မူးပြီးနားရင်းရိုက်ခဲ့သည့် တရုတ်စက်ရုံပိုင်ရှင် အလုပ်သမားများကို ပြန်တောင်းပန်

ဇူလိုင်လ ရက်နေ့ည ၁၂ နာရီကျော်က လုပ်ငန်းခွင်အတွင်း ထမင်းစားနားနေသော အလုပ်သမားများထဲမှ သန့်ရှင်းရေးတာဝန်ကျ အလုပ်သမားသုံးဦးအား သန့်ရှင်းရေးမလုပ်ထားဟုဆိုကာ နားရင်းတစ်ချက်စီအုပ်ခဲ့သည်ဟု ယနေ့ ဇူလိုင်လ ၁၂ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ Myanmar Press Freedom Centerတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားများက ပြောသည်။

အလုပ်ချိန်အတွင်း မူးပြီး အလုပ်သမားများကို ရိုက်နှက်ခဲ့သည့် ဆီလီကွန်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက အလုပ်သမားများအား ယနေ့မနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများရှေ့တွင် ပြန်လည်တောင်းပန်ခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြောင်းတကာရှိ DAHAU ဆီလီကွန်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက စက်ရုံအလုပ်သမား ခြောက်ဦးကို အလုပ်ချိန်အတွင်း မူးပြီး ရိုက်နှက် ခိုင်းစေသည်ဟုဆိုကာ အလုပ်သမားများက နိုင်ငံတော်သမ္မတထံ တိုင်ကြားစာကို ဇူလိုင်လ ၁၀ ရက်နေ့က ပေးပို့ခဲ့ပြီး ယနေ့မနက် ၁၁ နာရီခွဲတွင်တော့ ရိုက်နှက်ခဲ့သည့် တရုတ်အလုပ်ရှင်က ပြန်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် သောက်စားပြီး ရိုက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ နောက်လူတွေ ဒီလိုမဖြစ်အောင်လည်း တာဝန်ယူပါတယ် ဟု ပြောဆိုကာ ရိုက်နှက်ခံခဲ့ရသော အလုပ်သမားများကို တောင်းပန်ခဲ့ကြောင်း ရိုက်နှက်ခံအလုပ်သမားတစ်ဦးဖြစ်သည့် ကိုကျော်သက်အောင်က ပြောသည်။

ဇူလိုင်လ ရက်နေ့ည ၁၂ နာရီကျော်က လုပ်ငန်းခွင်အတွင်း ထမင်းစားနားနေသော အလုပ်သမားများထဲမှ သန့်ရှင်းရေးတာဝန်ကျ အလုပ်သမားသုံးဦးအား သန့်ရှင်းရေးမလုပ်ထားဟုဆိုကာ နားရင်းတစ်ချက်စီအုပ်ခဲ့သည်ဟု ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားများက ပြောသည်။

ကျွန်တော်တို့က မလုပ်တော့ဘူး အိမ်ပြန်မယ်ဆိုပြီး စက်ရုံအပြင်ထွက်မယ်လုပ်တော့ လုံခြုံရေးတွေက သူဌေးခွင့်ပြုချက်မရရင် မသွားရဘူးဆိုပြီး ပြောတယ်။ နောက်မှ သူဌေးက မင်းတို့ အလုပ်ဆက်လုပ်မလုပ် အိမ်ပြန်စဉ်းစားကြလို့ ပြောတော့ ကျွန်တော်တို့ ထွက်ခွင့်ရတယ် ဟု 

အရိုက်နှက်ခံရသူ ဦးထဲမှ တစ်ဦးဖြစ်သည့် ကိုကျော်မင်းသူက ပြောသည်။

စက်ရုံအလုပ်ချိန်မှာ နာရီမှ မနက် နာရီအထိဖြစ်ပြီး အချိန်ပိုကြေး သုံးနာရီစာသာ ရသည်ဟု အဆိုပါ စက်ရုံတွင် နှစ်ကြာ အလုပ်လုပ်ခဲ့သည့် အလုပ်သမား ကိုကျော်သက်အောင် က Myanmar Now သို့ ပြောသည်။

ကျွန်တော်တို့ အိုတီကြေး(အချိန်ပိုကြေး) နာရီကို သုံးနာရီပဲ သူတို့ပေးတယ်။ စက်ရုံမှာ လိုင်း ခုရှိတယ်။ ကျွန်တော်တို့လိုင်းက ထမင်းစားချိန် နာရီ ရသေးလို့ တော်သေးတယ်။ ကျန်တဲ့လိုင်းကလူတွေ ထမင်းကို အလုအယက် စားပြီး အလုပ်ပြေးလုပ်ရတာဟု သတင်းထောက်များ၏ စက်ရုံတွင်းအလုပ်ချိန် မေးမြန်းမှုကို ရှင်းပြသည်။

ဆီလီကွန်ပြုလုပ်ရန် ကြိတ်ထားသည့် ရေသန့်ဘူး(ခုတ်ဖက်) အပိုင်းအစများ ကြမ်းပြင်သို့ ပြန့်ကျဲနေပြီး ထိုအစများ မရှင်းလင်းထားရာမှ ပြဿနာစခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

ပြန့်ကျဲနေသော ရေသန့်ဘူးဟောင်းအစများကို လက်ညိုးထိုးကာ သန့်ရှင်းရေးမည်သူ့တာဝန်ဖြစ်သနည်း ဟု မေးမြန်းခဲ့ကြောင်း ထို့နောက် တာဝန်ကျ အလုပ်သမားသုံးဦးကို ရှေ့သို့ခေါ်ထုတ်ကာ နားရင်းတစ်ချက်စီ ဖြတ်ရိုက်ခဲ့ကြောင်း ရိုက်နှက်ခံရသူ နောက်တစ်ဦးဖြစ်သည့် ကိုထက်မြက်စိုးက ပြောသည်။

၎င်းတို့ကို ရိုက်သည့်အချိန်သည် ထမင်းစားနားချိန်ဖြစ်ပြီး ၁၂ နာရီခွဲခန့် ရှိပြီဖြစ်ကြောင်း သူကပြောသည်။ ထို့နောက် စက်ရုံအနောက်ဘက် (လျှော်စက်လိုင်း)သို့ သွားပြီး နောက်ထပ် ၂ ဦးကို ထပ်မံခေါ်ထုတ်ကာ နားရင်းထပ်ရိုက်ခဲ့ကြောင်း ရှင်းပြသည်။

ထို့နောက် စက်ရုံအလုပ်သမားခေါင်းဆောင် ကိုထက်မြက်စိုးကို ရုံးခန်းအတွင်းသို့ ခေါ်ကာ အဆိုပါ တရုတ်သူဌေးက နားသယ်စပ်ကို တစ်ချက်ရိုက်ခဲ့ကြောင်း ဆိုသည်။

ကျွန်တော်တို့ကို ဆဲတဲ့အထိ လက်ခံပေးလို့ရတယ်၊ အခုဟာက ကျွန်တော်တို့ကို အလုပ်သမားတွေရှေ့တင်ပဲ မူးပြီး နားရင်းကို ဖြတ်ရိုက်တာ။ အလုပ်သမားကို အလုပ်ရှင်ကရိုက်ပြီး ခိုင်းလို့ရတယ်လို့ ကျွန်တော်တို့ရှေ့မှာတင် စကားပြန်တွေက ပြောသွားတယ် ဟု

ဇူလိုင်လ ၁၁ ရက်နေ့က Myanmar Now က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။

ဇူလိုင်လ ရက်နေ့ နံနက်တွင် အဆိုပါကိစ္စကို မြောင်းတကာနယ်မြေရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်တန်းရာ တိုင်ကြားသူ အလုပ်သမားများတွင် ထိခိုက်ဒဏ်ရာ ရရှိသည်ကို မတွေ့ရသဖြင့် ဆေးစာရေးမရတာကြောင့် အမှုဖွင့်မရကြောင်း၊ အလုပ်ရှင်ခေါ်၍ ညှိနှိုင်းရန် အကြံပေးခဲ့ကြောင်း အလုပ်သမားများက ဖုန်းဖြင့်ပြောသည်။

ဒီလို အသေးအဖွဲလေးတောင် ဟိုတိုင်ဒီတိုင်လုပ်နေတာ၊ နင်တို့တွေ ဒီမှာအလုပ်မလုပ်ကြနဲ့တဲ့။ သူဌေးအစား ငါတောင်းပန်မယ် အဲ့ဒါမှမရရင် ကျွန်မကို လက်ထိတ်ခပ်ဆိုပြီး သူဌေးရဲ့စကားပြန် မမိုးမိုးက ပြောတယ် ဟု ကိုထက်မြက်စိုးက ပြောသည်။

ရဲစခန်းတွင် ထိုသို့ပြောပြီး နောက်နေ့မနက်တွင် ၎င်းတို့ခြောက်ဦးအား အလုပ်မှထုတ်ပယ်ကြောင်း၊ အလုပ်ထုတ်နစ်နာကြေး လာယူရန် လူလွှတ်ပြောခိုင်းသည်ဟု သိရသည်။ အလုပ်သမားခြောက်ဦးတွင် ကျပ်၂၁၀,၀၀၀ မှ အမြင့်ဆုံး ၄၇၀,၀၀၀ ကျပ်စီ နစ်နာကြေးပေး အလုပ်ထုတ်ခဲ့သည်။

လက်ရှိတွင် အလုပ်ရှင်ဘက်မှ ၎င်းတို့ကို ပြန်လည်တောင်းပန်ခဲ့ပြီဖြစ်သည့်အတွက် ကျေအေးပေးခဲ့ပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါ ( DAHAU) ဆီလီကွန်စက်ရုံသည် လှိုင်သာယာ(ရွှေလင်ဗန်း)နှင့် အရှေ့ဒဂုံ ရှိ စက်ရုံ ရုံမှ ကုန်ကြမ်းများယူကာ မြောင်းတကာစက်မှုဇုန်ဈေးအနီးတွင် ပင်မစက်ရုံအဖြစ် တည်ဆောက်ကာ လုပ်ကိုင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading