လွှတ်တော်ထဲကို မွတ်စလင်အမတ်တွေ ရောက်လာမလား

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခွင့်ရတဲ့ အမတ်လောင်း ၆,ဝဝဝ ကျော်ရဲ့ ကိုးကွယ်တဲ့ဘာသာ ရာခိုင်နှုန်းပြပုံ

ရန်ကုန် – ၂၅ နှစ်တာကာလအတွင်းမှာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ မျှော်လင့်ထားကြတဲ့ ပထမဆုံးသော ရွေးကောက်ပွဲအတွက် မြန်မာပြည်သူပြည်သားတွေဟာ နိုဝင်ဘာ ၈ ရက်မှာ မဲရုံတွေကို သွားကြပါတော့မယ်။ ဒါ ပေမယ့် မွတ်စလင်အသိုင်းအဝန်းကို ခွဲခြားဆက်ဆံတာတွေ ရှိနေတဲ့အတွက် ဒီရွေးကောက်ပွဲ ဘယ်လောက်အထိ ဒီမိုကရေစီနည်းလမ်းကျမလဲဆိုတာ ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာသူတွေ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိန်းဂဏန်းတွေအရ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် လောင်း ၆,ဝဝဝ ကျော်အနက် အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး အစ္စလမ်ဘာသာဝင် ၂၈ ဦးသာ ပါဝင်တဲ့အတွက် ရာခိုင်နှုန်းအရ တွက်ရင် ဝ ဒသမ ၅ ရာခိုင်နှုန်းပဲရှိတာ တွေ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်က ၅ ရာခိုင်နှုန်းပဲ ရှိတာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနက် ပယ်ချခဲ့သူ ၁ဝဝ ကျော်ရှိတဲ့ အထဲမှာ အများစုက မွတ်စလင်တွေပါပဲ။ သူတို့တွေ မြန်မာနိုင်ငံမှာ မွေးဖွားစဉ်က သူတို့ မိဘတွေဟာ မြန်မာနိုင်ငံသားမဟုတ်လို့ ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ ဒီဥပဒေအရ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်ရှိသူတစ်ယောက်ဟာ မွေးဖွားစဉ်ကတည်းက သူ့မိဘနှစ်ပါးလုံး နိုင်ငံသားဖြစ်နေရပါမယ်။

ဒီဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေးအုပ်စုတွေနဲ့ လေ့လာသူတွေက စိုးရိမ်ခဲ့ပြီး ဒေသတွင်းနိုင်ငံများရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့  ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ သတိပေးကြပါ တယ်။

“ဘယ်နိုင်ငံမှာမဆို လွှတ်တော်ကိုယ်စားလှယ်လောင်း အလွှာလိုက် ကွက်ပြီးပယ်ချရင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ သတ်မှတ်ပါတယ်” လို့ မလေးရှားလွှတ်တော်အမတ်လည်းဖြစ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ချားလ်စ်ဆန်တီဂို စက်တင်ဘာလအတွင်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာတဲ့ ခုအချိန်မှာ  မြန်မာနိုင်ငံအတွင်း ဘာသာရေးတင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီတင်းမာမှုတွေ ဖြစ်လာရတာဟာ အင်အားကြီးအဖွဲ့အစည်းတစ်ရပ် ဖြစ်လာတဲ့ မဘသလို့ခေါ်တဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကြောင့်လည်း ပါပါတယ်။

“ကျွန်တော်တို့ဟာ အားကိုးရာမဲ့တဲ့ နိုင်ငံထဲမှာ နေနေရတာပါ။ ဆုံးဖြတ်ချက်တွေကို လူမျိုးရေး၊ ဘာသာရေးရှုထောင့်ကနေ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ မွတ်စလင်တစ်ဦးဖြစ်သူ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။

သူ့ပါတီက ကိုယ်စားလှယ် ၁၈ ဦး လျှောက်လွှာတင်ရာမှာ  ရွေးကောက်ပွဲကော်မရှင်က ၃ ဦးကိုပဲ ခွင့်ပြုခဲ့ပါတယ်။ သူ့ပါတီက ရွေးချယ်တဲ့ မဲဆန္ဒနယ်အများစုဟာ ရခိုင်ပြည်နယ်မှာ ရှိပြီး အဲဒီဒေသမှာ နေထိုင်တဲ့ မွတ်စလင်အများအပြားဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြပေမယ့် အစိုးရကတော့ သူတို့ကို ဘင်္ဂါလီလို့ ခေါ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၆,ဝ၇၄ ဦးကို လေ့လာကြည့်ရင် ဗုဒ္ဓဘာသာဝင် ၅,၁၃ဝ၊ ခရစ်ယာန်ဘာသာဝင် ၉ဝ၃ ဦးနဲ့ အစ္စလာမ်ဘာသာဝင် ၂၈ ဦးတို့ ဖြစ်ကြတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် မွတ်စလင်အမတ်လောင်း အရေအတွက် နည်းပါးရုံသာမကပါဘူး၊ သူတို့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဟာလည်း လူသိနည်းတာကြောင့် ရွေးကောက်ပွဲနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေတာပါ။

မွတ်စလင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးမျိုးသန့်ကတော့ ဒီရွေးကောက်ပွဲဟာ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ရဲ့ လွှမ်းမိုးမှုခံထားရတယ်လို့ မှတ်ချက်ပေးပြီး  ဒီရွေးကောက်ပွဲကို မဝင်ဖို့  ဆုံးဖြတ်ထားပါတယ်။

“လွှတ်တော်ထဲမှာ မွတ်စလင်အမတ် လုံးဝမရှိမယ့် အခြေအနေ များနေပါတယ်။ အားလုံးက မဘသရဲ့ အလိုကျအတိုင်း ဖြစ်နေတယ်” လို့ ဦးမျိုးသန့်က ပြောပါတယ်။

မွတ်စလင်တွေ အင်အားကြီးပါတီတွေမှာ မပါဝင်

မဘသ ငြိုငြင်မှာစိုးတယ်လို့ ယူဆရမယ့် အနေအထားမှာ အင်အားကြီးပါတီတွေ ရွေးချယ်လိုက်တဲ့ အမတ်လောင်းတွေ ထဲမှာလည်း မွတ်စလင်တွေ မပါပါဘူး။

မဘသ ဘုန်းကြီးတချို့က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ အစ္စလာမ်ဘာသာကို ထောက်ခံတဲ့ပါတီဖြစ်တယ်လို့ လူသိရှင်ကြား ရှုတ်ချပြီး ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သူတို့ကို မဲမပေးဖို့ တိုက်တွန်းပါတယ်။

ဒီအဖွဲ့ရဲ့ကြီးထွားလာတဲ့ ဖိအားတွေကြောင့် NLD နဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ဟာ မွတ်စလင်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် မရွေးချယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဝေဖန်မှုတွေကို ရှောင်ရှားဖို့ NLD အနေနဲ့ မွတ်စလင်တွေကို ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်မထားဘူးလို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်  ဦးဝင်းထိန်က ပြောပါတယ်။

“ကျွန်တော်တို့ ပါတီဝင် မွတ်စလင်တွေက လက်ရှိအခြေအနေတွေအပေါ်မှာ အများကြီး နားလည်မှုရှိပါတယ်” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း ထူထောင်ခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ နှစ်ဦးက မွတ်စလင်တွေ ဖြစ်ပါတယ်။ သူတို့ကလွဲလို့ ကျန်တဲ့မွတ်စလင်ကိုယ်စားလှယ်လောင်းတွေဟာ လူသိနည်းတဲ့ ရန်ကုန်အခြေစိုက် မွတ်စလင်နိုင်ငံရေးပါတီတွေက ဖြစ်ပါတယ်။

အင်အားကြီးပါတီတွေဟာ  မွတ်စလင်တွေကို ရှောင်ကြခြင်းဟာ ရွေးကောက်ပွဲမှာ ရှုံးမှာစိုးတဲ့အပြင် မွတ်စလင်တွေ ပါတီမှာ ပါဝင်မှာစိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ ဦးကျော်မင်းက ပြောပါတယ်။

“အဲဒီတော့ မွတ်စလင်တွေအနေနဲ့ သူတို့ အသိုင်းအဝန်းကို ကိုယ်စားပြုနိုင်ခွင့် ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးမှာပါ။ ဒါဟာ မွတ်စလင်တွေ ဒီနိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်ကို ထိခိုက်စေပါတယ်” လို့ သူက ပြောပါတယ်။

သူ့ပါတီက မွတ်စလင်ကိုယ်စားလှယ်အနည်းငယ်နဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့မှာလည်း မွတ်စလင်ကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ရွေးကောက်ပွဲကော်မရှင်က သူ့ကို သူ့ပါတီရဲ့တခြားသော ကိုယ်စားလှယ်လောင်းတွေလိုပဲ ပယ်ချလိုက်ပါတယ်။ သူဟာ စစ်အစိုးရ ကျင်းပပေးခဲ့တဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ  ရွေးကောက်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

မဲပေးခွင့် ဆုံးရှုံးသူ မွတ်စလင်များ

ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေက ဝှိုက်ကတ် လို့ လူသိများတဲ့ ယာယီသက်သေခံကတ်ပြားကို ပယ်ဖျက်လိုက်တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်က မွတ်စလင်တွေဟာ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေမှာ ဒီဝှိုက်ကတ်တွေပြပြီး မဲပေးခဲ့တာပါ။ အခုလို ပယ်ဖျက်တဲ့အတွက် သူတို့ရဲ့ မဲပေးခွင့် ဆုံးရှုံးတော့မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားပါတယ်။

“ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေ အခုလို မဲပေးခွင့်မရတာနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အများကြီး စိတ်မကောင်းဖြစ်ရပါတယ်” လို့ သူက ပြီးခဲ့တဲ့လကုန်ပိုင်းလောက်မှာ ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ Carter Center ရဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ “မွတ်စလင် ကိုယ်စားလှယ်လောင်းအများစုကို ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပယ်ချလိုက်ခြင်းကြောင့် ရိုဟင်ဂျာတို့၏ ကိုယ်စားပြုခွင့် ပိုပြီး နည်းပါးသွားမည်ဖြစ်သည်။ ယခင်က ဝှိုက်ကတ် ကိုင်ဆောင်ခဲ့သော ရိုဟင်ဂျာတို့ မဲပေးခွင့်သည် ကတ်များကို  ဖျက်သိမ်းလိုက်သည့်အတွက် ဆုံးရှုံးပြီးသား ဖြစ်နေသည်” လို့ ဖော်ပြထားပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုတော့ ဗုဒ္ဓဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်တွေက လွှမ်းမိုးထားတာပါ။ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေထဲ မွတ်စလင်ဆိုလို့  ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တောမြို့တွေကို ကိုယ်စားပြုတဲ့  လွှတ်တော်ကိုယ်စားလှယ် သုံးဦးပဲ ရှိပါတယ်။ သူတို့အနေနဲ့ အရေအတွက် နည်းပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း လွှတ်တော်အစည်းအဝေး ၁၂ ကြိမ် ကျင်းပခဲ့တဲ့အနက် ၁၁ ကြိမ်မှာ မေးခွန်းတွေ မေးမြန်းခဲ့တာကြောင့် အခြားလွှတ်တော်ကိုယ်စားလှယ်တွေထက် မေးခွန်းပိုထုတ်ခဲ့တာကို Myanmar Now ရဲ့ လွှတ်တော်ဆိုင်ရာ ချက်အလက်များ လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရပါတယ်။

မေးခွန်းအများစုဟာ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့ နိုင်ငံသားလျှောက်ထားခွင့်နဲ့ အခြားလူ့အခွင့်အရေး ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလွှတ်တော်ကိုယ်စားလှယ် သုံးဦးစလုံး လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

သူတို့တွေထဲက နှစ်ဦးက ရွေးကောက်ပွဲဝင်ရေးအစီအစဉ်ကို စွန့်လွှတ်လိုက်ပေမယ့် ဘူးသီးတောင်မြို့နယ်အမတ် ဦးရွှေမောင်ကတော့ ပြည်ခိုင်ဖြိုးပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလလွှတ်တော်အမတ်အနေနဲ့ ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပါတယ်။ လျှောက်ထားပေမယ့် အခြားမွတ်စလင်ကိုယ်စားလှယ်တွေလိုပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပယ်ချမှု ခံရပါတယ်။

“ကျွန်တော်သာ ခြွင်းချက်အနေနဲ့ အပယ်မခံရင် သိပ်ကောင်းမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက အခြားမွတ်စလင်တွေလိုပဲ ရိုဟင်ဂျာတွေကို နိုင်ငံရေးမှာ မပါဝင်ဖို့ ခွဲခြား သတ်မှတ်ခံခဲ့ရပါတယ်။ လူမျိုးရေး၊ ဘာသာရေးကြောင့် အခုလိုဖြစ်ရတယ်လို့ ထင်ပါတယ်” လို့ ဦးရွှေမောင်က ပြောဆိုကြောင်း စက်တင်ဘာလအတွင်း APHR က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

မွတ်စလင်တစ်ဦးဖြစ်သူ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးကတော့  ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရရေးအတွက် မျှော်လင့်ချက် နည်းပါးကြောင်း သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဝင်ပြိုင်မယ့် မွတ်စလင်လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးအနက် နှစ်ဦးက သူ့ပါတီက ဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်မှာရဖို့တော့ မလွယ်လောက်ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက လူမျိုးရေးခွဲခြားလို့ပါ။ ရန်ကုန်မှာ တစ်ယောက်လောက် အနိုင်ရအောင်တော့ ကြိုးစားသွားမှာပါ” လို့ ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးလှတိုးက ပြောပါတယ်။     ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading