်မြေနှင့် ပတ်သက်နေသော Thilawa Cement and Building Materials Ltd ကို ပိုင်ဆိုင်သည့် ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် LafargeHolcim ကုမ္ပဏီ၊ အလုံဆိပ်ကမ်းကို နှစ် ၅၀ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံမှ Adani Ports & Special Economic Zone Ltd ၊ မြန်မာဘီယာ ထုတ်လုပ်သည့် Myanmar Brewery Ltd တွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်လုပ်ကိုင်နေသည့် Kirin Holdings Singapore Pte Ltd ၊ ကိုးရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီများဖြစ်သော Inno Co., Ltd ၊ Posco Steel Co. Ltd. Pan-Pacific Co Ltd ၊ ဂျပန်နိုင်ငံအခြေစိုက် Japan Tobacco International (JTI) Company ၊ တရုတ်နိုင်ငံအခြေစိုက် NORINCO အစရှိသည့် ကုမ္ပဏီများ ပါဝင်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
NORINCO မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် အကျိုးတူပူးပေါင်းကာ လက်ပံတောင်းတောင်တွင် ကြေးနီထုတ်လုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီလည်းဖြစ်သည်။


အစီရင်ခံစာတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းအနေဖြင့် တပ်မတော်ပိုင် ကုမ္ပဏီများအားလုံး၊ အထူးသဖြင့် MEHL၊ MEC နှင့် ၎င်းတို့၏လက်ခွဲလုပ်ငန်းများအား ပစ်မှတ်ထားသည့် စီးပွားရေး အရေးယူပိတ်ဆို့မှုများကို ချမှတ်သင့်ကြောင်း၊ ယင်းကဲ့သို့ ပိတ်ဆို့မှုများ ချမှတ်ရာတွင် မြန်မာနိုင်ငံလူထု၏ လူမှုစီးပွားရေးအပေါ် ဆိုးကျိုး သက်ရောက်နိုင်မှု မရှိစေရန် ချင့်ချိန် လုပ်ဆောင်သင့်ကြောင်း၊ တပ်မတော်ကို မထောက်ပံ့သော တရားဝင် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း အတည်ပြုပြီးမှသာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးအဆက်အဆံ ပြုလုပ်နေသော နိုင်ငံခြားစီးပွားရေးလုပ်ငန်း ၅၉ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။



















