မြေသိမ်းမှုအပြီး မြေလှန်မှုကို အံတုနေကြသူများ

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှ  မြေသိမ်းခံရသည့် တောင်သူများက ၎င်းတို့ ဒေသ ကျောက်မီးသွေးတူးဖော်ရေးနယ်မြေ မဖြစ်ရေးအတွက် ကြိုးပမ်းနေကြသည်

Published on Jun 11, 2019

ရွာသူကြီး လုံးခမ်းစံသည် ရွာသားများရှေ့တွင် ခေါင်းကို သေနတ်နှင့်ချိန်ခံထားရသည်။

 ဘုန်းကြီးကျောင်းတွင် စုဝေးနေရသည့် ဒေသခံ အများအပြားလည်း အခြေအနေကို ရင်တထိတ်ထိတ် လှမ်းကြည့်နေကြသည်။

အချိန်မှာ တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပြီး ဒေသခံတို့မှာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် ဆွမ်မွန်းရွာမှ ဖြစ်ကြသည်။

ရွာသူကြီးကို ဖိအားပေးသည့် အကြောင်းရင်းမှာ ဒေသခံများ ၎င်းတို့၏ လယ်ယာမြေကို တစ်ဧက လျော်ကြေး ကျပ် ၂၄,၀၀၀ နှုန်း ယူပြီး စွန့်လွှတ်ကြရေးအတွက် ဖြစ်သည်။

“အရမ်း လန့်သွားတယ်။ ခေါင်းနေရာအနှံ့ကို သေနတ်နဲ့ ထောက်ထောက်ပြီး ချိန်တယ်။ လက်မှတ် အတင်းထိုးခိုင်းတော့ ကြောက်ကြောက်နဲ့ ထိုးခဲ့ရတာ’’ ဟု သူကြီးဟောင်း လုံးခမ်းစံက ပြန်ပြောပြသည်။

ဖိအားပေးခံခဲ့ရသည့် ရွာသားများအနက် တစ်ဦးမှာ  စိုင်းအွန်ဖ ဖြစ်သည်။

 “အဲ့ဒီတုန်းက ဘုန်းကြီးကျောင်းပတ်လည်မှာ စစ်သားတွေ လုံခြုံရေးဆိုပြီး ဝိုင်းထားတယ်။ ရွာသူကြီး လုံးခမ်းစံကိုလည်း သေနတ်နဲ့ချိန်ပြီး လက်မှတ်ထိုးခိုင်းတော့ အကုန်လုံး တစ်ခါတည်း လက်မှတ်ထိုးခဲ့ရတယ်’’ ဟု   စိုင်းအွန်ဖက ပြောသည်။

သိမ်းယူခဲ့သည့် မြေမှာ ဧကငါးထောင်ကျော် ရှိရာ ဒေသခံတို့၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် လူမှုဘဝအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။

၁၈ နှစ်အကြာတွင် ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ သိမ်းပိုက်မြေကို ပြန်လည် စွန့်လွှတ်ပြီး နောက်ပိုင်းတွင်လည်း ထိုနယ်မြေတွင် ဒေသခံတို့အတွက် ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာပြန်သည်။

ယင်းပြဿနာမှာ ထိုနယ်မြေတွင် ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းတချို့ မကြာသေးခင် နှစ်များအတွင်း အစပြုလာကြခြင်းပင်။

စိုက်ပျိုးမြေ အဓမ္မသိမ်းယူမှုနှင့် ရင်ဆိုင်ခဲ့ရသော ဒေသခံတို့သည် ၎င်းတို့၏ နယ်မြေအတွင်း စီးပွားရေး ကုမ္ပဏီများ ဝင်ရောက်ကာ ကျောက်မီးသွေး တူးဖော် ထုတ်လုပ်ကြမည်ကို စိုးရိမ်နေကြပြီး ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေနိုင်သည့် ထိုလုပ်ငန်းများကို ခွင့်မပြုနိုင်ဟု ဆိုကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြသည်။


 
ကျောက်မီးသွေးနယ်မြေ

ဒေသခံတို့သည် မိုးနင်၊  မိုင်းကောင်ကျေးရွာအုပ်စုတို့မှ  ကျေးရွာများမှ  လယ်ယာမြေ၊  စားကျက်မြေ၊  နတ်စင်ရေကန်၊  သစ်တော၊  ရေထိန်းတောမြေ၊  ဘုန်းတော်ကြီးကျောင်း၊  သင်္ချိုင်းမြေ၊  စာသင်ကျောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲဆေးခန်းမြေတို့ကို ကာလကြာရှည်စွာ  လက်လွှတ်ထားခဲ့ရသည်။

ထိုအထဲတွင် ရပ်ရွာ ၅၀ ကျော်ရှိ စိုက်ပျိုးမြေတို့အတွက်   ရေအရင်းအမြစ် ဖြစ်နေသည့် နမ့်ဟင်ချောင်းလည်း ပါဝင်သည်။  ဒေသခံများအတွက် သောက်သုံးရေသာမက လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊  ဆီကြိတ်၊  ဆန်ထောင်း စသည့် ရေအားအသုံးပြုသည့် လုပ်ငန်းများအတွက် အားကိုးရသည့် ထိုချောင်းသည် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းတို့ကြောင့် ထိခိုက်နိုင်သည်ဟု  ရပ်ရွာဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက ဆိုသည်။

“ကျောက်မီးသွေးသာ တကယ်တူးကြည့်၊  အဲ့ဒီချောင်းက ကောပြီး ပျောက်သွားမှာ။ ဒါဆို ကျေးသီးမြို့နယ်ထဲက ဒီချောင်းကို အမှီပြုနေတဲ့ စိုက်ပျိုးရေးတွေ အကုန်ပျက်ကုန်မှာ’’ ဟု ဦးအောင်ထွန်းက ပြောသည်။
 
ကျောက်မီးသွေးအလွှာပေါ်သည်အထိ အပေါ်ယံမြေလွှာကြော တူးဖော်မှုမှ ထွက်ရှိလာသည့် မြေစာ ပမာဏ အများအပြားကို စွန့်ပစ်သဖြင့် ကျေးသီး-မိုင်းနောင် ကားလမ်းမဘေးရှိ  ကျွဲနွားစားကျက်ရေကန် ဖြစ်သည့် နောင်ခါးကန် ပျက်စီးခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

ကနဦးတူးဖော်မှုကို ဒေသခံတို့ အပြင်းအထန် ကန့်ကွက်မှုကြောင့် ယာယီ ဟန့်တားထားနိုင်သော်လည်း လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများက ယနေ့တိုင် လက်လျှော့ခြင်း မရှိသေးပေ။

ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်း ဧရိယာသည်  ၅,၄၅၉  ဧက ကျယ်ဝန်းပြီး ကျေးသီးမြို့၏ အရှေ့ဘက် ၇ မိုင်အကွာ မိုင့်ဟုန်းလိမ်၊ ဆွမ်းမွန်း၊ နောင်ဟီးရွာများနှင့်  မိုင်ကောင်ကျေးရွာအုပ်စု ဝန်းကျင်တို့  ပါဝင်သည်။

ထွက်လာမည့် ကျောက်မီးသွေးကို  ကျေးသီးနှင့် မိုင် ၁၅ဝ ခန့် ကွာဝေးသည့် ပြည်နယ်မြို့တော် တောင်ကြီး အနီး ပင်းပက်ဒေသ  အမှတ် (၂) သံမဏိစက်ရုံသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများ နားလည်ထားကြသည်။

ကျောက်မီးသွေးသည် တူးဖော်သည့် နေရာတွင်သာမက အသုံးပြုသည့် နေရာတွင်လည်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးလေ့ရှိသည်ဟု ဒေသခံတချို့က ထောက်ပြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးတင်မောင်ဦးကမူ  လျှပ်စစ်ဓာတ်အား ရရှိရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ချိန်ထိုးသွားရန် လိုကြောင်း မှတ်ချက်ချသည်။

“ကျွန်တော်တို့ တိုင်းပြည်က မတိုးတက်သေးဘူး။ သက်သာဖို့ ဆိုတာက ကျောက်မီးသွေးတို့ ဘာတို့ကမှ သက်သာတာ”  ဟု ၎င်းက Myanmar Now ကို ပြောသည်။

စီမံကိန်းကို ကန့်ကွက်ခြင်း

ဒေသခံများ လက်မခံသည်အတွက် ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ပြန်လည် အစမပြုနိုင်သေးပေ။ သို့သော်လည်း စီမံကိန်း အပြီးသတ် ရပ်ဆိုင်းခြင်း မဟုတ်သေးသည့်အတွက် ဒေသခံတို့ ပူပန်နေကြဆဲ ဖြစ်သည်။

စီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက်စာများပေးပို့ခြင်း၊  လွှတ်တော်အမတ်များကို အကူအညီတောင်းခြင်း၊  ဒေသခံ အများအပြား ဆန္ဒ ထုတ်ဖော်ခြင်းများ ရှိခဲ့သော်လည်း အကြောင်းမထူးသေးပေ။

တပ်သိမ်းမြေ  ၅,၄၅၉  ဧကသည်  ၂၀၁၇ သြဂုတ်လတွင်   ပြည်ထဲရေးဌာနသို့ ရောက်ရှိသွားပြီး   ဒီဇင်ဘာတွင် ပြည်ထဲရေးက အစိုးရကို ပြန်လည် အပ်နံှသည်။ ဤသို့ဖြင့် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေ၊  တောင်ယာမြေ၊  ကျေးရွာပိုင်မြေ၊  သစ်တောမြေ၊  စားကျက်မြေများသည် နိုင်ငံပိုင်မြေ (State Land) အဖြစ်သို့ ရောက်ရှိခဲ့သည်။

နိုင်ငံပိုင်မြေအဖြစ်သို့ ပြောင်းလဲသွားသည့်မြေတွင်  ဒေသခံတို့ စိုးရိမ်စရာများ  ပေါ်ပေါက်ခဲ့သည်။

၂၀၁၈  အောက်တိုဘာ ၁၁ တွင်   မိုင်းနင် နှင့် မိုင်းကောင် ကျေးရွာသားများသည် ကျေးသီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ အသိပေးစာ တစ်စောင် လက်ခံရရှိခဲ့ကြသည်။

မြေ ၅,၄၅၉  ဧကကို  စက်မှုဝန်ကြီးဌာနအောက် ကျောက်မီးသွေး တူးဖော်ရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ လွှဲပြောင်းပေးမည် ဖြစ်သောကြောင့် ကန့်ကွက်လိုက ၁၅ ရက် အချိန်ရကြောင်း စာတွင် ဖော်ပြထားသည်ဟု ပြည်နယ်လွှတ်တော် ကျေးသီးမဲဆန္ဒနယ် အမှတ် (၁) မှ ဦးစိုင်းစံမိုင်းက ပြောသည်။

‘‘အကြောင်းကြားစာရတဲ့အချိန် ဒေသခံတွေနဲ့ အစည်းအဝေးတွေလုပ် လူထုတွေ့ဆုံပွဲတွေ လုပ်ပြီး ကန့်ကွက်ကြောင်းတွေ လက်မှတ်ထိုး … ပို့ခဲ့ရတာ’’ ဟု လွှတ်တော်အမတ်က ဆိုသည်။

ကြန့်ကြာ၊  ပျောက်ပျက်မှု မရှိစေရေး၊ ထိရောက်ရေးတို့အတွက် ထိုသို့ စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

 ‘‘မနက်ကိုးနာရီထိုးပြီဆိုတာနဲ့ မြို့နယ်၊  ခရိုင်၊  ပြည်နယ် မြေစစ်ရုံး သုံးခုလုံးကို ပို့တာ။ ဒါမှ ကန့်ကွက်လွှာ မရောက်လာဘူးတို့၊  အချိန်မမှီဘူးတို့ မဖြစ်မှာ။ အဲ့ဒီတော့ သူတို့လည်း လုပ်ရကိုင်ရ ခက်သွားတာပေါ့’’ ဟု လွှတ်တော်အမတ်က ရှင်းပြသည်။

စက်တင်ဘာ ၂၁ တွင် ပေးပို့သည့် ကန့်ကွက်လွှာတွင် ဒေသခံ လူဦးရေ ခြောက်ရာကျော် လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့မလုပ်ဆောင်ပါက လုပ်ငန်းရှင်တို့ အသာစီးရသွားမည်ဟု  ကျောက်မီးသွေးတူးဖော်မှု စီမံကိန်းကို ဦးဆောင် ကန့်ကွက်သည့် ဒေသခံတစ်ဦး ဖြစ်သူ စိုင်းအောင်ထွန်းက ဆိုသည်။  

‘‘သူတို့က အရမ်း လုပ်ချင်နေတာ။ အမျိုးမျိုး လာစည်းရုံးတယ်။ တချို့ဆို သူတို့ဆွယ်တဲ့ဘက် ပါသွားလို့ မနည်းပြန်စည်းရုံးလိုက်ရတာတောင် ရှိတယ်။ ဒေသခံတွေ ဘာမှ မထိခိုက်ဘူး၊ မဆုံးရှုံးဘူး ဆိုတဲ့ မဖြစ်နိုင်တဲ့ စကားတွေနဲ့ စည်းရုံးတာ။ ဘယ်လောက်ထိ စည်းရုံးသလဲ ဆိုရင် နမ့်ဟင်ချောင်းကိုတောင် ကမ်းပါးတွေကို ကျောက်စီပေးမယ်၊ မကောစေရဘူး ဆိုပြီး အာမခံတာ’’ ဟု ဦးစိုင်းအောင်ထွန်းက ပြောသည်။

ကန့်ကွက်လွှာပေးပို့ပြီးသည့်နောက်ပိုင်း ကျောက်မီးသွေးစီမံကိန်းနှင့် ပတ်သက်ပြီး ထူးခြားမှုများ မရှိသေးသော်လည်း ဒေသခံများ၏ ပူပန်မှုသည် လျှော့နည်းမသွားသေးပေ။

 မြေဧက ၅,၄၅၉  ပေါ်တွင် နေထိုင်သူများ အားကိုးနေရသည့် တရုတ်ဈေးကွက် မတည်ငြိမ်မှုကြောင့် စိုက်ပျိုးသည့် သီးနှံများ ဈေးမရပေ။ ဤအခြေအနေတွင် မြေပိုင်ဆိုင်မှု သိမ်းဆည်းခံရပါက ၎င်းတို့ ဘဝပျက်သွားနိုင်သည်ဟု ဒေသခံတစ်ဦးဖြစ်သူ စိုင်းဝမ်စိုင်းက ဆိုသည်။

‘‘အခုလည်း ပြောင်းဈေးတွေ မကောင်းလို့ လူတွေ ထိုင်း (နိုင်ငံ) သွားပြီး အလုပ်လုပ်ကုန်ပြီ။ နောက်ဆို ရွာမှာ လူတောင်ကျန်တော့မယ် မထင်ဘူး’’ ဟု စိုင်းဝမ်စိုင်းက ပြောသည်။

ယခု အငြင်းပွားမြေနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးသီးမြို့နယ်အတွင်း  မြေဧက ရာဂဏန်း ရှိသော တပ်ပိုင်မြေအကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၈ မတ် ၁၃   ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမှတ် ၁၃၁ ခြေလျှင်တပ်ရင်း နယ်မြေအတွင်း စိုက်ခင်းမြေ ၁၆၅ ဧကသည် ဒေသခံတို့ ပိုင်ဆိုင်မှု အထောက်အထား မရှိခြင်း၊  တပ်အဆောက်အအုံတို့နှင့် နီးကပ်လွန်းခြင်းတို့ကြောင့်  ပြန်လည် စွန့်လွှတ်မည် မဟုတ်ကြောင်း  ဒုဝန်ကြီးက ပြောသည်။

သို့သော်လည်း သဘာဝရေထွက် ရှိသည့် နမ့်ကုံးရေကန်နှင့် ရေဝေရေလဲနေရာ ၃၁ ဧကကို မြို့နယ်တွင်း ရဟန်းသံဃာနှင့် ရပ်မိရပ်ဖများ၏ သဘောဆန္ဒအတိုင်း အများပြည်သူပိုင်အဖြစ် "နယ်မြေစည်း ရုံးရေးအရ ပြန်လည်စွန့်လွှတ်ပေးသွားမည်" ဟု ဒုဝန်ကြီးက ဆိုသည်။

ဥပဒေနားလည်မှု

သိမ်းဆည်း ထားသည့်မြေတွင် စီမံကိန်း မဆောင်ရွက်ပါက တောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရန် သမ္မတဦးဝင်းမြင့်အစိုးရ လက်ထက်တွင် စီစဉ်ပေးခဲ့သည်။ မြေလွတ်၊  မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင် ပြောင်းလဲခဲ့သည်။

၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့က  ပြင်ဆင်ခဲ့သည့် ထိုဥပဒေကို လွှတ်တော်က အတည်ပြုခဲ့ပြီး အဆိုပါ အတည်ပြုသည့် နေ့မှ ခြောက်လအတွင်း  လျှောက်ထားနိုင်သည့် အခွင့်အရေးကို ဒေသခံများသည် အရေးစိုက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုသို့ အရေးမစိုက်နိုင်ခဲ့သူများထဲတွင် သိမ်းဆည်းခံ မြေဧရိယာအတွင်း တောင်ယာ လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည် စိုင်းအွန်ဖက ပြောသည်။

‘‘အခုအချိန်အထိ ကိုယ့်လယ်တွေ ယာတွေက သိမ်းခံထားရတာ၊  ပြန်ရမှာလား၊  ပြန်သိမ်းဦးမှာလား ဘာတစ်ခုမှ မသိရဘူး။ ဒီတော့ လျှောက်ရမှာလား။ မလျှောက်ရဘူးလား ဆိုတာလည်း မသိဘူး’’ ဟု စိုင်းအွန်ဖက ပြောသည်။

 အခွင့်အရေး လက်လွှတ်သွားကြသဖြင့် သိမ်းဆည်းခံ မြေဧရိယာအတွင်း ပါဝင်သူများအတွက် ပိုမိုဆိုးရွားသည့်အခြေအနေဖြစ်ခဲ့ရသည်ဟု လွှတ်တော်အမတ် ဦးစိုင်းစံမိုင်းက ဆိုသည်။

‘‘လွှတ်တော်ကိုယ်စားလှယ်နဲ့ ဌာနဆိုင်ရာတွေ လူမှုအဖွဲ့အစည်းတွေပါတဲ့ မြေစစ်ကော်မတီကနေ ကျေးရွာတွေအထိ ဆင်းပြီး လျှောက်ကြဖို့တိုက်တွန်းတယ်။ အဲ့ဒီဒါကို လာမလျှောက်ကြဘူး။ ဒါပေမယ့် သိမ်းဆည်းခံထားရတဲ့ ဧက ၅,၄၅၉  အတွက်ကတော့ လယ်မြေ၊ ယာမြေ၊ ရွာမြေ၊ သာသနာမြေ၊  ဆည်၊ ကန် တာတမံမြေ၊  လမ်းမြေ အဲဒါတွေတော့ တိုင်းတာပေးနိုင်ခဲ့တယ်’’ ဟု   လွှတ်တော်အမတ်က ပြောသည်။

မြေစစ်အဖွဲ့သည် လယ်မြေ ၄၇၈.၁၄ ဧက၊  ယာမြေ ၁၁၂၄.၁၃ ဧက၊  ရွာမြေ ၁၁၈.၂၆ ဧက၊  သာသနာနှင့် အခြားအဆောက်အဦး ၂၁.၀၅ ဧက၊  ဆည်၊ ကန် နှင့် တာတမံမြေ ၁၃၆.၇၅ ဧက၊  လမ်းမြေ ၃၅.၇၅ ဧက၊  မြေလွတ်မြေရိုင်းအဖြစ် ၃၅၄၄.၉၂ ဧကကို တိုင်းတာ မှတ်တမ်းတင်ခဲ့သည်ဟု  ကျေးသီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

‘‘ရွှေ့ပြောင်းတောင်ယာတွေ ရှိတယ်။ ရိုးရာဓလေ့နဲ့ ပိုင်ဆိုင်မှုထားတဲ့ မြေတွေရှိတယ်။ တိုင်းထားတဲ့အထဲက မြေလွတ်မြေရိုင်း ဧက သုံးထောင်ကျော်က အဲ့ဒီလိုရိုးရာမြေတွေ။ ဒီတော့ သိမ်းဆည်းမယ်ဆိုတဲ့ မြေဧက ငါးထောင်ကျော်က ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုချည်းပဲ’’ ဟု  ဒေသခံများအတွက် ကူညီနေသည့် ရှမ်းပြည်နယ် လွှတ်တော်အမတ် ဦးစိုင်းစံမိုင်းက ဆိုသည်။  

ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း အကောင်အထည်မဖော်ရန် တောင်းဆိုနေသူများအတွက်မူ လွှတ်တော်အမတ်က အားတစ်ခု ဖြစ်နေသည်။

‘‘ဒေသခံတွေအတွက်လည်း အကျိုးမရှိ၊  ပြည်သူက တင်ထားတဲ့ အစိုးရအတွက်လည်း အခွန်အခ နည်းနည်းလေးပဲရပြီး ပျက်စီးသွားမယ့် သဘာဝပတ်ဝန်းကျင်အတွက် ဒီစီမံကိန်းကို မဖြစ်လာစေချင်ဘူး’’ ဟု ဦးစိုင်းစံမိုင်းက ပြောလိုက်သည်။   ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading