ဆိပ်ကမ်းမဲဆန္ဒနယ် အငြင်းပွားမှု၊ ရွေးကော်နဲ့ Myanmar Now ဆောင်းပါး

ရန်ကုန်မှ အငြင်းပွားမဲဆန္ဒနယ်အကြောင်း ရွေးကောက်ပွဲခုံရုံးက စီရင်ရာတွင် Myanmar Now ၏ စုံစမ်းဖော်ထုတ်မှုကိုလည်း ထည့်သွင်း စစ်ဆေးခဲ့သည်။

Published on Jun 28, 2019

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလ၌ မဲဆန္ဒနယ်အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရသော်လည်း ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားအနီးရှိ မဲဆန္ဒနယ်တစ်ခုတွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)က  ရင်ကော့ ဦးမော့နိုင်ခဲ့သည်။

သို့သော်လည်း ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာတွင် Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကြောင့် အဆိုပါ ဆိပ်ကမ်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်( ၂) ၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲမည့် အနေအထား ဖြစ်ခဲ့သည်။ 

“အနိုင်ရ အမတ်လောင်းနှင့် ရွေးကောက်ပွဲ အကြိုကာလ ငွေချေးလုပ်ငန်း” ဟူသည့် ဆောင်းပါးတွင် အနိုင်ရအမတ်လောင်းက သူ၏မဲဆန္ဒရှင်များ အတိုးမဲ့ချေးငွေ ရရှိနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဆောင်းပါးထွက်ပြီး နောက်ပိုင်းတွင် ဒုတိယမဲအများဆုံးရသူ NLD မှ ဦးသန်းထိုက်အောင်က ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းလိုက်ရာ ထိုနယ်မြေ၏ရွေးကောက်ပွဲရလဒ်မှာ အငြင်းပွားစရာ ဖြစ်လာသည်။

အငြင်းပွားမှုကို ရွေးကောက်ပွဲကော်မရှင်ခုံရုံးက လအတန်ကြာ စစ်ဆေးရာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်သည် မဲဆန္ဒရှင်တို့အတွက် ငွေအသုံးပြုခြင်း၊ မဲဆွယ်ကာလ ဘာသာရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်မြေပေါ်တွင် ပါတီရုံးခန်း ဖွင့်ခြင်း စသည့် ရွေးကောက်ပွဲဥပဒေက တားမြစ်ထားသော လုပ်ရပ်များ ပေါ်ပေါက်လာသည်။

နောက်ဆုံးတွင် ခုံရုံးက ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲအောင်မြင်မှုရလဒ် ပျက်ပြယ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ခုံရုံး၏ ဆုံးဖြတ်ချက်သည် စာမျက်နှာပေါင်း ၂၇ မျက်နှာ ရှိသည်။  ထိုစီရင်ချက်သည် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု အများအပြားအကြောင်း အသေးစိတ် ဖော်ပြထားရာ အနာဂတ် အမတ်လောင်းများ လေ့လာပါက များစွာအကျိုးရှိမည်ဟု ယုံကြည်ကြောင်း ခုံရုံးဥက္ကဋ္ဌက ပြောသည်။  

“ကျွန်တော်တို့ ရေးလိုက်တဲ့ စီရင်ချက်က အင်မတန် အသုံးတည့်တယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတိုင်း ဒါကို ဖတ်သင့်တယ်။ ဒီထဲမှာ ရွေးကောက်ပွဲအချိန်မှာ ငွေကို ဘယ်လိုသုံးစွဲမလဲ။ ဘာသာရေးကို ဘယ်လိုလုပ်မလဲ။ နိုင်ငံတော်ပိုင်မြေကို ဘယ်လိုလုပ်မလဲ စတာတွေပေါ့” ဟု ခုံရုံး ဥက္ကဋ္ဌက Myanmar Nowကို ပြောသည်။  

ခုံရုံးတွင် Myanmar Now က အငြင်းပွားမဲဆန္ဒနယ်မြေအကြောင်း စုံစမ်းဖော်ထုတ်ထားခြင်းကိုလည်း ထည့်သွင်း စစ်ဆေးခဲ့သည်။ ဖော်ထုတ်ရေးသားတင်ဆက်သူ သတင်းထောက်ကိုလည်း ခုံရုံးသို့ ဆင့်ခေါ်ပြီး ထွက်ချက်ပေးစေခဲ့သည်။

ခုံရုံးစီရင်ချက်ထဲမှ Myanmar Now နှင့် ပတ်သက်သည့် စာမျက်နှာတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကောက်နုတ်ချက်

အခွင့်ရအရာရှိ- ထို့ပြင် မမှန်မကန်ပြုလုပ်ထားသော ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်ငွေစာရင်းကို တင်ပြခြင်း သို့မဟုတ် ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်ငွေစာရင်းကို မှန်ကုန်သည်ဟု ဝန်ခံခြင်းတို့သည် တရားမဲ့ပြုကျင့်မှုကို ပြုလုပ်ကျုးလွန်ရာရောက်ကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၆၆(စ)တွင် ပြဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ မမှန်ကန်သော ငွေစာရင်းကို တင်ပြခြင်း၊ ယင်းမမှန်ကန်သောငွေစာရင်းကို မှန်ကန်သည်ဟု မြို့နယ်တရားသူကြီးရှေ့တွင် ဝန်ခံ၍ လက်မှတ်ရေးထိုးခဲ့ကြသော ဦးနေမျိုးအောင်နှင့် ၎င်း၏ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်တို့သည် အဆိုပါ ပုဒ်မ ၆၆(စ)ပါ တရားမဲ့ပြုကျင့်မှုကို ပြုလုပ်ခဲသည့်အပြင် ထိုသို့ မဟုတ်မမှန် ဝန်ခံလက်မှတ်ရေးထိုးခဲ့ခြင်းတို့ကြောင့် ပုဒ်မ၆၆ (က)(၅)ပါ တရားမဲ့ပြုကျင့်မှုကို ပြုလုပ်ရာရောက်ကြောင်း ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်၏ ထွက်ချက်အရသည်ပင် ပေါ်လွင်နေပေသည်။ ဤသည်တို့မှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတိုင်း သိထားသင့်သည့် အချက်များ ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များဖြစ်သည်။

အဆိုလွှာပါ စွပ်စွဲချက်တစ်ရပ်ဖြစ်သော လျှောက်ထားခံရသူ ဦးနေမျိုးအောင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များကို အတိုးနည်းငွေပေးချေခွင့်ရရှိရန် ဆောင်ရွက်ပေးသည့် အပြုအမှုလုပ်ငန်းများဖြင့် မဲဆွယ်စည်းရုံးသည့် တရားမဲ့ပြုကျင့်မှုကို ကျုးလွန်ခြင်းဟူသော စွပ်စွဲချက်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း တွေ့ရှိရသည်။

အဆိုပါစွပ်စွဲချက်နှင့်စပ်လျဉ်း၍ ဦးနေမျိုးအောင်က ချေပရှင်းလင်းသည်မှာ ‘ငွေချေးခြင်းလုပ်ငန်းကို ကျွန်တော် နှင့်လုံးဝ ပတ်သက်ခြင်းမရှိပါ။ ထိုငွေချေးခြင်းလုပ်ငန်းကို ငွေချေးငှားသူများအား ကုမ္ပဏီမှ လာရောက်ထုတ်ပေးပြီးချိန်မှသာ သိရှိခဲ့ခြင်းဖြစ်သည်။ ထိုနေ့သည် ၂၃-၈-၂၀၁၈ ရက်နေ့ တစ်ရက်တည်းသာလျင် ဖြစ်ပါသည်။ ထိုငွေချေးခြင်းကြောင့် အနိုင်ရသည်ဟု စွပ်စွဲလျှောက်ထားခြင်းမှာ ကျွန်တော်၏အောင်မြင်မှုအား ပြက်ရယ်ပြုမှုသကဲ့သို့သာ ဖြစ်ပါသည်။ မှန်ကန်သောစွပ်စွဲချက် မဟုတ်ပါ” ဟူ၍ ထွက်ဆိုသည်။

သို့ရာတွင် သက်သေခံ(စ)နှင့်(ဆ)ဖြစ်သည့် Myanmar Now သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဖော်ပြထားသောဆောင်းပါးတွင် “ ငွေချေးခြင်း မချေးခြင်းက အဓိကအကြောင်းမဟုတ်ဘူး၊ ကျွန်တော်က ကျွန်တော့်မဲဆန္ဒနယ်ထဲမှာရှိတဲ့ ပြည်သူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတဲ့ စိတ်ပဲ ကျွန်တော့်မှာရှိတာဟု” ဦးနေမျိုးအောင်က ပြောကြောင်း ဖော်ပြထားသည်။ ထို့ပြင် ယင်းဆောင်းပါးမှာပင် “ကုမ္ပဏီကလာပြီး ငွေချေးတာပါ။ ကျွန်တော်က ကြားထဲကနေပြီးတော့ ကျွန်တော့်ပြည်သူတွေ အဆင်ပြေဖို့အတွက် ကြားထဲက အောင်သွယ်လုပ်ပေးတဲ့သဘောမျိုးပါဟု အမတ်လောင်းက ပြောသည်” ဟူ၍ ဖော်ပြထားသည်။

တာဝန်ခံမိတ္တူ-Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သူ ဦးဖြိုးသီဟချိုက လျှောက်ထားသူပြသက်သေအဖြစ်အစစ်ခံရာတွင် ရုံးအမှုတွဲရှိ သက်သေခံ(ဆ)မှာ Myanmar Now လူမှုကွန်ရက် စာမျက်နှာနှင့် အင်တာနက်စာမျက်နှာပေါ်တွင်တင်ထားသော ကျွန်တော်ရေးသားထားသည့် ဆောင်းပါး ဖြစ်ပါသည်။ သက်သေခံ(ဆ) ကျွန်တော် ရေးထားသောဆောင်းပါးတွင် ဦးနေမျိုးအောင်မှ ကျွန်တော်နှင့်မေးမြန်းရာတွင်  ပြောကြားခဲ့သောအချက်များအနက်မှ ရွေးကောက်ပွဲမတိုင်ခင် ငါးလအလိုက ဖြိုးစေတနာဆေးခန်း ဖွင့်လှစ်ခြင်း၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံးစာအုပ်များဝေငှခြင်းစသည့် ကူညီမှုများလည်းရှိသည်ဟု ဆိုသည်။ ပုဂ္ဂလိကချေးငွေလုပ်ငန်းများနှင့် လိုက်လံချိတ်ဆက်ခဲ့ကြောင်း၊ နောက်ဆုံးတွင် မေထွဋ်ကုမ္ပဏီ၏ အကူအညီရခဲ့ကြောင်း ၎င်းကပြောသည်ဟူသောအချက်များ ကျွန်တော့်ဆောင်းပါးတွင် ပါပါသည်။ သက်သေခံ(ဆ) ကျွန်တော်ရေးသောဆောင်းပါးတွင် ကျွန်တော်မှ ဦးနေမျိုးအောင်အား မေးမြန်းရာ၌ ၎င်းချေးသည့်ကုမ္ပဏီကို ၎င်းကကြားထဲက အောင်သွယ်ပေးသည့်သဘောမျိုးဟု ဖြေဆိုချက်ကို အနိုင်ရအမတ်လောင်းက ပြောသည်ဟု ဆောင်းပါးပါရေးသားချက်ကို မည်သူကဖြေသလဲဟုဆိုလျှင် ဦးနေမျိုးအောင်က ဖြေဆိုထားခြင်းဖြစ်ပါသည်”ဟူ၍ ထွက်ဆိုသည်။

ဦးနေမျိုးအောင်ကို စစ်ဆေးသည့်အခါ ယင်းအချက်နှင့်စပ်လျဉ်း၍ “သက်သေခံ(စ)နှင့်(ဆ)သတင်းမီဒီယာများ၏ ဆောင်းပါးများတွင် ကျွန်တော်တော်ကိုယ်တိုင်မှ ဆက်သွယ်ပေးကြောင်း၊ လိုက်လံချိတ်ဆက်၍ မေထွဋ်ကုမ္ပဏီ၏ ငွေချေးခြင်းအကူအညီရခဲ့ကြောင်းကို ဖော်ပြချက်အပေါ် ငြင်းဆိုခြင်း၊ ကန့်ကွက်ခဲ့ခြင်း၊ တရားစွဲဆိုခဲ့ခြင်းမရှိခဲ့ ဟုဆိုလျှင်ဟူသော မေးခွန်းဖြင့် လျှောက်ထားသူ၏ရှေ့နေက ပြန်လှန်မေးမြန်းသည့်အခါ ဦးနေမျိုးအောင်က အောက်ပါအတိုင်း ထွက်ဆိုသည်။

ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ကျွန်တော်အားမီဒီယာများမှ အင်တာဗျူးမေးမြန်းခြင်းများကို အဆက်မပြတ်ကြုံတွေ့ခဲ့ရပါသည်။ သို့ရာတွင် အဆိုပါသတင်းမီဒီယာများသည် ကျွန်တော့်အား ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံမေးမြန်းခဲ့ကြဘူးသူများသာ ဖြစ်ပါသည်။ အဆိုပါ သက်သေခံ(စ)နှင့်(ဆ)တွင် ဖော်ပြသတင်း ရေးသားသူနှင့် ကျွန်တော် တစ်ကြိမ်တစ်ခါမှ တွေ့ဆုံခဲ့ဖူးခြင်းမရှိပါ။ မည်သည့်အချိန် မည်သည့်နေရာတွင် မေးမြန်းထားသည်ကိုလည်းပဲ ခိုင်မာစွာ သက်သေတင်ပြခြင်းလည်း မရှိပါ။ ထို့အတွက် ကျွန်တော်ပြောသည် မပြောသည်ကို သတင်းမီဒီယာများစွာထဲမှ မှတ်မိနိုင်ခြင်းမရှိပါ။ ထို့ပြင် လတ်တလောရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်ဖြစ်သည့်အတွက် မီဒီယာတိုင်းအား ဖြေဆိုရာတွင် ပြည်သူချစ်၍ မဲနိုင်သည်။ ပြည်သူကို ကူညီ၍ မဲနိုင်သည်ဟု မီဒီယာအားလုံးအား ဖြေဆိုခဲ့သည်ကိုတော့ မှတ်မိပါသည်ဟူ၍ ထွက်ဆိုသည်။

ထို့ပြင် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဦးဖြိုးသီဟချို ရုံးရှေ့လာရောက်ထွက်ဆို အစစ်ခံခဲ့စဉ်ကလည်း ဦးနေမျိုးအောင်အနေဖြင့် သက်သေခံ(ဆ)ပါ ဆောင်းပါးတွင် ဖော်ပြထားသော ဖော်ပြချက်များအပေါ် ပြန်လှန်မေးမြန်းထားခြင်းမရှိကြောင်းဖြင့် လျှောက်ထားသူရှေ့နေ၏ ပြန်လှန်မေးမြန်းချက် အပေါ် ဦးနေမျိုးအောင်က အကြီးတန်သတင်းထောက် ဦးဖြိုးသီဟချို ရုံးရှေ့သို့လာရောက် ထွက်ဆိုသောနေ့တွင် ကျွန်တော်သည် ရုံးတော်သို့ ခွင့်တင်ထားသောနေ့ဖြစ်ပါသည်။ ထိုနေ့တွင် ကျွန်တော်၏ရှေ့နေဖြစ်သူမှ ပြန်လှန်စစ်မေးခြင်းဆောင်ရွက်ရာတွင် ဖြစ်စဉ်၏အမှန်ကို သိရှိအားနည်းခြင်းကြောင့် အဆိုပါမေးခွန်းအား ပြန်လှန်မေးရန် ကျန်ခဲ့သည်ဟု ထင်ပါသည်“ဟူ၍ ထွက်ဆိုခဲ့သည်။

တာဝန်ခံမိတ္တူမှန် -ဤနေရာတွင် ဦးနေမျိုးအောင်၏ထွက်ဆိုချက်ကို ခုံရုံးအဖွဲ့က လက်ခံပေးလိုက်သော်လည်း ဥပဒေသဘောအရ လက်ခံ၍မရပေ။ အဘယ်ကြောင့်ဆိုသော် သက်သေဦးဖြိုးသီဟချိုကို ခုံရုံးအဖွဲ့တွင် စစ်ဆေးစဉ်ကပင် ဦးနေမျိုးအောင်ဘက်မှ ပြန်လှန်မေးခွန်းများ မေးမြန်းရမည်ဖြစ်သည်။ ထိုသို့ မေးမြန်းမှုမပြုခဲ့ဘဲ မိမိအားစစ်ဆေးသည့် အခါကျမှ ထွက်ဆိုမည်ဆိုလျှင် သက်သေခံဥပဒေသဘောအရ နောက်မှအကြံရ၍ ထုချေခြင်း(After thought) ဖြစ်သဖြင့်် လက်ခံ၍မရပေ။ မိမိ၏ရှေ့နေဖြစ်သူမှ ပြန်လှန်စစ်မေးခြင်း ဆောင်ရွက်ရာတွင် ဖြစ်စဉ်အမှန်ကို သိရှိအားနည်းခြင်းကြောင့် အဆိုပါမေးခွန်းအား ပြန်လည်မေးမြန်းရန် ကျန်ခဲ့သည်ဟုထင်ပါသည် “ဟူသော ဦးနေမျိုးအောင်၏ရှင်းလင်းချက်ကိုလည်း လက်ခံခွင့်ပြုပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပါ၍ သက်သေခံ(စ)နှင့်(ဆ)တွင်ဖော်ပြထားသော ဆောင်းပါးတွင်ပါရှိသော ဦးနေမျိုးအောင် က ပြောကြားခဲ့သည်ဆိုသောအချက်များသည် ဥပဒေသဘောအရ မှန်ကန်နေကြောင်း တွေ့ရသည်။

အခွင့်ရအရာရှိ-ဦးနေမျိုးအောင်က သက်သေခံ(စ)နှင့်(ဆ)ဆောင်းပါးပါ ၎င်းပြောကြားခဲ့သည့်် အချက်များအပေါ် ငြင်းဆိုနေသော်လည်း ၎င်းတင်ပြသောသက်သေ ဦးလင်းအောင်အောင်က သက်သေခံ(စ)(ဆ) Myanmar Now သတင်းဌာနနှင့်တွေ့ဆုံစဉ်က ကျွန်တော်ပြောကြားခဲ့သည်များကို ယခုဖတ်ကြည့်ရာ မှန်ကန်နေပါသည်ဟု ဖြေဆိုထားသည်။ သက်သေ ဦးလင်းအောင်အောင်သည် မေထွဋ်ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သည်။ ၎င်း၏ထွက်ဆိုချက်အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်-

မေထွဋ်ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် ၆ဦး ရှိပါသည်။ ၆ ဦးစလုံးမှာ ကျွန်တော်၏မိသားစုဝင်များ ဖြစ်ပါသည်။ ကျွန်တော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွှေပြည်သာမြို့နယ်၏ပါတီဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။ မေထွဋ်ကုမ္ပဏီသည် ဆိပ်ကမ်းမြို့နယ်အတွင်း တရားဝင်ငွေချေးခွင့်ပြုထားသော ခွင့်ပြုမိန့်ရထားသည့်် ကုမ္ပဏီမဟုတ်ဟုဆိုလျှင် မှန်ပါသည်။ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၃ ခုစလုံးကို ငွေချေးခဲ့ကြောင်း၊ ရဲရိပ်သာရပ်ကွက်တွင် ၁၁၅ ဦး၊ မိသားစုရပ်ကွက်တွင် ၈၅ ဦး၊ မော်တင်ရပ်ကွက်တွင် ၁၅ ဦးကို ချေးပေးခဲ့ကြောင်း၊ တစ်ဦးလျှင် ခြောက်သောင်းကျပ်နှုန်းဖြင့် ချေးကြောင်း၊ အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြစ်သဖြင့် တစ်လလျှင်အတိုး ၁၂၀၀ ကျပ်နှင့် အရင်း ၁၀,၀၀၀ ကျပ် စုစုပေါင်း ၁၁,၂၀၀ ကျပ်ဖြင့် ၆ လ အပြတ်စနစ်ဖြင့် ငွေချေးခဲ့ကြောင်း၊ ငွေချေးသည့်နေ့ရက်မှာ ၂၃-၈-၂၀၁၈ ရက် တစ်ရက်တည်းဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်သူများသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေနှင့် နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကျွန်တော်တို့ကို လမ်းညွှန်ထားခဲ့သည်ဆိုလျှင် မှန်ကြောင်း၊ အဆိုပါလမ်းညွှန်ချက်အရဆိုပါလျှင် ကျွန်တော်တို့ငွေချေးပြီးသည်နှင့် ချေးယူသူများထံမှ တစ်လပြည့်လျှင် စည်းကမ်းချက်အတိုင်း အတိုးအရင်းငွေကိုစတင်၍ ကောက်ခံရမည့်တာဝန်ရှိသည်ဆိုလျှင် မှန်ကြောင်း၊ မေထွဋ်ကုမ္ပဏီ၏ ချေးငွေပေးသွင်းရမည့် သက်သေခံ(ဍ-၁)ပါ စည်းကမ်းချက်အတိုင်း ဆိပ်ကမ်းမြို့နယ်အတွင်း ချေးငွေများကို ကျွန်တော်တို့က ကောက်ခံခဲ့ခြင်းမရှိဆိုလျှင် မှန်ကြောင်း၊ ၂၀၁၈ခုနှစ်တွင် ဆိပ်ကမ်းမြို့နယ်တစ်ခုတည်းကိုသာ တရားဝင်ခွင့်ပြုချက်မရှိသော်လည်း ငွေချေးခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့် မြို့နယ်ကိုမျှ ချေးခဲ့ခြင်းမရှိဆိုလျှင် မှန်ကြောင်း စသည်ဖြင့် ထွက်ဆိုသည်။

တာဝန်ခံမိတ္တူမှန်- သက်သေ ဦးလင်းအောင်အောင်က ငွေချေးသူမဲဆန္ဒရှင်ထံမှ  တစ်လပြည့်သော ၂၃-၉-၂၀၁၈ ရက်တွင် ပထမလ၏အရင်းအတိုးငွေကို ကုမ္ပဏီမှ လက်ခံခဲ့ခြင်းမရှိဆိုသောမေးမြန်းချက်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး၏ မေတ္တာရပ်ခံချက်ကြောင့် မကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းအား လျှောက်ထားသူပြသက်သေအဖြစ် စစ်ဆေးစဉ်က ယင်းအချက်ကို ဦးနေမျိုးအောင်ဘက်မှ ပြန်လှန်မေးမြန်းခဲ့ခြင်းမရှိပေ။

သက်သေ ဦးနေမင်းထွန်းသည် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သည်။ ၎င်းအား သက်သေအဖြစ် စစ်ဆေးစဉ် ဦးနေမျိုးအောင်၏ရှေ့နေမှ မေးမြန်းချက်အပေါ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်-

အခွင့်ရအရာရှိ- ဆိပ်ကမ်းမြို့နယ်အတွင်း ငွေချေးမည့် မေထွဋ်ကုမ္ပဏီလာရောက်၍ ငွေချေးမည် ဆိုသောသတင်းကို ဘယ်လိုသိပါသလဲဆိုလျှင် အချိန်တိုအတွင်း ငွေချေးခဲ့ကြောင်းကို ငွေချေးပြီးမှ ရဲရိပ်သာ အုပ်ချုပ်ရေးမှူး၏ ဖုန်းသတင်းပေးချက်အရ သိရှိရပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ကျွန်တော့်အနေဖြင့် ငွေချေးခြင်းမပြုမီ တားမြစ်ခဲ့ပါသလားဆိုလျှင် ကျွန်တော့်အနေဖြင့်ကြိုတင်သိရှိမည်ဆိုလျှင်ဖြင့် ခေါ်ယူတွေ့ဆုံ၍ တရားဝင်ခွင့်ပြုချက်လိုင်စင်ရှိပါက ကူညီပေးမည်ဖြစ်ကြောင်းနှင့် တရားဝင်လိုင်စင်ခွင့်ပြုချက် မရှိပါက လတ်တလောတွင် ခွင့်မပြုသေးနိုင်ပါကြောင်း ဆက်လက်၍ တရားဝင်လိုင်စင်ရအောင်ဆောင်ရွက်ပါဟု ညှိနှိုင်းပြောကြားမည်ဖြစ်ပါသည်။ မေထွဋ်ကုမ္ပဏီမှ ဆိပ်ကမ်းမြို့နယ်အတွင်း ငွေချေးခဲ့သည့််နေ့မှာ ၂၃-၈-၂၀၁၈ ရက်နေ့ တစ်ရက်တည်းသာ ငွေချေးပေးခဲ့သည်ကို သိပါသလားဟုဆိုလျှင် သိပါသည်။ မေထွဋ်ကုမ္ပဏီမှ ၂၃-၈-၂၀၁၈ ရက်နေ့တွင် ရဲရိပ်သာရပ်ကွက်၊ မိသားစုရပ်ကွက်နှင့် မော်တင်ရပ်ကွက်တွင် ငွေမချေးခဲ့ပါဟု ထွက်ဆိုသည်။ မေထွဋ်ကုမ္ပဏီမှ ဆိပ်ကမ်းမြို့နယ်တွင် အများပြည်သူများကို အတိုးနှုန်းနည်းပါးစွာ လာရောက်ငွေချေးပေး ခဲ့ခြင်းကို စတင်သိရှိချိန်တွင် ကျွန်တော့်အနေဖြင့် ဝမ်းသာကြည်နူးမှုဖြစ်ခဲ့သည်ဟု ဆိုလျှင် အတိုးနှုန်းအနည်းငယ်ဖြင့် ငွေချေးသည်မှာ ကောင်းမွန်သော်လည်း ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းကမ်းညွှန်ကြားချက်တို့နှင့်အညီဖြစ်လျှင် ပြည့်စုံကောင်းမွန်ပါမည်။ မေထွဋ်ကုမ္ပဏီမှချေးငွေအား အတိုးအရင်းပြန်လည်သိမ်းယူသည့်လုပ်ငန်းကို ရဲရိပ်သာ ရပ်ကွက်နှင့် မိသားစုရပ်ကွက်တွင် မဆောင်ရွက်စေဘဲ နီးစပ်ရာ ဗိုလ်တထောင်မြို့နယ်တွင် ပြောင်းရွှေ့ဆောင်ရွက်ရန် လမ်းညွှန်မှုပေးခဲ့သည်ဟုဆိုလျှင် မေထွဋ်ကုမ္ပဏီမှ ပထမဦးဆုံးအကြိမ် အတိုးအရင်းကောက်ယူမည်ဟု ဒီဇင်ဘာလ ပထမပတ်တွင် ကောက်ယူမည်ဟု ရဲရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူး၏သတင်းပို့ချက်အရ မေထွဋ်ကုမ္ပဏီသည် တရားဝင်ကုမ္ပဏီ ဖြစ်သော်လည်း အသေးစားငွေရေးကြေးရေးကြီးကြပ်မှုဦးစီးဌာန၏ ပေးပို့မှုစာရင်းအရ ဆိပ်ကမ်းမြို့နယ်အတွင်း ငွေချေးသည့်လုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိသည့်အတွက် ကုမ္ပဏီဥက္ကဋ္ဌ ဦးလင်းအောင်အောင်အား ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ဗိုလ်တစ်ထောင်ဘုရား ဂေါပကရုံးတွင် ခေါ်ယူ၍ ရှင်းပြကာ မိမိမြို့နယ်အတွင်း မဆောင်ရွက်ရန်နှင့် အခြားသင့်တော်သည့်နေရာတွင် ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ရာ ဦးလင်းအောင်အောင်မှလည်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၏ အထက်ဖော်ပြပါထွက်ချက်သည် ဦးနေမျိုးအောင်၏ ရှေ့နေကမေးမြန်းရာမှ ထွက်ဆိုပေးခဲ့ရသည့် ထွက်ချက်များဖြစ်သည်။ ယင်းထွက်ချက်အရသည်ပင်လျှင် မေထွဋ်ကုမ္ပဏီသည် ဆိပ်ကမ်းမြို့နယ်အတွင်း တရားဝင်ငွေချေးခွင့်မရှိကြောင်း၊ ဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက် ၃ ခုရှိသည့််အနက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက် ၂ ခုကိုသာ ချေးပေးခဲ့ကြောင်း၊ အတိုးနှုန်းကို မေထွဋ်ကုမ္ပဏီက ဒီဇင်ဘာလ ပထမပတ်မှစတင်၍သာ မေထွဋ်ကုမ္ပဏီက ကောက်ခံရယူခဲ့ကြောင်း တွေ့ရသည်။

တာဝန်ခံမိတ္တူ-လျှောက်ထားခံရသူ ဦးနေမျိုးအောင်ပြသသော သက်သေဒေါ်ဥမ္မာခင်ကလည်း ၎င်းသည် မော်တင်ရပ်ကွက်တွင် ထမင်းဆိုင်ဖွင့်လှစ်ရောင်းချနေကြောင်း၊ ကျွန်မ၏ထမင်းဆိုင်သို့ ရဲရိပ်သာရပ်ကွက်မှ အမြဲတမ်း လာဝယ်ယူစားသောက်သူမှ ငွေချေးလျှင်ရမည်ဆိုသည့်အကြောင်းကို ပြောသဖြင့် မိသားစုရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်၍ ငွေချေးသည့်ဖောင် သွားယူခဲ့ကြောင်း၊ ငွေချေးသည့်ဖောင်မှာ ကုန်နေသဖြင့် တစ်စောင်တည်းကျန်ရှိသောငွေချေးသည့်ဖောင်အား မိတ္တူသွားရောက်ဆွဲယူရန် ဒေါ်တိုးတိုးလွင်မှပြောကြောင်း၊ ငွေချေးသည့်ဖောင်ကို ဒေါ်တိုးတိုးလွင်ထံမှ မိတ္တူဆွဲ၍ ရယူခဲ့ပြီး ငွေချေးယူခဲ့ကြောင်း ထွက်ဆိုခဲ့ သည်။ သက်သေဒေါ်ဥမ္မာခင်၏ ထွက်ဆိုချက်အရ သည်ပင်လျှင် ဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက် ၃ခု ရှိသည့်အနက်မှ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက် ၂ ခု အတွက်သာ ချေးပေးခဲ့ကြောင်း၊ မော်တင်ရပ်ကွက်နေထိုင်သူ ဒေါ်ဥမ္မာခင်အနေဖြင့် သတင်းရရှိ၍သာ မိသားစုရပ်ကွက်သို့ သွားရောက်ငွေချေးခဲ့ကြောင်း တွေ့ရသည်။ သက်သေ ဦးလင်းအောင်အောင်၏ ထွက်ချက်အရလည်း ရဲရိပ်သာရပ်ကွက်တွင် (၁၁၅) ဦး၊ မိသားစုရပ်ကွက်တွင် (၈၅) ဦး၊ မော်တင်ရပ်ကွက်တွင် (၁၅)ဦးသာ ချေးပေးခဲ့သည်ဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များကိုသာ အဓိကထား၍ ငွေချေးခဲ့ကြောင်း တွေ့ရသည်။

လျှောက်ထားခံရသူပြသက်သေ ဒေါ်တိုးတိုးလွင်မှာ ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်သည်။ ၂၃-၈-၂၀၁၈ရက်နေ့ နံနက်ပိုင်းတွင် ရဲရိပ်သာရပ်ကွက်ရှိ ဒေါ်စိုးစိုးအောင်(ခ)ဒေါ်ဥမ္မာ၏ထမင်းဆိုင်တွင်စတင်၍ ရဲရိပ်သာရပ်ကွက်အတွင်း နေထိုင်သူများအား ငွေချေးခဲ့ကြောင်း၊ ထိုနေ့မှာပင် မိသားစုရပ်ကွက်အတွင်း နေထိုင်သူများအား ငွေချေးခဲ့ကြောင်း ထွက်ဆိုသည်။ မော်တင်ရပ်ကွက်သို့ သွားရောက်၍ ငွေချေးခဲ့ခြင်းမပြုလုပ်ခဲ့ပေ။ ဒေါ်တိုးတိုးလွင်၏ ထွက်ချက်အရ ငွေချေးသည့်ကုမ္ပဏီမှ မော်တင်ရပ်ကွက်သို့ မသွားနိုင်တော့ပါဟု ကျွန်မအားပြောသဖြင့် ကျွန်မမှ မော်တင်ရပ်ကွက်နေထိုင်သူများအား မိသားစုရပ်ကွက် ဒေါ်သန်းဝင်းလက်ဖက်ရည်ဆိုင်တွင်ပင် ငွေချေးခြင်းပြုလုပ်ခဲ့ပါသည်ဟု ထွက်ဆိုသည်။ မော်တင်ရပ်ကွက်နေထိုင်သူများကိုလည်း ငွေချေးခဲ့သည်ဟုဆိုသော်လည်း ၁၅ ဦးသာ ဖြစ်သည်။ ဆိပ်ကမ်းမြို့နယ်တွင် ရဲရိပ်သာရပ်ကွက်၊ မိသားစုရပ်ကွက်၊ မော်တင်ရပ်ကွက်ဟူ၍ ၃ရပ်ကွက်ရှိရာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေအဖြစ် မော်တင်ရပ်ကွက်တစ်ခုတည်းကို မဲဆန္ဒနယ်(၁)အဖြစ်လည်းကောင်း၊ ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက်၊မော်တင်ရပ်ကွက်ဟူ၍ ၃ရပ်ကွက်ရှိရာတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေအဖြစ် မော်တင်ရပ်ကွက် တစ်ခုတည်းကို မဲဆန္ဒနယ်(၁)အဖြစ်လည်းကောင်း၊ ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက် ၂ခုကို ပေါင်း၍ မဲဆန္ဒနယ်(၂) အဖြစ်လည်းကောင်း သတ်မှတ်ထားရှိသည်။ ထို့ကြောင့် မော်တင်ရပ်ကွက် တစ်ခုတည်းတွင် နေထိုင်သော လူဦးရေသည် ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက်နှစ်ခုတွင် နေထိုင်သူများနှင့် အရေအတွက် ကွာခြားခြင်းမရှိပေ။ ဤအခြေအနေတွင် ဆိပ်ကမ်းမြို့နယ်အတွင်း နေထိုင်သူများအား အဆင်ပြေစေရန် ငွေထုတ် ချေးခဲ့သည်ဟုအကြောင်းပြသော်လည်း ဆိပ်ကမ်းမြို့နယ်တစ်ခုလုံးအတွက် ဦးမတည်ဘဲ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက် ၂ ခုအတွင်းသို့သာ သွားရောက်ပြီး ယင်းရပ်ကွက် ၂ ခု အတွင်း နေထိုင်သော မဲဆန္ဒရှင်များကိုသာဦးတည်၍ ငွေချေးခဲ့ကြောင်း တွေ့ရသည်။ ထိုသို့ငွေချေးနေကြောင်း မော်တင်ရပ်ကွက်နေထိုင်သူများသိရှိ၍ သွားရောက်ချေးခဲ့သူ ၁၅ ဦးခန့်သာ ကြားညှပ်ပါဝင်ခဲ့ကြောင်း တွေ့ရပေသည်။

တာဝန်ခံမိတ္တူမှန် -သက်သေဒေါ်တိုးတိုးလွင်၏ထွက်ဆိုချက်အရသည်ပင်လျှင် ၎င်းနှင့်မေထွဋ်ကုမ္ပဏီတို့သည် ယခုပြုလုပ်သည့်ငွေချေးလုပ်ငန်းကို ချေးငွေအတိုးအပေါ်တွင်  သုည ဒသမ ၅ ရာခိုင်နှုန်း ပေးမည်ဆိုသောစာချုပ်ကို ချုပ်ဆို ပြုလုပ်ခဲ့ကြောင်း၊ မေထွဋ်ကုမ္ပဏီ၏ချေးငွေစည်းကမ်းအရ ငွေချေးပြီးပထမဆုံးလတွင် အရင်းငွေမှ တစ်သောင်းနှင့် အတိုး ၁၂၀၀ ကျပ်ပေးသွင်းရသည့် စည်းကမ်းချက်ဖြစ်သည်ဆိုလျှင် မှန်ကြောင်း၊ ကျွန်မသည် ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လုပ်ရတော့မည်ဖြစ်၍ ကျွန်မ မအားတော့ကြောင်း၊ မေထွဋ်ကုမ္ပဏီနှင့်ပူးပေါင်း၍ ငွေပြန်လည်မကောက်ခံနိုင်တော့ကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလ ဖြစ်သည့်အတွက် ကုမ္ပဏီမှငွေများ ကောက်ခံလား၊ မကောက်ခံလား ကျွန်မမှ ကုမ္ပဏီသို့ မမေးတော့ကြောင်း ၊ ချေးထားသူများကိုလည်း မမေးမိတော့ကြောင်း၊ ရွေးကောက်ပွဲပြီးသွားသည့်အခါ တော်တော်လေးကြာမှ ဦးလင်းအောင်အောင်အား ကုမ္ပဏီမှ ပိုက်ဆံလာကောက်ဖြစ်ပါသလား မေးခဲ့ကြောင်း ဦးလင်းအောင်အောင်မှ ငွေချေးသူများကို ဒေါ်တိုးတိုးလွင်သာသိကြောင်း၊ ၎င်းအနေဖြင့်် ငွေချေးသူများကိုမသိကြောင်း ပြောသဖြင့် ကျွန်မလည်း လုပ်ငန်းများ အားသွားပြီဖြစ်ကြောင်း ပြောပါသည်။ ထိုအခါ ဦးလင်းအောင်အောင်က ၁၂ လပိုင်း  ရက်နေ့တွင် ငွေပြန်လည်ကောက်ခံမည်ဖြစ်၍ ကျွန်မအား ပူးပေါင်းကူညီရန်ပြောသဖြင့် ၂ ရက် ၁၂ လပိုင်းမှစတင်၍ မေထွဋ်ကုမ္ပဏီမှလာရောက်ပြီး ကျွန်မနှင့်အတူ ပူးပေါင်း၍ ကောက်ခံခဲ့ကြောင်း ထွက်ဆိုခဲ့သည်ကို တွေ့ရသည်။

ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်နှင့် မေထွဋ်ကုမ္ပဏီဥက္ကဌ ဦးလင်းအောင်အောင်တို့သည် ယခုငွေချေးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာ၌ ချေးငွေ၏အတိုးအပေါ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းကို ဒေါ်တိုးတိုးလွင်ကခံစားခွင့်ရရှိကြောင်း စာချုပ်ချုပ်ဆိုခဲ့သည့်အပြင် ချေးယူသည့်နေ့မှစတင်၍ တစ်လပြည့်တိုင်း အတိုးနှင့်အရင်းငွေ တစ်သောင်းကျပ် ပြန်ကောက်ရမည်ဖြစ်သော်လည်း ရွေးကောက်ပွဲလုပ်ငန်းများကို အကြောင်းပြ၍ မကောက်ခံဘဲထားခြင်း၊ ထိုသို့မကောက်ခံဘဲထားခြင်းကို ဒေါ်တိုးတိုးလွင်နှင့် မေထွဋ်ကုမ္ပဏီတို့ပါသိရှိပြီး စည်းကမ်းချက်များအတိုင်း မဆောင်ရွက်ဘဲနေခြင်းသည် ချေးယူထားသော မဲဆန္ဒရှင်များနှင့််တကွ ၎င်းတို့နှင့်ပတ်သက်နေသော မဲဆန္ဒရှင်များအားလုံးအတွက်ပါ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးရရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပေသည်။

သက်သေခံ(စ)နှင့်(ဆ)ပါ Myanmar Now ဆောင်းပါးတွင် ဦးနေမျိုးအောင်က ပြောကြားခဲ့သည်ဆိုသော ပြောကြားချက်များသည် သက်သေခံဥပဒေသဘောအရ ခိုင်မြဲလျက်ရှိခြင်း၊ ဒေါ်တိုးတိုးလွင်၏ထွက်ဆိုချက်၊ ဦးလင်းအောင်အောင်၏ထွက်ဆိုချက်၊ မြို့နယ်အုပ်ချုပ်ရေး ဦးနေမင်းထွန်းအား လျှောက်ထားခံရသူ ဦးနေမျိုးအောင်၏ရှေ့နေက ပြန်လှန်မေးမြန်းချက်အားထွက်ဆိုချက်၊ လျှောက်ထားခံရသူပြသက်သေ ဒေါ်ဥမ္မာခင်တို့၏ ထွက်ဆိုချက်အရသည်ပင်လျှင်  ဆိပ်ကမ်းမြို့နယ်သို့တရားဝင်ငွေချေးခွင့် မရှိပါဘဲလျက် တရားမဝင်ငွေချေးမှုပြုခဲ့ခြင်း၊ ဆိပ်ကမ်းမြို့နယ်ဟုဆိုသော်လည်း အဓိကရွေးကောက်ပွဲ ကျင်းပမည့်နေရာဖြစ်သော ရဲရိပ်သာရပ်ကွက်နှင့်မိသားစုရပ်ကွက်တွင်နေထိုင်သော မဲဆန္ဒရှင်များကိုသာ ဦးတည်၍ ယင်းရပ်ကွက် ၂ ခုမှာပင် အခြေပြု၍ ငွေချေးခဲ့ခြင်း၊ အတိုးငွေနှင့်အရင်းငွေကျပ် တစ်သောင်းကို တစ်လပြည့်သည့်နေ့တို့တွင် ပေးရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း ယင်းစည်းကမ်းချက်ကို မလိုက်နာဘဲ အတိုးနှင့်အရင်းငွေများ မကောက်ခံဘဲထားရှိခြင်း၊ ရွေးကောက်ပွဲပြီးမှစတင်၍ ကောက်ခံခြင်းစသော ပြုမူဆောင်ရွက်ချက်များသည် ၂၀၁၈ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)တွင် နေထိုင်သော မဲဆန္ဒရှင်များ၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဖြစ်သော ရွေးကောက်ပွဲတွင်မဲပေးနိုင်သောအခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲနေနိုင်သော အခွင့်အရေးကို အနှောင့််အယှက်ပြုရာရောက်ကြောင်း တွေ့ရှိရပေသည်။

တာဝန်ခံမိတ္တူမှန် -ဦးနေမျိုးအောင်ဘက်မှ အဆိုပါချေးငွေ ထုတ်ချေးသည့်နေ့မှာ ၂၃-၈-၂၀၁၈ ရက်နေ့ တစ်နေ့တည်းသာ ဖြစ်သဖြင့် ယင်းနေ့သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလအတွင်းတွင် အကျုံးမဝင်ကြောင်းဖြင့် ထုချေထားသည်။ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း၁၄ ပုဒ်မ ၆၆ တွင် ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်တွင် မဲဆွယ်စည်းရုံးရေးကာလအတွင်းတွင် ပြုလုပ်မှ တရားမဲ့ပြုကျင့်သည်ဟု ပြဋ္ဌာန်းမထားပေ။ အချိန်ကာလ သတ်မှတ်ထားခြင်းလည်း မရှိပေ။ ယခုငွေချေးခြင်းလုပ်ငန်း ပြုလုပ်သည့်အချိန်တွင် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ပေသည်။ ဦးနေမျိုးအောင်အား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြု ကြေညာပြီးဖြစ်သကဲ့သို့ ဒေါ်တိုးတိုးလွင်ကိုလည်း ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးဖြစ်ပေသည်။

ဤကဲ့သို့သောအခြေအနေတွင် မည်သူမဆို ထိုက်သင့်သောသတိ ထားရှိရုံဖြင့် ဤသို့သော လုပ်ရပ်မျိုး ပြုလုပ်ကြမည် မဟုတ်ပေ။ ဤသို့သောလုပ်ရပ်မျိုး ပြုလုပ်ဆောင်ရွက်ရန် သင့်မသင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်၊ ၎င်း၏ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်နှင့် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်တို့သည် အလေးအနက်ထား စဉ်းစား ဆောင်ရွက်ကြရန် လိုအပ်သည်။ လူတစ်ဦး၏ လုပ်ဆောင်ချက်သည် သဘောရိုးနှင့်လုပ်ဆောင်ခဲ့သည်လော၊ သဘောမရိုးဘဲ လုပ်ဆောင်ခဲ့သည်လောဆိုသည်ကို သုံးသပ်ရာ၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၂ တွင် ထိုက်သင့်သောသတိပြုခြင်းနှင့် စိတ်အာရုံပြုခြင်းတို့ကင်း၍ ပြုလုပ်သော လုပ်ဆောင်မှုသည် သဘောရိုးနှင့် ပြုလုပ်သည်ဟု မှတ်ယူ၍ မရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ဤသို့ဆိုလျှင် ဦးနေမျိုးအောင်၊ ဒေါ်တိုးတိုးလွင်နှင့် ဦးလင်းအောင်အောင်တို့သည် မည်သို့မျှ သဘောရိုးနှင့် ပြုလုပ်ကြသည်ဟု မှတ်ယူ၍ ရနိုင်မည်မဟုတ်ပေ။

ယင်းအခြေအနေများကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်နှင့် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်တို့သည် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆(က)(၂) တွင် ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးကို အနှောင့်အယှက်ပြုလုပ်သည့် တရားမဲ့ပြုကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်နေပေသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading