ဒီချုပ်နှင့် SNLD တို့ကြားက အငြင်းပွားမှု ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးကို ညွှန်ပြနေ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရပါတီမှ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း ဦးစိုင်းပန်းဆိုင်ကို ဝန်းရံမဲဆွယ်သူများက ကိုယ့်စရိတ်ဖြင့်ကိုယ် မဲဆွယ်ခဲ့ခြင်း၊ အခွန်တံဆိပ်ခေါင်းမပါသည့် ပြေစာများကိစ္စကို ရွေးကောက်ပွဲခုံရုံးက လက်ခံခဲ့ခြင်းသည် ဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းဟု NLD ၏ မဟာမိတ်ပါတီဟောင်းက ပြောသည်။

Published on Jun 27, 2019

ရွေးကောက်ပွဲအတွက် မဲဆွယ်ကြရာတွင် ကိုယ်စားလှယ်လောင်းကို ဝန်းရံသူများ၏အသုံးစရိတ်ကို ထည့်သွင်း မတွက်ချက်ဘဲ ဝန်းရံသူများက သူတို့စရိတ်ဖြင့်သူတို့ ဝင်ရောက်မဲဆွယ်ကြသည်ဆိုသောအချက်နှင့် ပတ်သက်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အငြင်းပွားစရာများ ဖြစ်လာဖွယ်ရှိကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရန် လိုနေကြောင်း ပါတီကြီးတစ်ခုနှင့် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး လစ်လပ်နေရာတွင် အနိုင်ရခဲ့သော လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းပန်းဆိုင်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်သော ဒေါ်နန်းထွေးမှုံက ကန့်ကွက်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ပယ်ချကြောင်း ဇွန်လ ၁၃ ရက်နေ့က ဆုံးဖြတ်သည်။

ထိုသို့ ဦးစိုင်းပန်းဆိုင်ကို ဆက်လက်အနိုင်ပေးသည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တစ်ချိန်က မဟာမိတ်ပါတီ SNLD ဘက်က မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဦးစိုင်းပန်းဆိုင်၏ ရွေးကောက်ပွဲအသုံးစရိတ် တင်ပြချက်သည် မဲဆွယ်သည့် လူဦးရေနှင့်စာလျှင် အလွန်နည်းပါးနေခြင်း အသုံးစရိတ် ပြေစာများ၏ ထက်ဝက်ကျော်သည် အခွန်တံဆိပ်ခေါင်း ကပ်မထားခြင်းတို့ကြောင့် လက်ရှိ အာဏာရပါတီမှ အနိုင်ရကိုယ်စားလှယ်သည် ရွေးကောက်ပွဲအသုံးစရိတ်ကိစ္စတွင် တရားမဲ့ပြုကျင့်သည်ဟုဆိုကာ အဓိကပြိုင်ဘက် SNLD မှ ဒေါ်နန်းထွေးမှုံက ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ကျပ်သိန်း ၁၀၀ ထက် ပိုသုံးစွဲခွင့် မရှိပေ။

အသုံးစရိတ်အတွက် ဦးစိုင်းပန်းဆိုင်က ကျပ် ၅၅ သိန်း စာရင်းတင်ပြခဲ့ပြီး ဒေါ်နန်းထွေးမှုံက ကျပ်သိန်း ၈၀ တင်ပြခဲ့သည်။ ၎င်းကိုဝန်းရံသူ လူဦးရေ စုစုပေါင်းကို မသိပါဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။

ဦးစိုင်းပန်းဆိုင်ကမူ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလက ၎င်းအား ဝန်ရံသူများ၏ ကုန်ကျစရိတ်ကို ထည့်မတွက်ခဲ့ရခြင်းမှာ ကိုယ်စားလှယ်လောင်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးအတွက် ဝန်းရံသူများအနေဖြင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ဝန်းရံရမည်ဆိုသည့် ပါတီမူဝါဒ (ပါတီစည်းကမ်း) အရ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်ထုချေခဲ့သည်။

အဆိုပါထုချေချက်ကို မှန်ကန်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပြီးနောက် ဇွန်လ ၁၃ ရက်နေ့တွင် အမိန့်ချကာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော ဦးစိုင်းပန်းဆိုင်၏အနိုင်ကို ဆက်လက်အတည်ပြုခဲ့သည်။

စီရင်ထုံးဖြစ်သွားမှာစိုးရိမ်

ထိုကဲ့သို့ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအသုံးစရိတ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံရေးပါတီများက မူဝါဒချမှတ် ယှဉ်ပြိုင်ခြင်းသည် လာမည့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု SNLD ခေါင်းဆောင်များက ဆိုသည်။

“UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကို လွှမ်းမိုးပြီးတော့ ဘာမှ လုပ်မရဘူး။ ဒီတိုင်းသာ ဆက်သွားနေရင် ရှုပ်သွားလိမ့်မယ်။ သူ့ပါတီ၊ ကိုယ့်ပါတီတွေက တရားဝင်သုံးစွဲလို့ ငွေသိန်း ၁၀၀အပြင် ဝန်းရံသူတွေ သုံးတဲ့ နောက်ထပ်ငွေကိုပါ ပေးသုံးလိုက်ရင် ရွေးကောက်ပွဲစနစ်က တအားရှုပ်လာလိမ့်မယ်။ အဲဒီခါကျရင် အငြင်းပွားမှုတွေကလည်း ဒီထက်မက ကျယ်ပြန့်လာမှာ” ဟု အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ယင်းကဲ့သို့ ဦးစိုင်းပန်းဆိုင်၏ ထုချေချက်ကို ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ခြင်းသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဝိရောဓိများ ဖြစ်ပေါ်လာနိုင်သည်ဟု SNLD ဒုဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ဆိုပြီး “နိုင်ငံရေးပါတီတွေအတွက်လည်း ရပ်တည်ဖို့ ခက်ခဲလာနိုင်ပါတယ်” ဟု ဆက်ပြောသည်။

ယင်းအချက်သည် ဒေါ်နန်းထွေးမှုံတစ်ဦးတည်း မဲရှုံးရသည့် ပြဿနာတစ်ခုမဟုတ်ဘဲ လာမည့်ရွေးကောက်ပွဲများတွင် အငြင်းပွားဖွယ် ဖြစ်လာနိုင်သော အချက်ဖြစ်ကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကလည်း ပြောသည်။

“ဝန်ရံသူရဲ့ (အသုံးစရိတ်)ငွေ ထည့်တွက်စရာ မလိုဘူးလို့ ဆုံးဖြတ်လိုက်ရင် လုပ်ထုံးလုပ်နည်းဖြစ်သွားမှာ။ နောက်ရွေးကောက်ပွဲတွေမှာလည်း ဒီတိုင်းပဲ လုပ်ကြလိမ့်မယ်။ အဲဒါကို လက်ခံသလားပေါ့” ဟု ၎င်းက မေးခွန်းထုတ်သည်။

အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကမူ ရွေးကောက်ပွဲ မဲဆွယ်ကာလက ဝန်ရံသူများကို ဖိတ်ခေါ်ခဲ့ခြင်းမရှိကြောင်း၊ လာရောက်ဝန်းရံသူများ၏ ၉၅ ရာခိုင်နှုန်းသည် ၎င်းတို့သဘောအလျောက်သာ ဖြစ်ကြောင်း Myanmar Now ကို တယ်လီဖုန်းဖြင့် ပြောသည်။

“ကျွန်တော် မပေးရတဲ့ ငွေကိုတော့ ကျွန်တော် မထည့်ဘူးဗျ။ ဝန်းရံတဲ့ ပုဂ္ဂိုလ်တွေ၊ ပါတီမိတ်ဆွေတွေထဲမှာ ကျွန်တော် မသိတဲ့လူတွေ အများကြီးပါ။ ပါတီရဲ့လမ်းစဉ်အရ ဝန်းရံရမယ်ဆိုပြီး လာရောက်ဝန်းရံကြတာပါ။ စည်းရုံးရေးမသွားခင်ကတည်းက လမ်းညွှန်ချက် ပေးပြီးသားပါ။ ကျွန်တော့်မဲဆန္ဒနယ်မှာ တအားကျယ်ပြန့်တော့ ကိုယ်စားလှယ်လောင်းကို ဖိစီးမှုမရှိအောင် ပြောထားပြီးပြီ။ ကျွန်တော့အနေနဲ့ ပေးဖို့မလိုဘူး (ဆိုပြီး) ပါတီအနေနဲ့ ညွှန်ကြားထားပြီးသားပါ” ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလက ဦးစိုင်းပန်းဆိုင်ကို ဝန်းရံမဲဆွယ်ပေးခဲ့သော မန္တလေးသား ကိုကျော်ဆွေဦး (ကျော်ကြီး - ခရေရိပ် ဖြင့် ကဗျာရေးသူ) က ၎င်းအနေဖြင့် မြို့နယ် ခုနစ်မြို့နယ်တွင် ၁၀ ရက်ခန့် မဲဆွယ်စည်းရုံးရေး ဆင်းခဲ့သည်ဟု Myanmar Now ကို ပြောသည်။

ဦးစိုင်းပန်းဆိုင်ကို မဲဆွယ်ပေးသည့် လက်ကမ်းစာစောင်များဝေခြင်း၊ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်ပညာပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေးမည့်သူများ ဆောင်ရန်ရှောင်ရန်တို့ကို ပြောပြခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ပြောသည်။

“မဲဆွယ်စည်းရုံးကာလဆိုတော့ ကိုယ့်ပါတီအနိုင်ရအောင်၊ ကိုယ့်ပါတီက ယှဉ်ပြိုင်တဲ့လူ အနိုင်ရအောင်တော့ ပြောရတာပေါ့” ဟု ကိုကျော်ဆွေဦးက ပြောသည်။

အလားတူ ဦးစိုင်းပန်းအတွက် ကူညီမဲဆွယ်ပေးခဲ့သူ နောက်တစ်ဦးဖြစ်သည့် မန္တလေးမြို့အခြေစိုက် တိုင်းရင်းသား ၁၈ ဖွဲ့ ပါဝင်ဖွဲ့ထားသည့် ‘တိုင်းရင်းသားလူမျိုးစုများအဖွဲ့’ ဥက္ကဋ္ဌ နိုင်မောင်လွင်က ၎င်းအနေဖြင့်လည်း မဲဆွယ်စဉ်ကာလက မြို့နယ်သုံးမြို့နယ်ခန့် သွားရောက်ဝန်းရံခဲ့ကြောင်း၊ ဦးစိုင်းပန်းဆိုင်သည် ၎င်းတို့အဖွဲ့၏ ဥက္ကဋ္ဌဟောင်းဖြစ်သောကြောင့် ဝန်းရံသည့် ကုန်ကျစရိတ်ကို တိုင်းရင်းသားအဖွဲ့က ကျခံကြောင်း ပြောသည်။

ပြေစာမှာ တံဆိပ်ခေါင်းမပါ

ဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာတွင် ရွေးကောက်ပွဲကာလအသုံးစရိတ်အတွက် ဦးစိုင်းပန်းဆိုင်ဘက်က တင်ပြသည့် ငွေရပြေစာများတွင် အခွန်တံဆိပ်ခေါင်း မပါသည့်ကိစ္စလည်း ပါဝင်သည်။

ဦးစိုင်းပန်းဆိုင်သည် ရွေးကောက်ပွဲကာလအသုံးစရိတ်အတွက် ငွေရပြေစာပေါင်း ၂၁၇ စောင်ကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ရာတွင် ယင်းပြေစာများအနက် တစ်ဝက်ကျော်ဖြစ်သော ပြေစာပေါင်း ၁၂၇ စောင်သည် တံဆိပ်ခေါင်း ကပ်ထားခြင်းမရှိကြောင်း၊ ယင်းပြေစာပါ ကျသင့်ငွေပေါင်းသည် ကျပ် ၃၇ သိန်းခန့် ရှိကြောင်း SNLD ကိုယ်စားလှယ်လောင်းက ကန့်ကွက်ခဲ့သည်။

ယင်းအချက်သည် ရွေးကောက်ပွဲကုန်ကျစရိတ် ပုံစံ (၂၀) အပိုဒ် (၂) တွင် မှတ်ချက် (၁) နှင့် (၂) ဖော်ပြချက်၌ ပြေစာများတွင် တံဆိပ်ခေါင်းကပ်ရမည်ဟု ဖော်ပြထားသည့် အချက်ကို ဖောက်ဖျက်နေသည်ဟု SNLD ပါတီက ထောက်ပြဝေဖန်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။

“ကျွန်တော်တို့အမှုကို ဒီအတိုင်း ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဟာ.. SNLD အမှုတုန်းက မကပ်ဘူးလေ။ ဒါ တရားမဲ့ပြုကျင့်မှု မဟုတ်ဘူးလား။ UEC က ပြထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေမှာကျတော့ အဲဒီလိုဖြစ်မနေဘူး။ UEC ရဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို ကျော်လွန်ပြီး ဆုံးဖြတ်ထားတဲ့အခါကျတော့ နောက်ပိုင်းကျရင် ဘယ်လိုပြောမလဲ။ နည်းဥပဒေကို ပြင်မှာလား။ ရွေးကောက်ပွဲအသုံးစရိတ်၊ ဝန်းရံသူတွေရဲ့ အသုံးစရိတ်တွေကအစ ပါတီတစ်ခုက ရွေးကောက်ပွဲဆိုင်ရာမဟာဗျူဟာဆိုပြီး ထုတ်လို့ရသလား” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ် ပုံစံ (၂၀) အပိုဒ် (၂) တွင် မှတ်ချက် (၁) ၌ ငွေကျပ် ၅၀၀ နှင့် ၅၀၀ ထက်ပိုသော ကုန်ကျစရိတ်များအတွက် ပြေစာ တောင်းယူ၍ ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်း၌ ပူးတွဲပါရှိရမည် ဖြစ်ကြောင်း၊ ပြေစာ မရရှိနိုင်သော ကုန်ကျစရိတ်များကိုမူ သုံးစွဲသူက လက်မှတ်ထိုး တင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

မှတ်ချက် (၂) တွင် အသုံးစရိတ်များအတွက် စရိတ်အခကြေးငွေ ပေးခြင်းခံရသော သူများ၏ အမည်နှင့် အကြောင်းအရာ၊ ဆောင်ရွက်ခဲ့သော လုပ်ငန်း၊ ဝယ်ယူခဲ့သော ကုန်ပစ္စည်းအမည်၊ အရေအတွက်နှင့် ကျသင့်ငွေများကို တစ်ခုချင်းစီ ဖော်ပြရမှာဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်း၏ အသုံးစရိတ်ကို သီးခြားစီ ခွဲခြားတင်ပြရမှာဖြစ်ပြီး စာပို့တံဆိပ်ခေါင်းဖိုးများနှင့် ကြေးနန်းခများကိုသာ တစ်ပေါင်းတည်း တင်ပြရမည်ဟု ရွေးကောက်ပွဲကုန်ကျစရိတ်ပုံစံတွင် ဖော်ပြထားသည်။

SNLD ၏ကန့်ကွက်လွှာကို ခုံရုံးက ငြင်းပယ်လိုက်သော်လည်း အယူခံကာလ ရှိနေသေးသောကြောင့် မှတ်ချက်မပေးလိုကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က Myanmar Now ကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ ကိုယ်စားလှယ်လောင်းတစ်ဦး၏ အသုံးစရိတ် ဝန်ထုပ်ဝန်ပိုး မဖြစ်ရေး မူဝါဒနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မဖြေခဲ့ပါ။

“UEC က ထုတ်ထားတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့ဘက်ကလည်း မှန်ကန်ကြောင်း ပြန်ပြောရမှာပေါ့။ UEC ရဲ့ ထုတ်ပြန်ညွှန်ကြားချက်တွေနဲ့ အညီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က သီးခြားထုတ်ပြန်ချက် မရှိပါဘူး” ဟု ၎င်းက ယမန်နေ့ ညနေပိုင်းက ပြောသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) နေရာအတွက် NDF ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးခိုင်မောင်ရည်က ၎င်း၏ ကိစ္စအဝ၀အတွက် ဝန်းရံသူများ သုံးစွဲသည့် မော်တော်ကားစရိတ်၊ ကျွေးမွေးစရိတ်များအားလုံး၊ တယ်လီဖုန်းသုံးစွဲမှု ကုန်ကျစရိတ်၊ တံဆိပ်ခေါင်းဖိုးများအပြင် မဲဆွယ်ကာလတစ်လျောက် သုံးစွဲမှုကုန်ကျစရိတ်များကို မခြွင်းမချန် ဖော်ပြခဲ့ရသည်ဟု ပြောသည်။

“တစ်စုံတစ်ရာ ခြွင်းချန်ခဲ့သည်ရှိသော်၊ အသုံးစရိတ်ကို ထိမ်ချန်ခဲ့သည်ရှိသော် အဲဒီလွှတ်တော်ကိုယ်စားလှယ်ဟာ အရည်အချင်းပျက်ယွင်းတယ်လို့ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုအငြင်းပွားမှုသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများ၏ မတိကျမှုကြောင့် ဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အကောင်းဆုံးဥပမာ ဖြစ်သည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သော ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က သုံးသပ်သည်။

“၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် လုပ်ထုံးလုပ်နည်းတွေက ဒီထက်ပိုပြီး တိကျဖို့ လိုအပ်တယ်။ လုပ်ထုံးလုပ်နည်းတွေက မတိကျတဲ့အတွက်ကြောင့် အဓိပ္ပာယ်ဖွင့်တဲ့ဟာက အမျိုးမျိုးဖြစ်နေတယ်။ အဓိပ္ပာယ်ဖွင့်ချင်ရင် ဖွင့်ချင်သလို ဖွင့်လို့ရတယ်။ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်ဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်သူတွေရဲ့ အသုံးစရိတ်လဲ ဆိုတာမျိုး အဓိပ္ပာယ်အတိအကျ ဖွင့်ဖို့လိုလာပြီ” ဟု ၎င်းက ပြောသည်။

ခေတ်စနစ် ပြောင်းလာသည်နှင့်အမျှ ရွေးကောက်ပွဲအသုံးစရိတ်များသည် ယခင်ကနှင့် မတူတော့သည့်အတွက် လက်ရှိဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

“ဝန်းရံတဲ့သူတွေနဲ့ပတ်သက်ပြီး အသုံးစရိတ်ကို တိတိကျကျ ဖွင့်ဆိုထားတာ မရှိဘူး။ ဥပဒေမှာတော့ မဲဆွယ်စည်းရုံးတဲ့နေရာ ကိုယ်စားလှယ်လောင်းကနေပြီး ဘယ်သူတွေက မဲဆွယ်စည်းရုံးခွင့် ရှိပါတယ်ဆိုပြီး ပြောရတယ်။ အဲဒီလိုမှမဟုတ်ရင် သူ့အတွက် မဲဆွယ်ပေးလို့ မရဘူး။ ဆိုလိုတာက ပါတီ(က)က ကိုယ်စားလှယ် ဦးဖြူကို သဘောကျတယ်။ သူ့အစား မဲဆွယ်လို့ မရဘူး။ သူ့ကို ကြည်ညိုတိုင်း၊ ထောက်ခံတိုင်း ကျွန်တော် လုပ်လို့မရဘူး” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။ 

လက်ရှိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့်အလျောက် အာဏာရှိနေသူများက ထိန်းချုပ်ခွင့် ရရှိနေကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျချင်ပါက မဖြစ်မနေပြင်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ဒီတိုင်းဆက်သွားနေမယ်ဆိုရင် အာဏာရတဲ့ပါတီက ဒီဥပဒေကို သုံးပြီး အသာရအောင် အမြဲတမ်း လုပ်နေမှာပဲ။ ဒီဥပဒေမူဘောင်တွေက ပြင်ကိုပြင်ဖို့ လိုပါတယ်” ဟု ၎င်းက အကြံပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading