ကျောက်စည်ပိုင်းထဲ ရေနှစ်ခံကလေးငယ်၏ ကယ်တင်ရှင်

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ရုပ်သံပါ ဆွေမျိုးအရင်းများက  နှစ်ခါလည်သားအရွယ် ကလေးငယ်ကို ရေနှစ်ညှဉ်းပန်းသည့်အကြောင်း စတင် ဖွင့်ချခဲ့သူသည် ထိုမိသားစုပိုင်သည့် အိမ်တွင် ငှားရမ်းနေထိုင်ရသူဖြစ်သည်။

ကလေးငယ် နှိပ်စက်ခံနေရစဉ် ဒေါ်နိုင်နိုင်‌မော်ရိုက်ကူးထားသော  ရုပ်သံမှတ်တမ်းမှ ပုံရိပ်တစ်ခု
ကလေးငယ် နှိပ်စက်ခံနေရစဉ် ဒေါ်နိုင်နိုင်‌မော်ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းမှ ပုံရိပ်တစ်ခု

ကိုယ်ကအမှုဖွင့်တိုင်တန်းရမည့်သူက ကိုယ့်အိမ်ရှင်ဖြစ်နေသည်။ ထို့ပြင် ကလေးငယ်တစ်ဦးကို ၎င်း၏ ဆွေမျိုးအရင်းများက ဆုံးမသည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်ခြင်းအပေါ် အမှုဖွင့်ခွင့်ရှိမရှိကိုလည်း မသိသဖြင့် မနိုင်နိုင်မော်တစ်ယောက် ကလေးငယ်ကို ကယ်တင်ရေးမှာ စွန့်စားခန်းတစ်ခု ဖြစ်လာခဲ့သည်။

မြေးအရင်းနှင့် တူအရင်း အသီးသီးတော်စပ်သည့် အသက်တစ်နှစ်ကိုးလသားအရွယ် ကလေးငယ်ကို ညှဉ်း ပန်းနှိပ်စက်မှုဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်နေ အမျိုးသမီးနှစ်ဦး အမှုတွင် မနိုင်နိုင်မော်၏ ရုပ်သံမှတ်တမ်းတင်ချက်နှင့် ကိုယ်တိုင် ဖွင့်ဟတိုင်တန်းချက်တို့က အဓိက ဖြစ်သည်။

မြောက်ဥက္ကလာမြို့နယ် () ရပ်ကွက်၊ တုသိတာလမ်း၊ ကန်ဘောင်ဘေး ကျူးကျော် နေရာတွင် နေထိုင်သည့်  အသက် ၅၀ အရွယ် ဒေါ်မြင့်ချိုနှင့် ၂၃ နှစ်အရွယ် မအေးမြတ်လွင်တို့ သားအမိ  ကလေးငယ်ကိုရေစည်ထဲ နှစ်နေသည့် မှတ်တမ်း ရုပ်သံဖိုင် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ကာ လူအများဒေါသထွက်ခဲ့ကြသည်။

၎င်းတို့နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၇ (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း) ဖြင့် မြောက်ဥက္ကလာမြို့နယ် ရဲစခန်းက ဧပြီ ၂၇ တွင် တရားစွဲတင်လိုက်ရာ အာမခံ မရဘဲ အချုပ်ဖြင့် အင်းစိန်ထောင်မှ တရားရင်ဆိုင်ရတော့မည်ဖြစ်သည်။

အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ကျခံရနိုင်သည်။ ပုဒ်မ ၃၀၇ သည် ထောင်ဒဏ် ဆယ်နှစ်အပြင် ငွေဒဏ်လည်း ကျခံနိုင်ပြီး၊ နာကျင်စေပါက အမြင့်ဆုံး တစ်သက်တစ်ကျွန်းဒဏ်ထိ ကျနိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

 ကလေးတစ်ယောက်ကို ကူညီရန် ဆုံးဖြတ်ခြင်း

အမှုဖွင့်သူ မနိုင်နိုင်မော်သည် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့၏အိမ်နောက်ဖေးတွင် အဖီဆွဲကာ တစ်လ ကျပ် ၅၀,၀၀၀ ဖြင့် လင်မယားနှစ်ယောက် အိမ်ငှားနေထိုင်သူ တစ်ဦး ဖြစ်သည်။ မိမိအိမ်ရှင်ဖြစ်သည့် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့ သားအမိကို တိုင်တန်းရန် အသက် ၄၁ နှစ်အရွယ် မနိုင်နိုင်မော် သည် သူ့ကိုယ်သူ မေးခွန်းများစွာ မေးခဲ့ရသည်ဟု ဆိုသည်။

ထိုကလေးသည် ဒေါ်မြင့်ချို၏ သားမှမွေးသော မြေးဖြစ်ပြီး လင်မယားချင်း ကွဲသဖြင့် ဒေါ်မြင့်ချိုက မြေးကို စောင့်ရှောက်ထားခြင်း ဖြစ်ကြောင်း၊ ကလေး၏ဖခင်မှာ ဒေါ်မြင့်ချိုတို့ အိမ်တွင် နေထိုင်ခြင်း မရှိကြောင်း ဆိုသည်။ 

 

004.jpg

ကလေးငယ် နှိပ်စက်ခံရကြောင်း အစပြု တိုင်ကြားသူ ဒေါ်‌နိုင်နိုင်မော်နှင့် ခင်ပွန်း (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

အဆိုပါရပ်ကွက်တွင် ဒေါ်မြင့်ချိုတို့သားအမိက ထိုကလေးငယ်ကို နှိပ်စက်ပုံများကို မျက်မြင်တွေ့ရှိ သူမှာ မနိုင်နိုင်မော် တစ်ဦးတည်း မဟုတ်ပါ။ () ရပ်ကွက် ကန်ဘောင်ဘေး ကျူးကျော်ရပ်ကွက်နေ အမည်မဖော်လိုသူ အိမ်နီးချင်း တစ်ဦးပင်လျှင် ဒေါ်မြင့်ချိုတို့ မိသားစုထံ ကလေးရောက်ရှိလာပုံနှင့် နှိပ်စက်ပုံများကို သိရှိမြင်တွေ့သော်လည်း ဒေါ်မြင့်ချိုအိမ်သည် ရေနှင့် မီးပေးသည့် အိမ်ဖြစ်၍ တရားရုံးသို့ သက်သေ မလိုက်ရဲကြောင်း ကာယကံရှင်က Myanmar Now ကို ပြောသည်။

ထိုအခြေအနေတွင် မနိုင်နိုင်မော်က ငါးလအတွင်း အိမ်ရှင် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့သားအမိက အသက်နှစ်နှစ်နီးပါးအရွယ် မောင်ချစ်မင်းသူ ()တောသား အမည်ရှိ ကလေးကို ကိုင်ပေါက်ပုံ၊ ရိုက်နှက်ပုံ၊ ကလေးက ရေနွေးပူလောင်သည့် လက်မှ အနာများကို ခွာ၍ဆိုကာ အဘွားဖြစ်သည့် ဒေါ်မြင့်ချိုက လက်ပြန်ကြိုးတုပ်ချည်ထားပုံစသော ဆုံးမပုံမျိုးကို သုံးရက်ခြား တစ်ခါလောက် တွေ့မြင်နေရကြောင်း ဆိုသည်။

ဘွားအေဖြစ်သူက အများဆုံး ရေနှစ်၊ ရိုက်နှက်ကာ ဆုံးမလေ့ ရှိကြောင်း မနိုင်နိုင်မော်က ပြောသည်။

ကလေးကို ရေမတိုက်ဘူး။ ထမင်းဝအောင် မကျွေးဘူး။ (ကလေးက) အိမ်သာထဲကရေ သွားသောက်တယ်။ သွားသောက်ရင် ရိုက်ပြန်တယ်။ ရေထဲ နှစ်တယ်။ အဲဒီကလေးကို ရေမီအောင် ထားပေးပါဆိုတော့ ရေသန့် ဘူးတွေထဲ ထည့်ထားတယ်တဲ့။ ဖွင့်မသောက်တာတဲ့ဟု ၎င်းက ပြောသည်။

ကလေးလေးကို ထိုသို့ မဆုံးမရန် မနိုင်က တောင်းပန်သည့် အခါတိုင်းတွင်ကလေးက အကြောမာတာ၊ ရောင်းစားချင်တာဟု အိမ်ရှင် ဒေါ်မြင့်ချိုက ပြန်ပြောသဖြင့် မနိုင်နိုင်မော်တွင် အမှုဖွင့်ဖို့သာ ရှိပြီး သို့မဟုတ်ပါက အိမ်ပြောင်းရန်သာ ရှိတော့သည်။

မနိုင်နိုင်မော်လိုပင် မျက်မြင်သက်သေများ ဖြစ်ကြသည့် ကိုခင်ဇော်မိုး နှင့် မအေးမာတို့လင်မယားက အစပိုင်းတွင် မနိုင်နိုင်မော်အား တားမြစ်ခဲ့ကြသော်ပြီး နောက်ဆုံးတွင် ၎င်းတို့လည်း ကလေးအသက်ကို ကယ်ရန် ရွေးချယ်ခဲ့ကြသည်။

၎င်းတို့က တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုပေးမည်ဟု ပြောသည်။ ထိုဇနီးမောင်နှံသည်လည်း ဒေါ်မြင့်ချိုတို့ အိမ်နောက်ဖေးရှိ အိမ်တွင် ငှားရမ်းနေထိုင်သူများ ဖြစ်ပြီး ကလေးမှာ ပိန်လှီလွန်းသဖြင့် အိမ်ရှင်များ မသိအောင် ၎င်းတို့က ထမင်းခိုးကျွေးရလေ့ရှိကြောင်း ဆိုသည်။

ဦးခင်ဇော်မိုးသည် နေစရာပျောက်မည် စိုးသဖြင့် ကလေးကိစ္စ အိမ်ရှင်သားအမိကို တိုင်ချက်မဖွင့်ဖို့ မနိုင်နိုင်မော်အား တားမြစ်ခဲ့သေးသည်ဟု ဆိုသည်။

“(မနိုင်နိုင်မော်က) ‘မတိုင်လို့ မရဘူး တိုင်မှ ဖြစ်မယ်တဲ့ ကလေးအသက်က ဆုံးရှုံးသွားလိမ့်မယ်။ သေမှ တိုင်မယ်ဆို အလကား ဖြစ်တော့မှာ’ လို့ ပြောတယ်” ဟု ဦးခင်ဇော်မိုးက ပြောသည်။ ၎င်းသည်
ဒေါ်မြင့်ချိုတို့ မိသားစုထံမှ လွန်ခဲ့သော သုံးလမှစကာ အိမ်ငှားနေထိုင်လာသူဖြစ်သည်။

006.jpg

အစပြု တိုင်ကြားသူ ဒေါ်နိုင်နိုင်မော်နှင့် ကျူးကျော်ရပ်ကွက်မှ အိမ်နီးချင်းများ (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

မှတ်တမ်းယူဖော်ထုတ်

တိုင်ရန် ဆုံးဖြတ်သည့်အခါ မနိုင်နိုင်မော်က ၎င်းနှင့် အရင်းနှီးဆုံးဖြစ်သည့် တစ်ရပ်ကွက်တည်းနေ ကုလားပု ဆိုသူကိုကလေးတစ်ယောက် အသက်ကို မကယ်ချင်ဘူးလား ဟု အစချီ၍ ဖွင့်ပြောကာ အကူအညီ တောင်းခဲ့သည်။

ကုလားပု ဆိုသူက ၎င်းတို့ ရပ်ကွက်နေ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ ဦးကိုကိုလွင်ကို ထပ်မံ ပြောပြသည်။ ဦးကိုကိုလွင်မှ တစ်ဆင့် တခြားသော မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ မနိုင်နိုင်မော် အမှုဖွင့်ရန် လိုအပ်သည့် အချက်များကို အကြံဉာဏ်ပေးကြကြောင်း မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် ကိုကုလားပုက ဆိုသည်။

ကလေးကို နှိပ်စက်နေကြချိန်တွင် ဓာတ်ပုံနှင့် ဗီဒီယို ခိုးရိုက်ထားရန်  ၎င်းတို့က အကြံပေးကြပြီး မနိုင်က ဖုန်းဖြင့် ဗီဒီယို မရိုက်တတ်ဟုဆို၍ အိမ်အပေါက်မှ ဗီဒီယိုခိုးရိုက်နည်းကိုပင် သင်ပေးကြရကြောင်း ကိုကုလားပုက ပြန်လည် ပြောပြသည်။ 

ဧပြီ ၂၀ ရက်တွင် ကလေးငယ်ကို အဘွားနှင့် အဒေါ်တို့အပြင် အဋ္ဌမတန်း တက်နေသည့် ကလေး၏ ဦးလေးတော်စပ်သူတို့က အိမ်နောက်ဖေးရှိ ကျောက်စည်ပိုင်းတွင် ရေနှစ်လိုက်၊ ပြန်ဖော်လိုက်၊ ရေနှစ်လိုက် လုပ်ကာ "ဆုံးမ" နေကြချိန်တွင် ၎င်းတို့၏ အိမ်ငှား မနိုင်နိုင်မော်က မြို့နယ် NLD အဖွဲ့နှင့် ချိတ်ဆက်၍ အမှုဖွင့်ရန် ဗီဒီယိုမှတ်တမ်းတင်ကာ အထောက်အထား စုဆောင်းနေသည်ကို မသိလိုက်ချေ။

နို့မို့ဆို မတိုင်ရဲဘူး။  အဲဒီည (ဧပြီ  ၂၀ ရက်) က အဲဒီကလေး သေသွားပြီတောင် မှတ်တာ။ ညနေ လေးနာရီခွဲလောက် တစ်ခါ နှစ်တယ်။ ညကျတော့ ဆယ်နာရီခွဲမှာ တစ်ခါထပ်နှစ်တယ်။ ကလေးက အသံလည်း မကြားရတော့ဘူး။ သေသွားပြီလား မသိဘူး။ လုပ်ကြဦး၊ အသံလည်း မကြားတော့ဘူးပေါ့။ အဲဒါနဲ့ ညကြီးပဲ ရဲစခန်းမှာ အမှုဖွင့်လိုက်တာဟု မနိုင်နိုင်မော်က ဆိုသည်။

ထို့ပြင် မနိုင်နိုင်မော်ထံတွင် ၎င်းအိမ်ပြောင်းလာခါစ လွန်ခဲ့သည့် ငါးလခန့်က ကလေးကိုယ်ပေါ်ရှိ ဒဏ်ရာများကို ရိုက်ကူးထားသည့် ဓာတ်ပုံများလည်း ရှိသဖြင့် သက်သေအဖြင့် တင်သွင်းခဲ့သည်။ ၎င်းတို့ အိမ်သို့ ကလေး ခဏ လာအပ်သည့် အချိန်တွင် ကိုယ်ပေါ်မှ အရှိုးရာများကို တွေ့၍ ရိုက်ကူးထားမိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိမ်ငှားနေ၍ အိမ်ရှင်ကို ကြောက်ရသည်ဆိုသော်လည်း ကလေးတစ်ယောက် အသက်ကို မကယ်တင်ပါက တစ်သက်လုံး နောင်တရနေမည်ကို ပိုကြောက်၍ တိုင်ကြားရသည်ဟု မနိုင်နိုင်မော်က ဖွင့်ဟသည်။

ရိုက်နှက်ညှဉ်းပန်းမှု

၂၀၁၆ ခုနှစ်မှ စ၍ ဆယ်ကျော်သက်အရွယ် ကလေးငယ်နှင့် အိမ်အကူမိန်းကလေးများကို အလုပ်ရှင်များ၊ ဆွေမျိုးအရင်းများက လိမ္မာရန် ဆုံးမသည်ဆိုကာ ရိုက်နှက်ညှဉ်းပန်းမှုများကို  ရဲစခန်းတွင် အမှုဖွင့်မှု ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လတွင် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေါင်းရေကျော်- မြင်းကကုန်းကျေးရွာ၌လည်း  ၁၂ နှစ်အရွယ် မိန်းကလေးကို အဘွား၊ အစ်ကို တော်စပ်သူများက ရိုက်နှက်ခြင်း၊ အိမ်အလုပ် အလွန်အကျွံခိုင်းစေခြင်းတို့ကြောင့် ရပ်ရွာရှိ ပုဂ္ဂိုလ်များက ကူညီ၍ အမှုဖွင့်နိုင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်ကို Myanmar Now က သတင်းဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ပြည်မြို့၌ စက်ဘီးခိုး၍ ဆုံးမသည်ဆိုကာ အဒေါ်နှင့် အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူများက ကိုးနှစ်အရွယ် ကလေးတစ်ဦးကို နေပူပူအချိန် ဓာတ်တိုင်တွင် ကြိုးတုပ်ထားခြင်းကို အိမ်နီးချင်းများ၊ မြို့ခံ ပရဟိတသမား၊ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့က တားမြစ်သတိပေးရခြင်းလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ သတင်းကို  မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

၂၀၁၇ ခုနစ်တွင်လည်း ဓနုဖြူမြို့နယ်၌ ၁၀ နှစ် အရွယ် သမီးဖြစ်သူကို အဖေအရင်းက လိမ္မာစေရန်ဆိုကာ ရိုက်နှက်ဆုံးမပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့်စကားများ ပြောဆိုခြင်းကြောင့် ဓနုဖြူရဲစခန်းတွင် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ပိတ်လှောင်ထားမှု ၃၄၂၊ ခြိမ်းခြောက်မှု ၅၀၆ တို့ဖြင့် အမှုဖွင့်ခံရကြောင်း 7Day နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ထင်ရှားသော ဖြစ်ရပ်အနေဖြင့် အိမ်အကူ မိန်းကလေးနှစ်ဦးကို လိမ္မာစေရန် ဆုံးမသည်ဆိုကာ လက်ချောင်းများ ကျိုးအောင် ရိုက်နှက်ခဲ့သည့် ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုများဆိုလျှင် လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မများဖြင့် မိသားစုဝင် လေးဦး ထောင်ဒဏ် နှစ်ရှည်များ ကျခံခဲ့ရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆွေမျိုးအရင်းတော်စပ်ခြင်း၊ လင်မယားတော်စပ်ခြင်းပင် ဖြစ်ပါစေ လူတစ်ဦးကို ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည်အထိ ဆုံးမခွင့် မရှိကြောင်း ရှင်းပြသည်။ ကလေးငယ် တစ်ဦးကို ညှဉ်းပန်းရာ ရောက်သည်အထိ ဆုံးမလျှင် အရေးယူနိုင်သည့်  ဥပဒေ ရှိသော်လည်း လူမှုဓလေ့အရ ရိုက်နှက် ဆုံးမနေခြင်းမျိုး ရှိနေသေးကြောင်း ဆိုသည်။

001.jpg

လွန်ခဲ့သည့် ငါးလခန့်က ဒေါ်နိုင်နိုင်မော် ဓာတ်ပုံရိုက်ကူးခဲ့သည့် ဓာတ်ပုံတွင် တွေ့ရသော တစ်နှစ်ကျော်အရွယ် ချစ်မင်းသူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများ

ရန်ကုန် မြောက်ဥက္ကလာပ ကျူးကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်သူတချို့ သတင်းပေး တိုင်ကြားရာမှ ပေါ်ပေါက်လာသည့် ယခု အမှုတွင် ကယ်ဆယ်နိုင်ခဲ့သည့်တစ်နှစ်နှင့် ကိုးလအရွယ် မောင်ချစ်မင်းသူကို ရွှေဂုံတိုင်မြို့နယ် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသည်။

မောင်ချစ်မင်းသူကို  ဆေးရုံတင်ကုသရမည့် အခြေအနေ မရှိသော်လည်း အာဟာရ ဖြည့်ဆည်းရေးနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ကုသပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဒေါက်တာ ကေသီကျော်က ဆိုသည်။

မောင်ချစ်မင်းသူ၏ မိဘများက စောင့်ရှောက်လိုကြောင်း ဆက်သွယ်လာပါက ကလေးအတွက် လုံခြုံမှု ရှိမရှိ မိဘများ၏ အခြေအနေကို စိစစ်မည်ဖြစ်ကြောင်း ဆိုသည်။  ကလေးအတွက် လုံခြုံမှု မရှိပါက လူမှုဝန်ထမ်းဦးစီးဌာနကပင် ဆက်လက် စောင့်ရှောက်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မောင်ချစ်မင်းသူ၏ အဘွား ဒေါ်မြင့်ချိုနှင့် အဒေါ် မအေးမြတ်လွင်တို့ကို မြောက်ဥက္ကလာမြို့နယ်တရားရုံးတွင် မေလ ၁၀ ရက်၌ ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။
 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading