ကျောက်မီးသွေးသုံးစက်ရုံများ ဝိုင်းထားသည့် ရန်ကုန်

စီးပွားရေးမြို့တော် ရန်ကုန်သည် ကျောက်မီးသွေးသုံးစက်ရုံတို့၏ လွတ်မြောက်နယ်မြေ ဖြစ်လာသည်

Published on May 28, 2019

ကျောက်မီးသွေးပြာမှုန့်၏ အန္တရာယ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် မသိခဲ့ပေ။

ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ဘေး၊ ပန်းလှိုင်မြစ်ကမ်းနဖူးပေါ်မှ အိမ်ခြေ ၂,၀၀၀ ကျော်သော သူတို့၏ ကျူးကျော်ရပ်ကွက်တွင် မိုးရာသီရောက်တိုင်း ဗွက်ပေါက် သက်သာစေရန်အတွက် အကုန်အကျ အသက်သာဆုံး နည်းလမ်းမှာ ကျောက်မီးသွေးပြာမှုန့် သုံးပြီး လမ်းမြေဖို့ခြင်း ဖြစ်သည်။

လူဦးရေ တစ်သောင်းကျော် နေထိုင်သည့် ငါးသုံးလုံး (မြေနုကျွန်း) ရပ်ကွက်တွင် ထိုသို့ လုပ်ဆောင်နေသည်မှာ ဆယ်နှစ်ကြာပြီ ဖြစ်သည်။ 

ကျွန်တော်အပါအဝင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားထမ်းတာ။ ကျောက်မီးသွေး(ပြာ) ကိုယ့်ဘာသာ ကျုံးတင်၊ သွားထမ်း။ ဒီရောက်တော့လည်း ကားပေါ်က ထမ်းချပေါ့”  ဟု အုပ်ချုပ်ရေးမှူးက ပြောပြသည်။

ယခုအခါ ဦးဝင်းအောင်တို့၏ နည်းလမ်းကို ရပ်ကွက်အများအပြားက ရွေးချယ်နေကြပြီး အုတ်လုပ်ငန်းတို့ကလည်း အဆိုပါ စွန့်ပစ်ပစ္စည်းကို ကျောက်မီးသွေးလောင်စာသုံး စက်ရုံများထံမှ ဝယ်ယူနေကြသည်။

ကျောက်မီးသွေးနှင့် ဆက်စပ်မည့် စီမံကိန်းများ ပြည်နယ်တချို့တွင် စောင့်ကြည့် ကန့်ကွက်ခံနေရစဉ် စီးပွားရေးမြို့တော် ရန်ကုန်တွင်မူ စက်ရုံအများအပြားက လိုအပ်သော လျှပ်စစ်စွမ်းအင် ရရှိရန်  ကျောက်မီးသွေးကို အကြီးအကျယ် လွတ်လပ်စွာ အသုံးပြုနေကြသည်။

ကျောက်မီးသွေးအန္တရာယ်

လှိုင်သာယာ၊ မြေနုကျွန်းတွင် မိုးတွင်းကာလ ရေတက်သည့်အခါ  ဦးဝင်းအောင်တို့ ဖို့ထားကြသော ကျောက်မီးသွေးပြာသည် ရေနှင့်အတူ ပန်းလှိုင်မြစ်အတွင်း မျောပါသွားတော့သည်။

ပေါ်ပေါက်လာသော ချိုင့်ခွက်များကို ယခင်နည်းလမ်းအတိုင်း ပြန်ဖို့ကြသည်ဟု  ဒေသခံတို့က ဆိုသည်။

မချိုမာလွင်က ဇန်နဝါရီလတွင် အိမ်ရှေ့ မြေဖို့ရန် ကျောက်မီးသွေးပြာကို ထော်လာဂျီ အစင်း  ၃၀ တိုက် ဝယ်ယူခဲ့သည်။

သူ၏ အသက် ၃ နှစ်အရွယ် အမွှာကလေးနှစ်ယောက်မှာ ပြာဖို့မြေပေါ်တွင် ဆော့ကစားနေကြသည်။

ပြာဖို့မြေက အမှုန်များ လွင့်တတ်သဖြင့် နေ့စဉ် ရေနှစ်ကြိမ် ဖြန်းပေးရကြောင်း၊ ကျောက်မီးသွေး၏ ဆိုးကျိုးများကို မကြာသေးမီကမှ ကြားသိရကြောင်း အမွှာကလေးတို့၏မိခင်က ဆိုသည်။

ဒါပေမယ့် ကျွန်မတို့က ဒါခင်းပြီးတာနဲ့ မကြာခင်မှာ သမံတလင်း ခင်းမှာပါ။ ခုက မြေကြီးက မသိပ်သေးလို့”  ဟု ၂၉ နှစ်အရွယ် မချိုမာလွင်က ပြောသည်။

ထိုအခြေအနေသည်  ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိရာ ရှမ်းပြည်နယ်၊ ပင်လောင်းရှိ တီကျစ်ဒေသအဖြစ်အပျက်နှင့်လည်း ဆင်တူနေသည်။

တီကျစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပိတ်သိမ်းရေးအတွက် ဒေသခံများကို အကူအညီပေးနေသူ တစ်ဦးဖြစ်သည့်  ဦးအောင်ကျော်မိုးက ကျောက်မီးသွေးကို မီးရှို့ခြင်းကြောင့် ဆာလဖာဒိုင် အောက်ဆိုဒ်ဓာတ် ထွက်ပေါ်လာမည်ဖြစ်ပြီး ကျောက်မီးသွေးပြာတွင် အာဆန်းနစ်ဓာတ်၊ မာကျူရီဓာတ်တို့လည်း ပါဝင်လာမည် ဖြစ်ကြောင်း ပြောသည်။

ပြာတွေမှာပါဝင်တဲ့ သတ္ထုအမျိုးအစားတွေကိုလည်း ဓာတ်ခွဲကြည့်ရမှာပေါ့လေ။ ကျွန်တော်တို့ တီကျစ်မှာ ဖြစ်တာကတော့ ပြာတွေကို ဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာတော့ တော်တော်များများက အဆိပ်သင့်စေတဲ့ ကက်ဒီယမ်ဓာတ်တွေ၊ အာဆင်းနစ်ဓာတ်များတာ ရှိတယ်လေ”  ဟု အရပ်ဘက်အဖွဲ့အစည်း အများအပြားဖြင့် ကွန်ရက်ဖွဲ့ လုပ်ဆောင်နေသည့် MATA အဖွဲ့မှ ဦးအောင်ကျော်မိုးက ပြောသည်။

ထိုဓာတ်များကြောင့် အနီးအနားတွင်ရှိသူတို့ကို ရောဂါဖြစ်ပွားစေရာ  စက်ရုံဝန်းကျင်ကို  သုတေသန ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ၎င်းတို့ထံတွင် စက်ရုံများက ကျောက်မီးသွေးပြာကို စနစ်တကျ သိမ်းဆည်းသိုလှောင်သော်လည်း  ပြင်ပသို့ အကြောင်းတစ်ခုခုကြောင့် ရောက်ရှိနိုင်သဖြင့် အများပြည်သူ ထိခိုက်၊ သေဆုံးမှု ရှိနေသည်ဟု VOA သတင်းဌာနကို ၂၀၁၇ မေလတွင် ပြောသည်။

"ပြာစိုဖြစ်ဖြစ် ပြာခြောက်ပဲဖြစ်ဖြစ် လူတွေအတွက် အင်မတန် အန္တရာယ်ရှိပါတယ်။ ဂေဟစနစ်မှာလည်း နောက်ဆုံးပိတ် ပြာတွေ မြစ်ချောင်းထဲ ရောက်သွားဦး ဒီမှာရှိတဲ့ အပင်တွေ၊ သတ္တဝါတွေ သေကြေကြမှာ ဖြစ်ပါတယ်။ ဒီအညစ်အကြေးတွေကို လေထဲ၊ ရေထဲမှာ ရောက်မသွားအောင် သေသေချာချာ မလုပ်နိုင်ရင် မြန်မာနိုင်ငံတွင်းက မြစ်ချောင်းအင်းအိုင်တွေက အကုန်လုံးမှာ အန္တရာယ် ဖြစ်လာနိုင်ပါတယ်" ဟု ဒေါ်အေးအေးကြည်က သတိပေးသည်။

အရပ်ဘက်အဖွဲ့များ စောင့်ကြည့်မှု အားနည်းသည့် ရန်ကုန်မှ ဤစက်ရုံများနှင့် ပတ်သက်ပြီး အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ရှမ်းပြည်နယ်မှ တီကျစ်ဓာတ်အားပေးစက်ရုံ ကျောက်မီးသွေး အသုံးပြုမှုမှာ ကမ္ဘာ့ဘဏ် သတ်မှတ်ချက် စံချိန်စံညွှန်းအတိုင်း ဖြစ်သည်ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ၂၀၁၈ ဇူလိုင်လတွင် ပြောသည်။ တီကျစ်စက်ရုံမှ ထွက်သည့်  နိုက်ထရိုဂျင် အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်တို့ကို ချေဖျက်နိုင်ရန် ယူရီးယား၊ မဂ္ဂနီစီယမ်အောက်ဆိုဒ်တို့ကို ရေဖျော်၍ ဖြန်းပေးသည်ဟု ဆိုသည်။

လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ နေ့စဉ် ကျောက်မီးသွေး ၂၅ တန်ကျော် အသုံးပြုသည့်  ထူးသစ် တိရိစ္ဆာန်အစာထုတ် စက်ရုံမှ ဘွိုင်လာဋ္ဌာန မန်နေဂျာ ဦးခင်မောင်လွင်က  စွန့်ပစ်ပစ္စည်း ကျောက်မီးသွေးပြာကို လိုအပ်သူတို့လည်း ရှိနေသည်ဟု ဆိုသည်။

ကျွန်တော်တို့ ဒီမှာကတော့ ချော်ခဲလိုမျိုး ထွက်တာကိုတော့ လမ်းခင်းတာတို့၊ ဘာတို့မှာ သုံးတယ်။ ပြာအနုဖြစ်သွားတဲ့ ဟာမျိုးကျတော့ အုတ်ဖုတ်တဲ့လူတွေက လာယူသွားကြတယ်”  ဟု ၎င်းက ပြောသည်။

တိုင်ကြားစာများအပေါ် မူတည်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊  စက်ရုံပေါင်း ၁၀၀ ကျော်ကို အမှိုက် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ဒဏ်ငွေရိုက် အရေးယူခဲ့ကြောင်း  မြို့တော်စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေးဋ္ဌာန ဒုတိယဋ္ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။

၂၀၁၈ မြို့တော်စည်ပင် ဥပဒေတွင် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေရာ စက်ရုံ ၂၀ ကို စစ်ဆေး သတိပေးထားပြီး ပြုပြင်ရန် ပျက်ကွက်ပါက ထိုဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယဌာနမှူးက ပြောသည်။

ကျောက်မီးသွေးသုံးတဲ့ ကိစ္စတွေ၊  လေထု၊ ရေ၊ မြေကြီး ညစ်ညမ်းမှုဖြစ်စေတဲ့ ကိစ္စတွေကို သူတို့ကို ကျွန်တော်တို့ စာပို့ထားတယ်”  ဟု ဒုတိယဌာနမှူးက ဆိုသည်။

ကျောက်မီးသွေးပြာမှုန် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမှာ ၂၀၁၂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ ၂၀၁၆ မြစ်ချောင်း ဥပဒေတို့နှင့်လည်း ငြိစွန်းနေသည်ဟု နေပြည်တော်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ညန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ဝေဖန်သည်။

စနစ်တကျ စွန့်ပစ်မယ်ဆိုရင် ပိုက်ဆံကုန်မယ်လေ။ ဒါကို မသိနားမလည်တဲ့ လူတွေကို ပေးပြီးတော့ မသိရင် ကိုယ်ကပဲ အကူအညီပေးသလိုလို ဘာလိုလိုနဲ့ လုပ်တာဖြစ်မှာပေါ့ဟု ၎င်းက ပြောသည်။

ရန်ကုန် လေထုညစ်ညမ်းမှု

ရန်ကုန်မြို့ကို ဝန်းရံထားသည့် စက်မှုဇုန် ၂၉ ခု၊  စက်ရုံပေါင်း ၃,၄၇၄ ရုံတွင် ဘွိုင်လာ အသုံးပြုသည့် စက်ရုံများမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိနေသည်။ ဘွိုင်လာအများစုမှာ ထင်း၊ စပါးခွံ၊ ပလက်စတစ်၊ ကျောက်မီးသွေး စသည့် ဈေးသက်သာသော  လောင်စာများကို အသုံးပြုကြသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်းရှိ ရန်ကုန် လေထုအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို နေရာပေါင်း ၆၇ နေရာတွင် ကောက်ယူလျက်ရှိသည်။

လေထု တိုင်းတာချက်များအရ စက်မှုဇုန်များတွင် SO2  နှင့် NO2  ထွက်ရှိမှု မြင့်မားနေပြီး လေထုအတွင်း အမှုန် ပါဝင်မှုနှုန်းမှာလည်း စံချိန်၊ စံညွှန်းထက် ကျော်လွန်နေသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဋ္ဌာန ဒုတိယဋ္ဌာနမှူး ဒေါက်တာအောင်မြင့်မော်က Myanmar Now ကို ပြောသည်။

လေထုညစ်ညမ်းမှု လျှော့ချနိုင်ရန်အတွက် မီးခိုးခေါင်းတိုင်ကို ပေ ၁၀၀ အမြင့်ထိ ထားရှိရန် လွန်ခဲ့သော ၅ နှစ်က ညွှန်ကြားခဲ့သော်လည်း ထိုသတ်မှတ်ချက်မှာ အဖြေမဟုတ်ကြောင်း ဒေါက်တာအောင်မြင့်မော်က နားလည်ခဲ့သည်။

ကျောက်မီးသွေးထဲတွင် ပါဝင်သည့် သတ္ထုဓာတ်ငွေ့များ၊ အမှုန်အမွှားများ လေထုအတွင်းသို့ မပျံ့နှံ့စေရန် နည်းပညာဖြင့် ပြုလုပ်ရန် နောက်ပိုင်းတွင် ညွန်ကြားခဲ့သည် ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျောက်မီးသွေးသုံးစွဲခွင့်ကို ခွင့်ပြုခြင်း၊ မပြုခြင်းကို ၎င်းတို့ ဋ္ဌာနက ဆုံးဖြတ်နိုင်သည်ဟု ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရန်ကုန် ကျောက်မီးသွေး ဈေးကွက်

မကွေးတိုင်းဒေသကြီးတွင် အကြီးစား ကျောက်မီးသွေး လုပ်ကွက် ၃ ကွက်၊  အသေးစား  လုပ် ကွက် ၃၁ ကွက်၊ စမ်းသပ်လုပ်ကိုင်မည့်  လုပ်ကွက် ၂၅ ကွက်လည်း ရှိသည်။ 

ရန်ကုန်တိုင်းအတွင်းရှိ မြောင်းတကာ သံမဏိစက်ရုံသည် တိုက်ကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်များသို့ နေ့စဉ် ကားအစင်းရေ ၂၀ ခန့် ပို့ဆောင်ရကြောင်း မကွေးတိုင်းဒေသကြီး မင်းဘူးမှ ကျောက်မီးသွေး ရန်ကုန်သို့ တင်ပို့ရသည် ယာဉ်မောင်း ဦးကြည်စိုးထံမှ သိရသည်။

ရန်ကုန်၊ လှိုင်သာယာရှိ ကျောက်မီးသွေး ရောင်းဝယ်သူ ဦးမျိုးကိုက ကျောက်မီးသွေးကို အများအားဖြင့် မကွေးတိုင်း၊ ကလေးဝနှင့် ရှမ်းပြည်နယ်တို့မှ တင်သွင်းလာခြင်းဖြစ်ပြီး  ဈေးနှုန်း အတက်အကျမှာ ကားဈေးအတက်အကျနှင့် ရာသီဥတု အခြေအနေတို့ အပေါ်တွင် မူတည်ကြောင်း၊ ရန်ကုန်တွင် ကျောက်မီးသွေး အသုံးအများဆုံးစက်ရုံမှာ မြောင်းတကာ သံမဏိစက်ရုံဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျောက်မီးသွေး ၁၇ တန် တင်ဆောင်နိုင်သည့် ကားအစင်းရေ ၃၀ခန့် နေ့စဉ် ဝင်ရောက်နေပြီး လစဉ် ကျောက်မီးသွေးတန်ချိန် တစ်သောင်းခွဲမှ နှစ်သောင်းကြား ရန်ကုန်ရှိ စက်မှုဇုန်များတွင် အသုံးပြုနေခြင်းဖြစ်သည်။

ဒေါက်တာ အောင်မြင့်မော်တို့ ဋ္ဌာနအနေဖြင့် ကျောက်မီးသွေးစွမ်းအင်ကို သုံးစွဲပြီး လည်ပတ်နေသည့် စက်ရုံ အရေအတွက်ကို အတိအကျ မသိရှိသေးပေ။

 “ကျောက်မီးသွေး (စွမ်းအင်) သုံး စက်ရုံ ဘယ်လောက်ရှိသလဲ။ သုံးနေတာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ အရေအတွက်ရမှ စက်ရုံ တစ်ခုချင်းစီက ဘယ်လောက် သုံးသလဲဆိုတဲ့ တန်ချိန်ကို ရမယ်။ ဒါမှ ရန်ကုန်တစ်မြို့လုံးမှာ သုံးတဲ့ အရေအတွက်ကို ပေါင်းလို့ရမှာဟု ၎င်းက ပြောသည်။

ထပ်တိုး စီမံကိန်းများ

အစိုးရတွင်လည်း  ရန်ကုန်မြို့သစ်တည်ဆောက်ရေးကဲ့သို့သော လျှပ်စစ်စွမ်းအင်လိုအပ်ချက် ကြီးမားသည့် စီမံကိန်းများ ရှိနေသည်။

ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် ဧက ရာပေါင်းများစွာ ကျယ်ဝန်းမည့် စက်မှုဇုန်များ တည်ဆောင်သွားရန်အတွက်လည်း  စီစဉ်နေသည်။

အစိုးရတွင် စီမံကိန်းများအတွက် ရည်ရွယ်ချက်ရှိသော်လည်း လျှပ်စစ်၊ စွမ်းအင်ကဏ္ဍအတွက်တော့ တိကျသည့်အဖြေ မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက သုံးသပ်သည်။

လျှပ်စစ်ဓာတ်အား ရောင်းချရန် လာရောက် ကမ်းလှမ်းသည့် ကုမ္ပဏီများမှာ ကျောက်မီးသွေးလောင်စာကို အားသန်ကြကြောင်း ရှင်းပြသည်။

လာတဲ့ ကုမ္ပဏီတွေက ရေအားလျှပ်စစ်လည်း ရတယ်။ နေရောင်ခြည်ကလည်း ထုတ်လို့ရတယ်။ ကျောက်မီးသွေးလည်း ပါတယ်။ မြေကြီးထဲကလည်း ထုတ်လို့ရတယ်ပေါ့။ များသောအားဖြင့် ကျွန်တော်တို့ ပြန်မေးကြည့်တဲ့အခါမှာ ကုမ္ပဏီအများစုက ကျောက်မီးသွေးကိုပဲ ပြန်လည်သွားတယ်”  ဟု ၎င်းက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝင် ဦးတင်မောင်ဦးက ၂၀၃၀ တွင် တစ်နိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်မီး ရနိုင်ရန် အစိုးရက မူဝါဒ ချမှတ်ထားကြောင်း၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ချိန်ထိုးသွားရန် လိုကြောင်း မှတ်ချက်ချသည်။

ကျောက်မီးသွေး အမျိုးမျိုးပြောကြတာပါပဲ။ သူများတွေက အကုန်လုံး လုပ်ပြီးသွားတော့မှ ကျွန်တော်တို့ကို လာအော်နေတာ။ ကျွန်တော်တို့တိုင်းပြည်က မတိုးတက်သေးဘူး။ သက်သာဖို့ဆိုတာက ကျောက်မီးသွေးတို့ ဘာတို့ကမှ သက်သာတာ”  ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကျောက်မီးသွေးအစားထိုး လောင်စာ

ရန်ကုန်ရှိ သီလဝါစက်မှုဇုန်တွင် ဂျပန်နိုင်ငံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀နှင့် ၁၀၀၀ကြားတွင်  LNG (Liquefied Natural Gas)  ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအစဉ် ရှိနေပြီး ပိုလျှံသည့် LNG များကို ရောင်းချခွင့်ပေးထားသည်ဟု ၎င်းက ပြောသည်။

ထူးသစ် တိရိစ္ဆာန်အစာထုတ်စက်ရုံမှ အရာရှိတစ်ဦးက ကျောက်မီးသွေးသုံး ဘွိုင်လာစက်များနှင့် ဂက်စ်သုံးသည့် ဘွိုင်လာများမှာတည်ဆောက်ပုံချင်း မတူညီကြောင်း ပြောသည်။

ဂက်စ်ကို သူတို့က ဘယ်ဈေးနဲ့ ပေးမလဲဆိုတာလဲ မသိတော့ ကျွန်တော်က ပြောရ ခက်နေတယ်”  ဟု ထိုစက်ရုံမှ ဘွိုင်လာဋ္ဌာန မန်နေဂျာ ဦးခင်မောင်လွင်က ဆိုသည်။

လှိုင်သာယာ၊ ငါးသုံးလုံး (မြေနုကျွန်း) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကမူ  ကျောက်မီးသွေးပြာ၏ ဆိုးကျိုးကို သိရှိနေပြီဖြစ်သည်။

ကျောက်မီးသွေးက ဒီလိုအန္တရာယ် ရှိနိုင်တယ်၊  ရောဂါဆိုးကျိုးတွေ ရရှိနိုင်တယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့  တစ်မျိုးတစ်ဖုံ ပြန်ပြောင်းပြီးတော့ဖြစ်ဖြစ် လမ်းကို ပြုပြင်ဖို့ စဉ်းစားမယ်”  ဟု ၎င်းက ပြောသည်။

သို့သော်လည်း စက်ရုံများမှ လွယ်လွယ်ရနိုင်သော ကျောက်မီးသွေးပြာဖြင့် အိမ်မြေဖို့ကြသည့် ရပ်ကွက်နေ ပြည်သူတို့၏ ဓလေ့ကို မည်သို့ ဖျောက်ဖျက်ရမည်ကို တွေးတော၊ ရင်မောနေတော့သည်။

ရပ်ကွက်ထဲက ပြည်သူတွေကတော့  အိမ်တိုင်းအိမ်တိုင်းမှာ ကျောက်မီးသွေးကို အားထားပြီးတော့ ထော်လာဂျီတွေနဲ့ တိုက်နေကြတယ်” ဟု အုပ်ချုပ်ရေးမှူးက ၎င်း၏ ရုံးရှေ့ရှိ ကျောက်မီးသွေးပြာဖြင့် ခင်ထားသည့် လမ်းမကို ငေးကြည့်ရင်း ပြောလိုက်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading