လျှပ်စစ်အမြဲတမ်းအတွင်းဝန်နှင့် ဆက်သွယ်မေးမြန်းခြင်း

မဟာဓာတ်အားလိုင်းနှင့် ဝေးလံသော ဒေသများတွင် ရေ၊ လေ၊ နေ စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်းများ ဖော်ဆောင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနက ပြောသည်။

Published on May 14, 2019
မေ ၉ ရက်နေ့ နေပြည်တော်  သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး (ဓာတ်ပုံ - MOI)
မေ ၉ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး (ဓာတ်ပုံ - MOI)

နိုင်ငံ၏ ဓာတ်အား အကြီးအကျယ်လိုအပ်မှုအတွက် လေ၊ နေ စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်း၊ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတို့ကို ဖော်ဆောင်ရန် နိုင်ငံတကာ ချေးငွေ၊ အထောက်အပံ့တို့က အရေးပါသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနက ပြောသည်။

ယခင်လ ဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက လတ်တလော ဓာတ်အား ထုတ်လုပ်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယူအဆတို့အကြောင်း ပြောပြခဲ့သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချို၏ ဆက်သွယ် မေးမြန်းချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 မေး။    ။ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ကျွန်တော်တို့နိုင်ငံ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ ပမာဏ ဘယ်လောက် ကွာပါသလဲ။

ဖြေ။      ။ ကွာတာပေါ့ဗျာ။ သူတို့က မဂ္ဂါဝပ်  သောင်းချီပြီးတော့ ထုတ်တာပေါ့ဗျာ။ ငါးသောင်းတို့ ဘာတို့လောက် ထုတ်တာပေါ့။ တရုတ်ပြည်ဆိုရင် သိန်းချီနေတာပဲကို။  လောလောဆယ်တော့ ကျွန်တော်တို့က ထောင်ဂဏန်းလေးရှိတာ။ ဘယ်လိုမှကို ယှဉ်လို့မရဘူး။ သူတို့ရဲ့အစွန်းထွက်လောက်လို ဖြစ်နေတာ။ ခုဆိုရင် ကျွန်တော်တို့ ၄၄ ရာခိုင်နှုန်း ကျွန်တော်တို့ မီးပေးနိုင်ပြီ။ ဒီနှစ် ဒီဇင်ဘာမှာ ၅၀ ရာခိုင်နှုန်း တစ်ပြည်လုံး အတိုင်းအတာမှာ။  အဲဒါကို ဝန်ကြီးဋ္ဌာနရဲ့ Target (ရည်မှန်းချက်) ပေါ့နော်၊  ၂၀၂၅မှာ ဆိုရင် မြန်မာတစ်နိုင်ငံလုံး ၇၅ ရာခိုင်နှုန်း၊  ၂၀၃၀ ကို ၁၀၀ ရာခိုင်နှုန်း ရအောင် လုပ်မယ်ဆိုပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတောင် ဟိုတလောက ပြောထားတယ်။ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသတွေ ကျတော့ ဓာတ်အားလိုင်းကြီး ရောက်သွားဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ တောင်တွေ အများကြီးနဲ့ ဆိုတော့ အဲလိုမျိုးနေရာရောက်ရင်   ရေအားအသေးစားလေးတွေ၊ Solar (နေစွမ်းအင်) လိုဟာမျိုး၊ Wind (လေစွမ်းအင်) လိုဟာမျိုး  လုပ်ဖို့ကိုလည်း ကြိုးစားနေပါတယ်။  ချက်ခြင်း  လုပ်လိုက်ပါလား ဆိုတော့လည်း အဓိကကတော့ ဘတ်ဂျက်ပေါ့၊  ကိုယ့်တိုင် မလုပ်နိုင်တော့ သူများရဲ့ ချေးငွေတို့၊  Grant (အထောက်အပံ့) တို့ ဒီအပေါ်မှာ မျှော်လင့်ပြီး လုပ်နေရတာတွေလည်း အများကြီး ရှိတာပေါ့။

တပ်ဆင်ထားတဲ့ စက်အင်အားက ၅,၄၀၀ ကျော်ကျော်ပဲ ရှိတယ်။ သူတို့ (အိမ်နီးချင်း နိုင်ငံတွေ) က မဂ္ဂါဝပ် ၇၀,၀၀၀၊  ၈၀,၀၀၀ ရှိမှာပေါ့၊   လာအိုတောင်မှ ခုဆို ရေအားတွေက တိုးတက်လာတော့ ကျွန်တော်တို့ကို ရောင်းချင်တယ် ဆိုပြီး ဖြစ်လာပြီ။ ရေအားလျှပ်စစ် ဒီမှာ  ဘာလို့ မထုတ်တာလဲ ဆိုတော့ အဲဒါတွေ ဆက်ပြောရင်တော့ ပြီးမှာ မဟုတ်တော့ဘူး။  ကျွန်တော်တို့လည်း လုပ်ချင်တာပေါ့၊ လူထု ထိခိုက်စေချင်တာတော့ မဟုတ်ဘူးပေါ့။ ရေလှောင်တမံကို အမြင့်ကြီး မလုပ်ဘဲနဲ့ အနိမ့်တမံပေါ့ဗျာ၊ ရွှေ့ပြောင်းကျေးရွာလည်း နည်းသွားတာပေါ့လေ၊ ဒါမျိုးဆိုရင်တော့ လက်ခံသင့်တာပေါ့ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗီမှာ ထုတ်ကုန် နှစ်ဆ တိုးမြင့်ကြ ဆိုကတည်း၊။ လျှပ်စစ်မီးမရဘဲနဲ့ ထုတ်ကုန် နှစ်ဆ ဘယ်လို တိုးမြင့်မတုန်း။ အဲ့ဒီကတည်းက အရင်တုန်းက ကျွန်တော်တို့ မှားခဲ့ကြတာပေါ့ဗျာ။ ဒါကြီးက လုပ်သင့်နေတာ ကြာပြီလေ။ လမ်းတံတားတွေက နည်းနည်း တည်ငြိမ်လာပြီ။ အခု အကြီးအကဲတွေက စွမ်းအင်ကို ဦးစားတော့ ပေးနေတယ်၊ ပိုပြီးတော့ ဘတ်ဂျက်တွေ ထည့်ပေးနေတယ်။ 

မေး။    ။ နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်က မဂ္ဂါဝပ် ဘယ်လောက်တောင် ရှိနေပါသလဲ။

ဖြေ။      ။  စက်မှုလုပ်ငန်းတွေရော၊ မြို့ရွာတွေရော မီးပေးတော့ နှစ်စဉ် ၃၀၀ ကနေ ၅၀၀ မဂ္ဂဝပ် တိုးလာတာမျိုးပေါ့။ အဲဒီဟာတွေကို ဖြည့်ဆည်းပေးဖို့အတွက်  စက်ရုံတွေ   ထူထောင်တဲ့အခါမှာ ကျောက်ဆည်က ၁၄၅ မဂ္ဂါဝပ် ဆိုရင် ခုဆိုရင် စပြီးတော့ စမ်းသပ်နေပြီ။ ဝင်နေပြီ။  မြင်းခြံမှာလည်း ပြီးခဲ့တဲ့လက ဖွင့်ပွဲတွေ လုပ်တယ်၊ ၂၂၅ မဂ္ဂါဝပ် ဆိုတာ။  သုံးစွဲချင်တဲ့ လိုအပ်ချက်က နှစ်စဉ်တိုးနေတာ၊  အဲဒီအတွက်ကို တည်ငြိမ်သွားဖို့အတွက် ကျွန်တော်တို့ကလည်း ကြိုးစားရတာပေါ့။

မေး။    ။   ဆက်လုပ်ဖို့ စီစဉ်ထားတဲ့ ပရောဂျက်တွေရော ရှိပါသလား။

ဖြေ။      ။ ရှိပါတယ်။ ၂၀၁၈ မှာ လက်မှတ်ထိုးခဲ့တဲ့ NTP (Notice To Proceed) ထိုးခဲ့တဲ့ ပရောဂျက် သုံးခု ရှိပါတယ်။ ဧရာဝတီတိုင်း၊ မီးလောင်ချိုင့်မှာလည်း ရှိတယ်။ တနင်္သာရီတိုင်း၊ ကံပေါက်မှာလည်း ၁,၂၃၀ မဂ္ဂဝပ် ထွက်မှာ။ လုပ်မယ့် ပရောဂျက်ပေါ့၊ ကျွန်တော်တို့က ၂၀၂၁ အတွင်းမှာ မှန်းထားပါတယ်။ 

မေး။    ။ ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွေရော ဆက်လက် လုပ်ဆောင် သွားဖို့ရှိပါသလား။

ဖြေ။      ။ ကျောက်မီးသွေးကတော့ အခု  တီကျစ်လေးတစ်ခု ရှိတာတောင်မှ ဟိုက ကန့်ကွက်၊ ဒီက ကန့်ကွက်နဲ့။ ဒါလည်း မြင်သာအောင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိကိုလည်း ဒီဂျစ်တယ်နဲ့ ပြပြီး ထုတ်ပြန်နေကြတယ်။ တီကျစ်မှာပေါ့၊ အဲဒီတစ်ရုံပဲရှိတယ်။  အခြားလူတွေလည်း မထိခိုက်အောင် ကလေးဝ (မြို့နယ်) လို နေရာမျိုးမှာ ကျောက်မီးသွေး ထွက်တယ်၊ တခြားဒေသနဲ့မနီးတဲ့ ပြည်သူတွေ အများကြီး လူနေထူထပ်တဲ့နေရာ မဟုတ်ဘူး၊ အဲ့လိုမျိုးနေရာ ဆိုရင်တော့ ပိုအဆင်ပြေမယ် လို့တော့ ကျွန်တော်တို့ ယူဆထားတာပဲ။ ခုထက်ထိတော့ အတည်မပြုရသေးဘူး။  Proposal တွေကို (အဆိုပြုလွှာတွေကို) စိစစ်တုန်းပေါ့။

ပြောရင်တော့ ခက်တော့ခက်တာပေါ့။ အကျိုးပြုဘယ်လောက်ရှိသလဲ။ ထိခိုက်မှုဘယ်လောက်ရှိသလဲ ဆိုတာ ဒီနှစ်ခုတော့ နှိုင်းယှဉ်ဖို့ လိုအပ်တာပေါ့။ အကျိုးပြုတဲ့ဘက်က    များတယ်ဆိုရင်တော့ လက်ခံသင့်တာပေါ့။ နေရာတိုင်းမှာ ဘာလုပ်လုပ် ကောင်းတဲ့ အလုပ်လုပ်ရင်လဲ Side Effect (ဘေးထွက်ဆိုးကျိုး) တော့ ရှိတာပေါ့။ အပြစ်ဖက်က ကြည့်ရင်တော့ မှန်နေမှာပေါ့။  

ဖွံဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့က အားနည်းသွားမှာပါပဲ၊ သဘာဝပတ်ဝန်းကျင် အရမ်းကြီး ထိန်းသိမ်းနေပြန်ရင်လည်း ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျသွားပြန်ရော၊ ဒီနှစ်ခုကိုတော့ နည်းနည်းမျှတအောင် လုပ်ပြီးတော့ ဘယ်ဟာ အားသာလဲ ဆိုတာကို Effective (ထိရောက်) တဲ့ဟာ၊ များတဲ့ဟာဆိုရင်တော့ သုံးသင့်တယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ အတွေးအခေါ် အယူအဆတွေကတော့ မတူနိုင်ဘူးပေါ့။ ဒါပေမယ့် တစ်ဖက်သတ်ကြီး ပိတ်ပြီးတော့၊ မျက်လုံးကြီး စုံပိတ်ပြီးတော့ အော်နေရင်တော့ တစ်မျိုးပေါ့ဗျာ။

ကျောက်မီးသွေးကို အမျိုးမျိုးပြောကြတာပါပဲ။ သူများတွေက အကုန်လုံး လုပ်ပြီးသွားတော့မှ ကျွန်တော်တို့ကို လာအော်နေတာ။ ကျွန်တော်တို့ တိုင်းပြည်က မတိုးတက်သေးဘူး၊ သက်သာဖို့ ဆိုတာက ကျောက်မီးသွေးတို့၊ ဘာတို့ကမှ သက်သာတာ။ ဂက်စ်ဆိုတာက ကျွန်တော်တို့ မဖြစ်လို့ သုံးနေတာ။

ကိုယ့်တိုင်းပြည်က (လျှပ်စစ်) မလုံလောက်လို့ နိုင်ငံခြားက ဝယ်မယ်ဆိုရင် တစ်ယူနစ်ကို တစ်ရာကျော်မှာပဲ။ လူကြီးတွေက ပြည်သူကို မီးပေးချင်လို့ စဉ်းစားကြတဲ့သဘော ရှိတာပေါ့။ တကယ်တမ်းကျတော့ ကျောက်မီးသွေးတို့၊ ရေအားတို့ လုပ်နိုင်ခဲ့ရင် တိုင်းပြည်တိုးတက်မှုကိုလည်း အများကြီး အထောက်အကူ ပြုတာပေါ့။ ကျွန်တော်တို့လည်း အမြဲတမ်း ပြောနေကြတာပဲ။ တစ်နှစ်ကို ဘီလီယံ ၅၀၀ လောက်  စိုက်နေရတယ်၊ ဒီထက် တိုးလာဖို့ပဲရှိတယ်။  တစ်နှစ် ၅၀၀ ဘီလီယံဆိုတာ နောက်ထပ် စက်ရုံတစ်ရုံ အသစ်တည်လို့ ရတယ်လေ။   ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading